မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MysteryZillion & Website Downloader

ကျနော် www.mysteryzillion.org ကို HTTrack Website Copier သုံးပြီး down တာ ... ၁၀ ရက်ကျော်ကြာတယ် ( ည Internet ပိတ်ချိန်ရောက်ရင် Hibernate လုပ်ပြီးပိတ်တယ် )။ ကျနော့်ဆီမှာလဲ Connection ကောင်းပါတယ် ... ဒါပေမဲ့ အဲလောက်ကြာသွားတယ်။

အဲလောက် ၁၀ ရက်ကြာအောင် down တာ 5GB ကျော်ပဲ down လို့ရတယ်။ MZ က down လို့မကုန်သေးဘူး။ နောက်ဆုံး စက်မှာလဲ Error လေးတစ်ချို့ရှိလာတာနဲ့ အဲလောက်နဲ့ပဲရပ်ထားလိုက်ရတယ်။

မော်မော်တို့ မင်မင်တို့ရေ ... MZ က size ဘယ်လောက်ကြီးလဲဗျ .... :D ( 32-24-36 ဆိုပြီးတော့လာမပြောနဲ့နော် ... :P )
Website တစ်ခုလုံး Download ချချင်တဲ့ သူတွေအတွက် HTTrack Website Copier က တော်တော်အသုံး၀င်မှာပါ။ Free ပေးပါတယ်။

မှတ်ချက်များ

  • edited January 2009 Administrators
    database သက်သက်ကတော့ အဲဒီလောက်မကြီးပါဘူး။ dynamic site ဆိုတော့ကာ အဲဒီ ဒေတာဘေ့(စ်)ကိုအခြေခံပြီးမှ front end page ပြန်ပြီး generate လုပ်ပေးတာလေ။ ဆာဗာပေါ်မှာတော့ နေရာယူထားတာက မင်ဘာတွေတင်ထားတဲ့ ပုံတွေလောက်ပဲနေရာယူတာပါ။
    ဒါပေမယ့် httrack က offline browser ဆိုတော့ကာ static web page တွေအဖြစ်ပဲ သိပြီး၊ ဒေါင်းသွာတော့ page တိုင်းမှာ လိုဂိုအပါအ၀င် တစ်ခြား ဂရပ်ဖစ်တွေပါလာပြီလေ..။ ပြီးတော့ html tag တွေကလဲ page တိုင်းအတွက်ပါနေမှာဆိုတော့ ဖိုင်ဆိိုက်တွေ အရမ်းဖောင်းပွသွားတာကြောင့်ပါ။ ဒါကြောင့် ဒေါင်းမဆုံးပေါင်ဖြစ်နေတာပါ။ ပြီးတော့ ပို့(စ်)တွေမှာ တစ်ခြားဆိုက်ကို လင့်(ခ်)ထားတာပါရင် အဲဒီဆိုက်ကဟာတွေပါ ပါလာလိမ့်မယ်။
    တိုင်ပတ်ပြီး ဒေါင်းနေမှာပေါ့လေ။
    ဒါကြောင့် ဒေါင်းမဆုံးနိုင်ဖြစ်နေတာပေါ့။ ဆက်ဒေါင်း.... ဆက်ဒေါင်း... ဒါတောင် spider trap တင်မထားလို့ ဒေါင်းလို့ရနေတာ။ တစ်ကယ်တမ်းတော့ ခုလို ဒေါင်းတာဟာ traffic အရမ်းတက်ပါတယ်။ တစ်ခါတစ်လေ ဒေါင်းတာ သိပ်မြန်ရင် ခင်ဗျားကို DDoS လုပ်တာထင်ပြီး ကျွန်တော့် Little Lady Baby က ဘန်းချင်ဘန်းသွားဦးမှာနော...။ :):):)
  • edited January 2009 Registered Users
    ကိုတီလေးရေ DDos အကြောင်းလေးရှင်းပြပါဦး။
  • edited January 2009 Administrators
    DDOS နဲ့ ပတ်သက်ပြီး တီလေးရေးထားတာတွေရှိတယ်ဗျ ......

    http://www.mysteryzillion.org/forums/showthread.php?t=1693&highlight=DDOS

    http://www.mysteryzillion.org/forums/showthread.php?t=1261&highlight=DDOS

    အဲဒီတွေမှာ ....
    တခြားမှာလဲ ရှိချင်ရှိနိုင်တယ် ။ :)
  • edited January 2009 Registered Users
    vista မှာ ရတဲ့ HTTrack ရှိရင်လည်းပေးပါအုံး :77:
  • edited January 2009 Registered Users
    ဒါလေးသုံးကြည့် ပိုဂွတ်တယ်ခင်ဗျ

    http://www.zshare.net/download/541102255e561d4a/
  • edited January 2009 Moderators
    connection ကောင်းရင် Google လေးကို ဆွဲထားပေးပါလားခင်ဗျာ.... လိုချင်လို့ပါ :D
    size သိပ်ကြီးမယ်မထင်ဘူး...။
    ဒါမှမဟုတ်လည်း Yahoo ဆိုလည်း ဖြစ်တယ်နော်...။ ရန်ကုန်ပြန်ရောက်ရင် လာယူမယ်...။:D
  • edited January 2009 Administrators
    mgpyone wrote: »
    connection ကောင်းရင် Google လေးကို ဆွဲထားပေးပါလားခင်ဗျာ.... လိုချင်လို့ပါ :D
    size သိပ်ကြီးမယ်မထင်ဘူး...။
    ဒါမှမဟုတ်လည်း Yahoo ဆိုလည်း ဖြစ်တယ်နော်...။ ရန်ကုန်ပြန်ရောက်ရင် လာယူမယ်...။:D

    ကျနော် ဒီညနေ ( ၁၆.၁.၀၉ သောင်္ကြာ ) ရှပ်ပြေးသဘောင်္နဲ့ ရန်ကုန်ပြန်မှာဗျ ....... နောက်တစ်ခေါက်မှပဲယူတော့နော် .... :D

    MZ အတွက် အလှှုငွေလဲ ထည့်ဖို့ပါတယ် ......... မိုးသက်ထား, Alexander, PawPaw, KwinOo, Summer_Boy, ............... ကျနော်တို့ Group အလှှုငွေတွေပါတယ်။

    Saturday Evening လောက် MZ က တစ်ယောက်ယောက်နဲ့ တွေ့လို့ရရင် အလှှုငွေလာပေးချင်လို့ .....
    ပြောကြပါဦး ............... :)

    :103:
  • edited January 2009 Administrators
    စည်သူ(သို့)စေတန်ဆီ့ကို ဖုန်းဆက်လိုက်လေ...
  • edited January 2009 Administrators
    စည်သူ(သို့)စေတန်ဆီ့ကို ဖုန်းဆက်လိုက်လေ...

    Thanks ပါ ...... ဆက်ပြီးပါပြီ ... အဆင်ပြေပါ၏။

    :)
  • edited May 2009 Registered Users
    MZ ဖိုရမ် (သို့) website တစ်ခုလုံးကို offline အနေနဲ့ ဒေါင်းထားချင်တယ် ၊ အင်တာနက်လိုင်းမကောင်းတဲ့အခါဖြစ်ဖြစ်၊ MZကို မကြည့်ဖြစ်တဲ့အချိန်မှာပဲဖြစ်ဖြစ် ပြန်ကြည့်လို့ရအောင်လို့ပါ။ ဖိုရမ်တစ်ခုလုံးကို online ကြည့်သလိုမျိုး Link တွေအကုန်လုံး ကြည့်ချင်ပါတယ် ၊ ဘာဆော့၀ဲလ် သုံးပြီး ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းလေးများ သိရင် ဖြေပေးကြပါဦးဗျာ............................. .

    ကောင်လေး
Sign In or Register to comment.