မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ကရင်ဖောင့် လိုနေလို့

edited September 2008 in Blog
မင်္ဂလာ မင်္ဂလာ မင်္ဂလာ အခါ တသိန်းပါဗျား (နည်းတယ်ထင်ရင် -ိ ဖြုတ်လိုက်ပါ။)
ကျနော်မောင်ဇူးလူးက ဟိုစကားပုံ -ဘာတောဆိုလား ကြက်ဆူပင် မင်းမူ- ဆိုတာလေ။ အဲသလိုဘဲ ... ဒီနားလေးမှာတော့ ဆြာဂျီးဘဲ ... နည်းနည်းမှ လျှော့လို့မရဘူး။
ဆိုတော့ကာ ... မိတ်ဆွေများက တောင်းဆိုလာပါတယ်။ ကရင်ဘာသာနဲ့ ဘလော့လေးတခု လုပ်ပေးပါလားတဲ့ (ကရင်၊ မြန်မာ နှစ်ဘာသာပေါ့လေ)။ ကျနော့်မှာ ကရင်ယူနီကုဒ်ဖောင့်မရှိ၊ ကီးဘုတ်လည်းမရှိ (လုပ်လည်းမတတ်ဘူးလေ) ဆိုတော့ကာ ဇော်ဂျီကိုသုံး၊ ၀ါဒ်ပရက်စ်ကိုသုံး၊ အလကားရတဲ့ အေဂျက် တန်းပလိတ်တခုကိုသုံးပြီး မြန်မာလိုစာမျက်နှာတော့ ဘလော့လို့ ခေါ်နိုင်ရုံလေး လုပ်ပြီးသွားပါပြီ။
အဲ ... ကရင်လိုစာမျက်နှာအတွက်ကျတော့ ဇော်ဂျီမှာဘဲ နောက်ထပ်စာလုံး (၇)လုံးလောက် ထပ်ပေါင်းပေးနိုင်ရင် အိုကေသွားမှာ။ စတန်းဒတ်မဟုတ်ဘဲ ၀ဘ်ဖောင့်ဖြစ်ရင်တော်ပါပြီ။ နောက် သီးခြားကီးဘုတ်လည်း လိုလိမ့်မယ်ထင်တယ်။ အဲဒါလေး ဘယ်သူများကူညီနိုင်မလဲလို့ mz မှာလာပြီး အော်လိုက်ရပါသည်ခင်ဗျား။
ကူညီနိုင်သူများ ... ရှိမယ်ထင်ပါတယ်နော် ...
ခင်မင်စွာဖြင့်
ဇူးလူး

မှတ်ချက်များ

  • edited September 2008 Moderators
    ကျနော့် အထင် Myanmar3 မှာ တိုင်းရင်းသား ဘာသာစကားတွေ ပါတယ် ထင်တယ်။ ကရင်စာတော့ မသိဘူး။ စမ်းကြည့်ပါလား။

    မာ့ခ်
  • edited September 2008 Registered Users
    Myanmar3 မှာ ပါတယ် လို့တော့ မကြားမိဘူး ... Sanscript တော့ ပါမယ်ထင်တယ် ....

    ယူနီကုတ် မဟုတ်တဲ့ ကရင် ဖောင့်တွေတော့ ရှိတယ်ကြားဘူးတယ် .... ကျွန်တော် ဆီမှာတော့ ရှိဘူး .....
  • edited September 2008 Administrators
    http://forumburma.eu/burmesefonts.exe

    စမ်းကြည့်ပါလား.. ကရင် font ပါတယ်.. unicode ဟုတ်မဟုတ်တော့မသိဘူး... မဟုတ်လောက်ဘူးထင်တယ်...
  • edited September 2008 Registered Users
    မင်္ဂလာပါဗျား
    ကိုစေတန်ရေ
    အဲဒီဖောင့်က ရိုးရိုးဘဲ။ ယူနီကုဒ်ဟုတ်ဘူးဗျ။
    ထားပါ။ ခု Uni Mon ဆိုတဲ့ မွန်ယူနီကုဒ်ဖောင့်ကို ရထားပြီ။ သို့သော် ကီးဘုတ်ဒရိုင်ဗာလိုနေသေးတယ်။ အခြားမှာတော့တောင်းထားတာရှိပါတယ်။ ဒီမှာများ လွယ်လွယ်မြန်မြန် ရနိုင်မလားလို့ ထပ်မေးကြည့်တာပါ။
    အဲဒီအတွက် ကီးဘုတ်ဒရိုင်ဗာ ရှိသူများ ကူညီပေးပို့စေလိုပါသည်ခင်ဗျား။
    ခင်မင်စွာဖြင့်
    ဇူးလူး
  • edited September 2008 Administrators
    မွန်စာကိုတော့ ကိုမွန်ကြီး blog မှာရမယ်ထင်တယ်။
    http://komongyi.blogspot.com/
Sign In or Register to comment.