မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဖြေပေးကြပါ။

edited August 2008 in Other
ကျွန်တော်စက်မှာအခုဒီစာလေးပေါ်နေတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသိတဲ့သူများဖြေပေးကြပါ။
aVmYY9i.jpg

မှတ်ချက်များ

  • edited June 2008 Administrators
    ကျွန်တော်စက်မှာအခုဒီစာလေးပေါ်နေတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသိတဲ့သူများဖြေပေးကြပါ။
    aVmYY9i.jpg
    Spyware ၀င်နေပြီလို့ ထင်ပါတယ် Spybot သို့ KIS နဲ့သတ်လိုက်ပေါ့။ ကိုဇူးလူးတို့ကတော့ အဲဒီဘက်မှာ အတွေ့ အကြုံများနေပြီ သူလာရင် သေချာ ရှင်းပြပါလိမ့်မယ် ..။
  • edited June 2008 Registered Users
    ဇူးလူးလည်း ရွာလည်နေတယ်ဗျာ
    ခုထိ တခုပြီးတခုစမ်းနေတုန်းဘဲ
    ညမီးအိမ်မှာတွေ့တာက Trojan ဆိုတော့ Trojan Remover နဲ့ ရှင်းကြည့်ပါလား
    ဒီမှာတင်ပေးလိုက်တယ်။ ဒီမှာကလစ်ပြီးဆွဲချလိုက်ပါ။
    မရရင်ပြောပါ။ နောက်ထပ်လိုမယ်ထင်တာတွေတင်ပေးပါမယ်။
    အဆင်ပြေပါစေဗျာ
    ဇူးလူး
  • edited June 2008 Administrators
    ကျွန်တော်စက်မှာအခုဒီစာလေးပေါ်နေတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသိတဲ့သူများဖြေပေးကြပါ။
    aVmYY9i.jpg
    ကျွန်တော်လဲအဲလိုဖြစ်ဖူးတယ်ဗျ။
    အဲဒါ virus ရှိတဲ့ site တွေကနေ download ဆွဲမိလို့ဖြစ်တာဗျ။ :33:
  • edited June 2008 Registered Users, Moderators
    Zulu wrote: »
    ဇူးလူးလည်း ရွာလည်နေတယ်ဗျာ
    ခုထိ တခုပြီးတခုစမ်းနေတုန်းဘဲ
    ညမီးအိမ်မှာတွေ့တာက Trojan ဆိုတော့ Trojan Remover နဲ့ ရှင်းကြည့်ပါလား
    ဒီမှာတင်ပေးလိုက်တယ်။ ဒီမှာကလစ်ပြီးဆွဲချလိုက်ပါ။
    မရရင်ပြောပါ။ နောက်ထပ်လိုမယ်ထင်တာတွေတင်ပေးပါမယ်။
    အဆင်ပြေပါစေဗျာ
    ဇူးလူး

    ကိုဇူးလူးရေကျေးဇူးပါဗျာ။ အစ်ကိုပေးတဲ့ဟာနဲ့စမ်းပြီးပြီဗျ။ Update လုပ်ပြီးစမ်းပြီးပြီ။ တစ်ကောင်မှမတွေ့ဘူး။ အခြား software လေးပေးပါဦးဗျာ။ MrDBA ပြောတဲ့ spybot လဲသုံးကြည့်ပြီးပြီ။ ရဘူးဗျ။ KIS ဆိုတာဘာလဲမသိဘူး?။ Kaspersky Internet Security လားဗျ။
  • edited June 2008 Administrators
    KIS ဆိုတာ kaspersky internet security ပါ... ဖြစ်နိုင်တာက spam ဒါမှမဟုတ် virus ပါ.. Antivirus နဲ့လုပ်ကြည့်.. ဒါမှမဟုတ် message တက်လာရင် Ctrl+Alt+Del နဲ့ ဘာ process ကတက်လဲဆိုတာကို ကြည့်လိုက်... ပြီးရင် တက်တဲ့ကောင်ကို virus ထင်ရင် ဖျက်ချလိုက်နိုင်ပါတယ်..
  • edited June 2008 Registered Users
    ဒီမှာ သွားကြည့်လိုက်ပါလား။ kaspersky ရဲ့ site ပါ။ \:D/\:D/
  • ratrat
    edited June 2008 Registered Users
    Use NOD32 Business Edition Antivirus and take repair your windows.
  • edited June 2008 Registered Users, Moderators
    တွေ့ရှိသွားပါပြီဗျာ။
    ဘယ် Anti-Virus ကမှမတွေ့လို့ကိုယ်ဟာကို်ယ်ရှာကြည့်လိုက်တော့သွားတွေ့တယ်ဗျာ။ သူက C:\WINDOWS\apsaps.dll ဆိုပြီးနေရာယူထားပါတယ်။ အဲဒီကောင်ရှိနေလို့ ကျွန်တော်ပြထားတဲ့ error တတ်တာပါ။ အခုအဲဒီကောင်ကိုသတ်လိုက်တော့တတ်တော့ဘူး(အခုမှပဲစိတ်အေးသွားတယ်:D)

    အဲဒီကောင်ကိုလွယ်လွယ်နဲ့သတ်ချင်ရင်တော့ဘာ Anti-Virus မှမလိုဘူးဆိုပင်မယ့် ကျွန်တော် software ၂ခုရဲ့ အကူအညီတော့ယူလိုက်ရတယ်ဗျ။

    ပထမတစ်ခုက autoruns ဆိုတဲ့ software လေးပါ။ သိတဲ့သူများလဲသိကြမှာပါ။ သုံးကြည့်ပါ။ ကျွန်တော် virus ကိုက်ရင် အဲဒီကောင်လေးအဲမြဲသုံးပါတယ်။ Software လင့်ခ်က ဒီမှာ ပါ။

    နောက်တစ်ခုက Unlocker ဆိုတဲ့ software လေးပါ။ ဒီ software လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်လေ ဖိုင်တစ်ခုကိုဖျက်မရရင် အဲဒီဖိုင်ကို run နေတာပိတ်ပြီး ဖျက်လို့ရအောင်လုပ်တဲ့ software လေးပါ (ဟုတ်လားမသိဘူးဖောကြည့်တာ :D) Software လင့်ခ်က ဒီမှာ ပါ။

    အဆင်ပြေပါစေဗျာ။ မရှင်းရင်ထပ်မေးကြပေါ့။ ကျွန်တော်က virus သာသတ်တတ်တာ။ virus အကြောင်းဘာမှမသိဘူး။ အခုကျွန်တော်တွေ့ထားတဲ့ virus ကဘာလဲတော့မသိဘူး။ သိတဲ့သူများရှိရင်ဆက်ဆွေးနွေးပေးကြပါနော်။
  • edited June 2008 Registered Users, Moderators
    Software ပြောချင်ဇောနဲ့ သတ်ပုံ သတ်နည်းပြောဖို့မေ့သွားတယ်:D ပထမ ဆုံး autoruns.exe ကို run လိုက်ဗျ။ အဲဒီက အပေါ်ဘားတန်းလေးမှာ Internet Explorer ဆိုတာကို Click ပါ။ အဲဒီမှာစောစောက ပြောတဲ့ apsaps.dll ကိုတွေ့ပါမယ် delete နဲ့ဖျက်ပါ။

    နောက်တဆင့်က C:\WINDOWS အောက်က apsaps.dll ဆိုတာကိုဖျက်ပါ။ ရအောင်ဖျက်ပါ။ စောစောက Unlocker ကို install လုပ်ထားရင်ပိုကောင်းပါတယ်။

    နောက်တဆင့်က window+r ကိုနှိပ်ပါ။ regedit လို့ရိုက်ထည့်လိုက်ပါ။ regedit ပွင့်လာရင် Ctrl+F နှိပ်ပါ။ အဲဒီ box ထဲမှာ apsaps လို့ရိုက်ပြီးရှာလိုက်ပါ။ အဲဒီမှာ apsaps က run ထားတာပေါ်လာပါမယ်။ ဖျက်ပြီးရင် F3 နှိပ်ပါ။ F3 က Find Next ပါ။ F3 နှိပ်လိုက်ရင်ထပ်ပေါ်လာပါလိမ့်မယ်။ ဖျက်ပါ(အားမနာပါနှင့်:68:) အဲလို မကုန်မခြင်း F3 နှိပ်ပြီးဖျက်သွားပါ။ ဒါဆိုရင်ဒီကောင်ကြွသွားပါပြီ။

    အဆင်မပြေလျှင်ထပ်မေးနိုင်ပါသည်။ ထပ်ဖောပေးပါမည်။:P:65:
  • edited July 2008 Registered Users
    ကိုညမီးအိမ်ရေ
    ကျွန်တော်မသိလို့မေးပါရစေနော်
    unlocker ကို ဘယ်နေရာမှာ ဘာအတွက်သုံးတာလဲသိချင်လို့ပါ
    နောက်ပြီးအဆင်ပြေမယ်ဆိုရင်သုံးနည်းလေးပါပြောပြစေချင်ပါတယ်
    ကျွန်တော်မှာဆောလ်ဝဲရှိပြီးတော့ ဘာအတွက်သုံးမှန်းမသိဘူးဖြစ်နေလို့
    ကျွန်တော်ကိုအချိန်ရရင်ပြန်ပြောပြစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်
  • edited August 2008 Registered Users, Moderators
    ဒီပိုစ်လေးကိုအခုမှတွေ့လို့စာပြန်တာနောက်ကျသွားတယ်ဗျာ။ Unlocker ဘယ်နေရာမှာသုံးလဲဆိုတော့ ဒီမှာသွားကြည့်ကြည့်ဗျ။

    http://ccollomb.free.fr/unlocker/

    ကျွန်တော်ရှင်းပြရရင်တော့ Unlocker ကို install လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့တချို့ဖိုင်တွေဖျက်လို့မရလို့ရှိရင်သူကတတ်လာပြီး delete လုပ်မှာလား Move လုပ်မှာလားစသည်ဖြင့်လုပ်လို့ရပါတယ်။ အဲဒီဆော့ဝဲလ်လေးကောင်းပါတယ်။ ဆောင်ထားရင်မမှားပါဘူး။ ကျွန်တော်ပြောတာနားမလည်ဘူးဆိုရင်တော့ အပေါ်ကလင့်ခ်လေးမှာသွားဖတ်ကြည့်ဗျ။ ဒါမှမဟုတ်စမ်းသုံးကြည့်ပါ။
Sign In or Register to comment.