မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဗီဒီယိုဖိုင် အမျိုးအစားများ

edited November 2008 in Windows XP
ဗီဒီယိုဖိုင်တွေဟာ Type အမျိုးမျိုးနဲ့အခွေကူးရင်ဖြစ်ဖြစ်၊ Download လုပ်ရင်ဖြစ်ဖြစ်၊ MP4, ipod တွေထဲထည့်ရင်ဖြစ်ဖြစ် တွေ့ရမှာပါ။ အသုံးများတဲ့ Video files တွေအကြောင်း MZ မှဘော်ဘော်တို့အတွက် Post တင်ပေးလိုက်တာပါ။ :6:

AVI


AVI ဆိုတာကတော့ Audio Video Interleaved ဆိုတဲ့စကားလုံးရဲ့အတိုကောက်ပါ။ Microsoft format တစ်ခုလို့ပြောရပါလိမ့်မယ်။ ရှေးအကျဆုံး format လည်းဖြစ်ပါတယ်။ အရည်အသွေးကောင်းတယ်။ Flexible ဖြစ်တယ်။ ပီစီကွန်ပျူတာတွေ MAC ကွန်ပျူတာတွေအများစုအပေါ်မှာ သုံးလို့ရတယ်။

MAC ပေါ်မှာ AVI Movies တွေကြည့်ချင်တယ်ဆိုရင် www.videolan.org/vlc/download-macosx.html ကတဆင့် VLC (Video LAN Client) ကို Free Download လုပ်ပြီးကြည့်လို့ရပါတယ်။

WMV

WMV ဆိုတာ Windows Media Video ရဲ့ အတိုကောက်ပါ။ Microsoft ရဲ့နောက်ဆုံးထုတ် Video Format ပါ။ Visual အနေနဲ့ဖြစ်ဖြစ်၊ sound အနေနဲ့ဖြစ်ဖြစ်အရည်အသွေးမြင့်မြင့်မားမားနဲ့ ရှိပါတယ်။ ဗီဒီယိုရောင်းချသူတော်တော်များများကလည်း download ယူစေမယ့်ရှပ်ရှင်တွေအတွက် WMV Version နဲ့ တင်ထားတတ်ပါတယ်။

ဆက်ရန်- လက်ညောင်းလို့ ခဏနားမယ်နော ်:)

မှတ်ချက်များ

  • edited November 2008 Registered Users
    အနော်လဲတင်မယ်နော်

    3gp

    3gp ဆိုတာကတော့ Third Generation Partnership Project ပါ။ 3G ဖုန်းတွေမှာသုံးဖို့ရည်ရွှယ်ပြီးထုတ်ထားတာပါ။ ဒါပေမဲ့ 2G တို့ 4G တို့မှာလဲသုံးနိုင်ပါတယ်။
    အဓိက ကတော့3gp ကမိုဘိုင်းတွေအတွက်ပါ။
  • edited November 2008 Registered Users
    Quick Time

    Quick Time ဆိုတာ Apple ရဲ့ video format ဖြစ်ပြီးပေါ်ပြူလာအဖြစ်ဆုံးတွေထဲက Format တစ်ခုပါ။ Image and sound တွေကိုအရည်အသွေးမြင့်မြင့်နဲ့ ပံ့ပိုးဆောင်ရွက်ပေးပါတယ်။ တကယ်လို့သာကွန်ပျူတာပါ၀ါအားကောင်းတယ်ဆို ရုပ်ရှင်ရုံမှာကြည့်သလိုခံစားရမှာပါ။ Quick Time အနေနဲ့ Apple ရဲ့ Mac computer တွေပေါ်မှာဖွင့်တဲ့အခါပြသနာမရှိပေမယ့် PC သာဖြစ်နေရင် Quick Time ကို install လုပ်ရပါမယ်။ လိုချင်ရင် ဒီမှာ ဒေါင်းပါ။

    DivX

    DivX ဆိုတာ commercial ကုန်ပဏီတွေကထွင်ထားတာမဟုတ်ဘဲ သီးခြားပေါ်လာတဲ့ Format ပါ။ လောလောဆယ် Online မှာ ပေါ်ပျူလာအဖြစ်ဆုံး Format ပါ။ Quality အရမ်းကောင်းပါတယ်။ www.divx.com မှာ Free ဒေါင်းလိုရပါတယ်။
  • edited November 2008 Registered Users
    MPEG-1

    ရှေးအကျဆုံး version ဖြစ်ပြီးအရည်အသွေးနိမ့်တယ်ဆိုပေမယ့်လျှပ်တပျက် ရိုက်ချက်လေးတွေအတွက် လုံလောက်တဲ့အရည်အသွေးရနိုင်ပါတယ်။

    MPEG-2

    အရည်အသွေးမြင့်တဲ့ version ဖြစ်ပြီး DVD တွေပေါ်မှာရုပ်ရှင်တွေတင်ရင်သင့်တော်ပါတယ်။

    MPEG-4

    အလွန်အရည်အသွေးမြင့်ပါတယ်။ File အရွယ်အစားသေးသေးနဲ့မို့လို့ အင်တာနက် Upload နဲ့ iPod တွေမှာအသုံးပြုဖို့သင့်တော်ပါတယ်။
  • edited November 2008 Registered Users
    Real Video

    Real Video ဆိုတာ အင်တာနက်ပေါ်မှာဘယ်နေရာမဆိုမြင်တွေ့နေတဲ့ common format တစ်ခုဖြစ်ပါတယ်။ Real Format လို့ပဲပြောပြော Real video လို့ပဲခေါ်ခေါ် Real Player Compatible ဖြစ်ဖြစ်အတူတူပါပဲ။ Streaming Videos တွေအတွက်အခြေခံဒီဇိုင်းဆွဲထားတာပါ။ TV Transmission တစ်ခုလို video တွေကို ကွန်ပျူတာပေါ်မှာလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် ဒေါင်းလုပ် လုပ်ပြီးသိမ်းထားခွင့် မပေးပါဘူး။ ဒီကိတ်စ တွေအပြင် Xvid format နဲ့ရှိနေတဲ့ video တွေလည်းမြင်နိုင်ပါတယ်။ အခမဲ့ရနိုင်တဲ့ Open source version တစ်ခုပါ။ DivX အရည်အသွေးနဲ့တူတူပါပဲ။
Sign In or Register to comment.