မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Best Practice for Problem Submission

edited October 2009 in Idea
[FONT="]MZ ညီအစ်ကို မောင်နှမ များကို အကြံလေး တစ်ခုပြုချင်ပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာ၊ ပြသဿသနာ တစ်ခုရဲ့ဖြေရှင်းနည်း (Solution) ကို သိချင်လို့ မေးတဲ့ အခါမှာ "ဒါဖြစ်နေတယ်... အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ (သို့မဟုတ်) အဲ့ဒါကို ဘယ်လိုဖြေရှင်းရမလဲလို့..." မေးမယ့် အစား၊ ပြသဿသနာ တစ်ခု (Error တစ်ခု၊ Problem တစ်ခု) မဖြစ်ခင်က ကိုယ်က ဘာလုပ်လိုက်လို့ ဘာဖြစ်သွားတယ်၊ Error က ဘယ်လိုပြောတယ် (ဖြစ်နိုင်ရင် Screen Capture လေးပါ Provide လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့)၊ Error မဖြစ်ခင်က ဘယ်လို၊ အဲ့ဒီလိုလေး ကိုယ်မှတ်မိသလောက် ပြောပြနိုင်ရင်၊ ကိုယ့်ရဲ့ Thread ကို ဖတ်မိတဲ့ သူတွေ ထဲမှာမှ ကြုံဖူးတဲ့သူရှိရင်၊ ဒါမှမဟုတ် ကိုယ်က အသေးစိတ်လေး ဖောှပြပြီး မေးတဲ့အတွက် Solution ကို ရှာပေးတဲ့သူ၊ ရှာပေးနိုင်တဲ့ သူကလည်း မြန်မြန် ဆန်ဆန်၊ ထိထိ ရောက်ရောက်လေး ဖြစ်သွားတာပေါ့။ မဟုတ်ဖူးလား? :6:[/FONT]

မှတ်ချက်များ

  • edited October 2009 Administrators
    ဟုတ်ပါ့ခင်ဗျာ အဲဒီလို အသေအချာပြောနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ဒါမှဖြေမယ့်လူလည်း ဘာဖြေရမယ်စဉ်းစားလို့ရမယ်မဟုတ်လား။ နောက်ပြီးတော့ ခေါင်းစဉ်များကိုလည်း ဆီလျော်အောင်တပ်ပါ ဒါမှဖြေမယ့်လူကလည်း သူစိတ်ဝင်စားတဲ့ ခေါင်းစဉ်ဟုတ်မဟုတ် တစ်ခါတည်းသိမယ်မဟုတ်လား။ ကယ်ကြပါတို့၊ ကူညီကြပါတို့၊ မြန်မြန်ဖြေပေးပါ တို့ဆိုရင်တော့ ဘာတွေမှန်းမသိပဲ ဖြစ်နေပါလိ့မ်မယ် သိတဲ့လူရှိနေရင်တောင် ဘာမှန်းမသိလို့ မဖတ်လိုက်ရင် အဖြေလည်းနောက်ကျသွားပါလိမ့်မယ်။ သိတဲ့များက ကူညီမှာပါ မြန်မြန်လည်းဖြေကြမှာပါ ဒါ့ကြောင့် ခေါင်းစဉ်များလည်း ဆီလျော်အောင် တပ်ပေးရင်းလည်း ကူညီကြပါဦး။
Sign In or Register to comment.