မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Unicode ပြန်ပြင်လို့ ရ/မရလေးပါ

edited September 2008 in Other
အားလုံးပဲခင်ဗျာ..ထုံးစံအတိုင်းအကူအညီလိုအပ်လာပါပြီ။ စိတ်ဓါတ်လည်းကျလာပါပြီ။ ကိုယ်တိုင် မကျွမ်းကျင်လို့ပဲဖြစ်မှာပါဗျာ။ စကားပုလ္လင်ခံတာများသွားလို့တောင်းပန်ပါတယ်။
လိုရင်းက ဒီလိုဗျ...
Note Pad မှာ ZawGyi နဲ့ရိုက်ပြီး save လည်းလုပ်ရောအောက်မှာပါတဲ့ပုံအတိုင်း Dialog Box ကျလာတော့ ထုံးစံအတိုင်း Space Bar လေးနှိပ်ပေးလိုက်တာ ပြန်လည်းဖွင့်ရော အားလုံး Question Mark တွေဖြစ်ကုန်ရော.. ဘယ်လိုမှ ပြန်ပြင်လို့မရကြတော့ဘူးလားဗျာ :((။ အများကြီးပဲဗျရိုက်ထားတာ။ အကြံပေးကြပါဦးဗျာ။ စောင့်နေမယ်နော်။
snake.JPG
လေးစားစွာဖြင့်
NooR

မှတ်ချက်များ

  • edited September 2008
    အဲဒီလိုဆိုရင် Save လုပ်တဲ့ အခါ UTF-8 ကို ပြောင်းပြီး Save ကြည့်ပါလားဗျ
  • edited September 2008 Registered Users
    phpcrazy wrote: »
    အဲဒီလိုဆိုရင် Save လုပ်တဲ့ အခါ UTF-8 ကို ပြောင်းပြီး Save ကြည့်ပါလားဗျ
    စစချင်းတုန်းကဆိုရင်တော့ဟုတ်တာပေါ့။ အခု Question Mark တွေပေါ်ပြီးမှ အဲ့ဒီစာတွေပြန်လိုချင်တာ ဘယ်လိုလုပ်ရမလဲလို့မေးနေတဲ့ဟာကို....ငိုချင်လာပြီးနော်။
  • edited September 2008
    အဲဒီလိုဆိုရင်ဗျာ အကုန်ကော်ပီကူးပြီး Web Text Editor မှာ Paste လုပ်ကြည့်ရင်ကောဗျာ ... ခက်တာက Web Text Editor က ဘယ်ပျောက်နေမှန်းမသိ ... ဒါမှ မဟုတ် ဒီဖိုရမ်က Text Editor ထဲ ကူးထည့်ကြည့်ရင်ကောဗျာ ...
  • edited September 2008 Registered Users
    http://burglish.googlepages.com/testarea.htm
    
    ဒီလင့် လေးမှာ သွားပြီး paste လုပ်ကြည့်လိုက်ပါခင်ဗျား။
  • edited September 2008 Registered Users
    ကျွန်တော်ကူးထည့်ကြည့်ပြီးပြီဗျ။ အဲ့လိုတွေချည်းပဲပေါ်နေတယ်။
  • edited September 2008
    noor wrote: »
    ကျွန်တော်ကူးထည့်ကြည့်ပြီးပြီဗျ။ အဲ့လိုတွေချည်းပဲပေါ်နေတယ်။
    အဲဒါဆိုရင်တော့ ပြန်ရိုက်မှ ရတော့မယ်ထင်တယ် ... ဟီးဟီး :d
  • edited September 2008 Registered Users
    http://burglish.googlepages.com/testarea.htm
    
    ဒီလင့် လေးမှာ သွားပြီး paste လုပ်ကြည့်လိုက်ပါခင်ဗျား။
    ကိုတက်လူရေ...
    ကျွန်တော်ကူးထည့်ကြည့်ပြီးပြီဗျ။ အဲ့လိုတွေချည်းပဲပေါ်နေတယ်။
    phpCrazy ပြောသလိုပြန်ရိုက်ရတော့မယ်နဲ့တူတယ်ဗျာ။ ရက်စက်လိုက်တာ...ZawGyi ရယ်...
  • edited September 2008
    ဇော်ဂျီက ရက်စက်တာမဟုတ်ဘူးဗျ ... Note Pad မှာ သွားရိုက်တာ ကိုယ့်အမှားပဲ ... :D:D
    Word မှာ ရိုက်လိုက် ပြီးရော ... :P
  • edited September 2008 Registered Users
    အကိုတို့အပြစ်ပြောလည်းခံရမှာပဲ စ ကတည်းကပြောပြီးပြီနော်။ ကျွန်တော် မကျွမ်းကျင်ပါဘူးလို့။ အပြစ်မတင်ကြပါနဲ့တော့ဗျာ။ ရိုက်တုန်းက MS Word မှာရိုက်တာပဲ။ ပါဉ်စင့် ရိုက်လို့အဆင်မပြေတာနဲ့ Note Pad မှာရေးလိုက်တာပါ။ MS Word မှာ ပါဉ်စင့် ရိုက်လို့မရဘူးဗျ။ ကျွန်တော့စက်ကြောင့်ထင်ပါတယ်။ အခုလို့ပြန်လည်အကြံပေးကြတဲ့အတွက်ကျေးဇူးပါဗျာ။ ဒါပေမယ့် ပြန်ရိုက်ရတော့မယ်။ “မလိမ္မာ နှစ်ခါမော” ဆိုတာ ဒါနဲ့တူတယ်နော်။
    NooR
  • edited September 2008
    ဟဲဟဲ ကျွန်တော်လည်း ခံရဖူးပါတယ်ဗျာ ...
Sign In or Register to comment.