မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Start Button ကို နာမည်ချိန်းမယ်..

edited November 2007 in Windows XP
  1. ပထမဦးဆုံး Resource Hacker ကို ဒီမှာဒေါင်းလော့လုပ်ပါ..
  2. start -> run -> "c:\windows" ဆိုပြီးရိုက်ပြီး "windows" အောက်က "explorer" ဟူသော ဖိုင်ကို လုံခြုံသော တစ်နေရာတွင် copy ကူးပြီး paste လုပ်ထားခြင်းဖြင့် backup လုပ်ထားပါ..။
  3. start -> run -> "regedit" ဟု ဆက်ရိုက်ပြီး "registry" တွေကိုလည်း "backup" ဆက်လုပ်ထားပါ.။
  4. ကဲ ဒေါင်းလော့လဲ ပြီးလောက်ပါပြီ..။ download လုပ်ထားတာကို ဖြေချလိုက်ပါ..။ resourceHacker ကိုဖွင့်လိုက်ပါ..။ file -> open -> "c:\windows" အောက်က "explorer" ကိုဖွင့်လိုက်ပါ..။
  5. string Table -> 37 -> 1033 ကိုသွားပါ..။ "start" ဆိုသော နေရာတွင် ပေးချင်တဲ့နာမည် ပေးလိုက်ပါ..။ ကျွန်တော်တော့ "KhunMK" လို့ပေးလိုက်ပါပြီ..။ ပြီးရင် "Compile Script" ကိုနှိပ်ပါ..။
  6. 37" အပေါ်က "34 -> 1033" ကိုဆက်သွားပါ..။ "Click Here to begin" ဆိုသောနေရာတွင် ကြိုက်ရာဆက်ပေးပါဦး..။ ကျွန်တော်တော့ "Create by Khun Moe Kyaw" ဟု သူများကို ကြွားရန် အတွက်ရေးလိုက်ပါပြီ..။ ပြီးရင် "Compile Script" ကိုဆက်နှိပ်ဦး..။
  7. file -> Save As -> "c:\windows" အောက်မှာပဲ "newsbutton.exe" လို့ သိမ်းလိုက်ပါ..။
  8. start -> run -> "regedit" ဟု registry ကို အောက်ပါလမ်းကြောင်းအတိုင်း ဆက်သွားပါ..
    HKEY_LOCAL_MACHINE/Software/Microsoft/WindowNT/Current Version/WinLogon
  9. "shell" ကို "double" ကစ်လစ်ပေးပြီး.. "explorer.exe" ဆိုသောနေရာတွင် "newsbutton.exe" လို့ပြောင်းရိုက်ထည့်ပေးလိုက်ပါ..။
  10. စက်ကို Restart ပေးလိုက်ပါ....။
ကိုမိုးပြာ ဆီကနေ နည်းပညာကို ကော်ပီလုပ်ကာ ကျွန်တော့် ဘလော့ပေါ်တွင် တင်ထားသော နည်းဖြစ်ပါသည်..။

မှတ်ချက်များ

  • xazxaz
    edited June 2007 Registered Users
    ပထမ ဦးဆုံး Resource Hacker ကို ဟို မှာ download လုပ်လို့ ရပါဘူး ဗျာ :(
  • edited June 2007 Registered Users
    http://angusj.com/resourcehacker/

    သူငယ်ချင်းတို့ စမ်းကြည့်ကြပါလား။
    ကျွန်တော့်မှာ ကိုယ်ပိုင်စက် မရှိသေးတော့ မလွယ်သေးဘူး။
  • edited June 2007 Administrators
    oosoo wrote: »
    http://angusj.com/resourcehacker/

    သူငယ်ချင်းတို့ စမ်းကြည့်ကြပါလား။
    ကျွန်တော့်မှာ ကိုယ်ပိုင်စက် မရှိသေးတော့ မလွယ်သေးဘူး။

    http://delphi.icm.edu.pl/ftp/tools/ResHack.zip

    တိုက်ရိုက်လမ်းကြောင်းလေးပေါ့..
  • edited July 2007 Registered Users
    ကျေးဇူးပဲကိုKhunmk ရေ...တော်တော်မိုက်တယ်ဗျာ..ခုပဲဒေါင်းလုပ်လုပ်ပြီးလုပ်ကြည့်အုံးမယ်..
  • edited July 2007 Registered Users
    Khunmk နဲ့ မန္တလေးက Future sky internet cafe နဲ့ စပ်ဆက်မှုများ ရှိသလားဗျ။ ကျွန်တော် အဲဒီဆိုင်က Start menu တွေမှာ Khunmk nick တွေနဲ့ change ထားတဲ့ Future sky start button တွေကို တွေ့ခဲ့လို့ပါ။
  • edited July 2007 Registered Users
    :d ဟုတ်တယ်အစ်ကိုရ အဲ့မှာ အလုပ်လုပ်တယ်

    နောက်စမ်းသပ်မှုတွေ လုပ်တဲ့နေရာလေဗျာ။ :p
  • edited July 2007 Registered Users
    :d ဟုတ်တယ်အစ်ကိုရ အဲ့မှာ အလုပ်လုပ်တယ်

    နောက် စမ်းသပ်မှုတွေ လုပ်တဲ့နေရာလေဗျာ။ :p
  • edited November 2007 Registered Users
    ကောင်းတယ်ဗျို့ ဒီနည်းလေး က
    ကျွန်တော် အရင်က Hexadecimal Editor နဲ့ ပြင်ဖူးတယ် နည်းနည်းရှုပ်တယ်..
    ခုတော့ လွယ်လွယ်လေး ပြင်လို့ရသွားပြီ
    ကျေးဇူး ..
Sign In or Register to comment.