မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Root

edited April 2011 in Android
Root လုပ်တာနဲ့ မလုပ်တာ ဘာတွေကွာပါသလဲ။Risk ဘာတွေဖြစ်လာနိုင်သလဲ။Sony xperia x 8 ကို rooting ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။OS update ကို offline မှာလုပ်လို့ရမလား။ဘယ်လိုလုပ်ရမလဲ။Android ဖုန်းတစ်လုံးမှာ ဘာတွေ တင်သင့်လည်းဆိုတာပြောပေးကြပါ ခင်ဗျာ...

မှတ်ချက်များ

• edited April 2011 Registered Users
သိတဲ့သူများ ဖြေပေးကြပါဦး။ကူညီကြပါဗျာ....
• edited April 2011 Registered Users
- Root မလုပ်ရသေးတဲ့ Android ဖုန်းတစ်လုံးကိုသုံးရတာဟာ  အင်တာနက်ဆိုင်က ကွန်ပျူတာကို သုံးရတာနဲ့ ဆင်တူပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်ဆိုင်က ကွန်ပျူတာမှာ ခင်များက administrator မဟုတ်ဘူး။ ဆိုင်က operator က ခင်များကို desktop background ပေးမပြောင်းချင်လို့ပိတ်ထားမယ်၊ program install လုပ်လို့မရအောင်ပိတ်ထားမယ်။ ဆိုရင် ခင်များအနေနဲ့.. gtalk တွေ၊ mozilla တွေ၊ အစရှိတဲ့.. သူတို့သွင်းထားသမျှ ဂိမ်းတွေ၊ ဆော့ဝဲတွေကိုပဲ ဆော့လို့ရမယ် ။ ကိုယ်ထင်တိုင်းကြဲပြီး ဆော့ဝဲတွေသွင်းချင်လို့ကတော့ admin pw* သိရမယ်။ ကျန်တာတော့ ကိုယ့်ဇာတ်ကို ခင်းရုံပဲ ။ (ခိုင်းနှိုင်းတာ စကားလွန်သွားရင်ခွင့်လွှတ်ပါ၊ မြင်သာအောင် ပြောပြတာပါ ) Root လုပ်တယ်ဆိုတာ အဓိကတော့ system file တွေကို ကိုယ်လိုချင်သလို ပြင်ခွင့်ဖျက်ခွင့်ရအောင်လို့ပါ။ ဥပမာ - ဖုန်းထဲက font တွေ၊ စက်တက်လာရင် ပေါ်တဲ့ boot logo တွေပေါ့။ root လုပ်ပြီးရင် ဒါတွေကို ကိုယ်လိုသလို ပြင်ခွင့်ဆင်ခွင့်ရှိသွားမယ်ပေါ့ ။ risk အနေနဲ့ကတော့.. ယောင်လည်လည်နဲ့ system ဖိုင်တွေကို ဖျက်လို့ရတိုင်း လေျှာက်ဖျက် လေျှာက်ပြင်မိရင် .. စက်မတက်တော့တာလဲဖြစ်လာနိုင်သလို .. ဆော့ဝဲပိုင်း system ပိုင်းက error တွေ တက်တာလဲ ဖြစ်နိုင်ပါတယ်။

- x8 ရဲ့ latest version က.. 2.1 ပါ။ အဲ့ဒီနောက်ပိုင်းတော့ ထပ်မထွက်သေးပါဘူး။ OS update ကလဲ မလိုရင် လုပ်စရာမလိုပါဘူး။ offline လုပ်ဖို့လဲမလွယ်ပါဘူး။ ဘာလို့ဆို သူက HTC တို့၊ Huawei တို့လို Recovery နဲ့ rom ရေးလို့မရတဲ့အတွက်ပါ ။ Sony Ericcson ရဲ့ US (Update Service) နဲ့မှပဲ တင်လို့ရပါမယ်။

- x8 အတွက် root လုပ်နည်းဆိုရင်တော့ .. z4root ရှိမယ် ။ နောက်ပြီး Super One Click ရှိပါတယ်။ (အသေးစိတ်မပြောတော့ပါ)

- Android တစ်လုံးအနေနဲ့ မတင်မဖြစ် တင်ရမှာတွေက

Root Explorer (အကောင်းဆုံးသော ဖိုင်မန်နေဂျာ)

Advanced Task Killer Pro (android မှာ ဆော့ဝဲတစ်ခုဝင်ပြီး ထွက်လိုက်တယ်ဆိုပေမယ့် တကယ်မပိတ်သွားပါဘူး။ သူ့နည်းသူ့ဟန်နဲ့သူ process က ကျန်နေခဲ့ပါတယ်။ အဲ့ဒါတွေကို ဒီဆော့ဝဲလေးသုံးပြီး ပိတ်ပိတ်ပေးရပါတယ်၊ မဟုတ်ရင် သုံးရင်းသုံးရင်းနဲ့ စက်လေးလာမယ်။ ဘက်ထရီလဲ ကုန်လွယ်မယ်)

Ornagai; (နာမည်ကြီး ကိုစေတန်ရဲ့ english to myanmar dictionary)

Link2SD; (Default အနေနဲ့ ဖုန်းမန်မိုရီထဲပဲ ဆော့ဝဲတွေကို install လုပ်ပါတယ်၊ ဒီဆော့ဝဲနဲ့ မန်မိုရီကတ်ထဲ ရွှေ့လို့ရပါတယ်၊ root လုပ်ဖို့လိုအပ်ပြီး အသုံးပြုရတာ နည်းနည်းရှုပ်ပါတယ်)

MyanDroid Soft Keyboard (မြန်မာစာဇော်ဂျီကီးဘုတ် - root လုပ်ပြီး မြန်မာဖောင့် ထည့်သွင်းရန်လိုအပ်)

DhammaDroid (တရားပရိတ်တော်များဖတ်ရှုရန် အလွန်အဆင်ပြေသော ဆော့ဝဲ)

SPB Shell 3D (ဆိုနီ၏ ရိုးရှင်းလှသော destkop အပြင်အဆင်များကို တန်ဆာဆင်ပေးသည့် ဆော့ဝဲ)

Seal (or) App Protector Pro (တစ်ပါးသူအား မဝင်ကြည့်စေချင်သော apps များကို သော့ခတ်ထားနိင်သည်)

LED Flashlight (အလွန်အသုံးတည့်သည့် ဓါတ်မီး၊ x8 တွင်တော့ flashCam မပါခြင်းကြောင့် သုံးမရနိုင်ပါ)

စိုင်းညီဖြိုး (New Anycall - ဖုန်းနှင့် ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေး)
@ ၇၈လမ်း၊ ၂၉ x ၃၀ လမ်းကြား၊ မန္တလေးမြို့။ © ၀၉ - ၂၀၂၀၈၈၉။

• Registered Users
ကိုစိုင်းညီဖြိုး ခင်ဗျာ။

Huawei C8500 and C8600 အတွက် လိုအပ်တဲ့ software တွေကို ဘယ်လင့်က သွားယူလို့ရမလဲ သိပါစေဗျာ၊

• Registered Users
အစ်ကိုရေ ကျွန်တော့်ဖုန်းမှာ spb 3d shell တင်တာ home button နှိပ်ရင်ပျောက်သွားတယ်..ဘယ်လိုလုပ်ရမလဲလို့ပြောပြပါ..version 2.2 မှာပါ
Sign In or Register to comment.