မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

win32/Autoit.DB wormတဲ့ခင်ဗျာ့...လုပ်ကြပါအုံး

edited February 2010 in Antivirus & Virus
Win32/Autoit.DB လို့ NOD 32 ကပြပါတယ်...

ဖိုင်တွေအားလုံးကို exe file လုပ်ပြစ်လိုက်ပြီး စက်သုံးကတာလဲလေးလာတယ်။

NOD 32 နဲ့စစ်ပြီးဖျတ်လဲ ထပ်ပြီး ဖိုင်တွေက exe ထပ်ဖြစ်တာပဲ။

ဘာကောင်၀င်ဆော်နေလဲမသိဘူး...လုပ်ကြပါအုံး....

သိရင် ကိုကိုတို့ မမတို့ မြန်မြန်ဖြေပေးကြပါနော်။

စက်ကြီးက လေးလာပြီး တော်ကြာဘာမှသုံးမရတော့ရင် အနော်တော့ သေပြီဆရာဖြစ်ပြီ။

ယူကြပါ ကယ်ကြပါ အာလာလာ ဘာဘာ .....

မြန်နိုင်သမျှ မြန်မြန်ဖြေပေးကြပါ မင်မင်တိုိ့ မော်မော်တို့ရေ....

ကျိုးမီးနွား....

help me....

မှတ်ချက်များ

  • edited February 2010 Registered Users
    ပြောနေရင်း ဆိုနေရင်းနဲ့ နောက်တစ်မျိုးလုပ်ပြန်ပြီ...

    win32/Sality.NAR virus တဲ့ဗျို့ ....

    လုပ်ကြပါအုံး အိုပါးတို့ အိုမားတို့ အားကြီးမားတို့ အာဂျွတ်ရှိစ် တို့ရေ.....

    ဖျတ်လဲ ပြန်ဖြစ်တာပဲ....

    ၀ါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    နိုချင်လာပြီနော်....

    msconfig ထဲမှာ မသင်္ကာတဲ့ကောင်ကို setup uncheck လုပ်တော့ ပထမဟာပျောက်ပြီး ခုဟာထပ်ပေါ်လာတယ်...

    အဟင့် အဟင့်

    သားကွန်ပြူတာက ဗိုင်းရက်စ်မွေးမြူရေးဂေဟာထောင်လို့ရနေပြီ.....

    ဒီအတိုင်းကြည့်နေကြတော့မှာလားလို့....

    လုပ်ကြပါအုံး.....

    ဒီကောင်ကိုနိုင်မယ့် နည်းလေး....


    ဟင်း ဟင်း တွေ့လို့ကတော့လားကွာ .....ဒင်းကိုသိမ်းထားပြီး ထမင်းမကျွေးပဲ အသေသတ်မယ် စီဒီနဲ့လှောင်ပြီးတော့....
  • edited February 2010 Registered Users
    စိတ်မပူပါနဲ့ဗျာ....အရင်ဆုံးလုပ်ရမှာက folder option ထဲ မှာ hidden files နဲ့ Files extanions ကိုဖော်ထားပေးပါ။ပြီးရင် ဒီ virus အမျိုးအစားက ဒီantivirus software နဲ့ မဖယ်နိုင်ပါဘူး။
    ဒါကြောင့်သူကိုနိုင်တဲ့ antivirus software ဖြစ်တဲ့ ESET နဲ့ bitdefender internet secuirity တစ်ခုခုကို install လုပ်ပြီးရှင်းနိုင်ပါတယ်။ အရင်ဆုံး NOD32 ကို uninstall လုပ်ပြီး မှ တစ်ခုခုကို install လုပ်ပါ။
    ဒီအချိန်မှာဘာ stick မှ မထိုးပါနဲ့ပိုပြီးပျံ့တက်လို့ပါ။install လုပ်ပြီးရင် update ရှိရင်တော့ပိုအဆင်ပြေပါတယ်။ မရှိရင်တော့ တစ်ခေါက်လောက်တော့ scan လုပ်ပေးပါ။ ESET ကတော့ ဘယ်စက်မှာမဆို တင်လို့ရပါတယ်။
    သူကမသတ်နိင်ရင် မပျံ့ဘူး။အဲတင်ပြီးရင်ရှင်းတယ်ဆိုပြီးမဖြုတ်လိုက်နဲ့ သူချုပ်ထားတဲ့ virus တွေပြန်ထလာရင်တော့ ဘာမှမထူးဘူး။... BITDEFENDER ကတော့ စက် memory 1GB ရှိမှအဆင်ပြေတယ်။သူကတော့
    update တစ်ကြိမ်လုပ်ပေးမှပိုအဆင်ပြေနိုင်မယ်။သူကတော့ သူနိုင်တဲ့ virus ဆိုရင်စုံစမ်းမေးမြန်းခြင်းမရှိ အပြီးကိုင်ပေးတယ်။စက်တော့နဲနဲ လေးသွားလိုက်မယ်။သူမနိုင်တဲ့ virus သိပ်မရှိသလောက်ပဲ လွိုင်ကော် virus ကလွှဲရင်..
    အဆင်ပြေမှာပါ။ရှင်းပြီဆိုရင်တော့ DATA တွေပြန်ယူထားပြီး windows အသစ်ကို partition အားလုံး ဖြေပြီးမှ ပြန်တင်ရင်တော့အကောင်းဆုံးပါပဲ။ကျနော်လဲအတွေ့အကြုံအရပြောပြတာပါ။.............
    သိသလောက်လေး share လုပ်တာပါ..........
  • edited February 2010 Registered Users
    အနော်တင်ထားတာ eset nod32 ပါခင်ဗျာ့....

    မေးမေးချင်းညက တော့ ဘာတွေဘယ်လိုလုပ်မိတယ် မသိဘူး တစ်ရက်တော့ပျောက်သွားတယ်....

    ခု ပြန်ပြီးဖြစ်နေပြန်ပြီ.....

    ဒီကောင်က ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ....

    သားက သေပြီထင်လို့....တေတေးဘူးဗျ...အဟွင့်....

    ဆာဗာကစက်ဆိုတော့ ၀င်းဒိုးပြန်တင်ရင် ကလိုင်းရန့်တွေထိမ်းဖို့အခက်အခဲဖြစ်နေလို့ပါခင်ဗျာ....

    ဒီကောင် ဘယ်နေရာမှာခိုနေတတ်တယ်ဆိုတာ သိနိုင်မလားခင်ဗျာ....

    ဖြစ်နိုင်ရင် ဒီကောင်ရှိတဲ့နေရာကိုသာသွားဖျတ်ပြစ်လိုက်ချင်တော့တယ်....

    ထပ်ပြီး စဉ်းစားပေးပါအုံးနော်....

    (ခေါင်းငှားတာ အဟဲ...သားခေါင်းက မသုံးရသေးတဲ့အသစ်လေးဆိုတော့ စဉ်းစားလိုက်ရင် ဦးနှောက်ကြီးဟောင်းသွားပြီး ဘရန်းနယူူးစျေးမရမှာစိုးလို့ပါ ...ဒါ့ကြောင့် ဒီဖိုရမ်ထဲကလူတွေကိုပဲ အားကိုးနေရတာ....):tongue:
Sign In or Register to comment.