မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ubuntu Themes

edited September 2008 in Ubuntu
Ubuntu Themes များအကြောင်းပြောကြပါမည်။ Ubuntu မှာ Default ပါတဲ့ GNOME themes တွေက ကျွန်တော့်အတွက်တော့ သိပ်အဆင်မပြေလှပါဘူး။ အရောင်တွေက အပူရောင်တွေဆိုတော့ သုံးကတာ မလှပါ။ မျက်စိလည်း ပူလှပါသည်။

Vista သုံးနေကျသူဆိုတော့ အရောင်အသွေးမစုံမလင်ဖြင့်Ubuntu ကို သုံးရတာ ရှုံ့ မဲ့လို့နေပါသည်။

ဟိုရှာ ဒီရှာဖြင့် လိုက်ကြည့်တော့လည်း တွေ့သည့် Themes များက သိပ်အဆင်မပြေလှပါ။

ဒီနေရာမှာ Ubuntu ကို ရှိုင်းသွားအောင်လုပ်သည့် မိတ်ကပ်ရိုက်နည်းမျိုးစုံများအကြောင်းပြောကြပါစို့။

မှတ်ချက်များ

  • edited September 2008 Registered Users
    ကဲ ကိုရွှေပန်းသီးကြိုက်သူများအတွက် လာပါပြီ Apple Leopard Themes.

    Ubuntu အပါအဝင် Linux Distro များအတွက် Apple ပုံစံမျိုးလုပ်ပေးသည့် Themes များက အများအပြားရှိပါတယ်။ ကျွန်တော်လည်း တောင်စမ်း၊ မြောက်စမ်းနဲ့ သုံးလေးမျိုးလောက်တွေ့စမ်းမိပါတယ်။ အဲထဲက အဆင်အပြေဆုံးလေးတစ်ခုကို အခုပြောပြပါမယ်။

    ကျန်တာတွေက စမ်းကြည့်တာ သူ့လောက်လည်းအဆင်မပြေဘူး၊ Themes ကို ထည့်ရတာလည်း နည်းနည်းလေး အဆင့်များသည့်အတွက် ဒီကောင်လေးကိုပဲ လက်တလောအကြိုက်တွေ့နေပါသည်။

    သူက Mac4Lin ဆိုတဲ့ ဟာလေးပါပဲ။ နာမည်ကိုက Mac for Lin ပါ။ Linux သုံးသူများအတွက် Apple ပေါ့။ အခုမှ v 1.0 RC ပဲ ရှိပါသေးတယ်။ အပြည့်တောင်မထွက်သေးပါဘူး။ အပြည့်ဆိုရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။

    Mac4Lin လေးကို ဒီနေရာ မှသည် ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးရင် သူ့ရဲ့ .tar.gz ကို ဖြည်လိုက်ပါ။ Zip ဖြည်သလိုပေါ့။ အဲဒီ ဖြည်ပြီးသား Folder ထဲကနေ Mac4Lin_Install_v1.0_RC.sh ဆိုတဲ့ script file လေးကို run လိုက်ပါ။ ( Run တယ်ဆိုတာ Double Click နှိပ်ပြီး Run in Terminal, Open, Cancel ဆိုပြီးပေါ်လာရင် Run ကို click ခိုင်းတာပါ။ :D) Run ပြီးသွားရင်တော့ ဥုံဖွ အပ်ချလောင်းဆိုသလို ကိုယ့် Ubuntu ကြီးက လုံးဝ Apple ကြီးဖြစ်သွားပါပြီခင်ဗျာ။

    လက်စနဲ့ Apple Background Wallpapers လိုချင်သူများ ဒီကနေ ယူလိုက်ပါအုံး။ ကျန်တာတွေကတော့ Google ရှာကြည့်ပေါ့။



  • edited September 2008 Registered Users
    As for me, I love the warm colours of Ubuntu, which are contrast to the cold colour of Microsoft. The warm colours and theme reflects the African origin of Ubuntu.
    Eventhough I use the compiz fusion plugin, I maintain my desktop background and effects to be warm. Currently I use the autumn background and falling leaves as the snow effect. You can see the sample in this link.
    http://www.youtube.com/watch?v=cHLDtJXc8fg

    But my background is a little warmer than that.
    http://static.flickr.com/85/271112934_79f8d0b108_o.jpg
  • edited September 2008 Registered Users
    opengun wrote: »

    လက်စနဲ့ apple background wallpapers လိုချင်သူများ ဒီကနေ ယူလိုက်ပါအုံး။ ကျန်တာတွေကတော့ google ရှာကြည့်ပေါ့။


    အကိုရေ...
    လင့်လေး တစ်ချက်လောက် စစ်ပေးပါဦး။
  • edited September 2008 Registered Users
    ကိုyeman ခင်ဗျာ

    လင့် အိုကေ သွားပါပြီ။ ယူလို့ရပါပြီ။ အပေါ်ကနေကော ဒီကနေကော ယူလို့ရပါတယ် ခင်ဗျာ။
  • edited September 2008 Administrators
    http://francois.vogelweith.com/index.php?option=com_content&view=category&layout=blog&id=3&Itemid=14

    ကျွန်တော်ကတော့ အဲကနေပဲ ယူလိုက်တာပဲဗျာ..
Sign In or Register to comment.