မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

စာသင်ကြမလား

edited September 2009 in Idea
သယ်ရင်းတို့ရေ ... ကျွန်တော် computer__Crazy ရဲ့ HTML သင်ခန်းစာလေး ဖတ်ကြည့်နေရင်း စိတ်ကူးရသွားတာက အဲဒီလိုမျိုးလေး MZ မှာ စာသင်ခန်းလေး ဖွင့်ရင်ကောင်းမလားလို့။ သဘောတူ စိတ်၀င်စားရင် Category တစ်ခုဖွင့်ပြီး ဘာသာရပ် တစ်ခုစီကို Thread တစ်ခုစီနဲ့ ဦးဆောင် သင်နိုင်မည့်လူကသာ Thread အသစ်ဖွင့်ပြီး သင်ကြမလားလို့၊ ကိုစီခရေဇီက HTML စထားပြီဆိုတော့ သူ့ thread တွေကို HTML ခေါင်းစဉ်နဲ့ ဖွင့်လိုက်မယ်၊ နောက်ပိုင်း ရတဲ့ အချိန်လေးမှာ ကိုယ့်အားတဲ့ အချိန်လေးတွေကို မြန်မာပြည်မှ လူများ ကွန်ပျူတာရှိရင် စာသင်လို့ရတယ် ဆိုတဲ့ ပုံစံလေး လုပ်ခြင်လို့ပါ။

ဆိုင်မှာ တစ်နာရီ ၅၀၀ နဲ့လာသုံးပြီး တစ်နာရီအတွင်းမှာ သင်ခန်းစာများ လေ့လာမယ် နောက် အိမ်မှာ ဆက်လေ့လာဖို့ ကူးသွားမယ်၊ အိမ်ရောက်မှ ပြန်ဖတ်ပြီး လေ့ကျင့်မယ် မကောင်းဘူးလား၊ ချက်တင်းမှာ ကုန်မည့် အချိန်တွေကို သင်ခန်းစာများနဲ့ အစားထိုးမယ်ဗျာ။

နောက်တစ်ခုက MZ မှာ အမေးအဖြေများ သက်သက်ကနေ နောက်ခြေတလှမ်းအနေနဲ့ စာသင်ကြမယ်ဗျာ..။

ဘယ်သူ့ကိုမှာတော့ အတင်းကြီး တာ၀န်ယူရမယ်လို့ မပြောချင်ပါဘူး၊ ၀ါသနာပါရင် အနစ်နာခံနိုင်ရင် (ဖင်ပူမယ်၊ လက်ညောင်းမယ်၊ အိပ်ရေးပျက်မယ်) တတ်နိုင်သလောက်လေး ပါ၀င်ပေးပါလို့။

ဒီနေရာမှာ ဦးဆောင်သင်နိုင်မယ်သူ(သဘောက သင်ခန်းစာ အပြီးအထိ သင်ပေးနိုင်မည့်သူများသာ၊ တ၀က်လောက်နဲ့ ရပ်နေမှာစိုးလို့၊ အချိန်ကတော့ ဖြေးဖြေးချင်းသင်သွားလဲရပါတယ်၊ အနဲဆုံး တပါတ်ကို သင်ခန်းစာ တစ်ခုတော့ တင်ပေါ့လေ၊ ကိုစီခရေဇီတောင် ဖြေးဖြေးချင်းသွားနေတာ) ကိုသာ thread စစေခြင်တာက သူလဲသင်မယ် ငါလဲသင်မယ်ဆိုပြီး Thread တွေပွလာမှာ စိုးလို့ပါ။ ဦးဆောင်သင်နေသူရဲ့ သင်ခန်းစာထဲမှာ ထပ်မံ ဖြည့်စွက်ခြင်တာလေးများကိုတော့ ပုံမှန် ဖိုရမ်မှာ ဆွေးနွေးသလို ၀င်ရေးသွားပေါ့။ ဥပမာ၊ ၊ ကိုစီခရေဇီစထားတဲ့ HTML မှာ ငါလဲ သိတာလေး၀င်ပြောမယ် ဆိုရင် ဆွေးနွေးသလို ၀င်ပြောသွားလို့ရပါတယ်။ သူသင်နေတာဘဲလေဆိုပြီး ငြိမ်မနေပါနဲ့၊ ၀င်ပြီး ကိုယ်သိတာလေးတွေ ထပ်မံ ဖြည့်သွားလို့ရပါတယ်။

အသေးစိတ်ကိုတော့ ဘယ်လောက်စိတ်၀င်စားကြလဲ အက်ဒမင်အဖွဲ့က ဘာပြောမလဲ စောင့်ကြည့်ကြတာပေါ့ ..။

(ပညာ ဒါန ပြုကြရအောင်ဗျာနော် ... ဆရာတို့ :D)
«13

မှတ်ချက်များ

  • edited July 2008 Moderators
    သင်ခန်းစာ သင်ကြားမှုကို ကြိုဆိုပါတယ်..ဗျာ...လေ့လာလိုပါတယ်.. ကျေးဇူးတင်လျက်
  • edited July 2008
    ဟိုးအရင်ကတည်းက ကိုစေတန်နဲ့ ကျွန်တော် လုပ်ဖို့ စီစဉ်ကြပါသေးတယ် ... အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာ ...
  • edited July 2008 Registered Users
    C_crazy ကို အားကျပြီး Ruby နဲ့ Ruby On Rails ကို သင်ခန်းစာလေးရေးဖို့
    ကြံစည်နေတာ၊ ကိုယ်ကလုပ်ပဲလုပ်တတ်ပြီး၊ စာရေးမကောင်းတော့ ခက်နေတယ်ဗျာ။
    ပြီးတော့ သင်ခန်းစာရေးရင်၊ ကဘောက်တိ ကဘောက်ချာ သိသမျှ ရှောက်ရေးမှာထက်
    Plan လေးနဲ့ ဘာပြီးရင်ဘာ၊ Theory ဖတ်ပြီးရင် စမ်းကြည့်ရမယ့် Tutorial တွေကဘာတွေ
    ဆိုတာမျိုးစဉ်းစားထားမှသာ ဦးတည်ချက်လေးလဲရှိ၊ ဖတ်မယ့်လူတွေလည်း စမ်းတ၀ါး၀ါး မဖြစ်တော့
    ဘူးပေါ့။ Post ကို်လည်း C_Crazy လိုု တိုတိုလိုရင်းလေးဖြစ်အောင် (ဥပမာ သုံးမိနစ် ဖတ်စာ၊ ၅ မိနစ်ဖတ်စာ)
    သတ်မှတ်ရေးနိုင်အောင် ကြိုးစားရေးဖို့ အကြံရှိပါတယ်။ လက်ကမရောက်ဘူးဗျာ။
  • edited July 2008 Registered Users
    MrDBA wrote: »
    သယ်ရင်းတို့ရေ ... ကျွန်တော် computer__Crazy ရဲ့ HTML သင်ခန်းစာလေး ဖတ်ကြည့်နေရင်း စိတ်ကူးရသွားတာက အဲဒီလိုမျိုးလေး MZ မှာ စာသင်ခန်းလေး ဖွင့်ရင်ကောင်းမလားလို့။ သဘောတူ စိတ်၀င်စားရင် Category တစ်ခုဖွင့်ပြီး ဘာသာရပ် တစ်ခုစီကို Thread တစ်ခုစီနဲ့ ဦးဆောင် သင်နိုင်မည့်လူကသာ Thread အသစ်ဖွင့်ပြီး သင်ကြမလားလို့၊ ကိုစီခရေဇီက HTML စထားပြီဆိုတော့ သူ့ thread တွေကို HTML ခေါင်းစဉ်နဲ့ ဖွင့်လိုက်မယ်၊ နောက်ပိုင်း ရတဲ့ အချိန်လေးမှာ ကိုယ့်အားတဲ့ အချိန်လေးတွေကို မြန်မာပြည်မှ လူများ ကွန်ပျူတာရှိရင် စာသင်လို့ရတယ် ဆိုတဲ့ ပုံစံလေး လုပ်ခြင်လို့ပါ။

    ဆိုင်မှာ တစ်နာရီ ၅၀၀ နဲ့လာသုံးပြီး တစ်နာရီအတွင်းမှာ သင်ခန်းစာများ လေ့လာမယ် နောက် အိမ်မှာ ဆက်လေ့လာဖို့ ကူးသွားမယ်၊ အိမ်ရောက်မှ ပြန်ဖတ်ပြီး လေ့ကျင့်မယ် မကောင်းဘူးလား၊ ချက်တင်းမှာ ကုန်မည့် အချိန်တွေကို သင်ခန်းစာများနဲ့ အစားထိုးမယ်ဗျာ။

    နောက်တစ်ခုက MZ မှာ အမေးအဖြေများ သက်သက်ကနေ နောက်ခြေတလှမ်းအနေနဲ့ စာသင်ကြမယ်ဗျာ..။

    ဘယ်သူ့ကိုမှာတော့ အတင်းကြီး တာ၀န်ယူရမယ်လို့ မပြောချင်ပါဘူး၊ ၀ါသနာပါရင် အနစ်နာခံနိုင်ရင် (ဖင်ပူမယ်၊ လက်ညောင်းမယ်၊ အိပ်ရေးပျက်မယ်) တတ်နိုင်သလောက်လေး ပါ၀င်ပေးပါလို့။

    ဒီနေရာမှာ ဦးဆောင်သင်နိုင်မယ်သူ(သဘောက သင်ခန်းစာ အပြီးအထိ သင်ပေးနိုင်မည့်သူများသာ၊ တ၀က်လောက်နဲ့ ရပ်နေမှာစိုးလို့၊ အချိန်ကတော့ ဖြေးဖြေးချင်းသင်သွားလဲရပါတယ်၊ အနဲဆုံး တပါတ်ကို သင်ခန်းစာ တစ်ခုတော့ တင်ပေါ့လေ၊ ကိုစီခရေဇီတောင် ဖြေးဖြေးချင်းသွားနေတာ) ကိုသာ thread စစေခြင်တာက သူလဲသင်မယ် ငါလဲသင်မယ်ဆိုပြီး Thread တွေပွလာမှာ စိုးလို့ပါ။ ဦးဆောင်သင်နေသူရဲ့ သင်ခန်းစာထဲမှာ ထပ်မံ ဖြည့်စွက်ခြင်တာလေးများကိုတော့ ပုံမှန် ဖိုရမ်မှာ ဆွေးနွေးသလို ၀င်ရေးသွားပေါ့။ ဥပမာ၊ ၊ ကိုစီခရေဇီစထားတဲ့ HTML မှာ ငါလဲ သိတာလေး၀င်ပြောမယ် ဆိုရင် ဆွေးနွေးသလို ၀င်ပြောသွားလို့ရပါတယ်။ သူသင်နေတာဘဲလေဆိုပြီး ငြိမ်မနေပါနဲ့၊ ၀င်ပြီး ကိုယ်သိတာလေးတွေ ထပ်မံ ဖြည့်သွားလို့ရပါတယ်။

    အသေးစိတ်ကိုတော့ ဘယ်လောက်စိတ်၀င်စားကြလဲ အက်ဒမင်အဖွဲ့က ဘာပြောမလဲ စောင့်ကြည့်ကြတာပေါ့ ..။

    (ပညာ ဒါန ပြုကြရအောင်ဗျာနော် ... ဆရာတို့ :D)

    ဟားဘယ့်နှယ့်ပြောပါလိမ့်ဂျာ။ အချိုရှာ သကာတွေ့ ဆိုသလို သင်တန်းကြေး ၁ သိန်း အလကားမကုန်တော့ဘူးဆိုတော့ ၀မ်းသာအားရကို ထောက်ခံပါတယ်ခင်ညာ။ :41: :41: :41: :41: :41:
    ဒါပေမယ့် အကြံလေးတစ်ခုပေးချင်တယ်။ အလျှင်စလို မစပါနဲ့ခင်ညာ။ အကောင်းဆုံးဖြစ်အောင်သေသေချာချာ အစီအစဉ် ဆွဲပြီးမှ စသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လုံး၀နားမလည်တဲ့ အခြေခံမရှိသေးတဲ့လူတွေ၊ စိတ်၀င်စားတယ် ဘယ်ကစရမှန်းမသိတဲ့သူတွေ ကိုစွဲဆောင်နိုင်တဲ့ အနေအထားကစသင့်တယ် ထင်တာပဲ။ ဒီမှ လူတိုင်း စနစ်တကျတတ်တဲ့သူပဲဖြစ်ဖြစ် စနစ်တကျမတတ်တဲ့သူပဲဖြစ်ဖြစ် အစကနေ အသေးစိတ် လေ့လာနိုင်မှာပေါ့။ ကျနော်တို့ Mz က arrangement လုပ်ထားတဲ့စာတွေသာ သင်တန်းတွေထက်မနိမ့်ဘူးဆိုရင် လုံး၀နားမလည်တဲ့သူတွေ စိတ်၀င်စားလာမယ်။ သင်တန်းသာတက်ပြီး သိပ်နားမလည်တဲ့သူတွေ ကျွမ်းကျင်လာမယ်။ ကျွမ်းကျင်တဲ့သူတွေလဲ မှီငြမ်းလို့ရမယ် ဆိုရင်...................... Mz ဟာ.......... ခက်တယ်ဂျာ... Connection ကမကောင်းဘူးဂျ။ :2: သေမှာပဲ။ အေးလေ... ဘာပဲဖြစ်ဖြစ် ကောင်းတာမကောင်းတာ ကိုယ်နဲ့မှ မဆိုင်တာ ကိုယ်လုပ်စရာရှိတာတော့ ကိုယ့်တတ်နိုင်သလောက်လုပ်ရမှာပေါ့ နော။ သင်တန်းသားမရှိမှာတော့စိတ်မပူနဲ့ ကျနော်တစ်ယောက်တော့ အာမခံတယ် Attendence ပြည့်စေရမယ်။ ဟီး
  • edited July 2008 Registered Users, Moderators
    အစီအစဉ်လေးကောင်းတယ်ကိုဒီဘီကြီးရေ။ ကိုဘီဟုတ်ကြီးပြောတာဟုတ်တယ်ဗျ။ ဘာမှမသိတဲ့သူတွေလဲသင်ကြားထားတဲ့သင်ခန်းစာကို နားလည်အောင်ဟိုအောက်ဆုံးအခြေခံကနေစသင်ကြားပေးစေချင်ပါတယ်။ ကျွန်တော်ကတော့သူများဦးဆောင်ထားတဲ့သင်ခန်းစာတွေကိုသိသလောက်ဝင်ဖောသွားပါမယ် :d ။
  • edited July 2008 Administrators
    ကျွန်တော်နဲ့ ကိုပီဇီ ဟိုးအရင်ကတည်းက ကြံစည်ထားတာပါ။ ဒါပေမယ့် အထမမြောက်ဘူးဗျ။ ဘာဖြစ်လို့ မမြောက်သလဲဆို ဘယ်လိုလုပ်ရင်ကောင်းမလဲမသိတာရင် ကိုယ်တိုင် အားလပ်ချိန်နည်းတာရယ်ကြောင့်ပါ။ forum မှာပဲ တင်မလား... ဒါမှမဟုတ် တခြား software တစ်ခုခုသုံးပြီးတင်မလားဆိုတာ ပြသနာတစ်ရပ်လိုဖြစ်ပြီး မလုပ်ဖြစ်ဘူး။ တကယ်လို့ တာဝန်ယူနိုင်မယ့်လူရှိရင် စမယ်။

    အောက်ပါ course အတွက် ဆရာ ၊ ဆရာမ များလိုအပ်သည်

    Basic Website Course

    HTML ( CCrazy သင်ကြားနိုင်မည် )
    CSS ( CCrazy သင်ကြားနိုင်မည် )

    Advance Website (Basic Course ကို ပြီးမှ တက်ရောက်နိုင်မည်)

    Dreamweaver ( ? )
    Flash ( ? )
    Photoshop ( ? )
    Webtools & General Knowledge ( saturngod သင်ကြားနိုင်မည် )

    Web programming ( Programming အခြေခံ ရှိရမည် )

    Ruby on rails course ( ကိုသာသာ သင်နိုင်မည် )
    ASP.NET course ( VB.NET or C# ) ( ? )
    PHP course ( saturngod သင်ကြားနိုင်မည် )

    Basic Programming Course

    Pseudo , Flow Chart ( ? )
    C++ Basic ( ? )
    Java Basic ( ? )
    VB.NET Basic ( ? )
    C# Basic (? )
    Advance Programming ( Basic Programming Course ပြီးသူ တက်ရောက်နိုင်မည် )

    VB.NET Advance Course ( ? )
    C# Advanced Course ( ? )
    Java Advanced Course ( ? )

    ံHacker Course

    Mark နှင့် Tweety တို့ သင်နိုင်လျှင် အဲဒီ course ဖွင့်မည် :P

    ( ? ) သည် မည်သူ သင်ကြားနိုင်မည်ကို လျှောက်ထားရန်ဖြစ်သည်။ ယခု လျာထားသော ဆရာ ရာထူးအား မကြိုက်ပါက ပြင်နိုင်သည်။ :6:
    ဆရာ ဆရာမ များသည် အသေမဟုတ်ပေ။ ကြိုက်တဲ့လူ ဝင်သင်မည် ဖြစ်သည် ။ :D

    ဆရာဆရာမ အင်တာဗျူးအား ကိုပီဇီ နှင့် ကိုဝင်းဦး ခေါ် ကို DBA ဗျုးမည်။ :D
  • edited July 2008 Administrators
    မင်္ဂလာသတင်းပါပဲဗျာ... ၀မ်းသာပါတယ် ... ကြီုဆိုပါတယ်... ဒီအစီအစဉ်ကို။
  • edited July 2008 Administrators
    Forum တွင် thread အသစ်ဖြင့် သင်မှာလား ? ဒါမှမဟုတ် wordpress blog တစ်ခုလုပ်ပြီး school.mysteryzillion.com နဲ့ သင်မလား ?
  • edited July 2008 Registered Users
    ပြောစရာမရှိဘူးဗျာ။ လွှတ်ကောင်းပဲ ဟီဟီး :d :d :d
  • edited July 2008 Registered Users, Moderators
    saturngod wrote: »
    forum တွင် Thread အသစ်ဖြင့် သင်မှာလား ? ဒါမှမဟုတ် Wordpress Blog တစ်ခုလုပ်ပြီး School.mysteryzillion.com နဲ့ သင်မလား ?
    :65: မင်းကြိုက်သလိုသာလုပ်လိုက်ပါတော့ ငါ့ဘဝကမင်းရဲ့လက်ထဲမှာ :65:
  • edited July 2008 Administrators
    saturngod wrote: »
    Forum တွင် thread အသစ်ဖြင့် သင်မှာလား ? ဒါမှမဟုတ် wordpress blog တစ်ခုလုပ်ပြီး school.mysteryzillion.com နဲ့ သင်မလား ?

    ဖိုရမ်ထဲမှာ သင်မှ သူသူ ငါငါ ၀င်ရေးလို့ရမယ်ထင်တယ် blog ဆိုရင် comment မှာဘဲ ရေးလို့ရမယ် သူများက၊ အစတော့ ဒီထဲမှာဘဲ စတာပေါ့၊ နောက် MIT ကျောင်းလောက် ကြီးထွားလာရင် (:P) blog သတ်သတ် လုပ်ချင် လုပ်တာပေါ့
  • edited July 2008 Registered Users
    အရမ်းကောင်းတဲ့ စိတ်ကူးပါဗျား ။ စောင့်မျှော်လျှက်ပါ ။
  • edited July 2008 Administrators
    saturngod wrote: »

    Basic Programming Course

    Pseudo , Flow Chart ( ? )
    ကျွန်တော် ကြိုးစားကြည့်မယ်။ ကျွန်တော့်မှာ စာအုပ်ကောင်းကောင်း ရထားတယ်။

    Web programming ( Programming အခြေခံ ရှိရမည် )
    ASP.NET course ( VB.NET or C# ) ( ? )

    Advance Programming ( Basic Programming Course ပြီးသူ တက်ရောက်နိုင်မည် )

    VB.NET Advance Course ( ? )

    ကျွန်တော့် ဘော်ဘော် dotnetCrazy ကို ပြောပေးမယ်

    ံHacker Course

    Mark နှင့် Tweety တို့ သင်နိုင်လျှင် အဲဒီ course ဖွင့်မည် :P
    ဒါကတော့ ငြင်းစရာ မရှိပါဘူး။
    ဆရာ ဆရာမ များသည် အသေမဟုတ်ပေ။
    သေမှတော့ သင်ရမလားဟ :14:
    ဆရာဆရာမ အင်တာဗျူးအား ကိုပီဇီ နှင့် ကိုဝင်းဦး ခေါ် ကို DBA ဗျုးမည်။ :D
    အင်တာဗျူကို စင်ကာပူတွင် တလှည့် ရန်ကုန်တွင် တလှည့် လုပ်မည်။ :D

    Database course လေး မထည့်တော့ဘူးလား Basic, Advance
  • edited July 2008 Registered Users
    saturngod wrote: »
    Forum တွင် thread အသစ်ဖြင့် သင်မှာလား ? ဒါမှမဟုတ် wordpress blog တစ်ခုလုပ်ပြီး school.mysteryzillion.com နဲ့ သင်မလား ?

    ဒီ Forum မှာပဲ သီးသန့် Thread အသစ်နဲ့ သင်တာပို အဆင်ပြေမလားလို့။ ဒါမှ တခြားကိစ္စနဲ့လာတဲ့လူတွေလဲ ဒါကိုလိုအပ်ရင်လေ့လာသွားလို့ရတာပေါ့။ ကျနော်ကဘယ်မှာသင်သင်အဆင်ပြေပါတယ်။ တခြားနားလည်ပြီးသား ကျွမ်းကျင်ပြီးသား လူတွေပါ လေ့လာလို့ရစေချင်တဲ့ဆန္ဒနဲ့ပါ ခင်ဗျာ။
  • edited July 2008 Administrators
    အသေမဟုတ်ဆိုသည်မှာ အရှင်ဖြစ်ခြင်းဖြစ်သည်။
    အရှင်သည် လူရှင်ဖြစ်သည်။ :P

    ကြိုက်တဲ့ ဆရာဆရာမ ဝင်သင်မယ်လို့ပြောတာ နည်းနည်းလွဲသွားတယ်... :D

    Database Course ကို DBA ရေးဆွဲပါ။ ကျွန်တော်က သိဘူး။
  • edited July 2008 Administrators
    OK ဗျာ။ စာသင်ခန်း Thread စလိုက်မယ်။
  • edited July 2008 Registered Users
    saturngod wrote: »
    ok ဗျာ။ စာသင်ခန်း Thread စလိုက်မယ်။
    good.......... :6::6::6:
    ဘယ်တော့စမှာလဲဟင်...ဘယ်အတန်းစမှာလဲ... အတန်းချိန်ကရောဘယ်အချိန်လဲ... စာအုပ်ကဘယ်နှစ်အုပ်လဲ... နေ့ခင်းရော အိပ်လို့ရလား... ကစားကွင်းလေးဘာလေးမရှိဘူးလား...အနော်ဒို့က ရိုက်တဲ့ကျောင်းဆိုမတက်ချင်ဘူး တိရား...အရိုက်ကြမ်းတဲ့ဆရာမဆိုမချစ်ဘူး၊ဆရာဆိုမုန်းဒယ်။ :d အိမ်ကတူလေးကကျောင်းတက်ခါနီးတုန်းကမေးတာလေးတွေ သွားသတိရလို့
  • edited July 2008 Administrators
    saturngod wrote: »
    ok ဗျာ။ စာသင်ခန်း Thread စလိုက်မယ်။

    အဲ .. မင်ဘာမှ ပေးဖတ်မလား၊ စတုဒီသာ လုပ်မှာလား၊ ကူးပြီး စာအုပ်ထုတ်ခွင့် ပေး မပေး .. :d
    အဟီး နဲနဲ ရှုတ်လာပြီ။
  • edited July 2008 Administrators
    bhope wrote: »
    good.......... :6::6::6:
    ဘယ်တော့စမှာလဲဟင်...ဘယ်အတန်းစမှာလဲ... အတန်းချိန်ကရောဘယ်အချိန်လဲ... စာအုပ်ကဘယ်နှစ်အုပ်လဲ... နေ့ခင်းရော အိပ်လို့ရလား... ကစားကွင်းလေးဘာလေးမရှိဘူးလား...အနော်ဒို့က ရိုက်တဲ့ကျောင်းဆိုမတက်ချင်ဘူး တိရား...အရိုက်ကြမ်းတဲ့ဆရာမဆိုမချစ်ဘူး၊ဆရာဆိုမုန်းဒယ်။ :d အိမ်ကတူလေးကကျောင်းတက်ခါနီးတုန်းကမေးတာလေးတွေ သွားသတိရလို့

    ကဘီဟုတ် ဆိုရင် အသေအုပ်လို့ ကို ဆရာ/ဆရာမတွေကို မှာထားတယ်၊ ငါ့အတန်းလာလို့ကတော့ ဂိမ်းခိုးဆော့ရင် တွယ်မှာ .. ။:39:
  • edited July 2008 Registered Users
    MrDBA wrote: »
    ကဘီဟုတ် ဆိုရင် အသေအုပ်လို့ ကို ဆရာ/ဆရာမတွေကို မှာထားတယ်၊ ငါ့အတန်းလာလို့ကတော့ ဂိမ်းခိုးဆော့ရင် တွယ်မှာ .. ။:39:

    စလာဘီကြည့်။ ကြောက်ပါဒယ်ဆိုမှ ခရေးကို အနိုင်ကျင့်ချင်ဘီ။ နေအုံး ကိုဂျီး ဒီဘီက ဘာသင်မှာပါလိမ့် ??? သြော် Pseudo နဲ့ Flow chat ဒါလေးများ QBasic တို့ Pascal တို့တုန်းကတည်းက ကြားဖူးသားပဲ။ဟုတ်လားဟင် အဲ့ဒီတွေထဲမှာပါတယ်ထင်တယ် ဘာတွေလဲတော့မသိဘူး။ အနော့်အကို ၀မ်းကွဲတစ်ယောက်ဆီက မှတ်သားထားဖူးတယ်။ :P :D ဟီး စာအုပ်လေးဘာလေး၀ယ်ပြီး ကြိုဖတ်ထားရင်ကောင်းမယ်ထင်တယ်။ တော်ကြာ ငါ့ချည်း လှိမ့်ဆော်ခံနေရမယ်။ လုပ်နဲ့နော် အတန်းထဲမှာ အော်ငိုမှာ... အနော်သိပါဒယ် အနော့အတိုဂျီးက ယုတ်ကလေးကလဲချောသလို သဘောက လွှတ်ကောင်းဆိုတာ။ ဒါကြောင့် သူများဒွေက ၀င်းဦးနဲ့တူတယ်လို့ ပြောနေတာဖြစ်မှာပေါ့နော ဟုတ်တယ်ဟုတ်။
  • edited July 2008 Administrators
    saturngod wrote: »
    Forum တွင် thread အသစ်ဖြင့် သင်မှာလား ? ဒါမှမဟုတ် wordpress blog တစ်ခုလုပ်ပြီး school.mysteryzillion.com နဲ့ သင်မလား ?
    school.mysteryzillion.com နဲ့ဆိုရင်တော့ အတိုင်းထက်အလွန် (နော်နော် သီချင်း မဟုတ်ပါ) ပေါ့ဗျာ။ :d
  • edited July 2008 Registered Users
    saturngod wrote: »
    Basic Programming Course

    Pseudo , Flow Chart ( ? )
    C++ Basic ( ? )
    Java Basic ( ? )
    VB.NET Basic ( ? )
    C# Basic (? )

    Ruby ကို လည်း ထည့်သွင်းစေချင်ပါသည်။ RoR အတွက် သင်တန်းသားများ Ruby အခြေခံကို
    သိထားရန်လိုအပ်သောကြောင့်ဖြစ်ပါသည်။
  • edited July 2008 Administrators
    သေသေချာချာကြည့်မိတော့မှ... ကိုယ့်နာမည်ကြီးပါနေတာတွေ့တယ်... လုပ်လိုက်လေ... အလုပ်တစ်ဖက်နဲ့ပဲ ...စေတနာရယ်၊ ၀ါသနာရယ်၊ အနစ်နာရယ် ... ပြီးတော့ အကြင်နာရယ် ..... နာလေးနာပေါင်းပြီး(နာဂစ် မပါ, ပါ)... တတ်နိုင်သလောက် အသိရှယ်ယာရင်းလုပ်ရတာပေါ့။
    ဟိုလူကြီး မစ္စတာ မာ့(ခ်) ကရောဘယ်လိုလဲ ... syllabus တစ်ခုတော့ စီစဉ်ရင်ကောင်းမလားလို့။:)
    CEH course ကတော့ ဟောဒီဟာတွေအားလုံးကိုသင်တာပဲ။
    Module 01 - Legality
    Module 02 - Footprinting
    Module 03 - Scanning
    Module 04 - Enumeration
    Module 05 - System Hacking
    Module 06 - Trojans and Backdoors
    Module 07 - Sniffers
    Module 08 - Denial of Service
    Module 09 - Social Engineering
    Module 10 - Session Hijacking
    Module 11 - Hacking Web Servers
    Module 12 - Web Application Vulnerabilities
    Module 13 - Web Based Password Cracking Techniques
    Module 14 - SQL Injection
    Module 15 - Hacking Wireless Networks
    Module 16 - Virus
    Module 17 - Physical Security
    Module 18 - Linux Hacking
    Module 19 - Evading IDS, Firewalls and Honeypots
    Module 20 - Buffer Overflows
    Module 21 - Cryptography
    Module 22 - Penetration Testing Methodologies
  • edited July 2008 Administrators
    Network Engineering & System Development Course လေးကို networking ကို စတင်လေ့လာလိုသူများအတွက် သင်ပေးချင်ပါတယ်။ အရမ်းတော်လို့မဟုတ်ပါ ။ သင်တန်းမှာ သင်သမျှကို ပြန်လည်သင်ပေးချင်လို့ပါ။
    admin ကြီးရေဘယ်လိုသဘောရပါသလဲ။:d
  • edited July 2008 Registered Users
    exiter wrote: »

    ကျွန်တော်လဲထောက်ခံပါတယ် network သင်တန်းကိုမှန်မှန်တက်ပါ့မယ်ခင်ဗျာ။ ကျောင်းဖွင့်မှာကိုလဲကြိုဆိုပါတယ်
  • edited July 2008 Registered Users
    မင်္ဂလာပါ
    ရိုက်ချက်တွေကတော့ မိုက်တီးတောင် ငိုသွားမယ်။ ကောင်းပါ့ဗျာ။
    ကျနော်လည်း ကျောင်းတက်ဖို့ စောင့်နေပါတယ်။
    ခင်မင်စွာ
    ဇူးလူး
  • edited July 2008 Registered Users
    ဟိုလူကြီး မစ္စတာ မာ့(ခ်) ကရောဘယ်လိုလဲ ...

    မာ့(ခ်) က ဘယ်ကိုဆိုလား လည်လည်သွားမလို့တဲ့။ သွားပြီးထင်တယ်ဗျ
  • edited July 2008 Registered Users
    school.mysteryzillion.com is suitable for lesson.
  • edited July 2008 Moderators
    MrDBA wrote: »
    အဲ .. မင်ဘာမှ ပေးဖတ်မလား၊ စတုဒီသာ လုပ်မှာလား၊ ကူးပြီး စာအုပ်ထုတ်ခွင့် ပေး မပေး .. အဟီး နဲနဲ ရှုတ်လာပြီ။
    အဲဒီလိုကြီးလား အစ်ကိုကြီး ဗိုက်ဆာနေပြီ။
    စာသင်ကြားပေးကြပါဗျာ.... ဗိုက်ဆာလျက်
  • edited July 2008 Registered Users
    ကျွန်တော် တော့ ကျောင်းတတ်ဖို့ စောင့်နေပြီဗျို့ ဖွင့်သမျှကျောင်း အကုန်ကို တတ်ပလိုက် မယ် .. :d
  • edited July 2008 Registered Users
    ကောင်းပါ့ဗျ .... ကျနော်လဲဒီလိုမျိုုးလိုက်ရှာနေတာ ... တွေ့ပြီဗျာ ... သင်တန်းကြေးတွေစျေးကြီးနေတဲ့ခေတ်ထဲမှ ... ကြိုဆိုပါတယ်ဗျို့ ... :)
  • edited July 2008 Registered Users
    bhope wrote: »
    ဟားဘယ့်နှယ့်ပြောပါလိမ့်ဂျာ။ အချိုရှာ သကာတွေ့ ဆိုသလို သင်တန်းကြေး ၁ သိန်း အလကားမကုန်တော့ဘူးဆိုတော့ ၀မ်းသာအားရကို ထောက်ခံပါတယ်ခင်ညာ။ :41: :41: :41: :41: :41:
    ဒါပေမယ့် အကြံလေးတစ်ခုပေးချင်တယ်။ အလျှင်စလို မစပါနဲ့ခင်ညာ။ အကောင်းဆုံးဖြစ်အောင်သေသေချာချာ အစီအစဉ် ဆွဲပြီးမှ စသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လုံး၀နားမလည်တဲ့ အခြေခံမရှိသေးတဲ့လူတွေ၊ စိတ်၀င်စားတယ် ဘယ်ကစရမှန်းမသိတဲ့သူတွေ ကိုစွဲဆောင်နိုင်တဲ့ အနေအထားကစသင့်တယ် ထင်တာပဲ။ ဒီမှ လူတိုင်း စနစ်တကျတတ်တဲ့သူပဲဖြစ်ဖြစ် စနစ်တကျမတတ်တဲ့သူပဲဖြစ်ဖြစ် အစကနေ အသေးစိတ် လေ့လာနိုင်မှာပေါ့။ ကျနော်တို့ Mz က arrangement လုပ်ထားတဲ့စာတွေသာ သင်တန်းတွေထက်မနိမ့်ဘူးဆိုရင် လုံး၀နားမလည်တဲ့သူတွေ စိတ်၀င်စားလာမယ်။ သင်တန်းသာတက်ပြီး သိပ်နားမလည်တဲ့သူတွေ ကျွမ်းကျင်လာမယ်။ ကျွမ်းကျင်တဲ့သူတွေလဲ မှီငြမ်းလို့ရမယ် ဆိုရင်...................... Mz ဟာ.......... ခက်တယ်ဂျာ... Connection ကမကောင်းဘူးဂျ။ :2: သေမှာပဲ။ အေးလေ... ဘာပဲဖြစ်ဖြစ် ကောင်းတာမကောင်းတာ ကိုယ်နဲ့မှ မဆိုင်တာ ကိုယ်လုပ်စရာရှိတာတော့ ကိုယ့်တတ်နိုင်သလောက်လုပ်ရမှာပေါ့ နော။ သင်တန်းသားမရှိမှာတော့စိတ်မပူနဲ့ ကျနော်တစ်ယောက်တော့ အာမခံတယ် Attendence ပြည့်စေရမယ်။ ဟီး

    ဟုတ်ကဲ့ အရမ်းကောင်းတဲ့အစီအစဉ်ပါဗျာ ကျနော်လည်းအွန်လိုင်းကိုစလာတုံးက ပညာရှာမှီးဖို့ပဲ
    နောက်တော့ ချက်ထဲပဲရောက်နေတယ် ဘာမှမသင်ဖြစ်ဘူး ဘာမှလဲမတတ်ဘူး ဒီ mz လေးရောက်မှ
    ပြန်သင်မယ်လို့စိတ်ကူးမိတာ MZ ၀ုိင်းတော်သားများကို ကျေးဇူး ... အရမ်းကျေးဇူးတင်ပါတယ်
    ဒီကဏ္ဍလေးကိုလည်းအရမ်းကြိုက်ပါတယ် အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါနော် ကျနော်လည်း
    လေ့လာချင်ပါတယ် ..............:77:
  • edited July 2008 Registered Users
    MrDBA wrote: »
    သယ်ရင်းတို့ရေ ... ကျွန်တော် Computer__crazy ရဲ့ Html သင်ခန်းစာလေး ဖတ်ကြည့်နေရင်း စိတ်ကူးရသွားတာက အဲဒီလိုမျိုးလေး Mz မှာ စာသင်ခန်းလေး ဖွင့်ရင်ကောင်း

    ဘယ်လောက်စိတ်၀င်စားကြလဲ အက်ဒမင်အဖွဲ့က ဘာပြောမလဲ စောင့်ကြည့်ကြတာပေါ့ ..။

    (ပညာ ဒါန ပြုကြရအောင်ဗျာနော် ... ဆရာတို့ :d)

    ဟေးဟေးဟေး
    ပျော်တယ်ဟ..... ရဟူး......
    ကိုကြီး ဒီဘီရေ... အရမ်းကို ချစ်သွားပြီ။:5: :d
    သင်ချင်တဲ့သူသင် .... အကုန်လိုက်လေ့လာမယ်။ :67: ဟေ့ဟေးး
    အပျော်လွန်ပြီး ဘာရေးရမှန်းတောင် သိတော့ဘူး:106:
    သင်ခန်းစာတွေ မြန်မြန်စပါတော့ဂျာ...:77:
  • edited July 2008 Registered Users
    အစ်ကိုတို့ရေ.........
    ကျွန်တော်က ဘာ program မ မတတ်ဘူးဗျ.............
    အဲဒါဘယ်လိုလုပ်ရမလဲ.......အစ်ကိုတို့အစီအစဉ်တွေကို
    အရမ်းစိတ်၀င်စားတယ်ဗျာ........ဘာ program မှ မတတ်ပဲနဲ
    အစ်ကိုတို့ဆီမှာ သင်တန်းတက်လို့မရဘူးလားဗျာ...........
    အလာကားမို့လို့(:D :D)
    ဘာ program မှ မတတ်ပဲနဲဖြစ်နိူင်ပ မလား.........:2::2:
    ကျွန်တော့်ကို အကြောင်းပြန်ပါအုံးဗျို့.........

    :105: ၀ါးလုံးခေါင်းထဲ လသာနေသူ :105:
  • edited July 2008 Registered Users
    MZ user CodName လဲ သင်ချင်ပါတယ်.... ဘယ်မှာသင်မှာလဲ ...စောင့်နေတယ်...
    မျှော်.......:D:D:D
  • edited July 2008 Registered Users
    saturngod wrote: »

    ကြိုက်တဲ့ ဆရာဆရာမ ဝင်သင်မယ်လို့ပြောတာ နည်းနည်းလွဲသွားတယ်... :d

    ဒါလည်း လွှဲနေသေးတယ်..

    "ဆရာများသားသေ" ဆိုတာ ရှီသေးတယ် မရားဟ.. :((

    ဒီအစီအစဉ် ကောင်းပါပေါ့.. ကောင်းပါပေါ့.. :67:
  • edited July 2008 Registered Users
    အစီအစဉ်ကောင်းပါတယ်။ သားသားလည်း ကျောင်းလာအပ်မယ်နော်.
  • edited July 2008 Registered Users
    exiter wrote: »
    network Engineering & System Development Course လေးကို Networking ကို စတင်လေ့လာလိုသူများအတွက် သင်ပေးချင်ပါတယ်။ အရမ်းတော်လို့မဟုတ်ပါ ။ သင်တန်းမှာ သင်သမျှကို ပြန်လည်သင်ပေးချင်လို့ပါ။
    Admin ကြီးရေဘယ်လိုသဘောရပါသလဲ။:d

    သင်တန်းသား တယောက် စာရင်း သွင်းပါတယ်ဗျို့
    အတန်းမှန်အောင်တက် ပါ့မယ်
    အိမ်စာတွေသေချာလုပ် ပါ့မယ်
  • edited July 2008 Registered Users
    exiter wrote: »
    network Engineering & System Development Course လေးကို Networking ကို စတင်လေ့လာလိုသူများအတွက် သင်ပေးချင်ပါတယ်။ အရမ်းတော်လို့မဟုတ်ပါ ။ သင်တန်းမှာ သင်သမျှကို ပြန်လည်သင်ပေးချင်လို့ပါ။
    Admin ကြီးရေဘယ်လိုသဘောရပါသလဲ။:d

    တက်မယ် တက်မယ်... လွှတ်ကောင်းဗျာ....:d
  • edited July 2008 Registered Users
    သင်ယူမယ့်သူတွေဘက်ကတော့ တိတိကျကျပြတ်ပြတ်သားသား တုန့်ပြန်လိုက်ပါဘီ။ သင်ပေးမယ့်သူတွေဘက်ကပဲကျန်တော့တယ်နော်။ အရမ်းလောတာထက် သေသေချာချာ အစီအစဉ် ဆွဲပြီးမှလုပ်ရင် ရေရှည်မှာပိုအစဉ်ပြေလိမ့်မယ်ထင်ပါတယ်။ ဘာတွေလိုလာလိမ့်မယ်၊ ဘာတွေဖြစ်လာနိုင်တယ် စသည်ဖြင့် ပေါ့လေ...... ။ တော်လောက်ဘီထင်တယ်။ မိချောင်းမင်းရေခင်းပြ သလိုဖြစ်နေမယ်။ :p အနော့လျှာက အိုင်းစတိုင်းလောက်မရှိပါဘူးနော်။
  • edited July 2008 Registered Users
    :2::2::2:

    အနော့် ကို reply လုပ်ကြပါအုံးဗျာ....:((:((:((:((
    သားသားကို သင်တန်းသားအဖြစ်လက်ခံကြပါဗျို့.......
    :((:((:((:((:((:((

    :105: ၀ါးလုံးခေါင်းထဲလသာနေသူ :105:
  • edited July 2008 Registered Users
    တကယ်ကောင်းတယ်ဗျာ .. ဖြစ်စေချင်တာကြာပြီ ၊ဘယ်တော့လောက် စမှာလဲ ၊ အခုတော့ အင်တာနက်လိုင်းကအရမ်းနှေးနေတယ်ဗျာ ၊ အဲဒါတစ်ခုကတော့ ဒုကပဲဗျ ၊ အချိန်ကုန် ငွေကုန်သက်သာပြီပေါ့ ၊ သင်တန်းတွေ ရန်ကုန်ကကောင်းတယ် ၊ မန်းက မကောင်းဘူးလို့ပြောကြတယ် ၊ ရန်ကုန်သွားစရာ မလိုတော့ဘူး ၊ ဒီအစီအစဉ်တကယ်လုပ်ဖြစ်ရင် တော်တော်လေး အကျိုးများမှာပဲ ၊ အောင်မြင်ပါစေ ၊ စောင့်မျှော်လျှက် ..... အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ...
    ကောင်လေး
  • edited July 2008 Registered Users
    ကောင်းတယ်ဗျာ.. ကျွန်တော့်တို ့ Itမြန်မာကျောင်းသား(သူ-မပါရင်အပြောခံရမှာစိုး၍ထည့်လိုက်ပါသည်) တွေအတွက်တော့ တကယ်ကို တန်ဖိုးရှိတယ့် ရွေအိုးတလုံးတွေ ့လိုက်ရသလိုပါပဲ.. ကျွန်တော်တို ့မြန်မာတွေ Itနဲ ့ပတ်သက်လို ့ရှိရင် မျက်နှာမငယ်ရတော့ဘူးပေါ့ဗျာ... နောက်ပြီး ပိုက်ပိုက်မကုန်ဘဲ ... ပညာတွေအများကြီးရမှာဆိုတော့ လူတန်းစားမရွေးတက်လို ့ရတာက အဓိကအားသာချက်ပဲ... သာဓု ... ခေါ်ပါတယ်ဗျာ... တကယ်ကိုမွန်မြတ်တဲ့လုပ်ရပ်တခုပါပဲ...
    ကျွန်တော်ကတော့ ဘာမဲပုံးမှမထောင်ဘဲ အမှန်ပေးလိုက်ပါပြီ.... အဆင်လေးစားအားကြလျှက်.....
  • edited July 2008 Administrators
    ဟေးဟေး ... စာသင်သားတွေကတော့ အင်တိုက် အားတိုက်ဘဲ ။ ကျွန်တော်များဘက်ကလဲ မနေ့က သဘောထားခံယူ ဒီနေ့ သင်းတန်းဖွင့်ဆိုတာလိုမျိုး ချက်ချင်းလုပ်လို့ မရသေးလို့ပါ။

    သင်ခန်းစာများ စီစဉ်၊ ဘာသာပြန်၊ ချရေး စတာတွေလုပ်နေကြရပါသေးတယ်။ အမြန်ဆုံး စတင်သွားမှာပါ။

    ကျွန်တော်တို့ Category တော့ ဖွင့်ပြီးပါပြီ၊ သက်ဆိုင်ရာ ဘာသာရပ်ဆရာများ စတင်ရေးနိုင်ကြတာနဲ့ သင်တန်းများ အစီအရီပေါ်ပေါက်လာမှာပါ။

    အားလုံး အကျိုးရှိစေရန် ကြိုးစားသွားမှာပါ။
  • edited July 2008 Administrators
    bhope wrote: »
    သင်ယူမယ့်သူတွေဘက်ကတော့ တိတိကျကျပြတ်ပြတ်သားသား တုန့်ပြန်လိုက်ပါဘီ။ သင်ပေးမယ့်သူတွေဘက်ကပဲကျန်တော့တယ်နော်။ အရမ်းလောတာထက် သေသေချာချာ အစီအစဉ် ဆွဲပြီးမှလုပ်ရင် ရေရှည်မှာပိုအစဉ်ပြေလိမ့်မယ်ထင်ပါတယ်။ ဘာတွေလိုလာလိမ့်မယ်၊ ဘာတွေဖြစ်လာနိုင်တယ် စသည်ဖြင့် ပေါ့လေ...... ။ တော်လောက်ဘီထင်တယ်။ မိချောင်းမင်းရေခင်းပြ သလိုဖြစ်နေမယ်။ :p အနော့လျှာက အိုင်းစတိုင်းလောက်မရှိပါဘူးနော်။

    ဟုတ်ပါဘီ ဟုတ်ပါဘီ ကဘီဟုတ်ရေ သေသေချာချာကို အစီအစဉ်ဆွဲနေပါတယ် တင်ပြပုံကောင်းကောင်း (ဖင်ပြတာမဟုတ်) နဲ့ သင်နိုင်အောင် ကြိုးစားနေပါတယ်:d

    မလိမ္မာ တဲ့ ကျောင်းသားကို ဘယ်လိုတွယ်ရမယ်ဆိုတာပါ ထည့်သွင်း စဉ်းစားသွားပါ့မယ် :p
  • edited July 2008 Administrators
    MrDBA wrote: »
    ဟေးဟေး ... စာသင်သားတွေကတော့ အင်တိုက် အားတိုက်ဘဲ ။ ကျွန်တော်များဘက်ကလဲ မနေ့က သဘောထားခံယူ ဒီနေ့ သင်းတန်းဖွင့်ဆိုတာလိုမျိုး ချက်ချင်းလုပ်လို့ မရသေးလို့ပါ။

    သင်ခန်းစာများ စီစဉ်၊ ဘာသာပြန်၊ ချရေး စတာတွေလုပ်နေကြရပါသေးတယ်။ အမြန်ဆုံး စတင်သွားမှာပါ။

    ကျွန်တော်တို့ Category တော့ ဖွင့်ပြီးပါပြီ၊ သက်ဆိုင်ရာ ဘာသာရပ်ဆရာများ စတင်ရေးနိုင်ကြတာနဲ့ သင်တန်းများ အစီအရီပေါ်ပေါက်လာမှာပါ။

    အားလုံး အကျိုးရှိစေရန် ကြိုးစားသွားမှာပါ။
    နည်းနည်းတော့ကြိုပြောနော်....ဖင်နားကပ်မှဆိုရင်တော့ ... ၀ုန်းသလိုဖြစ်သွားမှာစိုးလို့ ...
  • edited July 2008 Registered Users
    သင်တန်းသား register မလုပ်ရင် ပေးမ၀င်မှာစိုးလို့။ ဟိဟိ... :P
    အနော်လဲ တက်မယ်နော်။ နောက်ဆုံးလိုင်းမှာ.. ဟိဟိ.. ဆရာတွေနဲ့ ေ၀းအောင် :)

    နောက်တာပါ (အတန်းလစ်လို့ရအောင်) :P
  • edited July 2008 Administrators
    နည်းနည်းတော့ကြိုပြောနော်....ဖင်နားကပ်မှဆိုရင်တော့ ... ၀ုန်းသလိုဖြစ်သွားမှာစိုးလို့ ...

    ကြိုပြောဆိုရင်တော့ စနေပြီ :d ကိုတွီတီလဲ ကိုယ့် သင်ခန်းစာတွေကိုယ့်ဘာသာပြင်ပေရော့ ..။ ကျွန်တော်လဲစနေပြီ .. စပြီးတင်လို့ရရင် တင်တော့မှာ :p
  • edited July 2008 Registered Users
    သင်တန်းအားလုံးကို အပ်ပါတယ် ...

    ကျသလောက်ပြောပါ ...

    MZ က Admin များရှင်းပါလိမ့်မယ် ... ဟီး

    MrDBA ဆိုတဲ့ Admin ကောင်းတစ်ယောက်ကို တော့ MZ က ရထားပြီဗျာ ...

    ဆရာ ဆရာမ ကောင်းတွေလဲ ထပ်ရမှာ သေချာပါတယ် ...
  • edited July 2008 Registered Users
    2323 wrote: »
    သင်တန်းအားလုံးကို အပ်ပါတယ် ...

    ကျသလောက်ပြောပါ ...

    MZ က Admin များရှင်းပါလိမ့်မယ် ... ဟီး

    MrDBA ဆိုတဲ့ Admin ကောင်းတစ်ယောက်ကို တော့ MZ က ရထားပြီဗျာ ...

    ဆရာ ဆရာမ ကောင်းတွေလဲ ထပ်ရမှာ သေချာပါတယ် ...
    yeman wrote: »
    ကိုကြီး ဒီဘီရေ... အရမ်းကို ချစ်သွားပြီ။:5: :d

    မြှောက်တဲ့သူတွေကတော့မြှောက်ပေးနေဘီ။ ကြည့်လဲလုပ်ကြပါအုံးဂျာ....
    အောက်မှလဲဖတ်ကြည့်ကြပါအုံး :2: :2:
    MrDBA wrote: »
    မလိမ္မာ တဲ့ ကျောင်းသားကို ဘယ်လိုတွယ်ရမယ်ဆိုတာပါ ထည့်သွင်း စဉ်းစားသွားပါ့မယ်
    MrDBA wrote: »
    ကဘီဟုတ် ဆိုရင် အသေအုပ်လို့ ကို ဆရာ/ဆရာမတွေကို မှာထားတယ်၊ ငါ့အတန်းလာလို့ကတော့ ဂိမ်းခိုးဆော့ရင် တွယ်မှာ .. ။:39:
    အတိုဂျီးကအပီကိုင်မယ်ဆိုတာချည်းပဲ။ :2: :2:
    အဲ့အောက်ကဟာလေးတော့တော်တော်သဘောကျတယ်ဂျာ..:)
    MrDBA wrote: »
    အဲ .. မင်ဘာမှ ပေးဖတ်မလား၊ စတုဒီသာ လုပ်မှာလား၊ ကူးပြီး စာအုပ်ထုတ်ခွင့် ပေး မပေး .. :d
    အဟီး နဲနဲ ရှုတ်လာပြီ။
    အဲ့ဒါတွေက ကြိုပြီးစဉ်းစားထားသင့်တယ်။ နောက်ပိုင်းမှာ အဲ့လိုမှုပိုင်ခွင့်တွေဖြစ်လာနိုင်တယ်။အစက စေတနာတွေဗလပွနဲ့လုပ်ကြတာပဲလေ။ ဒါပေမယ့်နောက်ပိုင်းကျမှ ပြဿနာတွေဖြစ်ပြီး ဟိုလူထွက်၊ ဒီလူထွက်ဆို အနော်ဒို့ကျောင်းသားတွေပဲနစ်နာမှာ.. သင်တန်းတစ်ပို်င်းတစ်စနဲ့ သောင်ပြင်မှာလွှတ်တဲ့ရွှေဟင်္သာလေးတွေလိုဖြစ်နေမှာ..:P
    တကယ်တော့အဲ့လိုသာဖြစ်ရင် Mz ကြီးတစ်ခုလုံးနစ်နာမှာ၊ မြန်မာပြည် IT လောကကြီးတစ်ခုလုံးနစ်နာသွားနိုင်လို့ပါ။ အဲ့ဒါလေးတွေကို ကြိုစဉ်းစားသင့်တယ်။ လူကောင်းတွေရှိနေတုန်း မူကောင်းလေးရအောင်ဆွဲထားသင့်ကြောင်းပါ။:77:
    ကျောင်းသားတွေကို အရမ်းမရိုက်ရ၊ အနိုင်မကျင့်ရ အဲ့လိုစည်းကမ်းလေးတွေပါထည့်ပေးသင့်တယ်ထင်တာပဲ။ ကျောင်းပျော်စေချင်ရင် လာတဲ့ကျောင်းသားတွေကို ဘာလက်ဆောင်ပေးမယ်။ ဘယ်လိုချီးမြှင့်မယ် စသည်ဖြင့်ကျောင်းစဖွင့်ဖွင့်ချင်း promotion ပေးတဲ့သဘောပေါ့နော်. လုပ်ပါအုံး ကျောင်းသားတွေ အဲ့ဒီအစီအစဉ်လေးမကောင်းဘူးလားလို့...:D :D :D
Sign In or Register to comment.