မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Gmail setting in outlook express ဘယ်လို configure လုပ်မလဲ

edited October 2010 in Internet & Email
ကျွန်တော်ရုံးမှာ gmail ကို outlook express နဲ့ သုံးချင်ပါတယ်။ ဘယ်လိုုလုပ်ရမလဲ ဆိုတာ မသိလို့ပါ။ teleport က ဘဲ ပိတ်ထားလို့လားသိချင်ပါတယ်။ ကူညီပေးကြပါ။

မှတ်ချက်များ

  • edited March 2010 Registered Users
    ပုံမှန်အားဖြင့် teleport connection ကနေသုံးလို့ မရနိုင်ပါဘူး။
  • edited March 2010 Registered Users
    ဘယ်လိုအခြေအနေမှာသုံးလို့ရလဲဟင်။ ရုံးက broadband line ပါ။
  • edited March 2010 Registered Users
    Hailo wrote: »
    ဘယ်လိုအခြေအနေမှာသုံးလို့ရလဲဟင်။ ရုံးက broadband line ပါ။
    Freedom လို bypass proxy ခံပီး port ပြောင်းသုံးရင်တော့ ရနိုင်ပါတယ် ဒါပေမဲ့ မငြိမ်ပါဘူး ပုံမှန်သုံးဖို့ အဆင်မပြေပါဘူး ခင်ဗျာ
  • UWPUWP
    edited March 2010 Registered Users
    http://www.webdevelopersnotes.com/tips/internet/configure_gmail_in_outlook_express.php3 ဒီမှာတော့တွေ့တယ် စမ်းတော့မစမ်းရသေးဘူး၊ အဆင်ပြေရင် ပြန်ပြောပါအုန်း
  • edited October 2010 Registered Users
    Yahoo mail ကို MS Outlook နဲ့ သုံးလို့ရပါသလား.. ရရင် ဘယ်လိုလုပ်ရတယ်ဆိုတာ သင်ပေးကြပါ.. ဘယ်လိုချိတ်ချိတ် ချိတ်မရဖြစ်နေလို့ပါ..
  • edited October 2010 Administrators
    kothink wrote: »
    Yahoo mail ကို MS Outlook နဲ့ သုံးလို့ရပါသလား.. ရရင် ဘယ်လိုလုပ်ရတယ်ဆိုတာ သင်ပေးကြပါ.. ဘယ်လိုချိတ်ချိတ် ချိတ်မရဖြစ်နေလို့ပါ..

    Yahoo mail က Paid မဟုတ်ရင် pop3, smtp မပေးပါဘူး အဲဒါကြောင့် Free ဆိုရင်တော့ ဒီအတိုင်းမရဘူး။ တစ်ခုပဲရှိတယ် သုံးချင်ရင်တော့ YPOP လိုဆော့ဝဲတစ်ခုနဲ့ဆိုရင်တော့ ရပါလိမ့်မယ် ဒါပေမယ့် သိပ်တော့မကောင်းပါဘူး စိတ်ဝင်စားရင်တော့ အောက်မှပြထားတဲ့လင့်မှာ YPOP ကိုရနိုင်ပါလိမ့်မယ်။
    http://ypopsemail.com/download
    
  • edited October 2010 Administrators
    Telepost က 8080, 443 နဲ့ 21 တို့ ကိုသာ ဖွင့်ပေးထားပာတယ်။ ဒာတောင် MPT ကတော့ port 21 ကိုပာပိတ်ထားတဲ့ အတွက်။ နိုင်ငံပြင်ပ pop3 ကို မြန်မာပြည်ကနေ သုံးဖို့ရာ မဖြစ်နိုင်ပာဘူး။ freedom လို Proxy မျိုးနဲ့ တော့ ရနိုင်ပာတယ်။ အထက်က NPThant (http://www.mysteryzillion.org/member.php/3142-NPThant) ပြောသလိုပဲ လိုင်း ငြိမ်မှာမဟုတ်တဲ့ အပြင် google ရဲ့ mail box က 7 GB ဆိုတဲ့ မေးပမာဏကို ပြန်လည်ရယူဖို့ ဆိုတာ မဖြစ်နိုင်ပာဘူးခင်ဗျား...............
    7GB မသုံးထားကြရင်တောင် အနည်းဆုံး 700MB လောက်သုံးတတ်ကြပာတယ်။ freedom နဲ့ 700MB ကို outlook ထဲ ဆွဲ ချဖို့ က မဖြစ်နိုင်သလောက်ပာပဲ။
    ကျွန်တော့ မေးbox ဆိုရင် You are currently using 4663 MB (62%) of your 7514 MB. ရှိနေတဲ့ အတွက် လုံးဝမဖြစ်နိုင်ဘူးလို့ ပြောနိုင်ပာတယ်။
Sign In or Register to comment.