မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ip address can't change

edited July 2008 in Other
မင်္ဂလာပါဗျာ
ကျနော့်ဆီက စက်တလုံးမှာ ip address ပြောင်းမရဘူးဖြစ်နေတယ်ဗျာ
ဖြစ်ပုံက Local Area Connection > Properties > Internet Protocol (TCP/IP) > Properties ကို ပြောင်းလို့ရတယ်။ ပြောင်းပြီးပိတ်လိုက်ရော ... ပြန်ဖွင့်ကြည့်ရင် အားလုံးမူလအတိုင်းပြန်ဖြစ်နေတယ်။
အဲဒါဘယ်လို ဖြေရှင်းလို့ရမလဲ တချက်လောက် ကူညီနို်င်မလားဗျာ

နောက်ပြီး အဲဒီစက်က network ထဲက ကွန်ပြူတာတွေကိုတော့တွေ့တယ်။ အင်တာနက်တော့ မရဘူး။ အဲဒါလေးလည်း ရချင်ပါသည်။
ကျေးဇူးပါ
ဇူးလူး

မှတ်ချက်များ

  • edited June 2008 Administrators
    Zulu wrote: »
    မင်္ဂလာပါဗျာ
    ကျနော့်ဆီက စက်တလုံးမှာ Ip Address ပြောင်းမရဘူးဖြစ်နေတယ်ဗျာ
    ဖြစ်ပုံက Local Area Connection > Properties > Internet Protocol (tcp/ip) > Properties ကို ပြောင်းလို့ရတယ်။ ပြောင်းပြီးပိတ်လိုက်ရော ... ပြန်ဖွင့်ကြည့်ရင် အားလုံးမူလအတိုင်းပြန်ဖြစ်နေတယ်။
    အဲဒါဘယ်လို ဖြေရှင်းလို့ရမလဲ တချက်လောက် ကူညီနို်င်မလားဗျာ

    နောက်ပြီး အဲဒီစက်က Network ထဲက ကွန်ပြူတာတွေကိုတော့တွေ့တယ်။ အင်တာနက်တော့ မရဘူး။ အဲဒါလေးလည်း ရချင်ပါသည်။
    ကျေးဇူးပါ
    ဇူးလူး
    ကိုစေတန်က ဂူဂဲမှာ အရင်ရှာလို့ပြောထားတယ်နော် .. ဟင်းလူကြီး:14:

    :71::71::71:
  • edited June 2008 Registered Users
    Zulu wrote: »
    မင်္ဂလာပါဗျာ
    ကျနော့်ဆီက စက်တလုံးမှာ ip address ပြောင်းမရဘူးဖြစ်နေတယ်ဗျာ
    ဖြစ်ပုံက Local Area Connection > Properties > Internet Protocol (TCP/IP) > Properties ကို ပြောင်းလို့ရတယ်။ ပြောင်းပြီးပိတ်လိုက်ရော ... ပြန်ဖွင့်ကြည့်ရင် အားလုံးမူလအတိုင်းပြန်ဖြစ်နေတယ်။
    အဲဒါဘယ်လို ဖြေရှင်းလို့ရမလဲ တချက်လောက် ကူညီနို်င်မလားဗျာ

    နောက်ပြီး အဲဒီစက်က network ထဲက ကွန်ပြူတာတွေကိုတော့တွေ့တယ်။ အင်တာနက်တော့ မရဘူး။ အဲဒါလေးလည်း ရချင်ပါသည်။
    ကျေးဇူးပါ
    ဇူးလူး
    ကိုဇူလူးကြီးမေးတာကို ပြန်မေးမယ်ဗျာ . . . IP address ကိုပြောင်းပြောင်းချင်းမှာ ပြောင်းလို့ရသွားလား။ အင်တာနက်က ဘာလို့ချိတ်မရတာလဲ။ IP address မှားနေလို့ချိတ်မရတာလား။ ကျွန်တော်တော့ တစ်ခါဖြစ်ဘူးတယ်။ မှားပြီး .bat ဖိုင်တစ်ခုကို run လိုက်တာ အင်တာနက်ချိတ်မရတော့ဘူး။ ကျွန်တော့ IP address ကပြောင်းသွားတော့ sever ကလှမ်းချိတ်တာ လက်မခံဘူး ဖြစ်သွားတယ်။ error 800 ဆိုပြီးချိတ်မရတော့ဘူး။ ကျွန်တော်ကတော့ ip address ပြင်လိုက်တာ ပြန်အဆင်ပြေသွားတယ်။ ကိုဇူးလူးကြီးကရော ဘယ်လိုဖြစ်တာလဲ မသိဘူး။ သေချာပြန်ပြောပြပါဦး။ ဒါမှ သိတဲ့လူတွေ ဖော အဲလေ ပြောပြနိုင်မှာပေါ့ . . . :1:
    ခင်မင်လျှက် . . .
  • edited June 2008 Registered Users
    မင်္ဂလာပါ
    ကိုဒီဘီအေ လူဆိုး ... ဂျောက်တွန်းဖို့ချောင်းနေတာကြာပလား
    ဂူးဂဲနဲ့ ယာဟူးအန်စာမှာ မေးပြီးပြီ။ ကျနော့်မေးခွန်းကဘဲ မရှင်းတာလားမသိ။ အဲလိုအဖြေကို မတွေ့ဘူး။
    အခုဖြစ်ပုံက ဒီလိုဗျ ကိုရဲမာန်
    ip address ပြောင်းပြောင်းချင်းမှာပြောင်းလို့ရတယ်။
    ပြောင်းပြီးတော့ သူ့ကိုပိတ်လိုက်ရော။
    ပြီးတော့ ပြန်ဖွင့်ကြည့် နဂိုအတိုင်း (မပြောင်းရသေးခင်အတိုင်း) ပြန်ဖြစ်နေရော။
    screenshot တင်ပေးလိုက်တယ်
    dcfcdcac49.jpg
    မပြောင်းခင် မူရင်းပုံ
    c447ce7d0d.jpg
    ပြောင်းလို့ရသွားတဲ့ပုံ (ပြောင်းလို့ရပေမယ့် ပိတ်ပြီးနောက် ပြန်ဖွင့်ရင် မူရင်းအတိုင်းပြန်ဖြစ်သွားရော)

    အင်တာနက်ချိတ်လို့ရတဲ့စက်မှာ cmd > ping ရိုက်ရင် 209.131.36.158 နဲ့လာတယ်။
    th.91283aad92.jpg

    အခု အင်တာနက်မရတဲ့စက်မှာကျတော့ 1.0.0.0 နဲ့လာတယ်။ အဲဒါကြောင့်များလား ... စဉ်းစားပေးကြပါအုံးဗျာ
    th.75c2eb49cc.jpg
    ADSL network တခုထဲမှာစမ်းကြည့်တာ အဲလိုဖြစ်နေတယ်။ ကူညီမယ့် သိကြားမင်းကြီးကို စောင့်နေပါသည်ခင်ဗျား
    ခင်မင်စွာ
    (စက်တွေဂေါက်တာများလို့ လူလည်း နည်းနည်းဂေါက်နေပြီဖြစ်တဲ့ ... )
    ဇူးလူး
  • edited June 2008 Moderators
    ipconfig /all နဲ့
    route print
    လေးပါပြပါလား။ ကြည့်ရအောင် :D
  • edited June 2008 Registered Users
    ကိုမာ့ခ်ရေ
    တင်ပေးလိုက်ပြီဗျာ
    ဖြေရှင်းချက်လေး တချက်လောက်ကူညီပါနော်
    th.d26ac63699.jpg
    ကျေးဇူးပါဗျာ
    ဇူးလူး
  • edited July 2008 Registered Users
    ဒီလိုလေး နဲနဲ စမ်းကြည့်ရင်ရော ..ပထမဆုံး ကိုယ့်ရဲ့ manual အိုင်ပီတွေကို မှတ်ထားပေါ့
    ပြီးတော့မှ
    ...ipconfig/relese ဆိုပြီး အိုက်ပီကို ဖြုပ်ကြည့်ပါလား
    ပြီးတော့ . ပြန်ထည့်ကြည့်လေ....
  • edited July 2008 Registered Users
    မင်္ဂလာပါ
    ဘာလို့မှန်းတော့မသိဘူး။
    spy emergency 2008 နဲ့ ဆော်ထည့်လိုက်တာ အကုန်လုံးအိုကေသွားတယ်။
    ၀ိုင်းစဉ်းစားပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

    အခုတော့ ကျနော့်ဆီကစက်တွေမှာ spy emergency 2008, kis7 ထည့်ထားတယ်။
    နောက်တော့ Deep Freeze ကို Drive-C အတွက်ဘဲ အလုပ်လုပ်ဖို့ command ပေးထားလိုက်တယ်။
    ဒီလောက်ဆို အုန်းခင် အဲလေ အိုခေမယ်တော့ ထင်ပါသည်ခင်ဗျား
    ခင်မင်စွာ
    ဇူးလူး
Sign In or Register to comment.