မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Unicode ပိုင်းဆိုင်ရာ Programming ပညာရပ်များ နှင့်ပတ်သ&#4

edited January 2010 in Programming
Programming နဲ့ ပတ်သက်ပြီး မေးစရာနေရာ မတွေ့လို့။ ဘယ်မှာ မေးရမှန်းမသိတာနဲ့ ၊ အခု General ထဲမှာ မေးလိုက်ပါတယ်။
တခြားနေရာ ရွှေ့လိုက်ရတယ်ဆိုရင်လည်း PM ပို့ပေးပါဦးနော်။ ကျနော်က ဒီမှာ မျက်စိအတော်လည်နေလို့ပါ။ သိပ်မသွားတတ်သေးဘူး။

ကျနော်သိချင်တာက Unicode နဲ့ ပတ်သက်တဲ့ Program တွေအကြောင်းပါ။
ဘယ်လိုရေးရလဲ။ ဘာတွေ သိသင့်သလဲ။ ဘယ် Language သုံးပြီးရေးသင့်သလဲဆိုတာပါ။

ကျနော့်ကို Unicode နဲ့ ပတ်သက်တဲ့ Programming ပိုင်းကို Basic မှ စ၍ ကိုယ်ပိုင် Software တစ်ခုခုကို တစ်ယောက်ထဲ ရေးနိုင်တဲ့ အဆင့်ထိ Guide Line လုပ်ပေးမယ့်သူ လိုလို့ပါ။

ကူညီကြပါခင်ဗျာ။ ကူညီကြမယ်လို့လည်း ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စာကြွင်း ။ ။ စကားအပြောအဆို မတတ်တာရှိရင် ခွင့်လွှတ်ပါနော်။ ညီ က Online Community တွေ သိပ်မ၀င်ဖူးလို့ပါ။

မှတ်ချက်များ

  • edited January 2010 Administrators
    .NET က Unicode ကို support လုပ်ပါတယ်။ C++ လည်း support လုပ်ပါတယ်။ C++ ကတော့ unicode တိုက်ရိုက်ရေးလို့မရပါဘူး။ ဒီမှာ မေးထားတာရှိပါတယ်။
    http://www.mysteryzillion.org/forums/showthread.php?6349-C-Unicode
    

    .NET ကတော့ ဒီအတိုင်းရေးလိုက်ရင်လည်း ဖြစ်ပါတယ်။ VB 6 ကတော့ unicode နဲ့ ရေးချင်ရင် ထပ်ပြီး addon တွေ ထပ်သွင်းရပြီး ရေးရတာ အလုပ်ရှုပ်ပါတယ်။
    ကျနော့်ကို Unicode နဲ့ ပတ်သက်တဲ့ Programming ပိုင်းကို Basic မှ စ၍ ကိုယ်ပိုင် Software တစ်ခုခုကို တစ်ယောက်ထဲ ရေးနိုင်တဲ့ အဆင့်ထိ Guide Line လုပ်ပေးမယ့်သူ လိုလို့ပါ။
    
    မြန်မာလို ပေါ်ချင် မြန်မာလိုရေး။ မြန်မာ font သုံးပေါ့။ ဘာထွေထွေထူးထူးမှ မလိုပါဘူး။
  • edited January 2010 Registered Users
    အဲလိုဟုတ်ဘူးခင်ဗျ။ ကျနော် အရေးအသားမတတ်တာနဲ့ လိုရင်းတွေ လွဲသွားကုန်ပြီ။

    ကျနော်ပြောတာက အခု အွန်လိုင်းမှာတွေ့နေရတဲ့ Unicode Keyboard Input Software တွေလို၊ ဒါမှမဟုတ် အခြား Unicode နဲ့ သက်ဆိုင်တဲ့ Program တွေကို ရေးတတ်ချင်တာပါခင်ဗျာ။
    အဲဒါကြောင့် ဘယ်ကစလို့ ၊ ဘယ်လိုလေ့လာရမယ်ဆိုတာ သိချင်လို့ မေးကြည့်တာပါ။

    ကျေးဇူးတင်ပါတယ်
  • edited January 2010 Administrators
    unicode ဆိုင်တဲ့ ဘယ်လို program ရေးချင်တာလဲမသိဘူး။ Unicode က အဓိက မဟုတ်ပါဘူး။ ဘာလုပ်ချင်လဲဆိုတာက အဓိကပါ။ နောက်ပြီး အချို့ အပိုင်းတွေက system ပိုင်းတွေပါသေးတယ်။ unicode ပိုင်းမှာက အများကြီးရှိတယ်။ မြန်မာစာလည်း သေချာသိမှဖြစ်မှာပါ။ ဥပမာ။။ sorting ဆိုရင် မြန်မာလို လက်နဲ့ချပြီး ကောင်းကောင်း sorting စီတတ်ဖို့လိုတယ်။ normalization ဆိုရင်လည်း မြန်မာစာ ရေးထုံးသိဖို့လိုတယ်။ syllable breaking ဆိုရင်လည်း မြန်မာစာ ဖြတ်ထုံး သိဖို့လိုတယ်။ Input Mehtod ဆိုရင်လည်း မြန်မာစာ ဘယ်လိုရေးလဲ။ computer မှာ ဘယ်လိုရေးလဲ။ system ပိုင်းတွေကိုလည်း ခိုင်းဖို့ အပိုင်းတွေရှိတယ်။ ပြောရင်တော့ အများကြီးပါ။

    အရင်ဆုံး ဘာရေးချင်လဲဆိုတာကို ဆုံးဖြတ်ပါ။ ပြီးရင် logic စဉ်းစားပါ။ ပြီးမှ coding ပိုင်းလုပ်ရမှာပါ။ coding ပိုင်းမှာ system ပိုင်းနဲ့ဆိုင်တဲ့ အပိုင်းတွေ ရှိသေးတယ်။ မသိတဲ့အပိုင်းတွေ အများကြီးပါလာမှာပါ။ အဲဒီအတွက် stackoverflow.com မှာ မေးတာပဲဖြစ်ဖြစ် googling လုပ်ပြီးတော့ဖြစ်ဖြစ် အချိန်ယူရှာဖွေရေးသားဖို့လိုပါတယ်။
  • edited January 2010 Registered Users
    ဟုတ်ကဲ့ပါခင်ဗျာ။
    အစ်ကို ပြောသလို stackoverflow.com ကိုလည်း သွားကြည့်နေပါတယ်။ နိုင်ငံခြားသားတွေဖြေတာထက် ကိုယ့်ထက်၀ါရင့်တဲ့ မြန်မာတွေဖြေတာပိုထိရောက်မယ်ထင်လို့ အခုလိုမေးမြန်းတာဖြစ်ပါတယ်။

    ကျနော်လောလောဆယ် ရေးချင်နေတာကတော့ Input Method ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးရေးချင်တာပါ။
    အဲဒီ့အတွက် နည်းနည်းလောက်ညွှန်ပြပေးပါဦး။

    ချက်ချင်း ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
  • edited January 2010 Administrators
    အဲဒါကတော့ Dr.Carbon ရေးပြီးသားရှိတယ်။ C++ နဲ့ ရေးထားတာ။
    http://keymagic.googlecode.com/svn/trunk/
    
  • edited January 2010 Administrators
    stackoverflow.com မှာ အတွေ့အကြုံများတဲ့လူတွေ အများကြီးပါ။ stackoverflow က အဖြေတွေက ပိုမိုတိကျပြီး ပိုပြီး အထောက်အကူဖြစ်ပါတယ်။ အဲမှာလည်း မြန်မာတွေ အများကြီးရှိပါတယ်။ ask.my-mm.org မှာလည်း သွားမေးနိုင်ပါတယ်။ အဲမှာ C++ သမားတွေ အများကြီးရှိပါတယ်။
  • edited January 2010 Registered Users
    ဟုတ်ကဲ့ပါ။
    ကျနော် သွားကြည့်လိုက်ပါဦးမယ်။
    နောက်လည်း နားမလည်တာ ၊ အခက်တွေ့တာရှိရင် ပြန်လာမေးမယ်နော်။ :)
    အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
Sign In or Register to comment.