မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Window XP SP3 အကြောင်း တစ်စေ့တစ်စောင်း

edited April 2008 in Windows XP
ကဲ Vista Service Pack 1 ပြီးတော့ XP ရဲ့ SP 3 လာပါပြီ။
April လ ၂၉ ရက်မှာ Manual ဆွဲချပြီး သွင်းလို့ရပါပြီ။

SP 3 ရဲ့ ဖိုင် အရွယ်အစားကို ကြည့်မယ်ဆိုရင်။ ဆွဲချရမယ့် အရွယ်က အနီးစပ်ဆုံး ၇၂ မီဂါဗိုက် လောက်ရှိပါတယ်။ SP 2 ထက်ပိုသေးသွားပါတယ်။
အကယ်လို့သာ System Restore ကို ON ထားမယ်ဆိုရင်၊ စုစုပေါင်း ၁၃၆၀ မီဂါဗိုက်( ၁.၄ ဂစ်ဂါဗိုက်) လောက် ဟာဒ့်စ်ပေါ်မှာ နေရာယူပါတယ်။
OFF ထားမယ်ဆိုရင်တော့ ၈၆၀ မီဂါဗိုက်လောက်ယူပါတယ်။

SP 3 မှာထူးထူးခြားခြားဘာများပါသလဲဆိုရင်တော့။ အပိုင်းလေးပိုင်းခွဲပြရပါလိမ့်မယ်။
ကွန်ယက်(Network) ပိုင်းမှာ
၁။ ။ Black Hole Router Detection
ဆိုလိုရင်းကတော့။ Packet တွေကို ကွန်ပြူတာတွေကို အသိမပေးဘဲ၊ လွှင့်ပစ်နေတဲ့ Router တွေကို ရှာဖွေထောက်လှမ်းတဲ့ နည်းပါ။
မူလဖာသာ(By Default ကို စာလုံးအသစ်ထွင်လိုက်ပြီ) ဒီလုပ်ဆောင်ချက် ကို ဖွင့်ပြီးသားပါ။ မလိုချင်ရင် တော့ ပိတ်လိုက်လို့ရပါတယ်။
(လေ့လာချင်သူများ၊ Network သမားများအတွက်၊ TCP/IP Stack ရဲ့ ဘယ်အပိုင်းမှာ နေရာယူပြီးလုပ်သလဲက စိတ်၀င်စားစရာပါ။)
၂။ ။ Network Access Protocol (NAP)
(အသစ်အဆန်းဖြစ်လို့ ဗမာလိုရေးရင် ရမ်းဖြီးရာ ကျမှာမို့ ဒီမှာ သွားဖတ်လိုက်ကြပါ။)

လုံခြုံရေး(Security) ပိုင်းမှာ
၁။ ။ Credentials Security Service Provider
Vista နဲ့ Window Server 2008 တို့နဲ့ အဆင်ပြေစွာ တွဲဖက်နိုင်ဖို့ ထည့်ပေးထားတာပါ။
ကွန်ပြူတာ Application တွေကနေ Server တွေဆီကို User ရဲ့ လုံခြုံရေးလျှို့၀ှက်ချက်တွေကို လွှဲပြောင်းပေးရာမှာသုံးပါတယ်။
ဒီ Service ကို Security Service Provider interface ကတစ်ဆင့်သုံးနိုင်ပါတယ်။ အဓိကကတော့ Remote Desktop Protocol 6.0 သုံးဖို့ပါ။
၂။ ။ Descriptive Security Options control panel
Setting တွေကို ပိုမိုနားလည်လွယ်အောင် ရှင်းလင်းဖော်ပြထားပြီး။ မလိုလားအပ်တဲ့ အမှား Setting တွေမလုပ်မိအောင်ပါ။
၃။ ။ Microsoft Kernel Mode Cryptography Module
Kernal encryption မှာ SHA2 hashing algo ကို ထည့်ထားပါတယ်။........

တပ်ဆင်မှု(Setup) ပိုင်းမှာ
၁။ ။ Windows Product Activation
Product Key ကို Setup လုပ်ပြီးသည်ထိ မတောင်းတော့ပါ။ (ကြည့်ရတာ Install လုပ်ပြီးမှ တောင်းမယ်ထင်ပါတယ်။)
(ဒါမှသာ Pirated Version တွေပေါ်မှာ Install လုပ်နိုင်ပြီး၊ MS အနေနဲ့ Bugs Report များများရနိုင်လို့ထင်ပါတယ်။)

သုံးဆွဲသူနှင့်ထိတွေ့မှု(User Interface) ပိုင်းမှာ
၁။ ။ Additional Languages
ထိုင်းဘာသာ အပါအ၀င်၊ ဘာသာစကား ကိုးမျိုး(ဗမာ မပါ) ထပ်တိုးပါတယ်။

ထူးခြားတဲ့ အပိုင်းလေးတစ်ခုကတော့ Internet Explorer နဲ့ပတ်သက်ပါတယ်။
၁။ ။ SP 3 ကို တင်ပြီးရင် IE7 ကိုရော IE8 Beta 1 ကိုပါ ဖြုတ်လို့မရတော့ပါဘူး။
(ဒါကို ဘာမှာ မပူပါနဲ့ ကျွန်တော့အထင် SP3 ထွက်ပြီးမကြာခင် မှာ တစ်ယောက်မဟုတ် တစ်ယောက်က
ဘယ်လို ဖြုတ်ရင် ရမယ်ဆိုတာ ရှာဖွေတွေ့ရှိမယ်ထင်ပါတယ်။ မရလည်း ဘာအရေးလည်း နော။ IE ပဲသုံး လည်း OK တာပါပဲ။
မလိုချင်ရင် Firefox တို့ Safari တို့တင်ပေါ့။)
၂၊ ။ SP 3 တင်ပြီးလို့ Desktop ပေါ်မှာ ရှိတဲ့ IE7 ကို နှစ်ချက် ဆက်တိုက်နှိပ်ရင်၊ ဘာမှ ပေါ်မလာဘဲ၊ Desktop ပေါ်မှာ IE7 Shortcut တစ်ခု
ထပ်တိုးလာပါတယ်။ ထပ်နှိပ်ရင် ထပ်တိုးပါတယ်။
ဒါပေမယ့် မပူပါနဲ့၊ ဒါဟာလည်း SP3 ပါတဲ့ Full Product CD မှာသာဖြစ်တာပါ။ မကြာခင်ပဲ MS က Update တွေ လာပါလိမ့်မယ်။

နောက်တစ်ခု Apple တွေပေါ်မှာ Boot Camp နဲ့Dual Boot တင်ထားတဲ့ XP တွေမှာ (အဓိကအားဖြင့်၊ Intel-Processor ကိုသုံးတဲ့ Mac တွေမှာ)
Out of Disk Space error ကိုကြုံတွေ့ပြီး၊ SP 3 တင်မရတာကြုံရပါလိမ့်မယ်။
သိပ်မစိုးရိမ်ပါနဲ့၊ ဒါကလည်း စမ်းသပ်အရေအတွက် နည်းနည်းလေးမှာသာတွေ့ရတာပါ။ Registry ကို ပြင်လိုက်ရင် ကောင်းသွားမှာပါ။

နောက်တစ်ခုက (အင်း...ဘယ်တော့ မှ Bugs တွေဆုံးမှာလဲ) Wireless Networking Drivers တွေမှာပါ။
SP 3 က dll ဖိုင် အသစ်ကို (Wlanapi.dll) နာမည်နဲ့ထည့်ထားတော့၊ တစ်ချို့ Wireless Network Driver Card
တွေ ကအဲဒီနာမည်ကိုသုံးနေရင်၊ SP 3 က အပေါ်ကထပ်ပြီး ဖိုင်ကို ဖလှယ်လိုက်တော့ Wirelss Network Card
မှာ ပြသနာ တက်ပါလေရော။ အဲဒီပြသနာထက်ရင် Restart လုပ်လိုက်တိုင်း ဒီလို
"The procedure entry point apsSearchInterface could not be located in the dynamic link library wlanapi.dll"
တွေ့ရပါလိမ့်မယ်။ ဒါကလည်း မိမိရှိရင်းစွဲ Wireless Network Card က အဲဒီဖိုင်နာမည်နဲ့သုံးနေမှပါ။
အကယ်လို့ပြသနာတက်ရင်၊ နောက်ဆုံးထုတ် Driver ကိုတင်ရင် ပြေလည်သွားနိုင်ပါတယ်။

အခြားအခြားသော အကြောင်းအရာများထဲမှာ စိတ်၀င်စားစရာများကတော့။
၁။ ။ Windows Media Center Edition 2002 တွေမှာ SP2 ကို တင်ပြီး မှာ SP3 ကိုတင်နိုင်ပါတယ်။
၂။ ။ SP 3 ဟာ x86 WinXP အတွက်သာ ဖြစ်ပါတယ်။ x64 Edition တွေကတော့ Windows Server 2003 SP2 ကို သာသုံးရပါမယ်။

လိုတိုရှင်းနဲ့၊ လိုအပ်မယ်ထင်တာလောက်တွေသာ ဘာသာပြန်ထားပါတယ်။
ကဲ......ဒီကောင် ဘာသာပြန်တာ ဘာတွေမှန်းလဲမသိဘူးဆိုရင်တော့၊ ဒီနေရာမှာသာ သွားလို့ဖတ်ရှုကြပါကုန်။
Sign In or Register to comment.