မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Virtual Host on "Digital Ocean

edited March 2014 in Linux Server

ကျွန်တော့်မှာ personal website လေးတစ်ခုရှိပါတယ်။ site အတွက် hosting ကို digital ocean ကနေ၀ယ်ပြီးတော့ domain ကိုတော့ godaddy ကနေ ၀ယ်ထားပါတယ်။ ပြီးတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ... digital ocean ကနေ ၀ယ်လို့ရလာတဲ့ IP Address ကို godaddy က ကိုယ့် domain ရဲ့ DNS setting ကနေ point လုပ်ပေးပြီး ပုံမှန်အတိုင်း Run နေခဲ့ပါတယ်။

Digital Ocean က hosting မှာတော့ Ubuntu 12.04 ကိုတင်ပြီး Apache, MySql စတာတွေနဲ့ Web Server တစ်ခုတည်ဆောက်ထားပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ် ခင်ဗျ။

ပြီးခဲ့တဲ့ တစ်ပါတ်လောက်မှာတော့ အင်တာနက်မှာ မွေှနှောက်ရှာရင်း Domain တစ်ခုကို $0.99 နဲ့ ရလို့ (တန်လှချည်ရဲ့ ဆိုပြီး) ၀ယ်လိုက်ပါတယ်။ hosting ကိုတော့ မ၀ယ်ချင်သေးတာနဲ့ လက်ရှိသုံးနေတဲ့ Digital Ocean က IP ကိုပဲ Point လုပ်ထားလိုက်ပါတယ်။ ဘယ် Domain ကိုပဲခော်ခော် Same Page ကိုပဲသွားပါတယ်။ ဒီအထိလည်း အားလုံးအဆင်ပြေနေတုန်းပါပဲခင်ဗျ :D

မနေ့ကစပြီး စမ်းချင်တာလေးတစ်ခု စိတ်ထဲပော်လာပါတယ်။ ၀ယ်ထားတဲ့ Domain နှစ်ခုမှာ ပထမတစ်ခုကတော့ ဒီအတိုင်းရှိစေတော့။ ဒုတိယတစ်ခုကိုတော့ လက်ရှိ Hosting ရဲ့ Web Root အောက်မှာ subfolder လေးတစ်ခုဆောက်ပြီး Wordpress လေး install လုပ်၊ ဒုတိယ Domain ကို ခော်ရင် wordpress ကို Point လုပ်ပေးနိုင်ရင် ကောင်းမယ်ဆိုပြီး စဉ်းစားမိပါတယ်။ အဲဒါနဲ့ Domain provider ကိုမေးတော့ သူတို့ဆီမှာ hosting ၀ယ်တာမဟုတ်တဲ့အတွက် သူတို့နှင့်မဆိုင်၊ Hosting ကိုသာမေးပါဆိုလို့ Digital Ocean က Tutorial တွေရှာဖတ်ပါတယ်။

Digital Ocean ကတော့ Virtual Host တစ်ခု Create လုပ်ပြီး IP တစ်ခုနဲ့ Virtual host ကို point လုပ်ရမယ်ဆိုပြီး ပြောကြပါတယ်။ ဒီ Tutorial ကိုလည်း ဖတ်ပြီး လုပ်ကြည့်ဖို့ပြောပါတယ်။

https://www.digitalocean.com/community/articles/how-to-set-up-apache-virtual-hosts-on-ubuntu-12-04-lts

ဒါနဲ့ ဒီ Tutorial အတိုင်း လုပ်ကြည့်တော့လည်း ခော်လို့မရဘူးခင်ဗျ။ အနည်းဆုံးတော့ Browser မှာ Virtual host မှာ setup လုပ်ထားတဲ့ IP (12.34.56.789) ကို ခော်ရင် မြင်ရမယ်လို့ ထင်ပါတယ်။

ကျွန်တော်လုပ်ချင်တာကတော့ ခြုံပြောရရင်

http://111.com => 11.11.11.11

http://222.com => 11.11.11.11/wordpress

အဲလိုမျိုးလေး လုပ်ချင်တာပါ။ အတွေ့အကြုံရှိတဲ့ စီနီယာများ အကြံပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျ

Tagged:

မှတ်ချက်များ

  • Administrators

    Check your virtual host configuration, your apache is replying the default virtual host. Or show your current second domain's virtual host config, location of your hosting files and apache version, I may help you to check the config.

  • Registered Users
    <VirtualHost *:80>
        ServerAdmin [email protected]
        ServerName mynotes.com
        ServerAlias www.mynotes.com
    
        DocumentRoot /var/www/mynotes
        <Directory />
                Options FollowSymLinks
                AllowOverride None
        </Directory>
        <Directory /var/www/>
                Options Indexes FollowSymLinks MultiViews
                AllowOverride All
                Order allow,deny
                Allow from all
        </Directory>
    
        ScriptAlias /cgi-bin/ /usr/lib/cgi-bin/
        <Directory "/usr/lib/cgi-bin">
                AllowOverride None
                Options +ExecCGI -MultiViews +SymLinksIfOwnerMatch
                Order allow,deny
                Allow from all
        </Directory>
    
        ErrorLog ${APACHE_LOG_DIR}/error.log
    
        # Possible values include: debug, info, notice, warn, error, crit,
        # alert, emerg.
        LogLevel warn
    
        CustomLog ${APACHE_LOG_DIR}/access.log combined
    </VirtualHost>
    

    ဒါကတော့ /etc/apache2/sites-available/mynotes.com ထဲမှာ ရေးထားတဲ့ Virtual Host Configuration file ပါ။ Line no: 6 မှာရေးထားတဲ့ /var/www/mynotes ဆိုတာလည်း ရှိပါတယ်။ အဲဒီထဲမှာ ကျွန်တော် Wordpress ကို Install လုပ်ထားပါတယ်။

    တစ်ခုသတိထားမိတာက apache ကို restart လုပ်ရင် ဒီ error တက်တာ တွေ့ရတယ် ခင်ဗျ

    • Restarting web server apache2 apache2: Could not reliably determine the server's fully qualified domain name, using 127.0.0.1 for ServerName
      ... waiting apache2: Could not reliably determine the server's fully qualified domain name, using 127.0.0.1 for ServerName

    ဒါပေမယ့် Digital Ocean ကတော့ ဒီ error ဟာ Warning ဖြစ်တဲ့အတွက် ဘာမှ မဖြစ်ဘူးလို့တော့ ပြောပါတယ်

  • edited March 2014 Administrators

    mydomain.com ကို IP 192.168.1.1/wordpress folder ကို ညွှန်းချင်တာလား ?

    mydomain.com ရဲ့ A record ကို 192.168.1.1 လို့ပေးထားလိုက်။

    virtual host မှာ အခု လက်ရှိ ပြထားတဲ့ ပုံစံ အတိုင်းဆိုရင်ရပါတယ်။

    DocumentRoot နဲ့ directory ပြင်ရင် ရပါပြီ။

    DocumentRoot /var/www/wordresspress
    
    
    <Directory/var/www/wordresspress>
            Options Indexes FollowSymLinks MultiViews
            AllowOverride All
            Order allow,deny
            Allow from all
    </Directory>
    
  • Registered Users

    mydomain.com ကို IP 192.168.1.1 ကို ညွှန်းထားပြီးသား။ mydomain.com ကို ခော်ရင်လည်း 192.168.1.1 ကိုသွားပါတယ် (ပုံမှန်အတိုင်းလည်း အလုပ်လုပ်ပါတယ်)။ ခုက seconddomain.com ကို ခော်ရင် IP 192.168.1.1/wordpress folder ကို ညွှန်းချင်တာပါ။

    /etc/apache2/sites-available/ ထဲမှာလည်း နှစ်ခုရှိပါတယ် default ရယ် mynotes ဆိုပြီးတော့ပါ။ အဲဒီအထဲမှာ default မှာကတော့ DocumentRoot ကို /var/www ကို ပေးထားပြီး mynotes ကိုတော့ DocumentRoot ကို /var/www/wordpress ကို ပေးထားပါတယ်။

    Virtual Host အတွက် configuration လုပ်ပြီးတဲ့အခါ a2ensite mynotes ဆိုပြီး enable လုပ်ပေးလိုက်ပါတယ်။ apache ကို restart ချပြီး
    /etc/hosts ထဲမှာ ခုလိုလည်း ရေးထားပါတယ်

    127.0.0.1       localhost blacksky
    
    
    # The following lines are desirable for IPv6 capable hosts
    ::1     ip6-localhost ip6-loopback
    fe00::0 ip6-localnet
    ff00::0 ip6-mcastprefix
    ff02::1 ip6-allnodes
    ff02::2 ip6-allrouters
    
    # Virtual Host
    12.34.56.789    mynotes blacksky
    

    ဒါပေမယ့် အဆင်မပြေသေးဘူး ခင်ဗျ :D

  • edited March 2014 Administrators

    no need to write on /etc/hosts

    just point secondDomain.com to IP with A record

    no need to point 192.168.1.1/wordpress like that.

    just 192.168.1.1

  • edited March 2014 Administrators

    ကျွန်တော် အပေါ်မှာ ရေးထားပြီးသားပါ။

    ပြန်ဖတ်ကြည့်ပါ။

    Domain နဲ့ virtual host က ရှင်းရှင်းလင်းလင်းပါ။ IP တွေကို ခဏမေ့ထားလိုက်။

    Server IP ရှိမယ်။

    domain ရှိမယ်။

    Domain ရဲ့ A Record ကို Server IP ပေးမယ်။

    user က Domain ကို browser ကနေ ခေါ်လိုက်မယ်။ Server IP ရောက်လာမယ်။

    Server က ရောက်လာတဲ့ domain name ကို ကြည့်ပြီး virtual host က DocumentRoot ရဲ့ ပတ်လမ်းကြောင်းကို ခေါ်ပြပေးတယ်။

    File Permission ကို Directory မှာ ပေးထားတဲ့ အတိုင်း access ပေးတယ်။

    ဒါပဲ။

    virtual host ကို အပေါ်မှာ ရေးပြထားပြီးသားပါ။

    မရဘူးဆိုရင် ဘာမှမရတာလဲ။ မပေါ်တာလား မမြင်ရတာလား ?

    A record ပြောင်းရင် ၁ နာရီ ကနေ ၃ နာရီ အတွင်းကြာတတ်ပါတယ်။ ဒါကြောင့် ချက်ခြင်း မမြင်ရတတ်ဘူး။

    server မှာ domain name အလုပ်မလုပ်ကို Linux/Unix စတာတွေမှာ curl နဲ့ စမ်းလို့ရတယ်။

    curl -v -A firefox/4.0 -H 'Host: yourdomain.com' YourServerIP

    ဥပမာ

    curl -v -A firefox/6.0 -H 'Host:www.saturngod.net' 192.168.1.1

    Host မှန်ရင် virtual host မှာလည်း setup လုပ်ထားတာမှန်ရင် saturngod.net ရဲ့ document root ကို ပြပေးလိမ့်မယ်။ မမှန်ရင်တော့ IP ရဲ့ default ကို ပြပေးလိမ့်မယ်။

    virtual host update လုပ် ပြီးသွားတိုင်း apache ကို restart ချပေးရတယ်။

    http://blog.saturngod.net/knowledgebase/before-host-on-vps မှာလည်း တစ်ခေါက်ရေးဖူးတယ်။

  • Registered Users

    @saturngod

    ဟုတ်တယ်... ကျွန်တော့်မှာ ရှုပ်နေတာ IP နဲ့ Domain... Domain နဲ့ IP အဲဒါနဲ့ကို နားမလည်ဖြစ်နေတာ။ ကိုစေတန်ပြောတာကို သေသေချာချာဖတ်ပြီး အခုတော့ နားလည်သွားပါပြီ။

    အကြီးမားဆုံး လွဲနေတာကတော့ Virtual Host မှာရေးထားတဲ့ mynotes.com ဆိုတဲ့အပိုင်းက ကျွန်တော့် hosting ထဲက wordpress သွင်းထားတဲ့ Folder နာမည်ဗျ။

    ခုတော့ အဲဒီနေရာကို seconddomain.com နဲ့ အစားထိုးလိုက်တာ အားလုံးအဆင်ပြေသွားပါပြီ။ စိတ်ထဲ ထင်နေတာက Virtual Host တစ်ခု create လုပ်ပြီးရင် IP တစ်ခုထွက်လာမယ်။ အဲဒီ IP ကိုမှ secondary domain ရဲ့ A record မှာ point လုပ်ပေးရမယ် ထင်နေတာ။

    ကိုစေတန် ကို@CalmHill အားလုံးကို ကျေးဇူး တင်ပါတယ်ခင်ဗျာ။

  • edited March 2014 Administrators

    @moeko

    အဲလို တရားသေတော့ မဟုတ်ဘူးဗျ Apache ရဲ့ Virtual Host မှာက Name Based နဲ့ IP Based ဆိုပြီး ၂ မျိုးရှိတယ် အခုသုံးနေတာက ခင်ဗျားရဲ့ Server မှာက IP တခုထဲရှိလို့ အဲဒီ့ IP တခုထဲကို Domain Name အများကြီးက အတူတူသုံးနေတာ အဲဒါမျိုးကို Name Based လို့ခေါ်တယ် တကယ်လို့ IP တခုထက်ပိုရှိရင် Virtual Host တခုကို IP တခုစီလည်း မတူအောင်ပေးလို့ရတယ် အဲဒါမျိုးကျတော့ IP Based လို့ခေါ်တယ်။

    < VirtualHost *:80 > လို့ Configure လုပ်ထားရင် အဲဒီ့ Server ပေါ်မှာရှိသမျှ IP အကုန်လုံးရဲ့ IP အားလုံးမှာ Port 80 ကို Listen လုပ်လိမ့်မယ် အဲဒါဆိုရင် Server ရဲ့ဘယ် IP ကိုပဲ A Name Record က Point လုပ်လုပ် Apache က Reply လုပ်ပေးလိမ့်မယ်။ < VirtualHost 192.168.0.1:80 > ဆိုတာမျိုးလုပ်ထားရင်တော့ အဲဒီ့ Server ပေါ်မှာ IP ဘယ်နှစ်ခုပဲရှိရှိ 192.168.0.1 ရဲ့ Port 80 မှာပဲ Listen လုပ်လိမ့်မယ် အဲဒါဆိုရင်တော့ A Name Record က 192.168.0.1 ကို Point လုပ်မှပဲ အလုပ်လုပ်ပါလိမ့်မယ်။

    Thanked by 2 saturngod moeko
  • Registered Users

    @CalmHill

    မေးလက်စနဲ့ တစ်ခုလောက်ထပ်ပြီး မေးပါရစေ။ ကို CalmHill ရှင်းပြတဲ့ အထဲမှာ Name Based နဲ့ IP Based ဆိုပြီး ပါပါတယ်။ Name Based ဆိုတာကတော့ အခု ကျွန်တော် သုံးနေတဲ့ဟာမျိုးဆိုတော့ သဘောပေါက်ပါပြီ။ IP Based ဆိုတာကိုတော့ သိပ်သဘော မပေါက်ဘူး။

    ကျွန်တော်နားလည်တာကတော့ Hosting တစ်ခု၀ယ်လိုက်တဲ့အတွက် အဲဒီ Hosting Provider ဆီကနေ IP တစ်ခုရမယ်။ အဲဒီ Hosting ထဲမှာ အသုံးပြုမယ့် Apache ကို Set up လုပ်မယ်။ ဒီတော့ အဲဒီ Apache ရဲ့ Virtual Host မှာမှ IP Based အနေနဲ့ Configure လုပ်မယ်ဆိုရင် နောက်ထပ် IP တစ်ခုက ဘယ်ကနေရလာမှာလဲ။ လက်ရှိမှာ ၀ယ်ထားတာက hosting တစ်ခုဆီကပဲ ၀ယ်ထားတာမဟုတ်လား။ Server တစ်ခုမှာ IP Address တစ်ခုထက်ပိုတယ်ဆိုတာ ဘယ်လိုများလဲ ခင်ဗျ။

  • edited March 2014 Administrators

    အင်း အခုခင်ဗျားက Virtual Server လေးတခုနဲ့ဆိုတော့ ဝယ်လိုက်တယ်ဆို IP တခုကလည်း တပ်ပြီးသားဆိုတာမျိုးနဲ့ သုံးနေတာဖြစ်နေလို့ပါ တကယ်တမ်းက Physical Server တခုဆိုရင် NIC တခုထက်ပိုပြီး တပ်လို့ရတာပဲ အဲဒီတော့ NIC တခုကို IP တခုစီကို Assign လုပ်ရမှာ။ တခုထဲကိုဘာလို့ မသုံးကြလဲမေးရင် အကြောင်းအမျိုးမျိုးရှိတယ် မြင်သာတဲ့ ဥပမာဆိုရင် Physical Bandwidth ကို Control လုပ်ချင်တာတာမျိုး Website တခုကို 8Mbps Bandwidth ပေးရမယ်ဆိုပြီး သဘောတူထားရင် တကယ်လို့ အဲဒီ 8Mbps လိုင်းဟာ Server ရဲ့ IP တခုထဲမှာတပ်ထားရင် Server ပေါ်မှာရှိသမျှ Virtual Host တွေက အဲဒီကဖြတ်မှာ အဲဒါဆိုရင် ကိုယ်ကတိပေးထားတဲ့ Website က 8Mbps အပြည့်မရတော့ဘူး အဲလိုဆိုရင် NIC တခုထပ်တိုး 8Mbps Line ကို အဲဒီမှာထား ကိုယ်ကတိပေးထားတဲ့ 8Mbps ပေးရမယ့် Site ကို အဲဒီအပေါ်ကနေ IP Based Virtual Host နဲ့ထား တခြား Host တွေအတွက်က Internet Line တခုထပ်ယူပြီးတော့ တခြား IP ကနေထားဆိုပြီး ခွဲထားချင်တာမျိုးပေါ့။ အဲဒါက Physical Server ကိုပြောတာ ခင်ဗျားက Virtual Server သုံးနေတာ။ တကယ်ကတော့ Virtual Server ကြောင့် မရတာတော့ မဟုတ်ပါဘူး Digital Ocean မှာက Virtual Server တခုမှာ IP တခုပဲရတယ် ထပ်ထည့်လို့ မရဘူးထင်တယ် Amazon EC2 လိုဟာတွေဆိုရင် လိုချင်ရင်ထပ်ယူပြီး IP ကိုထပ်တပ်လို့ရတယ် အဲလိုထပ်ထည့်ထားရင် Virtual Server တွေမှာလည်း Multiple IP ထည့်လို့ရပါတယ်။

    Thanked by 2 moeko Milkyway
Sign In or Register to comment.