မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Funny ဆိုပြီးတော့ desktop ပေါ်မှာ ပေါ်နေတဲ့ virus

Funny ဆိုပြီးတော့ desktop ပေါ်မှာ ပေါ်နေတဲ့ virus ကို ရှင်းဖို့ နည်းလမ်းလေးများရှိရင် ပေးကြပါအုံး :14:

ကျွန်တော် သတိထားမိသလောက်တော့ အဲဒီ virus ဝင်ပြီဆိုရင် အဲဒီဝင်တဲ့ စက်မှာ စိုက်လိုက်တဲ့ stick ထဲမှာ update.exe ဆိုပြီးတော့ 4.7 MB လောက်ရှိတဲ့ file တခုပါလာတာ ရှိတယ် ပြီးတော့ စက် ထဲမှာရှိသမျှ folder တွေကို hidden ဖြစ်သွားပြီး same name နဲ့ dll icon နဲ့exe ဖိုင်တွေ ကနေရာ ဝင်ယူထားတာတွေ့ရပါတယ် ပြီးတော့ စက်ကိုဒီတိုင်းသုံးနေရင်းက သူက Ohm Mar Soe ဆိုတဲ့ ကောင်မလေးပုံ နဲ့ သူ့ရဲ့ မွေးနေ့ကိုမှန်အောင် ဖြေခိုင်းပါတယ် မှန်ရင် virus က သူ့အလိုလို ပျောက်သွားမယ်လို့ ပြောပါတယ် ကျွန်တော်လဲ ရန်းဖြေလိုက်တာ မှားသွားပြီးစက်က ဘာမှ လုပ်လို့မရတော့ပါဘူး restart ချလိုက်တော့ ပြန်မတက်တော့ပါဘူး system32 ထဲက dll ဖိုင်ကို virus ကဖျတ်ပစ်လိုက်ပါတယ်

ဒီနေ့တော့ ကျွန်တော်ဆိုင်က စက် 6 လုံး ထိသွားပါတယ် :((:((:((:((:((:((

အကယ်၍ ဒီဗိုင်းရပ် ကိုသတ်ဖို့နည်းလေးများရှိရင် ပြောပြကြပါအုံး ခုတော့ format ရိုက်ပြီး window ပဲပြန်တင်နေရတော့ အဆင်မပြေဘူးပေါ့ ကျေးဇူးပါပဲ

မှတ်ချက်များ

  • edited June 2009 Registered Users
  • edited June 2009 Registered Users
    Funny ဆိုပြီးတော့ desktop ပေါ်မှာ ပေါ်နေတဲ့ virus ကို ရှင်းဖို့ နည်းလမ်းလေးများရှိရင် ပေးကြပါအုံး :14:

    သူက Ohm Mar Soe ဆိုတဲ့ ကောင်မလေးပုံ နဲ့ သူ့ရဲ့ မွေးနေ့ကိုမှန်အောင် ဖြေခိုင်းပါတယ် မှန်ရင် virus က သူ့အလိုလို ပျောက်သွားမယ်လို့ ပြောပါတယ် ..
    ဒီနေ့တော့ ကျွန်တော်ဆိုင်က စက် 6 လုံး ထိသွားပါတယ် :((:((:((:((:((:((
    ပြည်တွင်းဖြစ်ကြီးပါလား ဥမာစိုး နဲ့ပက်သက် သမျှလိုက်စုံစမ်းရမယ်ထင်တယ်....:D:D:D unlocker လို software မျိုးနဲ့ ဖျက်ကြည့်ပါလားခင်ဗျာ... အကြံပေးကြည့်တာပါ မှားရင်တော့ခွင့်လွှတ် :D:D:D
  • edited June 2009 Moderators
    ဥမ္မ္မ္မာစိုးရေ နင်ဘယ်နေ ့မွေးတာလဲ :D:D:D virus ရေးတဲ့ကောင်ကလည်း virus ကို 4.7 MB တောင်ရေးတယ်ဆိုတော့ဘာ coding တွေထဲ့ရေးလို ့လည်းမသိဘူး ကြည့်ရတာပိန်းတိန်းတိန်းနဲ :39::39::39:့ပြန်မတက်တော့ဘူးဆိုတော့ system file ကိုဖျက်လိုက်တာထင်တယ် Live Cd နဲ ့ဖြစ်ဖြစ် repair လုပ်ကြည့်ပါလား
  • edited June 2009 Registered Users
    အလွယ်ကူဆုံးဆိုရင် အဲ့ဒီဥမ္မာစိုးဆိုတဲ့ကောင်မလေးပုံကို တင်ပေးလေဗျာ။
    MZ Member တွေရဲ့ အသိထဲကဆိုရင် ဘယ်နေ့မွေးလဲ မေးပေးလို့ရတာပေါ့။ :D
  • edited June 2009 Registered Users
    ဥမ်မာစိုးဆိုတော့.......တစ်ယောက်ယောက်တော့လက်ဆော့ပြီထင်တယ်..နာလည်းသတိထားဦးမှ...ဟင့်..နာ့စက်လေး ဖောမတ်ကျွေးထားတာမှ မကြာသေးဘူး.... :( တော်တော်အားကြတဲ့ဟာတွေ...ရေးပါလား.. Os တွေ... ဘာမဟုတ်တဲ့ ဗိုင်းရပ်စ်ရေးပြီး ဖိုင်ဖျက်တာလောက်လေးကို ဟုတ်လှပြီထင်နေကြတဲ့ဟာတွေ..... :( :(
  • edited June 2009 Registered Users
    The name of virus is Funny virus.

    ကျနော် ERD Commander လေးတင်ပေးမယ် system file repair function လေးနဲ ့ စမ်းကြည့်ပါ
    ERD commander က password recovery တစ် ခု ထဲမဟုတ်ပါဘူ။file recovery function တွေလဲပါပါတယ်။

    http://ifile.it/x9n21agremoval tools link လေး ပါ။ run ပြီးရင် process ကိုအရင် kill ပါ။ (သတိrun box ထဲမှ explorer.exe msconfig.exe cmd.exe regedit.exe gpedit.exeလုံး၀မခေါ်ပါနဲ ့)။ registry path တွေကိုကျနော်ရှာပြီးတင်ပေးပါမယ်။
    http://ifile.it/0sjx3yp
    http://ifile.it/bx9ov0j
    အဲဒီ၂ခုက registry repair နဲ ့ folder options တွက်ပါ။
    http://ifile.it/h1dsezr ဒါလေး download လုပ်ပြီး start up ထဲက msi.exe လား update.exe လား remove လုပ်လိုက်အုံးနော်

    ဖုန်းနံပါတ်က သရက်မြိုဗျ .. ဒါ သရက်မြို့ဟက်ကင်းဒေးရေးတဲ့လူလားမသိဘူး ..ဖြစ်နိုင်ဖို့ရှိတယ်

    I got this information from my friend. Try this.
  • edited June 2009 Registered Users, Moderators
    ကျွန်တော်လဲ အဲဒီဗိုင်းရပ်စ်ကို သတ်ဖူးတယ်ဗျ။ အဲဒီဗိုင်းရပ်စ်က

    C:\Documents and Settings\username\Application Data\msi အဲဒီဖိုလ်ဒါထဲမှာ(msi ဘာဆိုလားပဲ) msi.exe ရယ် update.exe ရယ်ရှိတယ်ဗျ။ အဲဒီမှာပဲလားဆိုရင်မဟုတ်ဘူးဗျ။ သူက အဲဒီနေရာအားလုံးမှာရှိတယ်။ နားလည်အောင်ထပ်ပြောရရင်

    C:\Documents and Settings\All Users\Application Data\msi ဆိုတာမှာလဲ ထိုနည်း၄င်းပဲရှိတယ်ဗျ။ ပိုပြီးသေသေချာချာသိချင်ရင်တော့ search နဲ့ရှာကြည့်ပေါ့။ ရှာတဲ့နေရာမှာလဲ ရှာတာကို hidden ပါပေါ်အောင်ရှာခိုင်းပါ။ သေချာတာတစ်ခုကတော့ search လဲခေါ်လို့မရလောက်ဘူးထင်တယ်ဗျ။ ရမယ်ဆိုရှာကြည့်ပေါ့။ မရဘူးဆိုရင်တော့
    http://nyameeeain21286.googlepages.com/RemoveRestrictionsToolv3.0Betachanh..exe
    
    http://nyameeeain21286.googlepages.com/Enablev2.0.exe
    
    အဲဒီ ဆော့ဝဲလ်နှစ်ခုအကူအညီနဲ့ဖော်ပြီရှာကြည့်ပေါ့။ နောက်ဆုံး desktop ပေါ်က funny ဆိုတဲ့ ဖိုင်ကိုဖျက်ဖို့အတွက်တော့ မသေချာဘူးဗျ။ ကျွန်တော်တုန်းကတော့ရသွားတယ်။ နောက်စက်တစ်လုံးမှာသတ်ကြည့်တော့မရဘူး။ ဘယ်လိုလဲဆိုတော့ registry ထဲမှာ funny ဆိုပြီးရှာတယ်ဗျာ တွေ့တော့ ဖိုလ်ဒါလိုက်ကြီးဖျက်လိုက်တယ်။ အဲလိုလုပ်လိုက်တာ delete လုပ်လို့ရသွားတယ်။ အဲဒါမလုပ်ခင်တုန်းက delete လုပ်ဖို့တောင်မပေါ်ဘူးမဟုတ်လားဗျ။

    အဲဒီဗိုင်းရပ်စ်သတ်ရတာတော်တော်တော့လက်ပေါက်ကပ်တယ်ဗျ။ ဪ မေ့လို့ အပေါ်ကအဆင့်တွေမှာ update.exe နဲ့ msi.exe ကိုမသတ်ခင် taskmanager မှာ end process အရင်လုပ်ဖို့မမေ့နဲ့နော်။ အဲဒါလုပ်ထားမှ ဖျက်လို့ရမှာဗျ။ ကျွန်တော်လဲရေးတတ်သလောက်ရေးလိုက်တယ်ဗျာ။ နားလည်လားတော့မသိ :)
  • edited June 2009 Registered Users
    ပြည့်ပြည့်စုံစုံဖြေပေးလို့ ကျေးဇူး ကိုည :)
  • edited June 2009 Registered Users
    task manager မှာလဲ end process မရပါ....how can i go on ...ကိုညရေ

    system restore တော့ရတယ်....မရတဲ့စက်တွေကိုတော့.....safe mode ကနေ system restore လုပ်တယ်...နောက်မရတာတွေကြတော့....format ပေါ့....တကယ်ဘယ်လို kill လဲသိချင်နေပါသေးသည်..

    binary
  • edited June 2009 Registered Users, Moderators
    အစ်ကိုရေ ကျွန်တော်ပြောဖို့မေ့ခဲ့တာပါ။ safe mode နဲ့ဝင်သတ်ပါအစ်ကို...အဲဒါဆိုရင် end process လုပ်လို့ရပါလိမ့်မယ်။
  • edited June 2009 Registered Users
    sunami virus အမျိုးပဲထင်ပ.....ဟုတ်မလားတော့မသိဘူး

    binary
  • edited June 2009 Registered Users
    အဲ ့funny က ကျွန်တော ့စက်ထဲ က (D) အောက်ကဖိုင်တွေအားလုံ းလုံးကို .dll ဖိုင်နဲ ့application ဖိုင်တွေလုပ်ခံလိုက်ရတယ် ဖိုင်တွေကိုဘယ်လိုပြန်ဆယ်ရမလဲ ပြောပြပါလား ဗျာ ..:77:
    ကျွန်တော် ့ဒေတာတွေ အများကြီးပါသွားတယ် ကူညီပါအုံး အစ်ကိုတို ့ရာ....
  • edited June 2009 Registered Users, Moderators
    ကို SergeyBein ရေ kaspersky ကိုတင် update ဖြစ်အောင်လုပ်ပြီး hardisk တစ်ခုလုပ်ကို scan စစ်ကြည့်ပါလားဗျ။
  • edited June 2009 Registered Users
    Yathar wrote: »
    ပြည်တွင်းဖြစ်ကြီးပါလား ဥမာစိုး နဲ့ပက်သက် သမျှလိုက်စုံစမ်းရမယ်ထင်တယ်....:D:D:D unlocker လို software မျိုးနဲ့ ဖျက်ကြည့်ပါလားခင်ဗျာ... အကြံပေးကြည့်တာပါ မှားရင်တော့ခွင့်လွှတ် :D:D:D


    ကိုရသာရေ ... uplocker နဲ့ တွယ်တယ်ဗျာ မရဘူး ဒီတိုင်းကြီးပဲ
    :(
  • edited June 2009 Registered Users
    arc software နဲ ့registryပြန်ရှင်းပြီး.....data recovery နဲ ့ဆိုရင်ကော....ပြန်ရနိုင်မလား...စမ်းကြည့်ပါအုန်း...ကျွန်တော်တုန်းကတော့...data တွေမပျောက်ပါ....ရက်ကြာကြာ virus ၀င် သွားလို ့လားဗျာ..

    binary
  • edited July 2009 Registered Users
    သိသလောက်လေး ၀င်ရေးကြည့်မယ်နော်....

    Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

    အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

    Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

    Funny ၀င်၀င်ချင်းမှာ
    C:\Documents and Settings\Administrator\Application Data
    C:\Documents and Settings\LocalService\Application Data
    အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
    ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

    နောက်တစ်ခုအနေနဲ့
    kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

    ကဲ... နေရာတွေ လဲသိပြီ....

    Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
    kill.exe ကို Del လုပ်..

    autorun.inf ကို Del..လုပ်
    မျိုးပြုတ်ပေါ့ funny ရေ....

    တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်... မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

    ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံး၀င်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

    Desktop ပေါ်က Funny Folder အတွက်တော့

    Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
    ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

    အဆင်ပြေနိုင်ကြပါစေ...

    Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....
  • edited July 2009 Registered Users
    Ko Ko Win wrote: »
    ဥမ်မာစိုးဆိုတော့.......တစ်ယောက်ယောက်တော့လက်ဆော့ပြီထင်တယ်..နာလည်းသတိထားဦးမှ...ဟင့်..နာ့စက်လေး ဖောမတ်ကျွေးထားတာမှ မကြာသေးဘူး.... :( တော်တော်အားကြတဲ့ဟာတွေ...ရေးပါလား.. Os တွေ... ဘာမဟုတ်တဲ့ ဗိုင်းရပ်စ်ရေးပြီး ဖိုင်ဖျက်တာလောက်လေးကို ဟုတ်လှပြီထင်နေကြတဲ့ဟာတွေ..... :( :(

    ကြောက်ဖူးဟေ့တို့က မြေခွေးလေးမွေးထားတယ် ဟိဟိ
  • edited July 2009 Registered Users
    သိလို့ရေးတာမဟုတ်ပါ။ ကျွန်တော်ဖတ်ဖူးတဲ့ forum တွေထဲကကောင်းတာတွေလုပ်ထားတာပါ
    ဒီလိုလိုက်သုံးလို့ virus မ၀င်ဘူးဆိုရင် ကျေနပ်ပါတယ်။
    ဗိုင်းရပ်စ်၀င်ပြီးမှတော့ format သာကျွေးပေတော့
    သူတို့က ဘာ registry တွေဖျက်သွားလည်းအကုန်မှမသိနိုင်တာ
    မ၀င်အောင်လုပ်ကြမယ်
    my computer ကိုဖွင့် tools အောက်က folder options ကိုဖွင့် view ထဲက show hidden file ရယ် hide protected operating system files ကိုအမှတ်ခြစ်ထား
    ဒါမှ virus file လား ကိုယ့်ဖိုင်လားခွဲခြားသိရမှာ မြင်ရမှာ

    cpe17 anti autorun လေးလည်းဖွင့်ထား
    ဘယ်တော့မှ my computer ကနေ stick media တွေမဖွင့်နဲ့
    run box ကနေ drive name (c:,d:,e:,f:,g:) နဲ့ဖွင့်
    ဖွင့်ပြီးသွားရင် icon လေးတွေသတိထားတော့ပေါ့ ကိုယ့်ထည့်ထားတဲ့ ဖိုင်ဖိုဒါ နဲ့မတူရင်
    ဒါမှမဟုတ်မသင်္ကာရင် right click ခေါက်ကြည့် explorer မပေါ်ရင် သတိသာထားပါ။
    အဲဒီဖိုင်တွေကလွဲလို့ကျန်တာတွေကို copy ကူးရုံနဲ့တော့မ၀င်ပါ။ မသင်္ကာတဲ့ဖိုင်တွေကို shift delete ကျွေးလို့လည်းရပါတယ်။
    cmdထဲ၀င်ပြီး
    md \\.\c:\autorun.inf\con
    (enter)
    attrib +a +s +h +r autorun.inf(enter)
    လေးကြိုတင်ဆောက်ထားလိုက်ပါတော်ရုံဗိုင်းရပ်စ်ရဲ့ autorun.inf ဖိုင်တွေ၀င်ရေးလို့မရတော့ဘူးပေါ့ အဲဒီဖိုင်ကို delete လုပ်လို့မရပါ ပြန်ဖျက်ချင်ရင်တော့
    md နေရာမှာ rd ပြောင်းရိုက်လိုက်ပါ။:D




  • edited July 2009 Registered Users
    ကျွန်တော်လဲ အဲဒီဗိုင်းရပ်စ်ကို သတ်ဖူးတယ်ဗျ။ အဲဒီဗိုင်းရပ်စ်က

    C:\Documents and Settings\username\Application Data\msi အဲဒီဖိုလ်ဒါထဲမှာ(msi ဘာဆိုလားပဲ) msi.exe ရယ် update.exe ရယ်ရှိတယ်ဗျ။ အဲဒီမှာပဲလားဆိုရင်မဟုတ်ဘူးဗျ။ သူက အဲဒီနေရာအားလုံးမှာရှိတယ်။ နားလည်အောင်ထပ်ပြောရရင်

    C:\Documents and Settings\All Users\Application Data\msi ဆိုတာမှာလဲ ထိုနည်း၄င်းပဲရှိတယ်ဗျ။ ပိုပြီးသေသေချာချာသိချင်ရင်တော့ search နဲ့ရှာကြည့်ပေါ့။ ရှာတဲ့နေရာမှာလဲ ရှာတာကို hidden ပါပေါ်အောင်ရှာခိုင်းပါ။ သေချာတာတစ်ခုကတော့ search လဲခေါ်လို့မရလောက်ဘူးထင်တယ်ဗျ။ ရမယ်ဆိုရှာကြည့်ပေါ့။ မရဘူးဆိုရင်တော့
    http://nyameeeain21286.googlepages.com/RemoveRestrictionsToolv3.0Betachanh..exe
    
    http://nyameeeain21286.googlepages.com/Enablev2.0.exe
    
    အဲဒီ ဆော့ဝဲလ်နှစ်ခုအကူအညီနဲ့ဖော်ပြီရှာကြည့်ပေါ့။ နောက်ဆုံး desktop ပေါ်က funny ဆိုတဲ့ ဖိုင်ကိုဖျက်ဖို့အတွက်တော့ မသေချာဘူးဗျ။ ကျွန်တော်တုန်းကတော့ရသွားတယ်။ နောက်စက်တစ်လုံးမှာသတ်ကြည့်တော့မရဘူး။ ဘယ်လိုလဲဆိုတော့ registry ထဲမှာ funny ဆိုပြီးရှာတယ်ဗျာ တွေ့တော့ ဖိုလ်ဒါလိုက်ကြီးဖျက်လိုက်တယ်။ အဲလိုလုပ်လိုက်တာ delete လုပ်လို့ရသွားတယ်။ အဲဒါမလုပ်ခင်တုန်းက delete လုပ်ဖို့တောင်မပေါ်ဘူးမဟုတ်လားဗျ။

    အဲဒီဗိုင်းရပ်စ်သတ်ရတာတော်တော်တော့လက်ပေါက်ကပ်တယ်ဗျ။ ဪ မေ့လို့ အပေါ်ကအဆင့်တွေမှာ update.exe နဲ့ msi.exe ကိုမသတ်ခင် taskmanager မှာ end process အရင်လုပ်ဖို့မမေ့နဲ့နော်။ အဲဒါလုပ်ထားမှ ဖျက်လို့ရမှာဗျ။ ကျွန်တော်လဲရေးတတ်သလောက်ရေးလိုက်တယ်ဗျာ။ နားလည်လားတော့မသိ :)

    ဟုတ်ပါတယ်။ Desktop, Mycompter ထဲက Funny (Folder)ကို ဖျက်ချင်ရင်တော့။ Register Editor ထဲ က
    ဒါကိုHKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}
    ဖျက်လိုက်ပါ။
  • edited July 2009 Registered Users
    chitmoe wrote: »
    ဟုတ်ပါတယ်။ Desktop, Mycompter ထဲက Funny (Folder)ကို ဖျက်ချင်ရင်တော့။ Register Editor ထဲ က ဖျက်လိုက်ပါ။
    Thanks ပါ။ အဲဒီ Funny folder ကကြီးကို မျက်စိရှုပ် နေတာကြာပါပြီ။
    စမ်းကြည့်လိုက်ဦးမယ်ဗျို့။:65::65::65:
  • edited July 2009 Registered Users
    ဒီ Virus ဒဏ်တော်တော် ခံခဲ့ရဘူးတယ်ဗျ။
    ကျွန်တော့်စက် မှာ Kaspersky Internet Security 2009 တင်ထားတယ်ဗျာ။အဲဒီ Virus ပါလာတဲ့ Stick ထိုးပြီးစစ်တော့ No Threads ဆိုပဲ၊ Double Click လဲလုပ်လိုက်ရော Update.exe ဆိုပြီး ဝင်သွားရောဗျာ။
    Virus ကိုသတ်ချင်ရင် Kaspersky Internet Security 2009 or 2010 ကိုတင်ပြီး Full Scan ဖတ်ခိုင်းပါ။
    သတ်ပေးပါလိမ့်မယ။် ပြီးရင်တော့ Desktop ပေါ်မှာ Funny ဆိုတဲ့ Folder ပေါ်လာလိမ့်မယ်။
    Funny ကတော့ဖျက်ရတာခက်ပါတယ်။ Virus သတ်ပြီးရင် အပေါ်က သူငယ်ချင်းတွေပြောတဲ့အတိုင်း Takk Mgr နဲ့ Folder Option တို့ကိုပြန်ခေါ်လို့ရပါတယ်။
  • edited July 2009 Registered Users
    ကျနော်က ဒီ post ကို ကိုယ့်ဟာကို ကျိတ်သတ်ပီးမှတွေတာ ခင်ဗျာ.. အားလုံးပြောသလိုပဲ funny ကတော့ no ပါ။ လုံး၀ကိုမပျောက်ပါဘူး ..ကျနော်နည်းကိုတော့ မပြောတော့ပါဘူး အားလုံးမူးနောက်သွားမှာစိုးလို့ပါ...
    အခုဒီ post တွေပီဆိုတော့ ကျနော်မပင်းပန်းတော့ဘူးပေါ့ .. စောင့်ပီးတော့မှပဲ သတ်တော့မယ်..

    exitplus ပြောတဲ့အတိုင်းလုပ်တာ Funny folder ပြောက်သွားပြီ အားလုံးကို ကျေးဇူးတင်ပါ.
  • edited August 2009 Registered Users
    deepfreeze or hdguard တင်ထားရင်ကောင်းတယ် ကြိုတင် ကာကွယ်နည်း
    ပေါ့ဗျာ ပြီးမှ virus ကို စမ်းသတ်ကြည့်ပေါ့ မရလဲ့ restart ချပေါ့ဗျာ အကောင်းဆုံး
    လို ့ထင်တယ်:D:D


  • edited September 2009 Registered Users
    ကျွန်နော် ဆီက စက် 6လုံးကိုရောက်လာသေးတယ်။ funny ဆို တဲ. ဖိုဒါကို ဒက်စတော.ပေါ်မှာ မိန်.မိန်.ကြီးလာဆောက်ထားတာ။ delete လုပ်လို.လုံး၀မရဘူး။ အဲဒါနဲ. ကျွန်တော်လည်း ဒါဗိုင်းရပ်စ်ဖြစ်လိမ်.မယ်ဆိုပြီး Mz ထဲ ၀င်ရှာလိုက်တော. ဒီသရက်ကိုတွေ.တာပါ။ ဒီထဲကနည်းလမ်းတွေ ဆော.၀ဲတွေနဲ. ရှင်းလိုက်တာ ဒီကောင်လစ်သွားပါပြီ။ အဲဒီအတွက် ဒီသရက်ကိုုုုုုုုတင်ခဲ.တဲ.soulkiller19, နည်းလမ်းတွေပေးခဲ.တဲ. ကို exitplus နဲ.ကိုညမီးအိမ်။ဆော.၀ဲယားတွေမျှေ၀ခဲ့တဲ့ ကို sailay အပါအ၀င် ၀င်ရောက်ဆွေးနွေးပေးတဲ. အကိုတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော.ကို ပညာတစ်ခု တိုးသွားစေလို. funny ဖန်တီးတဲ.သူကို လည်း ကျေးဇူး ပါလို.:P။
  • edited September 2009 Registered Users
    ၇သွားပြီလား ်funny folder က တော.
    ကျွန်တော် computer မှာတော. desktop မှာ right click - properties- desktop- Customize desktop က နေ clean Desktop now လုပ်တာ၇ သွားတယ်
    နောက်ပြီးမှ desktop က Unused Desktop Shortcuts ဆိုတာကို delete လုပ် လိုက်တာ၇သွားတယ်
  • edited October 2009 Registered Users
    စတစ်ထဲကကောင်ဆို ဘယ်လိုသတ်ရမလဲ။
    ကျွန်တော် ဒီက အကို တွေ ဆွေးနွေးသွားသလို ကွန်ပျုတာထဲက ကောင်ကိုတော. ရှင်းလိုက်ပြီ။ ဒါပေမယ်. လာသုံးတဲ. ယူဇာ တွေ ရဲ.စတစ်ထဲမှာ အဲဒီကောင် ရှိနေသေးတယ်။ အဲဒါကို ဘယ်လိုသတ်ရမလဲဆို တာ ကျေးဇူးပြု ရ်ု အသေးစိတ်ပြောပြ ပေးလို.ရမလားခင်ဗျာ။ကူညီပါဦးခင်ဗျာ။
    ဖန်နီ ပါလာတဲ. စတစ်တွေနဲ. ယူဇာ တွေက ကျွန်တော်တို. ဆိုင်က ကွန်ပျုတာကို လာသုံူးတော. ကွန်ပျုတာထဲမှာ ဖန်နီ ကကျန်ခဲတယ်။ သတ်ပုံသတ်နည်းလေးကူညီကြပါဦးခင်ဗျာ။ကွန်ပျုတာထဲက ဟာကိုတော. သတ်တတ်တယ်။ စတစ်ထဲကဟာကို ပြောတာ:77::77:
  • edited October 2009 Registered Users
    စတစ်ထဲကကောင်ဆို ဘယ်လိုသတ်ရမလဲ။
    ကျွန်တော် ဒီက အကို တွေ ဆွေးနွေးသွားသလို ကွန်ပျုတာထဲက ကောင်ကိုတော. ရှင်းလိုက်ပြီ။ ဒါပေမယ်. လာသုံးတဲ. ယူဇာ တွေ ရဲ.စတစ်ထဲမှာ အဲဒီကောင် ရှိနေသေးတယ်။ အဲဒါကို ဘယ်လိုသတ်ရမလဲဆို တာ ကျေးဇူးပြု ရ်ု အသေးစိတ်ပြောပြ ပေးလို.ရမလားခင်ဗျာ။ကူညီပါဦးခင်ဗျာ။
    ဖန်နီ ပါလာတဲ. စတစ်တွေနဲ. ယူဇာ တွေက ကျွန်တော်တို. ဆိုင်က ကွန်ပျုတာကို လာသုံူးတော. ကွန်ပျုတာထဲမှာ ဖန်နီ ကကျန်ခဲတယ်။ သတ်ပုံသတ်နည်းလေးကူညီကြပါဦးခင်ဗျာ။ကွန်ပျုတာထဲက ဟာကိုတော. သတ်တတ်တယ်။ စတစ်ထဲကဟာကို ပြောတာ:77::77:
    ဒါလေးတွေဆောင်ထားဖို့လိုမယ်ထင်တယ်...
    http://centralupload.com/files/9785_b2orf/USB.Disk.Security.v5.2.0.5_FULL.rar
    http://centralupload.com/files/9786_sfg2a/USB.Safely.Remove.v4.1.5.806.Final.rar
    http://centralupload.com/files/9787_ubere/USB_Autorun_Virus_Remover_v2.3.rar
    
  • edited October 2009 Registered Users
    ဖိုင်သုံးခုလုံးဒေါင်းလုပ်ဆွဲထားလိုက်ပါပြီခင်ဗျာ။ဘယ်လိုသုံးတာလဲလို.နည်းနည်းလောက်ပြောပြနိုင်မလားခင်ဗျာ။ကိုယ်ဘာသာကိုယ်လည်း စမ်းကြည်.ပါ.မယ်။အကို နည်းနည်း လောက် ပြောပြထားရင် ကလိရတာ ပိုအဆင်ပြေတာပေါ.:p။
    ဖိုင် သုံးခုအတွက် ကျေးဇူးတင်ပါတယ်။
  • edited October 2009 Registered Users
    ဖိုင်သုံးခုလုံးဒေါင်းလုပ်ဆွဲထားလိုက်ပါပြီခင်ဗျာ။ဘယ်လိုသုံးတာလဲလို.နည်းနည်းလောက်ပြောပြနိုင်မလားခင်ဗျာ။ကိုယ်ဘာသာကိုယ်လည်း စမ်းကြည်.ပါ.မယ်။အကို နည်းနည်း လောက် ပြောပြထားရင် ကလိရတာ ပိုအဆင်ပြေတာပေါ.:p။
    ဖိုင် သုံးခုအတွက် ကျေးဇူးတင်ပါတယ်။
    သုံးခုထဲမှာ USB security နဲ့ USB Auto run virus remover သည်အန်တီဗိုင်းရပ် တွေဖြစ်ပါတယ် USB ထဲက နေ Auto run နဲ့ ချိတ်ပြီးဝင်လာတဲ့ဗိုင်းရပ်တွေကို သတ်နိုင်ပါတယ်...
    USB Safely Remove သည် ဗိုင်းရပ် က USB ထဲကနေ run နေတဲ့အခါ Safely Remove hardware လုပ်လို့ မရဖြစ်တတ်ပါတယ် အဲ့လိုအချိန်မျိုးမှာ အဲ့ဒီ process ကို Kill ပြီး ရင် Safely Remove လုပ်လို့ရစေမှာပါ .. အဲ့ဒီအချိန်မှာတပြိုင်နက် USB ထဲမှာ run နေတာ ကိုသုံးထားတဲ့ program လား ဒါမှမဟုတ်ဗိုင်းရပ်လားဆိုတာ သိရပါမယ် ဗိုင်းရပ်ဖြစ်နေတယ်ဆိုရင်တော့ အလွယ်တကူသာ ရှာဖျက်လိုက်ပါတော့.... ဘယ်လိုရှာရမလဲဆိုတာကတော့ ပြောစရာမလိုတော့ဘူးထင်တယ်... ပြောတော့ဘူးနော် :D:D:D
  • edited October 2009 Registered Users
    ဟုတ်တယ်ဗျို့ ကျွန်တော် လည်းခံရဘူးတယ် ..tesk mg.ကနေ END Process လုပ်လို့ရဘူး..
    အွန်လိုင်းပေါ်တက်ကြည့်တော့.. mcafee က top list တွေ့တယ် mcafee 8.7နဲ့စမ်းကြည့်ပါလားနော့...ကျွန်တော် တုန်းကတော့ ပြတင်းပေါက် အသစ် လဲလိုက်တယ် ..မခံစားနိုင်တော့လို့...mcafee 8.7 နဲ့ ဆိုရင်တော့ မ၀င်တာ သေချာတယ်...၀င်ပြီးမှာ သာ ကျွန်တော် က တင်လို့...virus က ဆရာကြီးဖြစ်နေပြီ:39:...ကောင်းသွားရင် ဘယ်လိုလုပ်လဲဆိုတာပြောပေးဦးနော်.... HAVE A GOOD TIME...
  • edited October 2009 Registered Users
    ကျွန်တော်ဖန်နီ ကိုသတ်တာ 6ကောင်ရှိသွားပါပြီ။
    အခု၀င်တဲ.အကောင်ကိုတော. ဘယ်လိုမှသတ်လို.မရပါဘူး။
    အဓိက ကတော. registery ခေါ်လို.မရတာပါပဲ။ စက်ထဲမှာရှိသမျှ msi.exe နဲ. autorun.inf တွေကိုအကုန်ဖျက်ပြီးပါပြီ။ သူ.ရဲ.ပင်မဖိုင်ကိုဖျက်ဖို. run --regedit ခေါ်လိုက်တိုင်း သူက ပြန်ရောက်လာတယ်။ safemode သုံးရင်သတ်ရင်ရတယ်လို.ကြားဖူးပါတယ်။ safe mode ကဘယ်လိုသုံးရလဲမသိပါဘူး။
    safe mode သုံးနည်း ပြောပြပေးပါလား။
    ဒါမှမဟုတ်ရင်လညး ဘယ်လိုသတ်ရမယ်လို. အကြံပေးပါလား ခင်ဗျာ။
  • edited October 2009 Registered Users, Moderators
    safe mode တတ်ချင်ရင်တော့ windows မတတ်ခင် F8 ကီးကိုနှိပ်ပါ။ အဲဒီအခါကျရင် safemode တတ်ဖို့ ကျလာပါလိမ့်မယ်။
  • edited October 2009 Registered Users
    ခိုး ခိုး ခစ် ခစ် ညှစ်
  • edited November 2009 Registered Users
    binary wrote: »
    task manager မှာလဲ end process မရပါ....how can i go on ...ကိုညရေ

    system restore တော့ရတယ်....မရတဲ့စက်တွေကိုတော့.....safe mode ကနေ system restore လုပ်တယ်...နောက်မရတာတွေကြတော့....format ပေါ့....တကယ်ဘယ်လို kill လဲသိချင်နေပါသေးသည်..

    binary
    Funny Virus ဝင်ပြီ ဆိုရင် Desktop ပေါ်မှာ Funny Folder တစ်ခု ပြီးတော့ My Computer ထဲမှာတစ်ခု သွားပေါ်ပါတယ် ။ ဘယ်လိုနည်းနဲ့မှ ဖျက်လို့မရပါဘူး ။ပျက်အောက်ဖျက်လဲ ပြန်ပြန်ပေါ်ပါတယ် ။ ကျွန်တော့်တုန်းကတော့ Manual သတ်တာအဆင်ပြေသွားပါတယ် ။ ဝင်တာ မကြာသေးတဲ့ စက်ဆို သတ်ရတာလွယ်ပါတယ် ။နဲနဲကြာသွားရင်တော့ သူက Windows ထဲမှာ နေရာအနှံလျှောက် ယူနေတော့တာပါပဲ ။အရင်ဆုံး RRT ဒီ လင့်(ခ)ကနေ ယူလိုက်ပါ ။ပြီးရင် safe mode နဲ့ တတ်ပြီး တော့RRT ကို run ပါ ။ အမှန်ခြစ်မပေးရသေးတာတွေ အကုန် အမှန်ခြစ်ပေးလိုက်ပါ ။ပြီးရင် Task Manager ထဲ ကနေ msi.exe နဲ့ update.exe နဲ့ကို End Process လုပ်ပါ။ Task Manager ခေါ်လို့မရ ရင် ဒီကောင်လေး ကို run ပြီး end လုပ်လိုက်ပါ ။
    တစ်ခု က funny virus က run box ကနေ cmd,regedit,msconfig, စတဲ့ ဟာတွေ ကိုခေါ်ရင် end လုပ်ထားတဲ့ msi.exe နဲ့ update.exe က ပြန်run သွားပါလိမ့်မယ် ။ အဲတော့ ကျွန်တော်စောစောကပြောသလို
    ၁၊ safe mode ကနေ တတ်ပါ။
    ၂၊ Task Manger (သို့)procexp.exe ကနေ run နေတဲ့ msi.exe နဲ့ update.exe နဲ့ကို End Process လုပ်ပါ။
    ၃၊ RRT နဲ့ Folder Options ပြန်ခေါ်ပါ။
    ၄၊ hidden file အပြင် Hide Extensions For Known File Type နဲ့ Hide Protected Operating systems file တွေ ကိုပါ ဖြုတ်ပြစ်လိုက်ပါ ။
    ၅၊ Funny က c:\documents and settings\All user\application data နဲ့ c:\documents and settings\All user\local setting အောက်တွေမှာ msiexec ဆိုတဲ့ folder နဲ့ autorun.inf file အဖြစ်နေရာ သွားယူပါတယ် ။ ကျန်တဲ့ user တွေ အောက်မှာလဲ အဲလို ပဲနေရာ ယူပါတယ် ။ ဝင်တာ ကြာရင် ဒီ့ထက်များတဲ့ နေရာတွေ မှာတောင်ရှိနေနိုင်ပါတယ် ။အဲကောင်တွေ ကို manual (shift+delete )လိုက်ဖျက်ပြစ်ပါ။ပြီးတော့ c:\windows\system32\DirectX\kill.exe ကိုလဲ ဖျက်ပြစ်ပါ။ အောက်ကကောင်လေး ကို notepad မှာ .reg နဲ့ save ပြီး တော့လဲ Folder Options ပြန်ဖော်လို့ရပါတယ် ။
    Windows Registry Editor Version 5.00

    [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer]
    "NoFolderOptions"=dword:0000000

    [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer]
    "NoFolderOptions"=dword:0000000

    ပြီးရင် register ထဲမှာ msi.exe,update.exe နဲ့ msiexec folder တွေကို ရှာပြီးဖျက်ပြစ်ပါ ။
    virus မရှိတော့ ဘူးဆိုရင် My Computer ထဲ မှာ ရှိတဲ့ Funny Folder ပျောက်သွားမှာဖြစ်ပါတယ် ။ Desktop ပေါ်က ကောင်ကို တော့ clean desktop wizard သုံးပြီး ဖျက်ပြစ်လိုက်ပါ ။ ပြီးရင် run box ကနေ cmd ရိုက်ပြီး command prompt ခေါ်ကြည့်ပါ ။ရရင် တော့ ဗိုင်းရပ်(စ) မရှိတော့တာသေချာပါပြီ ။ သေချာအောင် task Manger ပြန်ခေါ်ကြည့်ပါ ။ အဆင်ပြေပါစေ ။ Task Manager မရ ရင် RRT ကို သုံးပြီး ပြန်ခေါ်ကြည့်ပေါ့ ဗျာ ။အဆင်ပြေကြပါစေ ။
  • edited December 2009 Registered Users
    ဟုတ်တယ်... အဲဒီကောင်ပေါ့ တို့စက်မှာလဲကိုက်နေတယ်။:P
    Windows မတက်တော့လို့ Repair ပြန်လုပ်တာလည်း ရဘူး...

    သေချာသတ်နိုင်တဲ့နည်းရှိရင် ပေးပါဦး..

    အဲဒီ Virus ရေးတဲ့ကောင်တော့လား... မိလို့ကတော့ သားရေပင်တယောက်တပင်စီပစ်ပြီး အသေသတ်ရမယ်။ :39:
  • edited December 2009 Registered Users
    kaspersky update ဖြစ်တဲ့စက်မှာ မိပါတယ်။ ၀င်သွားတဲ့စက်အတွက်တော့
    တခြားကောင်းတဲ့စက်မှာ slave ချိတ်ပြီး full scan စစ်ပြီးသတ် ပြီး window repair လုပ်
    registry တွေကိုတော့ ccleaner နဲ့ရှင်း ဖော်စရာရှိတာများကိုတော့ 3rd party software လေးများနဲ့ပြန်ဖော် မှရမှာပါ။
    boot ပြန်မတက်တော့တဲ့စက်အတွက်ကတော့ window ပြန်တင်တာသာအကောင်းဆုံးဖြစ်မယ်လို့အကြံပေးပါရစေ။
  • edited December 2009 Registered Users
    funny killer လို.ခေါ်တဲ. software လေးပါ။ကျွန်တော်တို.ဆိုင်မှာ funny ထင်တိုင်းသောင်းကျန်းသွားပြီးမှ ဒီဆော.၀ဲယားလေးရတယ်ဗျာ။အခုမှတော.ကျွန်တော်အတွက်မလိုတော.ပါဘူး။လိုတဲ.သူရှိရင်ယူသုံးလို.ရအောင်
    တင်ပေးလိုက်ပါတယ်။ကလစ်နှစ်ချက်ခေါက်ပြီးစက်ကို restat ချလိုက်ပါ။အဲလောက်ကိုလွယ်ပါတယ်။
    အဆင်ပြေကြပါစေ။
    http://ifile.it/4i6zh8n
    
  • KK
    edited March 2010 Moderators
    System restore points တွေကိုဖျောက်ထားရင် လုပ်လို့ဘယ်ရမလဲ.. ????
  • edited March 2010 Registered Users
    အဲဒီ funny virus ၀င်လို့ Destop ပေါ်မှာ Funny Folder လေးပေါ်လာတာနဲ့ Run ထဲမှာ %temp% လို့ရိုက်ပြီး Temp folder ကိုဖွင့်လိုက်ပါ။ပြီးရင် rmv.exe ဆိုတဲ့အရိုးခေါင်းပုံလေးကို Double Click နှိပ်လိုက်ပါ။ ဗိုင်းရပ်ပြန်ရှင်းပေးတဲ့ exe လေးပြန်ထည့်ပေးထားတာပါ။ကြည့်ရတာမွေးနေ့ကိုမှန်အောင်ဖြေနိုင်ရင်ပြန်ရှင်းပေးမယ်နဲ့တူတယ်။ virus ကဥမ္မာစိုးပုံကော၊ So Close ကားကတီးလုံး mp3 file ကော ၊ ပြန်ဖြေတဲ့ File ကောထည့်ပေးထားလို့ 4 MB ကျော်နေတာနဲ့တူတယ်။
    System restore points တွေကိုဖျောက်ထားရင် လုပ်လို့ဘယ်ရမလဲ.. ????
    System Restore ပြန်ဖွင့်ဖို့အတွက်ကတော့ Run-->Gpedit.msc ရိုက်ပြီး Group Policy ကိုဖွင့်ပါ။အဲဒီထဲက Computer Configuration-->Administrative Templates-->System-->System Restore ကို Click နှိပ်ပြီး ညာဘက်က Turn off Configuration မှာ Double Click နှိပ်ပြီး Not Configured-->Apply-->OK လုပ်ပါ။ပြီးတော့ Turn off System Restore မှာ Double Click နှိပ်ပြီး Not Configured-->Apply-->OK လုပ်ပါ။
    စကားမစပ် ဥမ္မာစိုးမွေးနေ့သိရင်ပြောကြပါဦး။:)
Sign In or Register to comment.