မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဖိုင်တွေကပျောက် ဘယ်ကိုရောက် ....

edited October 2009 in Windows XP
သတိထားမိတာ နှစ်ရက် သုံးရက်လောက်ရှိတော့မယ် ...
My Document ထဲ မှာ သိမ်းထားတဲ့ ဖိုင်တွေ တစ်ခုမှ မရှိတော့ဘူး ......
အသစ်ရိုက်ပြီး သိမ်းတော့လဲ နောက်တစ်ခေါက် စက်ပြန်ဖွင့်တဲ့အခါမှာ မရှိပြန်ဘူး ....
ဒါနဲ့ နောက်ထပ် File အသစ် ထပ်လုပ်ပြီး သိမ်းတော့လည်း ပျောက်သွားပြန်တယ် ....
နောက်တစ်ခုသတိထားမိတာက Desktop ပေါ်က အသစ်လုပ်ထားတဲ့ Folder ပျောက်နေပြန်တယ် ....
ဘယ်လိုဖြစ်ကုန်တာလဲ ......
ဘာလုပ်ရမှာပါလိမ့် ........

မှတ်ချက်များ

  • edited February 2008 Registered Users
    virus လား .. ဘာလား ... ကူညီကြပါဦးဗျို့ ....
  • edited February 2008 Registered Users
    Hello
    I want to know about it is standalone computer???
    or it is running in the server environment???
  • edited February 2008 Registered Users
    တစ်လုံးတည်းသုံးတဲ့ standalone ကွန်ပျူတာပါဗျာ .....
    MyDocument နဲ့ Desktop မှာ သိမ်းထားတာတွေကတော့ တကယ်ကို ပျောက်ပျောက်သွားတယ် ....
    C Drive အောက်မှာ folder နဲ့ သိမ်းတာတော့ ပျောက်မသွားဘူး ...........
  • edited February 2008 Administrators
    virus ဖြစ်နိုင်ချေ ဖြစ်ပါတယ်.. ဒါနဲ့ hidden file ဖြစ်သွားတာလား... hidden file ကို show လုပ်ပြီး run မှာ desktop လို့ရိုက်ပြီး desktop မှာ hidden ဖြစ်မဖြစ် ကြည့်လိုက်ပါလား.. desktop မှာကော တခြား file တွေ ပေါ်သေးလား... နောက်တစ်ခုဖြစ်နိုင်တာကတော့ desktop မှာ right click -> view ကနေ show desktop icon ကော လုပ်ထားလား.. သေချာအောင် ကြည့်လိုက်ပါလား
  • edited February 2008 Registered Users
    file hidden မဟုတ်ပါ ... ပျောက်ပျောက်သွားပါတယ် ....
    ဒီလိုဖြစ်တာ ဒုတိယအကြိမ်ပါ ...
    Windows Error များလား .......
    သုံးနေတာတော့ ပုံမှန်ပဲ .....
    ဘာမှကို မဖြစ်ဘူး ..........
  • edited February 2008
    ကျွန်တော့်အထင် ဗိုင်းရပ်ပဲဖြစ်မယ်ဗျ ... Kaspersky နဲ့ စစ်ကြည့်ပါလား
  • edited February 2008 Registered Users
    Kaspersky update ဖြစ်အောင်လုပ်ထားပါတယ် ....
    စစ်ကြည့်ပြီးပါပြီ ...
    မရပါ ..........
  • edited February 2008 Moderators
    ဆွေးနွေးခွင့်ပြုပါ....(iceos)
    1.Run Desktop Cleanup Wizard every (60) days(XP)
    ကြောင့် ဖြစ်နိုင်ခြေရှိပါတယ်..၊
    တစ်ချို့က Desktop ကို ဘာမှပြောင်းလဲလို့မရအောင် လုပ်ထားတက်ပါတယ်...
    2.(Registry Editor)Regedit ကို ပြန်စစ်ဆေးကြည့်ပါလား၊
    3.My Document ဆိုတဲ့ အမည်နဲ့ မသိမ်းပဲ ၊တခြား အမည်ပြောင်းပြီး files သိမ်းကြည့်ပါ..
    ဖြစ်နိုင်ခြေကတော့ မှာ Desktop ပေါ်မှာ ဘာမှ မသိမ်းပဲထားတာကောင်းမယ်ထင်တယ်..
    4.PC ပေါ်မှာ တခြား Cleanup programs တွေရှိနေပါသလား၊Group policy သတ်မှတ်ထားလို့လား၊
    5.Windows ကြောင့် ဖြစ်နိုင်ခြေမရှိပါဘူး၊ Desktop Settings တွေကို ပြန်စစ်ဆေးကြည့်ပါ.
    6.ဘာလိုမှမရရင် user account ကိုအသစ်ပြန်ဆောက်ကြည့်ပါ။
    ကြိုဆိုပါတယ်...
  • edited March 2008 Registered Users
    Kaspersky ကို update လုပ်လိုက်တဲ့နောက်ပိုင်းမှာ မဖြစ်တော့ပါ ....
    အဲဒီစက်ကို ဖြစ်ချင်ရာဖြစ် စမ်းသပ်လို့ရအောင် ဘာမှမလုပ်ပဲ ထားခဲ့ပါတယ် ....
    ဖိုင်တွေပျောက်ပျောက်သွားပါတယ် .....
    Kaspersky update ထည့်လိုက်တော့မှပဲ အဆင်ပြေသွားတယ် ....
    ဘာကြောင့်မှန်းတော့ အခုထိမသိ ........
    virus ပဲ ဖြစ်မှာပါ ....................
  • edited October 2009 Registered Users
    ဟုတ်ပါတယ်
    ကွန်ပြူတာရဲ့ အချို့သောပြဿနာတွေကဘာတွေမှန်းကိုမသိပါဘူး။
    တစ်ခါတစ်လေသူ့အလိုလိုပြန်ကောင်းသွားတက်ပါတယ်။
    သိပ်ပြီးတော့အုန်းမစားပါနဲ့။
    ဒီအကောင်ကဘာမှဖြစ်တာမဟုတ်ပါဘူး။ကျွန်တော်တို့ဘဲခေါင်းဖြူသွားမှာပါ။
    မှားရင်ခွင့်လွတ်ပါ။
Sign In or Register to comment.