မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Programming လေ့လာဖို့ လမ်းကြောင်း

edited November 2014 in Programming

အရင်တုန်းက Web Route ဆိုပြီး image လေး တစ်ခု လုပ်ခဲ့ဖူးပါတယ်။ Web Development လုပ်မယ်ဆိုရင် ဘယ်ကို သွားရင် ဘာတွေ သိမယ်။ ဘာတွေ လေ့လာဖို့ လိုတယ် စတာတွေ အတွက် ပုံလေး တစ်ပုံ နဲ့ Mind Map လေး ဆွဲခဲ့ဖူးပါတယ်။

အတော်လေးကို ကြာခဲ့ပြီမို့ ပြန်ပြီး update လုပ်ထားပြီးတော့ Programming အခြေခံကနေ Web , Mobile စတဲ့ development ပိုင်းဆိုင်ရာတွေပါ ထပ်ဖြည့်ထားပါတယ်။

လိုအပ်တာတွေကို ဆွေးနွေး အကြံပြုနိုင်ပါတယ်။

http://cl.ly/YKe0/Route03112014.pdf [updated on 03.11.14]

မှတ်ချက်များ

  • Moderators

    CSS ရဲ့ other ထဲမှာ Stylus ဆိုတာကို ထည့်လို့ရသေးတယ်။ LESS နဲ့ SASS လောက် အသုံးမများပေမယ့် သုံးတဲ့သူတွေ ရှိပါသေးတယ်။ ခက်တာက Development style တွေက ပြောင်းသွားတော့ တချို့ဟာတွေကို ဘယ်အပိုင်းမှာ ထည့်သင့်သလဲ။ ဒါမှမဟုတ် third party ထဲမှာ ထည့်သင့်လား ဆိုတာ မပြောတက်ဘူး။ ဥပမာ နောက်ပိုင်း SASS နဲ့ LESS တို့ Compile လုပ်ဖို့ Guard(Ruby), Grunt(JS), Gulp(JS) လို package တွေကိုလည်း သုံးလာကြတယ်။ နောက် အခြေခံ OOP ရဲ့ နောက်မှာ Design Pattern ကို ထည့်သင့်တယ်လို့ ထင်တယ်။ နောက် Phonegap တို့ Cordova တို့အခြေခံပြီး ionic လို Onsenui လို framework တွေနဲ့ရေးတာလည်းရှိသေးတယ်။ အဲဒီ framework တွေက Angular ကို အထူးသဖြင့် directive ကို သုံးတာများတယ်။ နောက် Scala ကိုလည်း ထည့်သင့်တယ်လို့လည်း ထင်တယ်။ Scala ပေါ်မှာ Node.js ရဲ့ express လိုမျိုးသုံးတဲ့ Play framework ဆိုတာ ရှိသေးတယ်။ နောက် Android မှာလည်း Javascript alike syntax နဲ့ရေးတဲ့ Kotlin လိုမျိုးလည်း ရှိဦးမယ်။

    Thanked by 2 K kaungkhantmintun
  • Administrators

    Guard(Ruby), Grunt(JS), Gulp(JS) တို့ကို Build System ဆိုပြီး ထည့်လိုက်မယ်။

    ionic , Onsenui တို့က mobile UI framework တွေ မဟုတ်လား ? Front End မှာ Mobile Framework ဆိုတာ ထပ်ခွဲပြီး ဖြည့်လိုက်မယ်။

    Thanked by 1 K
  • Moderators

    အင်း frontend ထဲက build system ဆိုရင် အဆင်ပြေမယ်ထင်တယ်။ နောက် node framework ထဲမှာ kraken.js ဆိုတာရှိဦးမယ်။ Paypal ကလူတွေထုတ်တာ ထင်တယ်

    Thanked by 1 K
  • Administrators

    Grunt က front end ထဲတင် မဟုတ်ဘူး node.js မှာ compile လုပ်ရင် coffee script ကို javascript ပြောင်းတဲ့ အနေနဲ့လည်း သုံးတယ်။ backend မှာကော front end မှာ ပါ ဖြည့်ထားလိုက်မယ်။

    front end ပိုင်းမှာ package manager မှာ Bower ကို ထည့်ဖြည့်ရမယ်။

    Yoeman ကတော့ ဘာမှန်း သေချာမသိဘူး ဖြစ်နေတယ်။

  • edited October 2014 Registered Users

    အခုနောက်ပိုင်း Windows Phone က JavaScript, HTML နဲ့ရေးလို့ရပြီထင်တယ်။ ကျွန်တော် HTML နဲ့ Windows Store App တော့ရေးဘူးတယ် production အဆင့်တော့မဟုတ်ဘူးပေါ့။

    http://blogs.msdn.com/b/visualstudio/archive/2014/04/08/building-windows-phone-8-1-apps-in-html.aspx

    Thanked by 1 Morris
  • edited October 2014 Administrators

    @Morris‌ , version အသစ် ပြန်တင်ထားတယ်။ kraken.js က ဘယ် category ထဲမှာလို့ ပြောလို့ရလဲ ? Full-stack လား ?

    ထပ်ဖြည့်စွက်ပြုပြင်ထားတာတွေက

    • Python
    • Scala
    • Ruby
    • Build System
    • Mobile
    • Add Redis in Database

    CSS ကို ထပ်ဖြည့်ဖို့ မေ့သွားတယ် :D

    Thanked by 1 Morris
  • Administrators

    @thuyamyonyunt ကျွန်တော် သေချာ ပြန်ဖတ်ကြည့်ပြီး နောက် version မှာ update လုပ်လိုက်မယ်။

  • Moderators

    Yeoman ကသိသလောက်တော့ scaffold လုပ်ပေးတဲ့ generator ပါပဲ။ ဘယ်ဟာနဲ့သုံးမလဲဆိုတာ မေးတယ်။ ဖြေပြီးရင် project structure ချပေးတယ်ပေါ့။ နောက်ပိုင်း development လုပ်ရတာ ရှုပ်နေတာပဲ :D

    Thanked by 1 saturngod
  • Administrators

    @thuyamyonyunt‌ Windows Phone ထဲမှာတော့ HTML , JS ကို ထပ်ဖြည့်ထားတယ်။

    CSS မှာ Stylus ထပ်ဖြည့်ထားတယ်။
    Software Methodologies တွေမှာ Agile , Waterfall စတာလေးတွေ နည်းနည်း ဖြည့်ထားတယ်။
    Node.js အောက်မှာ kraken.js ထပ်ဖြည့်ထားတယ်။

    Yeoman ကတော့ ဘယ်နေရာမှာ ဘယ်ခေါင်းစဉ် နဲ့ ထည့်ရမှန်းကို မသိဘူး။

    Thanked by 1 thuyamyonyunt
  • Administrators

    Update Package Manager for .NET , Python and Go

  • Registered Users

    @saturngod ကျွန်တော်​ကတော့ Java သမား​ဆို​တော့ Java branch နဲ.ပါတ်​သတ်​တာ​လေး အကြံ​ပြု​ပါ​ရ​စေ ။ Framework တွေ​ကတော့ အသစ်⁠အသစ်​တွေ​လည်း အများ​ကြီး​ဆို​တော့ ဒါ​တွေ​ကို​တော့​မ​ပြော​လို​ပါ​ဘူး ။ ကျွန်တော် ပြော​လို​တာ​ကတော့ Framework ဆို​တဲ့ branch မှာ ဘာ Framework ကို​မှ မ​သုံး​ပဲ Java ရဲ. Standard ဖြစ်​တဲ့ EJB ဆို​တာ​တစ်​ခု​တည်း​နဲ. develop လုပ်​ကြ​တာ​က အများ​စု​မို.လို.ပါ။ ထို​နည်းတူ​ပဲ DataBase branch မှာ​လည်း Java ရဲ. ကိုယ်​ပိုင် DataBase Technology ဖြစ်​တဲ့ Oracle ကို ထပ်​ဖြည်.ဖို.နဲ. Standard (EJB) လို​မျိုး​တွေ​ကို run နိုင်​မယ့် Application Server ဖြစ်​တဲ့ WebLogic Server ကို​လည်း ထပ်​ထည်.စေ​လို​ပါ​တယ်။ Package Manager ဆို​တဲ့ branch ကို အခု​က Maven , Gradle နှစ်​ခုဖော်​ပြ​ထား​တာ​ကို​တွေ.ရ​ပါ​တယ်။ ကျွန်တော်​တို.ကတော့ အဲ့​တာ​တွေ​ကို Build Tools တွေ​လို. ခေါ်​ပါ​တယ်။ Ivy နဲ. Ant ကို​လည်း ထပ်​ထည်.စေ​လို​ပါ​တယ်။ အသုံး​များ​လို.ပါ။ ကျေးဇူးတင်​ပါ​တယ်။

    Thanked by 1 kaunghtetaungmgn
  • Administrators

    @DeathWings , ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ထပ်ဖြည့်ပေးပါမယ်။

Sign In or Register to comment.