MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Resume Management Web based application
  • Vote Up0Vote Down silencesilence
    Posts: 9Registered Users
    Resume တွေကို Management လုပ်လို.ရတဲ့ application တခုရေးဖို.ရှိလာလို.။

    အဓိက ကတော့ company ကို ပို.ထားတဲ့ Resume ပေါင်း သောင်း ​ခြောက်ထောင် ကို Filter လုပ် ပြီး Manage လုပ်ဖို.ပါ။

    အဓိက အပိုင်းက microsoft word format soft copy အနေနဲ. ရှိနေတဲ့ Resume တွေကို ပထမဆုံး Upload လုပ်ရပါမယ်။ Upload လုပ်လိုက်တာနဲ. system က အလိုလို MS word format ထဲကနေ သူဘာသာ data တွေကို capture လုပ် ပြီး လိုအပ်တဲ့ Fields တွေမှာ ထည့်ပေးဖို.ပါ။

    ဥပမာ ။ ။ Resume ထဲမှာ ပါတဲ့ နာမည် ကို သူ.ဘာသာ နာမည်လို. သိပြီး နာမည်အကွက်မှာ သွားဖြည့်။ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် လို.သိပီး phone အကွက်မှာသွားဖြည့်။ စသည်ဖြင့် ပါ။ သုံးတဲ့သူအတွက်က Resume တစောင်ချင်းစီ လိုက်ကြည့်ပြီး တကွက်ချင်းစီ data တွေကို ရိုက်ထည့်စရာ မလိုတော့ ဘဲ .. browser ကနေ Resume တခုUpload လုပ်လိုက်တာနဲ. အလိုလိုသူ.နဲ. သက်ဆိုင်တဲ့ အကွက်တွေ မှာဖြည့်သွား ပီး ဖြည့် .. User အနေနဲ.က လိုအပ်တဲ့ဟာလေးတွေ အမှားလေးတွေ အနည်းအပါးလောက်ဘဲ ပြန်ပြင်ဆင် စရာလိုပီး၊ ​save လုပ်လိုက်တာနဲ. database ထဲမှာ ​save ပေးဖို.ပါ။ အဲ့ ဒါဆိုရင် Resume တစောင်တစောင် ခဏလေးနဲ. Upload လုပ်ပီး သိမ်းနိုင်မှာပါ။ နှို.မဟုတ်ရင် တစောင်တစောင် အစအဆုံး သေချာဖတ် တကွက်ခြင်းစီ လိုက်ထည့်နေရရင် data entry အလုပ်နဲ.တင် ပီးမှာ မဟုတ်တော့လို.။ ပြီးတော့ လိုအပ်တဲ့အခါ ပြန်ပြီးရှာလို.လဲ လွယ် အောင်။

    အဲလိုမျိုးနဲ. ခပ်စင်စင် PHP နဲ. ရေးထားတဲ့ အကြမ်းထည်လေးများ ဘယ်နား ရနိုင်သလဲမသိဘူး။ ဒါမှ မဟုတ်လဲ CMS တခုခု Joomla ဖြစ်ဖြစ် နဲ. ရေးထားတဲ့ module တို. plugin တို. .. ဘာဖြစ်ဖြစ် ရပါတယ်။

    သိရင် လဲ လုပ်ပုံလုပ်နည်းလေး ဖြစ်ဖြစ် လင့်ခ် လေးဖြစ်ဖြစ် ပေးကြပါခင်ဗျာ။
    လောလောဆယ်တော့ microsoft word က data တွေကို ဘယ်လို capture လုပ်ပီး browser fields ထဲမှာ ဘယ်လို auto fill-in လုပ်ရမှန်းတောင် မသိသေးလို.ပါ။

    ကျေးဇူးပါခင်ဗျ။
  • 4 မှတ်ချက်များ sorted by
  • Vote Up4Vote Down CalmHillCalmHill
    Posts: 1,178Super Moderators
    Resume ဆိုတာက အတော်လေးကို Un-Structured ဖြစ်ပါလိမ့်မယ် ရေးချင်သလို ရေးထားတဲ့ Format တွေကနေ Data Capture လုပ်ဖို့က အတော်ကို လုပ်ယူရပါလိမ့်မယ် ဥပမာဆိုရင် Name ဆိုတာနဲ့ကပ်လျက်က နာမည်ဆိုယူဆရင် Table တစ်ခုထည့်ပြီး အပေါ်မှာလည်း Name လို့ရေးထားတာလည်း ဖြစ်နိုင်တာပါပဲ။ Word ကိုဖတ်တာ PDF ကိုဖတ်တာက ခက်ခဲတာမဟုတ်ပါဘူး။ Un-Structured တွေကို Structured Format လုပ်ဖို့ လိုနေတာက မဖြစ်မနေလိုအပ်နေလို့လား မဟုတ်ရင်တော့ မလုပ်တာအဆင်ပြေလိမ့်မယ် ရှာဖို့အတွက်လောက်ကတော့ Structured မလုပ်လည်း ရှာလို့ရအောင် လုပ်လို့ရပါလိမ့်မယ်။ ဥပမာဆိုရင် Solr ကို Server တစ်ခုမှာတင်လိုက် Resume တွေကို အသစ်တစ်ခုတင်တာနဲ့ Index လုပ်ဖို့ Solr ဆီကိုပို့ ရှာချင်ရင် Solr ထဲမှာ ရှာပေးနိုင်တာပဲ။ အဲလိုမှမဟုတ်ပဲ Un-Structured ကိုပဲ မရရအောင် Structured လုပ်ချင်ရင်တော့ Template တစ်ခုပေးပြီး ရေးခိုင်းမှပဲလွယ်မယ် အဲဒါလည်း ဟုတ်တော့ မဟုတ်သေးဘူး Resume ဆိုတာက ကိုယ့်ပုံစံနဲ့ကိုယ် ရေးချင်သလိုရေးခွင့် ပေးရတာပါပဲ။
  • Vote Up1Vote Down saturngodsaturngod
    Posts: 4,599Administrators
    ms word ကတော့ read/write ပုံကို

    http://stackoverflow.com/questions/188452/reading-writing-a-ms-word-file-in-php

    မှာ ဆွေးနွေးထားတာ ရှိပါတယ်။

    intelligent system ကတော့ ကိုယ့်ဘာသာကိုယ် ပြန်ရေးရမယ်တူတယ်။
  • Vote Up1Vote Down saturngodsaturngod
    Posts: 4,599Administrators
    အချို့ ရုံးတွေကတော့ tag system နဲ့ resume စစ်တာတွေ လုပ်ထားတာရှိတယ်။

    ဥပမာ။ words file တွေထဲမှာ PHP , MySQL , jQuery စတဲ့ လိုအပ်တဲ့ skill ပါတဲ့ resume တွေကိုပဲ ရွေးထုတ်တဲ့ သဘောပေါ့။ အဲဒီလိုမျိုးတွေကတော့ လုပ်ရတာ လွယ်တယ်။ ဖြစ်နိုင်တယ်ပေါ့။

    resume တွေက အများအားဖြင့် structure က တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

    @ClamHill ပြောသလို un-structured ကို structured ကျအောင် Template ပုံစံ တစ်ခုဖြစ်မှပဲ ဖြစ်မယ်။

  • Vote Up0Vote Down silencesilence
    Posts: 9Registered Users
    ဟုတ်ကဲ့... အကုန်လုံးကို ကျေးဇူး အထူးတင်ပါ တယ်ခင်ဗျ

    စမ်းကြည့်လိုက်ပါဦးမယ် .. မသိရင် .. အခက်အခဲတွေ.ရင်လဲ ဒီမှာဘဲ ပြန်လာမေးခွင့် ပြုပါ/

    ကျေးဇူး
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion