မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

HeavyLoad Stress Test

edited July 2008 in Other
Quad Core CPU နဲ့ 4GB RAM နဲ့ ကွန်ပြူတာကြီး ၀ယ်လာပြီး၊ Core ၄ ခုလုံး တကယ် ကောင်းမကောင်း၊ RAM ထဲမှာ ရှိတဲ့ Address နေရာတိုင်းက Transistor တွေကောင်းမကောင်း ကို စမ်းချင်တယ်ဆိုရင်၊ Core ၄ ခုစလုံး ကို အလုပ်အပြည့်ပေးပြီး 4GB RAM ကိုအပြည့်ဖြည့်ကြည့်ဖို့လိုပါလိမ့်မယ်။

ဒါမျိုး စမ်းမယ်ဆိုရင်တော့ HeavyLoad ဆိုတဲ့ Free application ကို သုံးနိုင်ပါတယ်။
HeavyLoad က ကွန်ပြူတာရဲ့ CPU ကို မြန်နှုန်း အမြင့်ဆုံး ထိအောင် သုံးပြီး ရှိသမျှ RAM ကို ကုန်အောင် သုံးပေးပါလိမ့်မယ်။ ကွန်ပြူတာ ရော၊ HeavyLoad ရော crash မဖြစ်ဘဲ ပြီးစီးသွားရင်တော့ ကွန်ပြူတာ CPU နဲ့ RAM တွေ အားလုံး Maximum Capacitiy ထဲ အလုပ်လုပ်ကြောင်း သိနိုင်ပါတယ်။ ပြီးသွားရင်တော့ ဘာ Report မှမပြပါဘူး။

HeavyLoad ဟာ Diagnostic Tool (ပြဿနာရှာဖွေဖြေရှင်းတဲ့ ကိရိယာ) မဟုတ်လေတော့ Report တွေဘာတွေ မျှော်လင့်လို့မရပါဘူး။

ကိုယ် ့ကွန်ပြူတာကို ကောင်း မကောင်း မြန်မြန်ဆန်ဆန် စမ်းလိုသူတွေ အတွက် သင့်လျှော်ပါတယ်။
စမ်းပြီးရင်လည်း နည်းနည်း ပြောပြ ဆွေးနွေးကြပါဦး။

HeavyLoad ကဒီမှာပါ။
http://www.jam-software.de/freeware/#heavyload

မှတ်ချက်များ

  • edited July 2008 Registered Users
    Quad Core CPU နဲ့ 4GB RAM ကြီး သုံးနိုင်သေးဘူး။ :P
    သုံးတော့ သုံးဘူးချင်တယ်။ ဘယ်လောက်မြန်မလဲ သိချင်လို့။ :D
Sign In or Register to comment.