မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ရေစက် လား Cpu လား

xazxaz
edited March 2010 in Windows XP
ကျနော့် processor fan က ထ ထ အော်တယ် ဗျာ ၂ ရက်ရှိပြီ ဘာဖြစ်လို့လဲ သိဘူး
အဖြေရှာနေတာမရဘူး
ဘယ်လိုမျိုးတွေဖြစ်ရင် ထထ အော်တတ် ပါလဲ ဗျ မအော်ရင် တော့ ဘာမှကြားရဘူး ငြိမ်နေတာပဲ
core2duo ပါ အော်တာတော့ခဏပဲဗျ ဒါပေမယ် အခုနောက်ပိုင်းအတင့်ရဲလာပြီး ခဏခဏ အော်နေလို့ပါ၊:14:

မှတ်ချက်များ

  • edited April 2008 Administrators
    processor လွတ်နေတာဖြစ်နိုင်တာပဲ... processor ကို ဖြုတ်ပြီး ပြန်တတ်ကြည့့်ပါလား.... ဘယ်လို ထအောင်တာလဲဗျ... ဒါမှမဟုတ် fan ကို လဲလိုက်ပါလား..
  • edited April 2008 Registered Users
    xaz wrote: »
    မအော်ရင် တော့ ဘာမှကြားရဘူး ငြိမ်နေတာပဲ

    မှန်လိုက်တာ.. ဆရာရယ်..:67:
    သူအော်အောင် ဘာတွေသွားလုပ်လို့လဲ.. :68:
    ကျွန်တော်က hardware လိုင်းမဟုတ်တော့ ဘာမှမပြောတတ်ဘူး..
    အဲဒါဘာမှမသိကြောင်း reply ပြန်လိုက်တာ.. ဟဲဟဲ :P
  • xazxaz
    edited April 2008 Registered Users
    တစ်ချက်တစ်ချက်ကျရင် ပန်ကာ က ပိုမြန် ပြီး အားပိုပြင်းပြင်းနဲ့လည်လို့ မြည်တာမျိုးပါ
  • edited July 2009 Registered Users
    ကျနော်အကြံတစ်ခုပေးမယ်.......:39:
    Processor Fan ကအော်နေတာနေမှာဗျ
    နောက်မအော် အောင် Fan Power ကြိုးကိုဖြုတ်ထားလိုက်....:P

    Fan အသစ်လဲလိုက်ရင်ရမယ်ထင်တာပဲ....
    ကြုံ့ဖူးလို့ပါ...\:D/
  • edited July 2009 Registered Users
    xaz wrote: »
    ကျနော့် processor fan က ထ ထ အော်တယ် ဗျာ ၂ ရက်ရှိပြီ ဘာဖြစ်လို့လဲ သိဘူး
    အဖြေရှာနေတာမရဘူး
    ဘယ်လိုမျိုးတွေဖြစ်ရင် ထထ အော်တတ် ပါလဲ ဗျ မအော်ရင် တော့ ဘာမှကြားရဘူး ငြိမ်နေတာပဲ
    core2duo ပါ အော်တာတော့ခဏပဲဗျ ဒါပေမယ် အခုနောက်ပိုင်းအတင့်ရဲလာပြီး ခဏခဏ အော်နေလို့ပါ၊:14:

    အတိအကျတော့ပြောလို့မရပါဘူး။ ကျနော်တွေ့ဘူးတဲ့ Acer Brand ထဲက တစ်ခုကတော့အဲ့သလိုပဲဗျ။ ပြသနာအကြီးကြီးတော့ မဟုတ်လောက်ဖူးနဲ့တူပါတယ်။ Process ကိုလုပ်တာ များတဲ့ဆော်ဖ်၀ဲတွေမျိုးဆိုရင် သူက Auto Load တာနဲ့တူတယ်။ BIOS ထဲမှ Processor Setting ကို တစ်ချက်လောက်ပြန်ကြည့်ကြည့်ပါလား။ တခြား အတွေ့အကြုံရှိတဲ့သူများရဲ့ အကြံပြုချက်လေးတွေကိုလည်းစမ်းကြည့်လိုက်ပါဦး။
    လေးစားစွာဖြင့်
    NooR
  • edited July 2009 Registered Users
    စက်ထဲမှာဖုန်တွေများနေလောက်ပြီထင်ပါတယ်။ အထူးသဖြင့် CPU fan ပါ။ သန့်ရှင်ရေးလုပ်လိုက်ပါ။ ဖုန်စုပ်စက်ရှိရင်ပိုကောင်းပါတယ်။ အဆင်ပြေသွားနိုင်ပါတယ်။

    CPU fan ကိုဖြုတ်ပြီးရင်တော့ Heat paste လို့ခေါ်တဲ့ Thermal Compound ကိုထည်ပြီးပြန်တပ်မှပိုပြီး စိတ်ချရပါတယ်။
  • edited March 2010 Registered Users
    Yaung Sein wrote: »
    Thermal Compound ကိုထည်ပြီးပြန်တပ်မှပိုပြီး စိတ်ချရပါတယ်။
    Thermal Compound ရှိဘူးဗျို့ သည်တိုင်းတပ်ရင် အဆင်ပြေနိုင်ပါမလား?.....
    တောမှာဆိုတော့ ၀ယ်လို့မလွယ် စက်ကလည်းအရေးကြီး.....ဗျာ
  • edited March 2010 Registered Users
    Thermal Compound မရှိဘဲ သုံးလိုက်တယ်ဗျို့ တစ်ရက် ၇-နာရီလောက်ကြာတဆက်တည်းသုံးဖြစ်ပါတယ်
    ဘာမှတော့ဖြစ်မသွားသေးဘူးဗျို့ မပိတ်ခင် CPU Temperature ကိုကြည့်တော့ 67 Degree C လောက် ပြပါတယ်
    ခုတော့ CPU Glue ဆိုတာရောက်လာလို့ ပိုအဆင်ပြေသွားပါပြီ။
    ကျွန်တော့ အတွေ့အကြုံလေးတင်ပြတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား........
  • edited March 2010 Registered Users
    ဟုတ်ကဲ့ အဲဒီ CPU Glue ဆိုတာ Thermal Compound တမျိုးဖြစ်ပါလိမ့်မယ်။ အဲဒါမပါပဲသုံးလို့ရပေမယ့် ပါတာက CPU အတွက်ပို safe ဖြစ်ပါတယ်...... တခုအကြံပေးချင်တာက Thermal Compound ဝယ်မရနိုင်တဲ့နေရာမှာဆိုရင် CPU fun နဲ့ CPU ပေါ်မှာရှိနေတဲ့ ကော်လိုမျိုး ပစ္စည်းလေးတွေကို သုတ်မပြစ်ပါနဲ့ ဒီအတိုင်းပဲပြန်တပ်ပါ။ အဲဒါဆိုရင်လဲတော်ရုံတော့ စိတ်ချရပါတယ်။
Sign In or Register to comment.