မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဆိုင်မှာ CafeZee ကိုလာ Hack နေပါတယ်

edited November 2009 in Internet & Email
ကျွန်တော့်ဆိုင်မှာ လူတစ်ယောက် Cafezee ကိုလာ Hack နေပါတယ်ဗျာ။
ကျွန်တော်သိတာပေါ့ဗျာ၊ အဲဒီလူကလဲ ဒီ MZ မှာ Member တစ်ယောက်ပါပဲ။
သူက MZ မှာရေးထားတဲ့ Cafezee Hack နည်းအကြောင်းဖတ်ပြီး လာ Hack နေတယ်ဗျာ။
ဘယ် Member လဲဆိုတာတောင်သိပါတယ်။ ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး။
ကျွန်တော်ပြောချင်တာက Cafezee ကို ဒီလိုမျိုးလုပ်တာဟာ ဥပဒေအရ တရားဆွဲလို့ရပါတယ်။
ဒါကြောင့် ဒါမျိုးတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်။ လုပ်တဲ့လူကိုယ်တိုင်လဲ ဒီစာကို ဖတ်ပြီးရင် နောက်မလုပ်ဖို့ ပြောချင်ပါတယ်။

မှတ်ချက်များ

  • edited November 2009 Registered Users
    သူ Hack ပုံကဒီလိုဗျ။
    အချိန်တွေကို ရှေ့ကိုတိုးလိုက်တာပေါ့ဗျာ၊ ဒီတော့ သူက တစ်ရက်မှ နာရီဝက်လောက်ပဲသုံးသလို ပုံမျိုးဖြစ်နေတာပေါ့ဗျာ။ စိတ်လေပါတယ်ဗျာ။
    ပထမတုန်းက ကျွန်တော်ထင်တာက သူ MZ က Cafezee Hack နည်း တကယ် အလုပ်ဖြစ် မဖြစ်လာစမ်းတယ်လို့ ထင်တာဗျ။
    ဒါပေမယ့် မဟုတ်ဘူးဗျ၊ သူလုပ်တာ ကျွန်တော်သိသလောက် သုံးခါရှိသွားပြီ၊ ဒါကျွန်တော် ဆိုင်မှာ ထိုင်တဲ့ အချိန်မှာဖြစ်တာ၊ ကျွန်တော်မရှိတဲ့ အချိန်တွေမှာ လုပ်မလုပ် မသိဘူး။
    စမ်းတာကို လက်ခံလို့ရပါတယ်၊ ဒါပေမယ့် အမြဲတမ်းကြတော့ ကျွန်တော်လဲ မခံနိူင်ဘူးဗျာ။

    နင် Cafezee ကို ဘယ် ဗားရှင်း သုံးတာလဲ ဟင်။ နောက်ပိုင်းဟာတွေ မရဖူးနော်
    တော်ယုံတန်ယုံနဲ ့...MZ မှာရေးထားတဲ ့ဟာကလည်း မ၇ဖူးနော် သိလား။
    နောက်ပိုင်းဟာအတွတ် မ၇ဖူး။ သေသေချာချာပြန်ကြည် ့အုံး။
    နောက်တစ်ခါလာရင် Manual နဲ ့မှတ်ထားလိုက်။ရဲ ပါခေါ်ထား။
    ပြီးရင် သူလာရင် သူအကောက်ကို စစ်...ပြီးရင် ဆွဲစိထားလိုက်။
    ပြီးရင် ငါဆီဖုန်းဆက် ....ငါတို ့လာခေါ်မယ်. အဟီး :D:D:D။
    မေးမလို ့ပါ ဘယ်လိုလုပ်လဲ လို ့အဟီး :D
  • edited November 2009 Registered Users
    Zu Zu Aung wrote: »
    နင် Cafezee ကို ဘယ် ဗားရှင်း သုံးတာလဲ ဟင်။ နောက်ပိုင်းဟာတွေ မရဖူးနော်
    တော်ယုံတန်ယုံနဲ ့...MZ မှာရေးထားတဲ ့ဟာကလည်း မ၇ဖူးနော် သိလား။
    နောက်ပိုင်းဟာအတွတ် မ၇ဖူး။ သေသေချာချာပြန်ကြည် ့အုံး။
    နောက်တစ်ခါလာရင် Manual နဲ ့မှတ်ထားလိုက်။ရဲ ပါခေါ်ထား။
    ပြီးရင် သူလာရင် သူအကောက်ကို စစ်...ပြီးရင် ဆွဲစိထားလိုက်။
    ပြီးရင် ငါဆီဖုန်းဆက် ....ငါတို ့လာခေါ်မယ်. အဟီး ။
    မေးမလို ့ပါ ဘယ်လိုလုပ်လဲ လို ့အဟီး

    ဘယ် version လဲဆိုတော့ နင်ပေးထားတဲ့ Version 3.9.9 လေဟာ။
    Hack လို့ရတယ်ဟ၊ ဒါပေမယ့် Hack နေတာကို Server မှာ Alarm လာပြတယ်။ တီ တီ တီ ဆိုပြီးတော့။
    သူ Hack တာက ဒီလိုဟာ
    ဥပမာ သူက ည ၈ နာရီမှာ လာသုံးတယ်ဆိုပါတော့၊
    သူက Time In ဆိုတဲ့နေရာမှာ ည ၉ နာရီ ရအောင်ပြောင်းလိုက်တယ်။ ဒါပေမယ့် သူပြောင်းတဲ့အချိန်မှာ ည ၈ နာရီ ၂၀ မိနစ်ပဲရှိသေးတယ်။
    ဒီတော့
    Time In - 09:00 PM
    Now at Client - 08:20 PM တဲ့ ဟားဟား ရီရတယ်။
    ပြီးတော့ သူက ၉ နာရီ ၁၀ မိနစ်လောက်မှာ ပြန်သွားတယ်။ ဒီတော့ သူသုံးတဲ့ အချိန်က ၁၀မိနစ်ပဲ ရှိတော့တာပေါ့။ ဒါပေမယ့် ဒီလိုလုပ်တာကို မသိအောင် သူက ဆိုင်မှာ Member ဝင်ထားတယ်ဟ။
    ဝင်တာကတော့ မနေ့ကမှဝင်တာပေါ့။ ဒီတော့ သူတစ်ရက်ကို ၁၀မိနစ်လောက်ပဲ သုံးသလိုဖြစ်နေတာပေါ့။ ရုတ်တရက်ဆိုတော့ Member တွေ ဘယ်လောက်သုံးတယ်ဆိုတာ သူတို့ပြန်သွားပြီးပြီးချင်း ငါလဲ ဘယ်လိုက်စစ်နိူင်မလဲ။ ဒီနေ့တော့ သူသုံးနေတဲ့စက်က မှိတ်တုတ် မှိတ်တုတ် ဖြစ်လာတယ်၊ Alarm တွေလဲအော်လာတော့ မသင်ကာလို့ ကြည့်လိုက်မှ သွားမိတာ။ အရင်နေ့တွေကလဲ ဒီလိုဖြစ်တယ်၊ ဒါပေမယ့် ဘာဖြစ်တာလဲဆိုတာ ငါကိုယ်တိုင်လဲ မသိတော့ခံလိုက်ရတာပေါ့။ ဒီနေ့တော့ဘယ်ရမလဲ မိတာမှ ကိခနဲပဲ။
  • edited November 2009 Registered Users
    မိတော့ဘာဆက်လုပ်လဲဗျ:d:d
  • edited November 2009 Registered Users
    ဒီ Thread ကိုပိတ်စေချင်ပါပြီ၊ အများသူငှာ ဗဟုသုတရစေရန် အလို့ငှာဖွင့်ထားပေးပါ။
    ဒါပေမယ့် ရေးသားခွင့်ကိုတော့ ပိတ်ပေးပါခင်ဗျာ၊ ကြာလာရင် Personal ပိုင်းတိုက်ခိုက်မှုတွေရှိလာမှာ စိုးရိမ်လို့ပါ။
ဒီဆွေးနွေးချက် ကို ပိတ်ထား ပြီးပါပြီ။