မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ZawGyi Font နှင့် Arial Font သတိထားစရာ.....

edited September 2008 in Other
အားလုံးပဲခင်ဗျာ
သိပြီးသူများအတွက် တော့မရည်ရွယ်ပါဘူးခင်ဗျာ။
မိတ်ဆွေတစ်ယောက် ဇော်ဂျီဖောင့်မမြင်ရလို့ဆိုပြီး။ မည်သည့် version မှန်းမသိ၊ မည့်သို့မည်ပုံ Install လုပ်လိုက်မှန်းမသိပဲ Install လုပ်လိုက်ပါတယ်။ ဇော်ဂျီဖောင့်များလည်း ဖတ်လို့ရသွားပါသည်။ သို့သော်.......
သူရိုက်ထားတဲ့ Excel, word များ အထူးသဖြင့် Arial Font ဖြင့် ရိုက်ထားသော စာရွက်များ Format တွေအကုန်ပြောင်းကုန်ပါသည်။ တစ်ရွက်၊ နှစ်ရွက်ရိုက်ထားသူများအနေနှင့် မသိသာ/ပြင်ရန် လွယ်ကူခဲ့ပေမယ့် သူရိုက်ထားတာက တစ်ဖိုင်လ် လျှင် အရွက်(၂၀)အနည်းဆုံးရှိပြီး Folder တစ်ခုမှာ ဖိုင်အနည်းဆုံး ၄၀/၄၅ ဖိုင်လောက်ရှိပြီး Folder တွေအများကြီးပဲဗျာ။ သူဖာသာသူပြန်ပြင်ဖို့ အဆင်မပြေတော့ပဲ ဇော်ဂျီကိုပြန်ဖြုတ်ချပေမယ့်လည်း မရတော့ပါဘူး။ အခုတော့ ပြေလည်သွားပါတယ်။ သတိထားရအောင်လို့ပါ။ ဖြစ်လာခဲ့ရင်လည်း အဆင်ပြေမယ့်နည်းလမ်းရှိပါတယ်ဆိုတဲ့အကြောင်းလေး မသိသူများကိုသိစေချင်လို့ပါခင်ဗျာ။
ပြောင်းသွားပုံက ဒီလိုဗျ...
ArialZawGyi.jpg
Arial font မှာ အဲ့ဒီလိုကြီးသွားပေါ်တာ။
အဲ့ဒီတော့ တခြားစက်က Arial Font ကို ကော်ပီကူး။ ဒါပေမယ့် ကူးမယ့်စက်က Arial Font ကိုလည်း ဖွင့်ကြည့်ဦးနော်။ အပေါ်ကလိုမျိုးဖြစ်နေလားဆိုတာ။ မဖြစ်ဘူး ပုံမှန်ပဲဆိုရင် ပြသနာရှာနေတဲ့ Arial Font ထဲကို Overwrite လုပ်လိုက်ပါ။ ဇော်ဂျီဖောင့်လည်း ဖတ်လို့ရသွားတယ်။ Arial font နဲ့ ရိုက်ထားတာတွေလည်း Format ပြန်မှန်သွားပါတယ်။ သတိထားကြပါလို့။ ဆရာကြီးလုပ်တာမဟုတ်ပါ။ ဗဟုသုတအနေနဲ့ပါ။
အားလုံးကိုခင်မင်လေးစားလျက်ပါ
NooR

မှတ်ချက်များ

  • edited September 2008 Registered Users
    noor wrote: »

    တခြားစက်က arial font ကို ကော်ပီကူး။ ဒါပေမယ့် ကူးမယ့်စက်က arial font ကိုလည်း ဖွင့်ကြည့်ဦးနော်။ အပေါ်ကလိုမျိုးဖြစ်နေလားဆိုတာ။ မဖြစ်ဘူး ပုံမှန်ပဲဆိုရင် ပြသနာရှာနေတဲ့ arial font ထဲကို overwrite လုပ်လိုက်ပါ။ ဇော်ဂျီဖောင့်လည်း ဖတ်လို့ရသွားတယ်။ arial font နဲ့ ရိုက်ထားတာတွေလည်း format ပြန်မှန်သွားပါတယ်။ သတိထားကြပါလို့။ ဆရာကြီးလုပ်တာမဟုတ်ပါ။ ဗဟုသုတအနေနဲ့ပါ။
    အားလုံးကိုခင်မင်လေးစားလျက်ပါ
    noor

    ဟုတ်ကဲ့ ...ကျေးဇူးတင်ပါတယ်ဗျာ..
    မဖြစ်ဖူးသေးပေမဲ့..ဗဟုသုတရပါတယ်ဗျာ..နောက် ဖြစ်လာခဲ့ရင်လည်း...ဘယ်လိုလုပ်ရမယ်ဆိုတာ
    သိသွားတာပေါ့....ဘယ်သူကမှ ဆရာကြီးလုပ်တယ်လို့ထင်မှာမဟုတ်ပါဘူး...
    ခင်မင်လေးစားလျှက်..
Sign In or Register to comment.