မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

G-mail မှာ mailing list ဖွင့်ချင်လို့

ကျွန်တော်က mail သိပ်မပို့တတ်ပါဘူး။ဒါပေမယ်တခါတလေ ရှိတဲ့သူငယ်ချင်းတွေဆီမေလ်းပို့ချင်ပြန်ကော ဒီတော့ စာရိုက်ထည့်ပြီးရင်် သူငယ်ချင်းအကောင့်တွေရိုက်ထည့်ရတာပျင်းလည်းပျင်းတယ်။ အချိန်လည်းမကုန်ချင်ပြန်ဘူး။ နည်းလမ်းလေးများရှိရင်ပြောပြပေးကြပါခင်ဗျာ။:106::6::103:

မှတ်ချက်များ

  • edited November 2009 Registered Users
    စာရိုက်ရမှာပျင်းလို့ပေါ့လေ...ဟုတ်လား....:111:
    ဒါဆိုပြောပြမယ်...:70:
    ဒီလိုလုပ်ပါလား....
    အကုန်လုံးကို တစ်ခါလောက်ပဲရေးပြီးပို့လိုက် ပြီးရင်
    နောက်အခေါက်တွေကျရင် ရှေ့ကပို့ခဲ့တဲ့ mail ထဲကနေပြီး
    copy & paste လုပ်လိုက်ရုံပေါ့ဗျာ....=))=))=))
  • edited November 2009 Registered Users
    မေးထဲကနေပြီး သူငယ်ချင်းတွေကို group ဖွဲ.ထားလို.ရပါတယ်။ကျွန်တော််မေးထဲမှာဆို
    လုပ်ထားပါတယ်။
    ရင်းနှီးသူများ
    အပြင်မှာတွေ.ဖူးသူများ။
    မိန်းကလေးများ
    ယောကျင်္ားလေးများ
    အဲလိုနာမည်ပေးပြိး အုပ်စုလေးတွေခွဲထားတယ်ဗျ။
    စာပို.ခါနီးရင်
    မိန်းကလေးများလို.ရိုက်လိုက်တယ်။
    အဲဒီအုပ်စုတစ်ခုလုံးပါလာတယ်။
    ဒါမှမဟုတ်လည်း all ဆိုပြီးခေါ်လိုက်တယ်။
    ဒါကကျွန်တော.ထဲကမေးပုံစံပြောပြတာပါ။
    အကိုလည်း စိတ်ကြိုက်group ဖွဲ.လို.ရပါတယ်။
    တစ်ခါပဲအလုပ်ရှုပ်တာပါ။နောက်အီမေးပို.ချင်ရင်လွယ်လင်.တကူပို.လို.ရတယ်။တစ်ယောက်ချင်းစီရိုက်စရာမလိုတော.ဘူး
  • edited November 2009 Registered Users
    တစ်ယောက်ချင်းက အကုန်ရိုက်ဖို့မလိုဘူးထင်တယ်.။ ကျွန်တော့် ချက်လစ်ထဲမှာရှိတဲ့လူတွေဆို သူတို့နာမည်အစ ရိုက်လိုက်တာနဲ့ ပေါ်လာတယ်လေ. ဥပမာ - [email protected] ဆိုရင် p ဆိုတာရိုက်လိုက်တာနဲ့ p နဲ့စတဲ့ နာမည်တွေ drop down နဲ့ ကျလာတယ်လေ. အဲဒါတွေကို ရွေးသွားရုံပဲကို ကျွန်တော်တော့ အဲလိုပဲ လုပ်တာပဲ.. တစ်ခါတစ်လေ ကိုယ်ပို့မယ့်လူနာမည်တောင်မေ့တယ်. :P
  • Mailing list ကို ကိုမဖွင့်တတ်တာဗျ။:106::106::106:
  • edited December 2009 Registered Users
    All နဲ့ သူငယ်ချင်းအားလုံးဆီပို့ဖို့

    gmail ရဲ့ ဘယ်ဘက် မှာ "contact" tab ကို click ၊ ပြီးရင် All contacts ကိုရွေး ။ အဲဒါဆိုရင် ဘေးက list ရဲ့ အပေါ်မှာ select all,none မှာ All ကို click လိုက်ရင် သူ့ညာဘက်ဘေးမှာ _ Contacts Selected ဆိုပြီးပြလိမ့်မယ်။ သူ့အောက်က Email ကို click ရင် သူငယ်ချင်းအားလုံးရဲ့ account တွေ To: ထဲမှာ အဆင်သင့်ထည့်ပြီးသား compose mail tap ဆီရောက်သွားလိမ့်မယ်။


    Group လုပ်ဖို

    ခုန All Contacts ဆိုတဲ့ tab မှာဘဲ None ကိုရွေးထား။ ပြီးရင် .. e.g... [email protected] ကို check box မှာ click ။ ပြီးရင် ညာဘက် ဘေးက Groups ဆိုတဲ့ list box ထဲက Add to အောက်က New Group ကိုရွေးရင် ကျလာတဲ့ text box မှာ ဖက်တီးသူငယ်ချင်းများ လို့ ရိုက်ထည့်လိုက်။:P ဖွဲ့ပြီးသား Group ထဲမှာ ထည့်ဖို့ ဆိုရင် Add to အောက်မှာ Group Name ကိုရွေးပေးလိုက်ရုံဘဲ။ အဲဒီ Group မှာ မပါစေချင်တော့ရင် Remove from အောက်မှာ ပြန်ရွေးပေးလိုက်။ mz က သူငယ်ချင်းတွေဆိုရင် MZ Members ဆိုပြီး Group Name လုပ်ပြီး ထည့်ထားလိုက်ပေါ့။ သူ့ Group နဲ့သူဆိုတော့ ပထမတစ်ကြိမ် Group ဖွဲ့ ရတာ ထည့်ရတာ အလုပ်ရှုပ်ပေမယ့် နောက်ပိုင်း မေးလ်ပို့ဖို့ အရင်လိုတဲ့အခါ မြန်မြန်ပြီးတယ်ဗျ။
    :)
  • edited December 2009 Registered Users
    ကျွန်တော်က mail သိပ်မပို့တတ်ပါဘူး။ဒါပေမယ်တခါတလေ ရှိတဲ့သူငယ်ချင်းတွေဆီမေလ်းပို့ချင်ပြန်ကော ဒီတော့ စာရိုက်ထည့်ပြီးရင်် သူငယ်ချင်းအကောင့်တွေရိုက်ထည့်ရတာပျင်းလည်းပျင်းတယ်။ အချိန်လည်းမကုန်ချင်ပြန်ဘူး။ နည်းလမ်းလေးများရှိရင်ပြောပြပေးကြပါခင်ဗျာ။:106::6::103:

    that right

    Copy & Paste lote lite


    :)):))
Sign In or Register to comment.