မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ubuntu ဆိုတာဘာလဲ

edited January 2008 in Ubuntu
မင်္ဂလာပါခင်ဗျာ.....

ဒီနေ့ကိုစေတန်ရဲ့ဘလော့မှာ ၀င်မွှေကြည့်လိုက်တော့ ကိုစေတန်က Ubuntu ကိုအရမ်းပဲသဘောကျတာကို တွေ့လိုက်ရတယ်. ဒါနဲ့ Ubuntu ဆိုတာဘာလဲသိချင်လို့ Wiki မှာ check ကြည့်လိုက်တော့ အင်္ဂလိပ်စာချို့တဲ့ကျနော်မှာ ဘာမှသေသေချာချာ၊ ရေရေရာရာ မသိလိုက်ရပဲ..အလွန်အဖိုးတန်တဲ့ အချိန်တွေကုန်ခဲ့ရတယ်...MZ မှာUbuntu ဆိုတဲ့ Keyword နဲ့ရှာကြည့်လိုက်တော့လည်း များများ စားစားရေးထားတာ မတွေ့သေးဘူးဗျ.......

ပညာပါရမီဖြည့်ပေးသော ရောင်းရင်းများခင်ဗျာ...Ubuntu (Ubuntu နဲ့ နာမည်တူ Kubuntu လေးကိုပါဖြစ်နိုင်ရင်..) ဆိုတာလေးကို အကျယ်တ၀င့်ရှင်းပြ ပေးစေလိုပါတယ်....ဆွေးနွေးစေလိုပါတယ်....

ချမ်းမြေ ့ကြပါစေသား........

မှတ်ချက်များ

  • edited December 2007 Registered Users
    Ubuntu is Affrican word which means "Huminity to others".
    I don't recall exactly but I think that what it means.
    I also check that in dictionaries but can't find.
    I found that on Ubuntu web page.
    Please,check that Ubuntu offical site.
    Ubuntu 7.10 is available at CD shops.
    Give it a try!
  • edited December 2007 Administrators
    ရှည်ရှည်ဝေးဝေးရှာနေတာကိုး.. :D
    ဒီမှာကြည့်လိုက်ဗျာ..

    http://www.mysteryzillion.com/wiki/index.php?title=Ubuntu
  • edited December 2007 Registered Users
    ကောင်းဗျာ...mysteryzillion.com/wiki ကိုမေ့နေတယ်။ ကျေးဇူးတင်ပါတယ်..Ubuntu နဲ့ ကွန်ပျူတာကို ကလိလိုက်အုံးမယ်...
  • edited January 2008 Registered Users
    မေးချင်တာက ခေါင်းစဉ်နဲ့ တော့ မဆိုင်ပါဘူး။ ဒါပေမယ့် ဘယ်မှာ ရေးရမှန်းမသိလို့ ရောက်နေတဲ့ ခေါင်းစဉ်အောက်မှာပဲ မေးလိုက်ရတာ တောင်းပန်ပါတယ်။ ကျွန်တော် က လင်းနစ်ကို အခုမှ စသုံးမှာပါ။ ဒီမှာ ရေးထားတာတွေ ဖတ်ပြီးတော့ အူဘန်တူ အကြောင်းတော့ ရိုးတိုးရိပ်တိတ် သိပါပြီ။ အူဘန်တူ တင်မယ်လို့ စဉ်းစားပြီးမှ လင်းနစ်နဲ့ အကျွမ်းတ၀င်ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့ သူက SUSE ကပိုမိုက်တယ်။ SUSE တင်ပါလားလို့ပြောတော့ နည်းနည်းတွေေ၀သွားတယ်။ အဲဒါနဲ့ mysteryzillion.com/wiki မှာSUSE အကြောင်းရှာကြည့်တော့ ရေးထားတာ မတွေ့သေးဘူး။ အဲဒါ ကို အဒ်မင် တို့သိရင် နည်းနည်းပြောပြကြပါအုံးဗျာ။ ကျေးဇူးတင်လျက်.. း)
Sign In or Register to comment.