မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

သိချင်တာလေးတွေ(0r) မေးချင်တာလေးတွေ

edited April 2014 in Programming

နည်းနည်းလောက် အကြံလေးရ
အခု ညီမဖြစ်နေတာတွေက...
ကျောင်းတုန်းကလည်း prgramming ကို အရမ်းကြီးစိတ်မ၀င်စားဘူး..([programming ကိုကျက်ဖြေလာတာ...:D)
အလုပ်ကလည်း မရသေးတော့ ..ပထမဆုံးရရာအလုပ် ကိုလုပ်မယ် ဆိုတော့
တိုက်တိုက် ဆိုင် programming ကို OJT အနေနဲ့ အလုပ်လုပ်ရတယ်..(VB) နဲ့
ိကိုယ်ကိုသတ်သေချင်လောက်အောင်ပဲ..အဖြစ်ဆိုးနဲ့တွေရတယ်....ပင်ကိုကလည်း brain ကလည်း နိ်မ့်
ပတိလည်တွေရိုက်ကုန်....
အလုပ်ဆိုတော့ ရတာမရတာ အသားထားခိုင်းလိုရရင်ပြီးရော ဆိုတော့ project ကု် ၁ လသင်ပြီးတာနဲ့ ရေးခိုင်းတယ်.....
အဲမှာတိုင်ပတ်တာပဲ...အောက်သက်မကျေပဲနဲလေ...TExtbox မှာ ဘာ properies ရှိမှန်းမသိ ဘယ်လိုclik ရင်ဘာလုပ်တယ်ဆိုတာ
မ၇.....(အခုထိကိုမသိတာ နည်းနညး်ပဲသိတာ:P)...စီနီယာက လည်းစိတ်အရမ်းမရှည်နဲ့တိုးတော.
datagrid မှာ Row တွေထပ် add လို့မရအောင်လုပ် လို့ပြော... အဲတုန်းကပြောပါတယ်..code နဲ့ဘယ်လိုရေးမလဲ....မလုပ်တတ်လို့့ ပတ်စဉ်းစား
နေတာ keyBoard ပေါ်တောင် ဆံပင်မွေးတွေ ကျွတ်ကျကုန်...တစ်ခုခုလေးများးးလွဲလို့ error များတတ်ရင်..ရင်တွေတုန်ပြီး.ဘာလုပ်လို့ဘာကိုင်
မှန်းမသိ...(အခုတော့ senior အစ် မကျေးဇူးကြောင် ့MZ ပေါ်ရောက်လာင်္ပြလေ)...
အခု..project တွေရေးတိုင်း ရင်တုန်ရတယ်...အဆူမခံရအောင် ..ဘယါ်လိုမြန်အောင်ရေးမလဲဆိုတာ...
အခုထီရေးထားတဲ ့ project တွေကလည်းသူတိုပြောတာကို မရရအောင်လိုက်ရေး..အလုပ်ကလည်း flow မှန်ရင်ပြီးရော
အထဲ က code ကဘာဖြစ်ဖြစ်ဆိုတော့
အထဲက code တွေက error တက်ရင်းရှင်း ရင်းဆိုတော့ ငှက်သိုက်ပမာ..if တွေထပ်နေ..

programming ကိုစိတ်ဝင်စားလာလို့ .....(မဝင်စားလိုမှမရတာ..အသက်မွေးကြောင်းက....ဒါလေ...:D:p)
အခု program ေ၇းရင် strong ဖြစ်အောင်ရေးချင်သည်၊
အစောပိုင်းကလို..property တွေ click event တတ်နိုင်သမျှသိချင်သည်၊(ဘယ်မှာရနိုင်မလဲ ..စာအုပ် wesite လေးဖြစ်ဖြစ်)...
office မှာက အပိုင်းတွေကို ခွဲရေးရတာ..ဆိုတော့ သူတိုတည်ဆောက်ပြီးသားလေးကိုရေးရတာဆိုတော..အခုကိုယ်ပိုင်တည်ဆောက်ချင်သည်
ဘယ်လိုတွေးလို ဘယ်လိုစဉ်းစားရတယ်ဆိုတာကို.....သိချင်သည်...
်တာကတော့့ ရှည်သွာပြီးထင်တယ်
်...
programming logic ကိုလေ့လာရမလားး
code ေ၇းနည်းတွေပဲလေ့လာရမလားးးး
..........
ကဲ ကူညီလို ..........ရရင်

မှတ်ချက်များ

  • edited April 2014 Administrators

    အရင်ဆုံးပြောချင်တာကတော့ စိတ်မညစ်ပါနဲ့။ experience ကနေ တတ်သွားပါမယ်။

    အဓိက လိုအပ်တာက problem solving skills ပါ။ ပြီးရင် အစဉ်မပြတ်လေ့လာ အားထုတ်မူ လိုအပ်တယ်။

    ပြဿနာ တစ်ခုတက် ဘယ်သူ့ကို အကူအညီတောင်းရမလဲ ဆိုတာထက် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို စဉ်းစားရဲဖို့လိုတယ်။

    ပြဿနာ ဖြေရှင်းဖို့ဆိုတာကလည်း အတွေ့အကြုံကနေ ဖြေရှင်းရတာပဲ။ တကယ်လို့ အဲလို ပြဿနာ မရှိဘူးရင် တစ်ခါတစ်လေ ဖြေရှင်းမရတာတွေ ရှိတယ်။

    မဖြေရှင်းနိုင်တဲ့ အခါ ဘယ်အပိုင်းတွေ ကိုယ် အားနည်းနေလဲဆိုတာ ကို အရင် သိအောင် လုပ်ဖို့ လိုပါတယ်။

    ဘယ်သူမှ အားလုံး မသိပါဘူး။ ကိုယ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ သိတာပဲ ရှိတယ်။

    အခြေခံ programming logic ပိုင်း အားနည်းတာရှိသလို သက်ဆိုင်ရာ language ရဲ့ သဘောသဘာဝ ပိုင်းကို အားနည်းတာကြောင့်လည်း ဖြစ်နိုင်တယ်။

    တကယ်လို့ internet connection အဆင်ပြေတယ်ဆိုရင် http://www.microsoftvirtualacademy.com/ လိုမျိုးမှာ စာတွေ ပြန်လေ့လာဖို့ လိုတယ်။ စာအုပ်ဆိုရင်တော့ http://www.microsoftvirtualacademy.com/ebooks မှာ စာအုပ်တွေ ရှိပါတယ်။

    တကယ် သိဖို့ စဉ်းစားတတ်ဖို့က များများရေးပါ။ များများ စာဖတ်ပါ။

    ခေတ်ကို မျက်ခြေမပြတ်ပါစေနဲ့။

    အခြားသူတွေက jquery တွေနဲ့ website တွေကို လွယ်လွယ် တည်ဆောက်နေချိန်မှာ ကိုယ်က javascript ပုံမှန် သုံးပြီးရေးနေရင် အချိန်ပို ပေးရလိမ့်မယ်။ ဒါကြောင့် ခေတ်ရဲ့ ရေစီးကြောင်းကိုလည်း သိဖို့လိုပါတယ်။

    အလုပ်နဲ့ မဆိုင်တာ သိစရာမလိုဘူး လို့ ဆိုနိုင်ပေမယ့် ခေတ်ရေစီးကြောင်း ကို သိထားတဲ့ အခါ အပြောင်းအလဲတွေမှာ အဆင်ပြေပါတယ်။

    အရင်လုပ်ဖူးတဲ့လူ အတွေ့အကြုံရှိတဲ့လူက ပိုသိ ပိုတတ်မှာပဲ။ ဒါက မထူးဆန်းပါဘူး။ ကိုယ်မသိ ကိုယ်မတတ်တာက မလုပ်ဘူးလို့ မတွေ့ဘူးလို့ပါ။ ကိုယ်သွားမယ့် လမ်းကြောင်းကို ပုံမှန် လေ့လာနေရင် သိလာပါလိမ့်မယ်။ တတ်လာပါလိမ့်မယ်။ စဉ်ဆက်မပြတ် လေ့လာနေဖို့ပဲလိုပါတယ်။ Programming က ၁ နှစ် ၂ နှစ်လောက် လုပ်သက်ဆိုတာက သိပ်ပြီး အတွေ့အကြုံရှိသေးတာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

    ၅ နှစ်လောက် တောက်လျှောက်လုပ်လာတဲ့ သူနဲ့ ၂ နှစ် အတွေ့အကြုံပဲ ရှိတဲ့ သူနှစ်ယောက်ကို သွားယှဉ်လို့ မရပါဘူး။

    ဒီလိုပါပဲ ၅ နှစ်လောက် သေသေချာချာ ဘာမှ မလုပ်ခဲ့တဲ့ သူက ၂ နှစ်လောက် သေသေချာချာ စဉ်ဆက်မပြတ်လေ့လာတဲ့ သူကို မှီဖို့ ဆိုတာလည်း မလွယ်ပါဘူး။ စဉ်ဆက်မပြတ်မလေ့လာရင် နောက်ကျကျန်ခဲ့မှာပါပဲ။

    .NET နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သေချာမသိပါ။ Web Development ပိုင်းတွေ (HTML , Javascript , jQuery, CSS) စတာတွေနဲ့ ပတ်သက်ရင်တော့ မေးပါ။ ကျွန်တော် ဖြေပေးနိုင်ပါတယ်။

  • Administrators

    ကျောင်းတက်တယ်ဆိုတာက လေ့လာဖို့အချိန်ပေးတာ အလုပ်လုပ်တယ်ဆိုတာက လေ့လာခဲ့တဲ့ ပညာရပ်ကိုအသုံးပြုပြီး အကျိုးအမြတ်ရှာတာဖြစ်သွားပြီ လေ့လာဖို့အတွက်က အနည်းဆုံးအနေနဲ့ ၃ နှစ်ကနေ ၄ နှစ်အထိ အချိန်ရတယ် အဲဒီ့အချိန်ကို ဖြုန်းခဲ့မိပြီးတော့ အလုပ်စလုပ်တယ်ဆိုရင် အကြွေးယူခဲ့သလိုပဲ အတိုးရောအရင်းရော တပြိုင်တည်း ပြန်ပေးနေရသလို ဖြစ်လိမ့်မယ် ပင်ပန်းပါလိမ့်မယ်။ အကောင်းဆုံး အကြံပေးနိုင်တာက အကြွေးကျန်ခဲ့တဲ့ ကျောင်းကစာတွေကို ပြန်ဖတ်ပြီးတော့ လိုနေတဲ့ Knowledge ကိုပြန်ဖြည့်မှရမယ် လက်ရှိလုပ်နေတဲ့ အလုပ်လည်းမပြုတ်ဖို့လည်းလိုတယ်။ Microsoft Tools တွေအတွက် သိချင်တာတွေကတော့ MSDN မှာပဲ အသေးစိတ် ရှာဖတ်လို့ရပါတယ်။ ပင်ပန်းတဲ့ဒဏ်ကို သည်းခံပြီးတော့ စာများများဖတ်ပြီး ကြိုးစားမယ်ဆိုရင် အချိန်တခုရောက်တဲ့အခါ ပုံမှန်အလုပ်လုပ်နိုင်သွားမှာပါ။ Forum မှာကတော့ ကျွန်တော် စိတ်ဝင်စားတဲ့ မေးခွန်းမျိုးမေးရင်တော့ စိတ်ရှည်လက်ရှည်ဖြေပါတယ်။

    Thanked by 1 HeavenlyMoe
  • Registered Users

    I want to give an idea to @AlansmithProgrammer. Don't depress so easily what kind of problem you have. It just depends on the experience. I don't know much about VB but Language is not very important. It always change upon the project. The important thing is thinking programming logic because the difference of each language is syntax structure not logic. Before you write down codes, you should think many possibilities. After thinking, you'd draw algorithm and flow chart for your program. When you start to write codes, you should obey the code format(e.g. white space, '{}', enter, etc...). By doing this, you can easily find out when your program has bugs. As @CalmHill said, you can find and learn in MSDN site. Read Ebooks and think more, programming will be an apple pie for you.

Sign In or Register to comment.