မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အူဘွန်းတူကြီး ပျောက်သွားလို့

edited November 2008 in Ubuntu
ကျွန်တော်ကွန်ပျူတာ မှာ နှစ်ခုတင်ထားပါတယ်။ Window XP နဲ့ Ubuntu ပါ။ partition တစ်ခုစီမှာ သက်သက်စီတင်ထားတာပါ။ ကျွန်တော် ၀င်းဒိုးကို ချပြီး ပြန်တင်လိုက်တယ်။ အူဘွန်တူကြီးကိုတော့ ဘာမှ မလုပ်လိုက်ပါဘူး။ ဒါပေမဲ့ ၀င်းဒိုးပြန်တင်ပြီးတဲ့ အချိန်မှာ အူဘွန်းတူက ပျောက်နေတယ်။ အမှန်ဆို စက်စဖွင့်တဲ့အချိန်မှာ OS နှစ်ခုကို ရွေးခိုင်းရမှာလေ။ အဲဒီရွေးခိုင်းတဲ့ အဆင့်က ပျောက်နေလို့ ကျွန်တော် အူဘွန်းတူ သုံးလို့ မရဘူးဖြစ်နေတယ်။ အရင်အတိုင်း ပြန်သုံးချင်ရင် ဘယ်လို ပြန်လုပ်ပေးရမလဲ မသိဘူး။ သိတဲ့ အကိုအမများ ဆွေးနွေးပေးကြပါဦး။
ခင်မင်လေးစားလျှက်.....

မှတ်ချက်များ

  • edited September 2008 Registered Users
    Ubuntu ခွေထည့်ပြီး repair လုပ်သလို ပြန်လုပ်လိုက်ပါ..
  • edited September 2008 Registered Users
    I think you put ubuntu boot loader ,GRUB in the window partition. it is better to put to the linux partition and use Easy BCD which is an open source free software.
    http://neosmart.net/wiki/display/EBCD/Ubuntu
  • edited September 2008 Registered Users
    yeman wrote: »
    ကျွန်တော်ကွန်ပျူတာ မှာ နှစ်ခုတင်ထားပါတယ်။ ၀င်းဒိုး အိပ်ပီနဲ့ အူဘွန်းတူပါ။ partation တစ်ခုစီမှာ သက်သက်စီတင်ထားတာပါ။ ကျွန်တော် ၀င်းဒိုးကို ချပြီး ပြန်တင်လိုက်တယ်။ အူဘွန်တူကြီးကိုတော့ ဘာမှ မလုပ်လိုက်ပါဘူး။ ဒါပေမဲ့ ၀င်းဒိုးပြန်တင်ပြီးတဲ့ အချိန်မှာ အူဘွန်းတူက ပျောက်နေတယ်။ အမှန်ဆို စက်စဖွင့်တဲ့အချိန်မှာ OS နှစ်ခုကို ရွေးခိုင်းရမှာလေ။ အဲဒီရွေးခိုင်းတဲ့ အဆင့်က ပျောက်နေလို့ ကျွန်တော် အူဘွန်းတူ သုံးလို့ မရဘူးဖြစ်နေတယ်။ အရင်အတိုင်း ပြန်သုံးချင်ရင် ဘယ်လို ပြန်လုပ်ပေးရမလဲ မသိဘူး။ သိတဲ့ အကိုအမများ ဆွေးနွေးပေးကြပါဦး။
    ခင်မင်လေးစားလျှက်.....
    khunmk wrote: »
    Ubuntu ခွေထည့်ပြီး repair လုပ်သလို ပြန်လုပ်လိုက်ပါ..

    Khunmk ပြောတာမှန်ပါတယ်။
    Windows ကိုပြန်တင်လိုက်တော့ Linux BootLoader location နေရှာမှာ
    Windows က overwrite လုပ်လိုက်လို့ပါ။

    Ubuntu အခွေကိုထည့် Repair လုပ်လိုက်ရင်၊ Linux Boot Loader က
    စက်မှာရှိတဲ့ Linux နဲ့ Windows partition ကို detect လုပ်ပြီး...
    ရွေးစရာပြန်ပေးပါလိမ့်မယ်။
  • edited November 2008 Registered Users
    kotharthar wrote: »
    Khunmk ပြောတာမှန်ပါတယ်။
    Windows ကိုပြန်တင်လိုက်တော့ Linux BootLoader location နေရှာမှာ
    Windows က overwrite လုပ်လိုက်လို့ပါ။

    Ubuntu အခွေကိုထည့် Repair လုပ်လိုက်ရင်၊ Linux Boot Loader က
    စက်မှာရှိတဲ့ Linux နဲ့ Windows partition ကို detect လုပ်ပြီး...
    ရွေးစရာပြန်ပေးပါလိမ့်မယ်။

    ဘယ်နားကနေ repair လုပ်ရမှာလဲ။ ကျွန်တော် ရှာမတွေ့လို့။ ဖြစ်နိုင်ရင် ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါ။ :P
  • edited November 2008 Registered Users
    ဟုတ်တယ်ဗျ။ ကျွန်တော်လည်း နဂိုတုန်းက အဲလိုမျိုး ခဏခဏဖြစ်တယ်။ Dual တင်ထားတာ။ Windows အရင်တင်။ ပြီးတော့ linux တင်။ နောက် ကိုယ်က အကြောင်းတစ်ခုခုကြောင့် Windows ကို repair လုပ်လိုက်ရင် linux က ပျောက်သွားရော။

    ဟူးးးး။ အဲတော့ တစ်ခါ linux ကို အစကနေ ပြန်တင်။ repair ပေါ့နော်။ အဲလိုလုပ်ကတယ်။ ပထမတော့ လုပ်နိုင်ပေမဲ့ နောက် ခဏခဏ အဲလိုလုပ်နေရတော့ အချိန်အရမ်းကုန်တယ်၊ မဟုတ်သေးဘူး၊ နည်းတော့ ရှိကမယ်လို့တော့ တွေးလာမိတယ်။

    အမှန်က အဲလိုဖြစ်နေတာ Boot Loader ပြဿနာပါ။ OS တစ်ခု boot တက်ဖို့ MBR မှာ ရှိတဲ့ boot loader က ဆွဲပေးရတယ်။

    ကျွန်တော်တို့ Windows တင်ရင် MBR မှာ windows boot loader က သွားထိုင်နေတယ်။ ( boot.ini, ntldr ပေါ့၊ အဲ . . ဒါကအလွယ်ပြောတာနော်။ အကုန် မမှန်ဘူး။ )

    နောက် Linux တင်ရင် MBR မှာ Linux Boot loader က ရောက်သွားတယ်။ GRUB ပေါ့။ နဂိုတုန်းကတော့ LILO ပေါ့။

    အခုဖြစ်နေတာက ကျွန်တော်တို့ windows တင်တယ်။ MBR ထဲမှာ windows boot loader က သွားထိုင်နေတယ်။ နောက် dual အတွက် Linux တင်တော့ MBR ထဲကို GRUB က ရောက်သွားတယ်။ GRUB က Windows boot loader ကို မဖျက်ပြစ်ဘဲ Windows boot loader ကို ငုံထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ boot တက်ချိန်မှာ ရွေးလို့ရတာ။ boot တက်ချိန်မှာ GRUB က ပေါ်လာပြီး ဘယ် OS နဲ့ တက်မလဲမေးတယ်။

    Linux နဲ့ တက်မယ်ဆိုရင် GRUB က ဆက်လုပ်သွားတယ်။ windows နဲ့ တက်မယ်ဆိုရင် GRUB က windows boot loader ကို လွှဲပေးပြီး ဟိုက ဆက်လုပ်သွားတယ်။

    အခုဆို MBR မှာ နှစ်ခုရှိနေပြီ။ GRUB က အပေါ်က။ Windows boot loader က အောက်က။ GRUB က သူ့ကို ငုံထားတယ်။

    ဒီအချိန်မှာ တစ်ခုခုကြောင့် windows ပြန်တင်သည် ဖြစ်စေ၊ repair လုပ်သည်ဖြစ်စေ dual တင်ထားရာမှာ linux က ပျောက်သွားလိမ့်မယ်။ တကယ်တော့ Linux ပျောက်သွားတာ မဟုတ်ဘဲ Linux boot loader ပျောက်သွားပြီး linux ကို boot မလုပ်နိုင်တော့တာပါ။

    Windows ပြန်တင်လိုက်တော့ windows boot loader က MBR ကို ရောက်လာပြီး နဂိုရှိနေတဲ့ boot loader ကို overwritte လုပ်သွားပါတယ်။ GRUB က overwrite လုပ်ချင်းကို ခံလိုက်ရပါတယ်။ GRUB ပျက်သွားတော့ သူ ငုံထားတဲ့ အဟောင်း windows boot loader လည်း ပျက်သွားတာပေါ့။

    အမှန်က linux ပြုတ်သွားတာ မဟုတ်ပဲ GRUB က overwrite လုပ်ချင်း ခံရလို့ linux တက်မလာတာပါ။

    အဲမှာ ကျွန်တော်တို့က linux ကို repair ပြန်ပြန်လုပ်ခဲ့ပါတယ်။ repair လုပ်တော့ grub က ပြန်ရောက်လာပြီး linux ပြန်သုံးလို့ရသွားတာပေါ့။ တကယ်တော့ linux ကြီးတစ်ခုလုံးကို repair မလုပ်ဘဲ grub ကိုသာ repair/restore လုပ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ပိုမြန်တာပေါ့။

    ဘယ်လို လုပ်ကမလဲဆိုတာ ဒီမှာလေး ကြည့်ကြည့်ပါ။ နောက် GRUB restore/repair လို့ googling ရင်လည်း တွေ့ပါလိမ့်မယ်။

    ( ကျွန်တော်ကတော့ အရှည်ကြီးရေးလိုက်ပါပြီ။ အကုန်လုံးကတော့ ဒါတွေသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ မသိရသေးတဲ့သူတွေ ဖတ်မိရင် အဆင်ပြေအောင်ဆိုပြီး ရေးလိုက်ပါတယ်။ dual တင်ထားရာကနေ linux ကြီး ပျောက်ပျောက်သွားတာက ကြုံတတ်ကြတယ်လေ။ )
  • edited November 2008 Registered Users
    Thankssss You for answer or forum.
    I always have that cause. XP have been infect by several virus . :)
  • edited November 2008 Registered Users
    ဖြစ်နိုင်ရင် သေသေချာချာလေး ရှင်းပြပေးပါခင်ဗျာ...:77:
    ကျွန်တော်လိုက်လုပ်တာ အဆင်မပြေလို့....:106::106::o
  • edited November 2008 Registered Users
    yeman wrote: »
    ဖြစ်နိုင်ရင် သေသေချာချာလေး ရှင်းပြပေးပါခင်ဗျာ...:77:
    ကျွန်တော်လိုက်လုပ်တာ အဆင်မပြေလို့....:106::106::o

    ဟုတ်ကဲ့။ ဘယ်အဆင့်ရောက်သွားပြီလဲဗျ။ အခု Ubuntu ကြီး မတက်လာတော့ဘူးပဲဆိုကြပါစို့။

    အရင်ဆုံး Ubuntu အခွေထည့်လိုက်ပါ။ ပြီးရင် သူနဲ့ boot တက်လိုက်ပါ။ ဒါဆို အင်စတောမလား၊ ဘာလားဆိုပြီးမေးလိမ့်မယ်။ အဲမှာ enter မနှိပ်ဘဲ grub ဆိုပြီး ရိုက်လိုက်ပါ။ ( linux grub လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ F1 help မှာ တစ်ချက်ကြည့်။ ဒါမှ မဟုတ် F6 other options မှာ တစ်ချက်ကြည့်ပါ။ ) သူ့မှာ command ရိုက်လို့ရတယ်။

    ဘယ်လို ဆက်ပြောရမလဲမသိဘူး။ Screen Shots ဖမ်းပြီးပြမှ ပိုရှင်းမယ်ထင်တာပဲ။ :2:

    တစ်ချက်လေးတော့ try ကြည့်ပါနော်။ အဆင်ပြေပါလိမ့်မယ်ဗျ။ google မှာလည်း grub repair သို့ grub restore ဆိုပြီး ရှာကြည့်ရင်လည်း တွေ့ပါလိမ့်မယ်။ အသေးစိတ်ကို ရှင်းထားတာ။ သူ့ထဲက အတိုင်း တစ်ဆင့်ချင်းလိုက်လုပ်သွားရင် ရပါလိမ့်မယ်။

    နောက် ကလိရင်းနဲ့ Grub ကို အေးဆေးဖြစ်သွားပြီး သူ့ nature ကို နားလည်သွားလိမ့်မယ်ဗျ။ ကျွန်တော်လည်း ကလိတုန်း။ :D
  • edited November 2008 Registered Users
    အင်း သူကလဲ မှတ်စရာများသားနော် ။ :39:
  • edited November 2008 Registered Users
    opengun wrote: »

    အရင်ဆုံး Ubuntu အခွေထည့်လိုက်ပါ။ ပြီးရင် သူနဲ့ boot တက်လိုက်ပါ။ ဒါဆို အင်စတောမလား၊ ဘာလားဆိုပြီးမေးလိမ့်မယ်။ အဲမှာ enter မနှိပ်ဘဲ grub ဆိုပြီး ရိုက်လိုက်ပါ။ ( linux grub လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ F1 help မှာ တစ်ချက်ကြည့်။ ဒါမှ မဟုတ် F6 other options မှာ တစ်ချက်ကြည့်ပါ။ ) သူ့မှာ command ရိုက်လို့ရတယ်။:D

    အခု ကျွန်တော် ဖြစ်နေတာက CD ထည့်ပြီး boot တတ်လိုက်တယ် အကိုရာ....
    ပြီးတော့ အကိုပြောသလို အင်စတော လုပ်မလားမေးတယ်။ ကျွန်တော်က မလုပ်တော့ပဲ Esc နှိပ်လိုက်တယ်။ ပြီးတော့ command ရိုက်ရမဲ့ နေရာကို ရှာမတွေ့ဘူး။ အဲဒါနဲ့ ထင်ရာမြင်ရာ အောက်က ကာဆာ မှိတ်တုတ် မှိတ်တုန် ဖြစ်နေတဲ့ နေရာမှာ grub ဆိုပြီး ရိုက်ထည့်လိုက်တယ်။ ဘာမှ မထူးဘူး။ အင်စရော လုပ်တဲ့ နေရာပဲ ပြန်ရောက်သွားတယ်။ ကျွန်တော် ဘာဆက်လုပ်ရမှာလည်း။ ဒါမှ မဟုတ်။ command ကို ဘယ်နေရာမှာ သုံးရမှာလည်း။ အချိန်ရရင် အဲဒီဟာလေး နည်းနည်း ရှင်းပေးပါဦး အကိုရာ....
  • edited November 2008 Registered Users
    yeman wrote: »
    အခု ကျွန်တော် ဖြစ်နေတာက CD ထည့်ပြီး boot တတ်လိုက်တယ် အကိုရာ....
    ပြီးတော့ အကိုပြောသလို အင်စတော လုပ်မလားမေးတယ်။ ကျွန်တော်က မလုပ်တော့ပဲ Esc နှိပ်လိုက်တယ်။ ပြီးတော့ command ရိုက်ရမဲ့ နေရာကို ရှာမတွေ့ဘူး။ အဲဒါနဲ့ ထင်ရာမြင်ရာ အောက်က ကာဆာ မှိတ်တုတ် မှိတ်တုန် ဖြစ်နေတဲ့ နေရာမှာ grub ဆိုပြီး ရိုက်ထည့်လိုက်တယ်။ ဘာမှ မထူးဘူး။ အင်စရော လုပ်တဲ့ နေရာပဲ ပြန်ရောက်သွားတယ်။ ကျွန်တော် ဘာဆက်လုပ်ရမှာလည်း။ ဒါမှ မဟုတ်။ command ကို ဘယ်နေရာမှာ သုံးရမှာလည်း။ အချိန်ရရင် အဲဒီဟာလေး နည်းနည်း ရှင်းပေးပါဦး အကိုရာ....


    - boot with your Ubuntu CD
    - choose English Lauguage
    - click on "Try Ubuntu without any change to your computer" in Menu
    - get Ubuntu Desktop
    - open Terminal
    - wait !!!
    - IF you have Internet connection, open Firefox browser and see the following hyperlink and do it as guided
    - ELSE you write down the steps on the paper according to the following hyperlink
    http://ubuntuforums.org/showthread.php?t=224351
    

    Hope it's helpful to you!
  • edited November 2008 Registered Users
    box02 wrote: »
    -
    - click on "Try Ubuntu without any change to your computer" in Menu
    ကျွန်တော့ cd က install CD ပါ။
    Try Ubuntu without any change to your computer
    မပါဘူး။ ဒါကြောင့် terminal လည်းခေါ်လို့မရပါဘူး။ alternate cd မှရတယ်ဆို။
  • edited November 2008 Registered Users
    Ubuntu Live CD လေ။ Ubuntu CD က အင်စတောလည်း လုပ်လို့ရတယ်။ Live CD အနေနဲ့လည်း တက်လို့ရတယ်။

    အကို့ CD က Live မတက်ဘူးဆိုရင်လည်း Live CD တစ်ခုခုနဲ့ စမ်းလည်းရမယ်ထင်ပါတယ်။ Linux Live CD တစ်ခုခု ရှာကြည့်လိုက်ပါလား။ Koppnix။ Ubuntu 7.10, 8.04, 8.10 ။

    yeman wrote: »
    ကျွန်တော့ cd က install CD ပါ။
    Try Ubuntu without any change to your computer
    မပါဘူး။ ဒါကြောင့် terminal လည်းခေါ်လို့မရပါဘူး။ alternate cd မှရတယ်ဆို။
  • edited November 2008 Registered Users
    yeman wrote: »
    ကျွန်တော့ cd က install CD ပါ။
    Try Ubuntu without any change to your computer
    မပါဘူး။ ဒါကြောင့် terminal လည်းခေါ်လို့မရပါဘူး။ alternate cd မှရတယ်ဆို။

    BIOS setting မှာရော boot from CD Drive လို့ ပြောင်းထားတယ်နော်..
    boot from hard drive ဆိုရင်တော့ ubuntu cd ကနေ boot လုပ်မှာမဟုတ်ဘူး..
  • edited November 2008 Registered Users
    အင်း
    အခုတော့ အဲဒါပဲ ရှာရတော့မယ်။ အင်တာနက်ကနေ ဒေါင်းလော့ချဖို့ကလည်း မလွယ်တော့... :((
    Ubuntu ရေ...
    မင်းခဏ နားလိုက်ဦးကွာ....
Sign In or Register to comment.