မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မသိမဖြစ် Linux Command Line

edited February 2011 in Linux/Unix
Linux Command Line လေ့လာချက်အား ဘာသာပြန်ကာ ရေးသားပါမည်။:)
တစ်နေ့နည်းနည်း ဖတ်ကာ၊ မှတ်ကာ၊ စမ်းကာ၊ ဘာသာပြန်ကာ ရေးသားဖော်ပြပါမည်။
ကျွန်တော် နှင့်တွဲကာ လေ့လာနိုင်ပါသည်။:106: ကျွန်တော် ကိုယ်တိုင် လေ့လာဆဲပါ။

http://frodo.syminet.com/~deep/ မှာ 4 parts linux tutorial ကိုလေ့လာရင်း
ဘာသာပြန်ရေးသားပါသည်။ Original tutorial ကို မိမိဖာသာ ဖတ်ဖို့အားပေးပါသည်။

ရေးဖြစ်တော့ အနည်းဆုံး တစ်နေ့နည်းနည်းလည်း ဖတ်ဖြစ်။ ဘာသာပြန်ပြီးသွားတော့လည်း
Linux Resource Group မှာ ဘာသာပြန် linux tutorial တစ်ဆောင် တိုးသပေါ့ဗျာ။ :)

မှတ်ချက်များ

  • edited April 2009 Registered Users
    အခန်း ၁။ ။ BASH! Linux command-line မိတ်ဆက်။

    Linux ကို လေ့လာစ သုံးစွဲသူ အများစုသည် command တွေရေးရမှာကို နောက်တွန့်လေ့ရှိကြသည်။ Command line သုံးသူများအား ခေတ်နောက်ကျနေသူများ ဟုမယူဆလျှင်ပင်၊ ဆရာကြီး အဆင့်ရှိသူများသာ ဖြစ်မည်ဟု မှတ်ယူလေ့ရှိကြသည်။ ပထမဦးစွာ၊ ဤလွဲမှားသော အယူအား ရှင်းရပေမည် (အစွဲအား ချွတ်ရပေမည်)။

    သင် GUI (Graphical User Interface) အားသုံး၍ ပြုမူသမျှများသည် အဆုံး၌ command များ အဆင့်သို့ပြောင်းလဲဆောင်ရွက်ရပေသည်။ File Browser (Explorer in windows) ထဲ၌ Directory တစ်ခုအား သင် click လုပ်လိုက်လျှင်၊ နောက်ကွယ်ရှိ command က ၄င်း Directory ထဲရှိ အရာများကို စာရင်းထုတ်ပေးလေသည်။ ထိုစာရင်းအား Icon များ အဖြစ် သင်မြင်ရပေသည်။

    Menu များသည်သင့်အား computer ကို လွယ်ကူ ချောမွေ့စွာ အသုံးပြုစေသည်။ အဘယ်ကြောင့်မူ command များအား သင့် အလွတ်ကျက်မှတ်ထား စရာမလိုသောကြောင့်ပေတည်း။ Menu တစ်ခုကို သင် click လုပ်လိုက်လျှင်၊ system က command အဖြစ် ပြောင်းလဲပြီဆောင်ရွက်ပေးသဖြင့်၊ လွယ်ကူစွာပင် အလုပ်ပြီးမြောက်လေသည်။

    အရာရာတိုင်း ထိုကဲ့သို့လွယ်ကူနေသည်မဟုတ်ပေ။ တစ်ခါတစ်ရံ Windows boot မတက်သဖြင့်၊ DOS command line တွင် ရပ်တန့်နေသည့် အဖြစ်မျိုး ကြုံဖူးကြပေလိမ့်မည်။ GUI များရှိသည်ဟူ၍ command များလေ့လာရန်ကို ရှောင်လွှဲ၍ မရပေ။ အခြေနေအတော်များများ တွင် command များက အလုပ်ကို ပိုမိုမြန်ဆန်စွာပြီးစေနိုင်၏။ GUI နှင့်ယှဉ်လိုက်လျှင် လိုအပ်သော resource လည်းနည်း၏။ Error များ၊ Bug များလည်း နည်း၏။ ထို့ပြင် အရေးကြီးဆုံးကား ၄င်း command များအသုံးပြုခြင်းကို ရှောင်လွှဲ၍ မရခြင်းပေတည်း။

    ထို့ကြောင့် အချို့သော အရေးကြီး command များကို သိထိုက်လှပေသည်။ အရေးကြီးသော၊ သိသင့်သိထိုက်သော command များကို အောက်တွင် ဖော်ပြထားပါသည်။ ဤနေရာတွင် command တစ်ခုခြင်း၏ အသေးစိတ်ကို ရှင်းလင်းထားခြင်း၊ ရှိရှိသမျှ command များကို စာရင်းပြုဖော်ပြထားခြင်းမျိုး မပြုဘဲ အသုံးအဝင်ဆုံးဖြစ်မည် ထင်သော command များကိုသာဖော်ပြထား၏။ သာမန်အသုံးပြုသူများ အားအကျိုးပြုမည့် command များနှင့် Linux ကိုသုံးရာတွင် အဆင်ပြေချောမွေ့ စေမည့် command များကို ဦးတည်ကာ ရွေးချယ်ဖော်ပြပါသည်။
  • edited April 2009 Registered Users
    The shell

    Command များကို 'prompt' တွင်ရေးသွင်းရ၏။ ပုံမှန် Linux ၏ prompt သည် အောက်ပါ သွင်ပြင်ရှိ၏။
    [[email protected] foo]$ _

    [email protected] ဖော်ပြချက်သည် linux console အား user x သည် computer y ပေါ်တွင်သုံးနေကြောင်းပြ၏။ နောက်ဆက်တွဲ စာလုံးကား လက်ရှိ ရောက်ရှိနေသော Directory ကိုဖော်ညွှန်း၏။ အထက် ဥပမာတွင် /home/foo ဖြစ်၏။ ၄င်းကား Linxu ပေါ်တွင် user 'foo' ၏ မူရင်း (?) home directory ဖြစ်၏။ ဤနေရာမှ စ၍ prompt ကို '$ _' ပုံစံဖြင့်သာ ရေးသားဖော်ပြသွားပါမည်။

    Prompt သည် Cursor လေး မှိတ်တုတ် မှိတ်တုတ် နှင့် သင့် command ကိုလက်ခံရန် အသင့်အနေထားနှင့်ရှိသည်။ Prompt ၏ နောက်ကွယ်တွင် အထူးဖန်တီးထားသော program တစ်ခုရှိသည် ၄င်းကို 'Shell' ဟုခေါ်၏။ Shell သည် ရေစစ် ကဲ့သို့ လုပ်ဆောင်ပေးသည်။ သင်ရေးသွင်းလိုက်သာ command များကို စစ်ဆေး လက်ခံ၊ ဖတ်ရှု၊ လိုအပ်လျှင် ပြုပြင်ကာ၊ သက်ဆိုင်ရာ program များကို ခေါ်ယူ ပေးသော အလုပ်ကို လုပ်၏။ အချို့သော program များကို shell ကိုယ်၌က ခေါ်ယူသုံးစွဲလေ့လည်း ရှိ၏။

    UNIX တွင် shell အမျိုးကွဲပေါင်း များစွာရှိသည်။ Linux တွင်ကား Bash shell ကို စံအဖြစ်ထားကာသုံးကြသည်။
    Thanked by 1 mmh
  • edited April 2009 Registered Users
    Windows သုံးစွဲသူများ သိထားသင့်သည့် အချက်များ။

    Mounting/ Unmounting


    "mount" ဆိုတာဘာလုပ်တာလဲ ဟု မေးမြန်းသည်ကို မကြာခန ကြားရသည်။

    DOS တွင်၊ Floopy-drive ကို A: ၊ CD-rom ကို E: သို့မဟုတ် F: သို့မဟုတ် အခြား စာလုံးများနှင့်သတ်မှတ်၏။ UNIX တွင် ထိုကဲ့သို့ စာလုံးများ သတ်မှတ်ထားခြင်းမျိုး မရှိရကား၊ root (/) filesystem (ဖိုင် ထိန်းသိမ်းမှု စနစ်) ထဲတွင် နေရာတစ်ခု ပေးလေ့ရှိသည်။

    အကျယ်ချဲ့ပြအံ့။ ဆိုကြပါစို့၊ သင် floopy ကိုသုံးလိုလျှင်၊ drive ထဲကို floopy ကိုထည့်ကာ၊ ၄င်းကို Directory တစ်ခုထဲတွင် 'mount' လုပ်၏။ ထိုသို့ဆောင်ရွက်ရန် prompt ထဲတွင် အောက်ပါအတိုင်း command ကိုရိုက်ရသည်။

    mount /dev/fd0 /mnt/floopy

    ထို့နောက် /mnt/floopy directory ထဲသို့ဝင်ရောက်ကာ ls command ကိုရိုက်လျှင်၊ floopy ထဲရှိ ဖိုင်များကို တွေ့ရပေမည်။ (နောက်ပိုင်းထွက်ရှိသော linux အများစုတွင် /dev/fd0 ကိုချန်လှပ်၍ လည်းရေးသားနိုင်သည်။ mount command က အလိုအလျောက် ရှာဖွေပေးသွားပါသည်။)

    လက်တွေ့အားဖြင့် /mnt/floopy သည် သင်၏ floopy disk ကိုရည်ညွှန်းပြီး၊ ၄င်းထဲမှ ဖိုင်များကို ဖန်တီး၊ ရွှေ့ပြောင်း၊ ပြုပြင်၊ ဖျက်ဆီးခြင်းများ ပြုမူနိုင်ပြီး၊ လုပ်ဆောင်ချက်အားလုံးသည် floopy disk ကို တိုက်ရိုက် အကျိုးသက်ရောက်စေသည်။ လုပ်ဆောင်မှုများ ပြီးဆုံးလျှင် အောက်ပါအတိုင်း command ပေးနိုင်သည်။

    unmount /mnt/floopy

    ယခု floopy disk ကို ထုတ်ယူနိုင်ပေပြီ။ ဤနည်းဖြင့် floopy disk သာမက၊ CD Rom များ၊ Windows ၏ FAT32 filesystem များကိုပါ အသုံးချနိုင်ပေသည်။

    အဘယ့်ကြောင့် ထိုမျှ ကွေ့ကာကောက်ကာ လုပ်ဆောင်ရသနည်း ဟု သင်ကမေးအံ့။ လိုရင်းကား လုံခြုံရေးပင်ဖြစ်သည်။ mount command သည် ကွန်ပြူတာနှင့် ဆက်သွယ်ထားသော ကိရိယာများ၊ filesystem များကို ဝင်ရောက်ကြည့်ရှုနိုင် သည်ဖြစ်ရာ၊ သုံးစွဲသူ တစ်ဦးအား ၄င်းကဲ့ကို ဆောင်ရွက်ရန် ကန့်သတ်ထားသည့် အခါမျိုးတွင်၊ mount လုပ်ရသည့် နည်းသည် ကန့်သတ်မှုပြုခြင်းအား အတိုင်းအတာ တစ်ခုထိ အကျိုးသက်ရောက်စေသည် မဟုတ်ပါလော။
  • edited April 2009 Moderators
    Nice Tutorials, Cheers
    Thanked by 1 [email protected]
  • edited April 2009 Registered Users
    command များအား သင်အသုံးမချမီ၊ သတိပေးလိုသည်ကား၊ UNIX တွင် Directory များအား ဖော်ပြရာ၌ Front slash (/) ကိုသုံးကာ ခွဲခြားလေ့ရှိသည်။ DOS နှင့် Windows မှာကဲ့သို့ Back-slash (\) မဟုတ်။ ထို့ကြောင့်

    cd /home/tomh

    ဟုသာရေးသားရမည်

    cd \home\tomh
    မဟုတ်။

    UNIX/LINUX တို့တွင် နောက်ဆက်တွဲ အထူးအဓိပါယ်ဆောင်သော စာလုံးများ အတွက်သုံးပါသည်။ အသေးစိတ် မဆိုတော့ပေ။ Front slash ကိုသာသုံးကြပါ။
    Thanked by 1 mmh
  • edited April 2009 Registered Users
    မူလအားဖြင့်၊ Linux အမျိုးအစား အများစုသည် သင်အမည် ရိုက်ထည့်လိုက်သော execute လုပ်နိုင်သည့် ဖိုင်ကို လက်ရှိရောက်ရှိနေသော directory တွင် အလိုအလျောက်ရှာလေ့ မရှိပေ။

    ဥပမာ DOS ထဲတွင် C:\MYDIR အောက်၍ GAME.EXE ရှိသည်ဆိုကြပါစို့။ ထိုအခါ
    C:\>MYDIR>GAME ဟု လွယ်လင့်တကူ ရိုက်ထည့်နိုင်သည်။ ထို binary ဖိုင်အား execute လုပ်ပေမည်။

    ယခု Linux တွင်၊ /home/tomh/mydir အောက်၌ ရှိသော execute လုပ်နိုင်သည့် game ရှိသည်ဟုယူဆအံ့။ (UNIX တွင် execute လုပ်နိုင်သော ဖိုင်များ၌ extension ရှိရန်မလိုပေ။) အောက်ပါအတိုင်း ရိုက်ထည့်လျှင်

    $ game

    အောက်ဖော်ပြပါကဲ့သို့ error တက်ပေလိမ့်မည်။

    bash: game: Command not found
    $ _

    ဆောင်ရွက်ပုံ နည်းကား လက်ရှိရောက်ရှိနေသော directory ကို သတ်သတ်မှတ်မှတ် ဖော်ပြပြီးမှသာ execute လုပ်နိုင်လေသည်။

    $ ./game

    ဤ နေရာ၌ '.' သည် လက်ရှိရောက်ရှိနေသော directory ကိုရည်ညွှန်းသည်။ '..' ကား မိခင် directory ကိုရည်ညွှန်းပါသည်။ ထိုသို့ ကွေ့ကောက်ဆောင်ရွက်ရခြင်းမှာ လက်ရှိရောက်နေသော directory မှ အန္တရယ်ပြုစေနိုင်သော binary များ (ရှိခဲ့လျှင်) ကို မတော်တဆ မရည်ရွယ်ဘဲ execute လုပ်မိခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်သည်။
  • edited April 2009 Registered Users
    Network နှင့် ချိတ်ဆက် သော Operating Systems များ (ဥပမာ Linux နှင့် Windows NT) တွင် အချို့သော User များ၌ အထူးလုပ်ပိုင်ခွင့်များ ရှိတတ်ကြသည်။ ၄င်းတို့ကို Windows NT တွင် Administrator ဟုခေါ်ပြီး Linux/Unix တွင် root ဟုခေါ်ကြသည်။

    ၄င်းတို့တွင် သာမန် သုံးစွဲသူများ (ordinary users) များ execute မလုပ်နိုင်သော command များကို execute လုပ်ပိုင်ခွင့်များ ရှိရာ သူတို့အား super-users ဟုခေါ်သည်။ Linux တွင် မူရင်း super-user ၏ login အမည်မှာ "root" ဟူ၏။ "root" အမည် နှင့် (root password ကိုသုံးပြုပြီး) login လုပ်လိုက်လျှင် သင် super-user အဖြစ် login လုပ်လိုက်ခြင်း ဖြစ်ပေသည်။
  • edited April 2009 Registered Users
    Linux တွင် command များ မရေးမီ ၄င်းတွင် မည်သည့် directory များပါဝင်သည်၊ ဘာ့ကြောင့် ပါဝင်သည်များကို သိသင့်ပါသည်။ ရှိရှိသမျှ directory အားလုံးကို ရှင်းပြရန်ကား မဖြစ်နိုင်ခြေ ထို့ကြောင့် အရေးကြီးဆုံးသော directory များ နှင့် ၄င်းတို့တွင် မည်သည်များ ပါသည်ကိုသာ အောက်တွင်ဖော်ပြလိုက်ပါသည်။

    /
    Root directory ဖြစ်သည်။ ကျန်ရှိနေသော directory အားလုံးကို ရည်ညွှန်းရာဖြစ်သည်။

    /bin
    Linux ကို run ရန် မရှိမဖြစ် လိုအပ်သော binary file များ ပါဝင်သည်။

    /boot
    Linux ကို boot လုပ်ရန် လိုအပ်သော ဖိုင်များ ပါဝင်သည်။

    /etc
    အခြားသော Linux ပေါ်တွင် တင်ထားသည့် software များ၏ configuration
    ဖိုင်များ ပါဝင်သည်။

    /home
    User အားလုံးတွင် ကိုယ်ပိုင် home directory များ (ဥပမာ Windows တွင်
    My Documents ကဲ့သို့) ရှိကြသည်။ ၄င်း တို့ အားလုံးပါဝင်သည်။ ဥပမာ
    သင်၏ user id သည် tomh ဆိုပါက သင်၏ My Documents (home-
    directory) သည် /home/tomh ဖြစ်ပေမည်။

    /lib
    Linux တွင် လိုအပ်သော library ဖိုင်များ ပါဝင်သည်။ Windows ၏ DLL ဖိုင်များ
    နှင့် ဆင်တူသည်။

    /lost + found
    Disk check လုပ်သော အခါ တွေ့ရှိရသည့် ပျက်ဆီးနေသော သို့မဟုတ်
    မည့်သည့် directory နှင့်မျှ အဆက်အစပ် ရှိမနေ သော ဖိုင်များကို
    ဤနေရာတွင် သိမ်းထားသည်။ ထိုသို့ ဖိုင်များ ရှိရခြင်းများ ကွန်ပြူတာအား
    မှန်ကန်သော shut down မလုပ်ခြင်းကြောင့်ဖြစ်သည်။

    /misc

    အထွေထွေ ဖိုင်များ ပါဝင်သည်။

    /mnt
    အခြား ဆက်စပ် ကိရိယာများ (CD Rom, Floopy, Printer) နှင့် အခြား file
    system များကို mount လုပ်ရာ နေရာဖြစ်သည်။

    /opt
    Optional software များ ပါဝင်သည်။

    /proc
    pseudo-filesystem များ ပါဝင်သည်။ အမှန်တွင် ၄င်းတို့သည် hardisk ပေါ်တွင်
    မရှိကြပေ။ ထိုdirectory ထဲကို သင် ဝင်ရောက် ကြည့်ပါမှာ ၄င်းတို့
    ကိုမြင်နိုင်ပေသည်။ ၄င်းတို့သည် System ၏ configuration parameter များဖြစ်ကြပြီး
    Linux OS kernel ၏ memory ထဲတွင်သာ တည်ရှိကြသည်။

    /root
    Super-user (root) ၏ ကိုယ်ပိုင် home direcotry ဖြစ်သည်။

    /sbin
    System ကို စီမံခံ့ခွဲရာတွင် အသုံးချသော binaries များ ပါဝင်သည်။

    /tmp
    ယာယီဖိုင်များ ပါဝင်သည်။

    /usr
    User များနှင့် သက်ဆိုင်ရာ ဖိုင်များ directory များ ပါဝင်သည်။


    /usr/bin
    /bin တွင်အလွန် အရေးကြီးသော ဖိုင်များ ပါဝင်သည်ကို အထက်တွင် ဖော်ပြခဲ့ပြီ။ /usr/bin သည် လည်း ထို့နည်းတူ အခြား အရေးကြီးသော ဖိုင်များ
    ပါဝင်သည်။

    /usr/include
    Program များကို develop လုပ်ရာတွင် compile လုပ်ရန် လိုအပ်သော header ဖိုင်များ ပါဝင်သည်။


    /usr/lib
    User များ၏ application များ အတွက် လိုအပ်သော library ဖိုင်များ ပါဝင်သည်။


    /usr/local
    လက်ရှိ ကွန်ပြူတာ ဖြင့်သာ သီးခြား သက်ဆိုင်သော ဖိုင်များ ပါဝင်သည်။


    /usr/sbin
    User စီမံခံ့ခွဲရာတွင် သုံးသော binaries များ ဝါဝင်သည်။


    /usr/share
    User အများကို (share) ဝေမျှပေးနိုင်သော ဖိုင်များ ပါဝင်သည်။


    /usr/src
    Linux kernel ၏ source code များပါဝင်သည်။


    /usr/X11R6
    X Window System ၏ လိုအပ်သော ဖိုင်များပါဝင်သည်။

    /var
    ပါဝင်သည့် အကြောင်းအရာများ မကြာခန ပြောင်းလဲသည့် ဖိုင်များပါဝင်သည။


    /var/log
    System ၏ log ဖိုင်များ ပါဝင်သည်။


    /var/spool
    စာပို့စနစ်၊ သတင်းနှင့် printer စသည်တို့နှင့် အခြားသော queue လုပ်ရသည့် အလုပ်မှန်သမျှတို့ပါဝင်သည်။
  • edited July 2009 Registered Users
    အခုလို ဆွေးနွေးတင်ပြပေးတဲ့ အတွက် ကျေးဇူးပါ ကိုသာသာ။
    အင်တာနက် အမြဲမသုံးနိုင်တဲ့ မိတ်ဆွေတွေ offline မှာပါ ဖတ်ရှူ့လို့ရအောင် ကျွန်တော် pdf ဖိုင်နဲ့ ပြန်လုပ်ထားပါတယ်။

    necessary Linux Command Line
    http://www.4shared.com/file/119298637/ae04a059/necessary_Linux_Command_Line.html
    
  • edited July 2009 Registered Users
    Linux Sexy commands တွေပါ .. :112:
    http://box02blog.wordpress.com/2009/07/20/how-does-linuxunix-administrator-have-sex/
    

    Just Jun! :113:

    ကိုသာသာရေး .. ကျေးဇူးပါ.. အချိန်ရရင် command ကြောင်းတွေဆက်ရေးပေးပါအုံး :)
  • edited July 2009 Moderators
    box02 wrote: »
    linux sexy commands တွေပါ .. :112:
    http://box02blog.wordpress.com/2009/07/20/how-does-linuxunix-administrator-have-sex/
    
    just jun! :113:

    ကိုသာသာရေး .. ကျေးဇူးပါ.. အချိန်ရရင် command ကြောင်းတွေဆက်ရေးပေးပါအုံး :)

    ဟီးဟီးကွက်ကွက်ကွင်းကွင်းကိုမြင်တော့တာပဲ :d:d:d
  • edited July 2009 Registered Users
    :77::77::77: Kotharthar ၏ စိတ်ဓာတ်ကို လေးစားမိလို ့ ဒီစာကို ရေးမိပါသည်။ ကိုယ်ကိုတိုင်လည်း အတတ်ပညာကိုရှာတယ် လေ့လာတယ်။ တစ်ပြိုင်နက်တည်း သူတပါးကိုလည်း ကိုယ်တတ်သလို၊ တတ်စေချင်တယ် ဆိုတဲ့ စိတ်ဓာတ်ကို လေးစားမိပါသည်။ ကျွန်တော်အကို ့ရဲ ့ ရေးသားချက်တွေကို သေသေချာချာ ဖတ်၍ သင်ယူနေပါသည်။
  • edited August 2009 Registered Users
    ကိုသားသားရဲ့ လေ့လာမျှေ၀မှု ကို လေးစားပါတယ်

    ကျွန်တော်စောင့်ပြီး ကိုသားသားနဲ့ အတူ လေ့လာနေပါတယ်

    ဒီးမွန်
  • edited February 2011 Registered Users
    အစ်ကိုဒီကွန်မန်များကိုအာလုံးပြီးရင်
    pdf fileအနေ့ နဲ ့ထုတ်ပေးရင်သိပ်ကောင်းမှာပဲ
    ကျွန်တော်တို့လို့စတင်သူများအတွက်အဆင်ပြေပါတယ်
  • Registered Users
    i want to get linux command pdf.
    I was not find this in link
  • Registered Users
    Hi Bro Kotharthar, I'm new to Linux. Thank you for posting this မသိမဖြစ် Linux Command Line topic. It's helpful for me. I hope you can continue to post this topic. Thank you so much bro !
  • Administrators
    ကိုသာသာကအိမ်မှာ ကလေးထိမ်းနေတယ် စာမရေးအားလောက်တော့ဘူး :P
  • Registered Users

    Thz a lot, Bro.
    Carry on. We are waiting

  • Registered Users

    What an awesome writing!

Sign In or Register to comment.