မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဘယ်လိုက်ရမှန်း မသိလို့ပါ

edited August 2008 in Other
ကျွန်တော် ၂၀၀၅ လောက်ထဲက programming, web နဲ့ အဆက်ပြတ်နေတာဗျ။ သီချင်းတွေရေး၊ ကွန်ပျူတာနဲ့တီး၊ အဲလို ယောင်လည်ယောင်လည်နဲ့ အဆက်ပြတ်နေတာ ခုထိပဲ ဆိုပါတော့။ အင်တာနက် ပြန်သုံးဖြစ်တော့လည်း pdfchm, rapidshare account တွေရဲ့ ကောင်းမှုကြောင့် မြင်မြင်သမျှ ဒေါင်းလုပ်ချ၊ ပြီးတော့လည်း မဖတ်ဖြစ်၊ မစမ်းဖြစ်။ backup CD/DVD တွေတိုးလာတာပဲ အဖတ်တင်တယ်။

ခုမှ အပြင်လဲထွက်တော့မှာဆိုတော့ မသွားခင် programming or web tech ထဲက တစ်ခုခု လောက်ကို သေသေချာချာလေး ကြိုပြီး လေ့လာသွားချင်တာနဲ့ web ပေါ်တက်ကြည့်လိုက်တော့ ရွေးစရာတွေက အများကြီး၊ လိုက်ဖတ်ရတာလည်း ခေါင်းမူးလှပြီ....

အဲဒါ ရှေ့ရှောက် ဘာတွေ popular ဖြစ်လာနိုင်တယ်၊ ဘယ်နိုင်ငံမှာတော့ ဘာအသုံးများတယ်၊ ဘယ်အလုပ် ပေါတယ် စသည်ဖြင့်... ပြီးတော့ ကျွန်တော် language တစ်ခုခုကို သတ်သတ်မှတ်မှတ် လေ့လာချင်ပါတယ်... language တစ်ခုခုနဲ့ သူနဲ့ သက်ဆိုင်တဲ့ beginer စာအုပ်လေးတွေ လမ်းညွန်ပေးပါလို့ MZ က ကိုကို၊ မမ တို့ ကို တောင်းဆိုချင်ပါတယ်။ :D

မှတ်ချက်များ

  • edited August 2008 Registered Users
    ကျွန်တော် က ကျတော့ ယောင်ခြောက်ဆယ် ..... ဘယ်စာမေးပွဲမှ ပြီးအောင်မဖြေဖြစ်ဘူး ..... ကျွန်တော်ကောင်မလေးပြောသလို ...... လုပ်နေလုပ် အခြေခံကနေပြီးတက်တော့မှာကို မဟုတ်ဘူးတဲ့ ( အားပေးတာ ) အဲလိုပဲ လုပ်မဲ့လုပ်တော့ဗျာ အဆင့်မြင့်သာတမ်းလုပ်း ( မြှောက်ပေးခြင်းဖြစ်သည် ) ......
  • edited August 2008 Administrators
    http://www.mysteryzillion.org/forums/showthread.php?t=267
    အဲဒါလေးကို ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဘာဝါသနာပါလဲ။ ဘာလုပ်ချင်လဲ။ ဘာဖြစ်ချင်လဲ။ အဲဒီအချက်က အရေးပါတယ်။ မြေကြီးမှာ စိုက်လို့မရတဲ့ အပင်ဆိုတာ မရှိပါဘူး။ ကန္တာရထဲမှာတောင် အပင်ပေါက်နေသေးတာပဲဗျာ။ ကိုယ်နဲ့ သင့်တော်ရာမှာ ကိုယ်ကြီးပွားသွားမှာပါ။ အားမလျော့ဖို့ပဲလိုတာပါ။
  • edited August 2008 Administrators
    Open Source သမားက က Open Source ရဲ့ ကောင်းကြောင်း ပြောမှာပဲ Close Source ကလဲ Close Source ကောင်းကြောင်းပြောမှာပဲလေ။ ဒီတော့ တစ်ယောက်မေးရင် တစ်ခု နဲ့ လိုက်ရခက်လာမှာပဲ။ ကျွန်တော်ကတော့ ကိုစိတ်ဝင်စားရာ သန်ရာကိုပဲ လုပ်ဖို့ အားပေးလိုတယ်။ အလုပ်အားလုံးနည်းပါးကတော့ ကောင်းတယ် နေရာတွေလည်းရှိနေတာပဲ။ ကိုလုပ်တဲ့ အလုပ်မှာ ကြာကြာလုပ်နိုင်ဖို့ဆိုတာကတော့ စိတ်ဝင်စားမှုပါပဲ။ အဲ့တော့ စိတ်ဝင်စားတဲ့ အလုပ်မှာသာ ရင်းလိုက်ပါဗျာ

    စည်သူအောင်(MZ)
Sign In or Register to comment.