မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

spyware အကြာင်းသိသမျှ။

edited July 2008 in Other
spyware
spyware ဆိုတာ program တစ်ခုဖြစ်ပြီး အများအားဖြင့်ကိုယ့်ရဲ့ ခွင့်ပြုချက်မယူပဲ computer ထဲကို install လုပ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကိုစုဆောင်းပြီး တခြား internet marketing နဲ့ ညစ်ညမ်း websites တွေကိုပို့ပေးလေ့ရှိပါတယ်။
အဲဒီလိုမျိုး site တွေကို ၀င်ကြည့်တာပဲဖြစ်ဖြစ် download ဆွဲတာဖြစ်ဖြစ် spyware ပါလာတတ်ပါတယ်။
internet မှာအလားကားပေးတဲ့ program တွေကနေ spyware က virus နေနဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပါလာတတ်ပါတယ်။
ဒါကြောင့် အလားကားရတဲ့ တစ်ချို့သော program တွေကို သေသေခြာခြာစဉ်းစားပြီးမှ install လုပ်သင့်ပါတယ်။
spyware အကြောင့်ကျွန်တော်သိသလောက်ကတော့ဒါပါပဲ။
အမှားပါရင်လဲပြောပါ။
နောက်မှ တခြား virus အကြောင်းများကိုကျွန်တော်သိသလောက်ဖော်ပြပေးပါ့မယ်။

မှတ်ချက်များ

  • edited July 2008 Registered Users
    ဟုတ်တယ် ကျွန်တော် တောင်တခါက application တခု download လုပ်ရင်းက spyware
    ပါလာတာ computer performance ကသိသိသာသာကိုကျသွားတယ်
    အထူးသဖြင့် internet browser တွေပေါ့ page တခုဖွင့်ရင်လဲ ကြော်ငြာတွေအများကြီးဝင်
    လာတယ်
    နောက်ဆုံး window ပြန်တင်လိုက်မှရတယ်
    အဲဒီ ထဲကတွေ့ကရာ download မလုပ်ရဲတော့တာ
  • edited July 2008 Administrators
    aung.24 wrote: »

    ကြော်ငြာတွေဘဲသူက အဓိကသယ်လာတာလေ ကျေးဇူးတင်ရမှာက စက်ကိုမဖျက်ပြစ်တာကိုဘဲ .. အဲဒါလောက်ဆိုရင်တော့ Windows ပြန်တင်စရာမလိုပါဘူး အလုပ်ပိုရှုတ်ပါတယ် ... Spyware remover လေးတွေနဲ့ သတ်လိုက်လို့ရပါတယ်၊ ကျွန်တော့် အကြိုက်ကတော့ Spybot Search and Destroy လေးပါ..။

    တချို့ တော်တော် ခက်တဲ့ဟာလေးတွေကတော့ ဖြေရှင်းနည်း အမြဲပုံမှန် မရှိဘူးဗျ .. ဒီလိုဘဲ Google မှာ ရှာ၊ Forums တွေမှာရှာပြီး သတ်ယူရတာဘဲ။
  • edited July 2008 Administrators
    MrDBA wrote: »

    MrDBA ပြောတာဟုတ်တယ်ဗျ။
    ကိုယ့်စက်ထဲကို၀င်လာတဲ့ spyware ကိုကြည့်ပြီး ။ ဖြေရှင်းနည်းကို Google မှာရှာရတာပဲဗျ။
    ကျွန်တော်ဆိုရင်လဲ virus heat ဆိုတဲ့ spyware ကြောင့်တော်တော်ဒုက္ခရောက်ခဲ့သေးတယ်။:d
  • edited July 2008 Registered Users, Moderators
    ကို exiter ကြီးလုပ်ပါဦးဗျ။ Virus Heat spyware အကြောင်းလေး။ ဗဟုသုတရအောင်လို့ပြောပါဦးဗျ။ ဘယ်လိုများဒုက္ခပေးလဲသိချင်တယ်ဗျ။ ဘယ်လိုနှိမ်နင်းရလဲ လဲပြောပြရင်ပိုအဆင်ပြေတာပေါ့ဗျာ။
  • edited July 2008 Registered Users
    ကို exiter ကြီးလုပ်ပါဦးဗျ။ Virus Heat spyware အကြောင်းလေး။ ဗဟုသုတရအောင်လို့ပြောပါဦးဗျ။ ဘယ်လိုများဒုက္ခပေးလဲသိချင်တယ်ဗျ။ ဘယ်လိုနှိမ်နင်းရလဲ လဲပြောပြရင်ပိုအဆင်ပြေတာပေါ့ဗျာ။

    ကိုညမီးအိမ်ရေ virus heat spyware အကြောင်းသိချင်ရင် ဒီမှာ သွားကြည့်ပါ။
  • edited July 2008 Registered Users, Moderators
    ကျေးဇူးပါစတားလေးရေ။ မြန်မာလိုဖတ်ရတော့ပိုအဆင်ပြေမယ်ထင်ပါတယ်။ ကျွန်တော်ကအင်္ဂလိပ်စာအားနည်းလို့ပါ။ မြန်မာလိုလေးရှင်းပြထားတာဖတ်ချင်လို့ပါ။

    ညမီးအိမ်ရေ virus heat ဆိုတာက spyware အနေနဲ့ ၀င်လာတာပါ။
    သူ့ဟာသူ install လုပ်ပြီးတော့ computer မှာ virus ရှိကြောင်းပဲလာပြနေတာဗျ။
    computer ညာဘက်အောက်က icon tray ထဲမှာ အမြဲတမ်းပေါ်နေတတ်ပါတယ်။
    virus heat ရဲ့ အဆိုးဆုံးအချက်ကတော့ internet connection ကိုအမြဲချိတ်ပြီး သူ့ရဲ့ site gx1I232J.jpgကို ခေါ်တာပါပဲ။
    သွားရင်လဲ ပိုက်ပိုက်နဲ့ ၀ယ်ရမယ်ချည်းပဲ ပြောနေတာပဲ။
    အဲဒီလိုကို ခဏခဏဖြစ်နေတာပဲ။
    add or remove program ကနေ unistall လုပ်လဲ icon tray ထဲမှာ virus heat ရဲ့
    fake alert PqENkh0.jpgကအမြဲ ပြပြီး
    internet connection ကိုချိတ်မြဲတိုင်းချိတ်နေတာပါပဲ။
    ဖြေရှင်းနည်းကတော့ ကျွန်တော်ကတော့ Spybot - Search & Destroy နဲ့တော့ဖြေရှင်းတာပဲ ။တခြားနည်းတွေကိုလဲ google မှာရှာလို့ရပါတယ်။
  • edited July 2008 Registered Users, Moderators
    exiter wrote: »

    ပြန်လဲဖြေကြားပေးတာကျေးဇူးပါ။ အဲလို virus မျိုးတွေ့ဖူးတယ်ဗျ။ ကျွန်တော်ထိဖူးတဲ့ virus လဲတော်တော်ဆိုးတယ်။ task manager မှာလဲမပေါ်ဘူးဗျ။ ie သုံးရင်လဲ စက်ထဲ trojan ၀င်နေပါတယ် ဆိုပြီးဒေါင်းလုပ်လုပ်ခိုင်းတယ်။ လုပ်လိုက်ရင်လဲဘာမှန်းမသိတဲ့ ဆော့၀ဲလ်ကျလာတယ်။ နောက်ဆုံးဟိုရှာဒီရှာလျှောက်ရှာမှပဲ သူက c:\windows ထဲမှာဗျ။ apsaps.dll ဆိုတာ။ အဲဒါလေးဖျက်လိုက်တော့မှ အဆင်ပြေသွားတာ။ အဲဒီအကြောင်း ဒီမှာ လဲရေးထားတယ်ဗျ။
  • edited July 2008 Registered Users
    6f606f8558d53404bca4b940b49ead7c.gif

    ဒါကြီးကကော spyware ပဲလား
Sign In or Register to comment.