မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Windows XP မှာ Product Key ဘယ်လိုပြောင်းမလဲ

edited November 2009 in Windows XP
ကျွန်တော်တို့ Windows Vista နဲ့ 7 တွေမှာ Windows တင်တဲ့အခါ Product Key ရိုက်ထဲ့စရာမလိုဘဲ တင်တယ်၊ ပြီးတော့မှ Activator (Loader) တစ်ခုခုနဲ့ Activate လုပ်ကြပါတယ်။ ပြီးတော့ Product Key ကိုလဲ အချိန်မရွေးပြန်ပြောင်းလို့ရပါတယ်။
Windows XP မှာကြတော့ တင်ကတည်းက Key ကိုရိုက်ထဲ့ရပါတယ်။ ပြီးတော့ ပြန်ပြောင်းချင်ရင် ဘယ်နားမှာပြန်ပြောင်း ရမှန်းမသိပါဘူး။
ကျွန်တော်ကြားဖူးတာကတော့ Registry ထဲမှာဝင်ပြောင်းရင်တော့ ရတယ်လို့ကြားဖူးပါတယ်။
ဒါကြောင့် Windows XP တင်ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် Product Key ပြန်ပြောင်းချင်ရင် ဘယ်လိုပြောင်းရမလဲဆိုတာ သိသူများဖြေပေးကြပါ။ အခုလောလောဆယ် ကျွန်တော် ပြောင်းချင်နေပါတယ်။ ကိုစေတန်ကြီး မျက်စိမှိတ်မထားနဲ့နော်၊ ဖြေအုံး၊ ဟီးဟီး :D

မှတ်ချက်များ

  • edited November 2009 Registered Users, Moderators
    ပထမဦးဆုံး registry ထဲကိုဝင်ပါမယ်။ အဲဒီကနေမှ HKEY_LOCAL_MACHINE==>SOFTWARE==>MICROSOFT==>WINDOWS NT==>CURRENTVERSION==>WPAEVENTS ကိုနှိပ်ပြီး ညာဘက်က OOBETimer ဆိုတာကို double click နှိပ်ပြီး Value date အောက်က Box ထဲကဟာတွေကို select all လုပ်ပြီး delete နဲ့ဖျက်ပြီး ok နဲ့ပြန်ထွက်ပါ။ ပြီးရင် registry ကနေထွက်လို့ရပါပြီ။

    နောက်တစ်ဆင့်ကတော့ run box ထဲမှာ %systemroot&\system32\oobe\msoobe.exe /a ဆိုပြီးရိုက်ထည့်လိုက်ရင် box တစ်ခုတတ်လာပါမယ်။ ရွေးစရာ ၃ခုပေါ်လာပါမယ် အလယ်ဟာကိုရွေးပြီး Next ကိုနှိပ်ပါ။ ပြီးရင် အောက်မှာ Change Product Key ကိုရွေးပြီး မိမိမှာရှိတဲ့ key ကိုထည့်နိုင်ပါပြီ။ Key ထည့်ပြီးရင်တော့ Update ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် Remind Me Later ကိုနှိပ်ပါ။ ဒါပြီးရင်တော့ စက်ကို restart ချပါ။

    Windows ပြန်တတ်လာပြီဆိုရင် run box မှာစောစောကရိုက်ခဲ့တဲ့ %systemroot&\system32\oobe\msoobe.exe /a ကိုပြန်ရိုက်ပါ။ အဲဒီမှာ Windows activated ဖြစ်ကြောင်းပြပါမယ် Ok နှိပ်လိုက်ရင် လုပ်ဆောင်ရန်ပြီးဆုံးသွားပါပြီ။

    Reference==>အခုဒီဟာလေးကို ကျွန်တော်မှာရှိတဲ့ သူများလုပ်ထားတဲ့ Movie လေးကိုကြည့်ပြီးပြန်ပြောတာပါ။ ဘယ်သူလုပ်ထားတဲ့ဟာလေးတော့မသိဘူးဗျ။
  • edited November 2009 Registered Users
    ကျေးဇူးပါပဲ ကိုညလေးရေ
    ကျွန်တော့်မှာ XP ကြီးတင်ပြီး အခု Key ပြောင်းချင်နေတာ၊ ပြောင်းလို့ရမှန်းသိတယ်၊ ဘယ်လိုပြောင်းရမှန်းမသိနဲ့၊ ကျွန်တော်တစ်ယောက်ထဲကို ရှုပ်နေတော့တာပဲ။
    ကျေးဇူး :D
Sign In or Register to comment.