မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

windows 7 နဲ့ Hard Disk - Usb ကို ဘယ်လိုလော့ချမလဲ

edited March 2011 in ဖတ်စရာ
၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ
၂။ BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ ကိုလော့ချင်တဲ့ Disk Drives ကိုရွေးပြီး Turn on bitLocker ကို ကလစ်လိုက်ပါ
၄။ ပေါ်လာမယ့် ဝင်းဒိုးမှာ Use a password to unlock the drive ကို အမှတ်ခြစ်ပေးလိုက်ပါ
၅။ Type your password: နဲ့ Retype your password: မှာ password ကိုဖြည့်ပေးလိုက်ပါ နှစ်ခုလုံး အတူတူဖြည့်ပေရမှာ ဖြစ်ပါတယ် ဆိုလိုတာက (Type your password: မှာ 123456 ဆိုရင် Retype your password: မှာ 123456) အဲ့လိုဖြည့်ပေရမှာဖြစ်ပါတယ် password ကတော့ ကိုမှတ်ရလွယ်တဲ့ password ဖြည့်လိုက်ပါ ကြိုက်တာဖြည့်နိုင်ပါတယ် မမေ့ဖို့လိုပါတယ် မေ့နေရင်တော့ ......? သိတယ်နော်
၆။ ပြီးရင် Next ကိုကလစ်ပါ ပြီးရင် Save the recovery key to a file ကို ကလစ်လိုက်ပါ
၇။ Text Files လေးကို ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ Save ကိုကလစ်ပါ ပြီးရင် Next ကိုကလစ်ပါ
၈။ ပေါ်လာမယ့် ဝင်းဒိုးမှာ Start Encrypting ကိုကလစ်လိုက်ပါ Encrypting လုပ်နေတာတွေ့ရပါလိမ့်မယ်
Encrypting လုပ်နေတာပြီးအောင်စောင့်လိုက်ပါ ပြီးရင်တော့ အိုကေပြီပေါ့ စမ်းကြည့်လိုက်ပါ။


ကျွန်တော် ကြိုပြီးတော့ Unlock Drive သော့ပြန်ဖြုတ်တဲ့ နည်းပါရေးပေးလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပေါ့ Lock ချတဲ့နည်းပြောပြီးရင် Unlock ပြန်ပြီးဖြုတ်တဲ့ နည်းလေး ပြန်မေးလာမှာ သေချာလို့ပါ ဒါကြောင့် တစ်ခါတည်း ရေးပေးလိုက်ပါတယ် ဖြုတ်ချင်တဲ့ Usb ကိုထိုးလိုက်ပါ ပြီးရင် အောက်ကအတိုင်း လိုက်လုပ်ပါ။

၁။ Control Panel ပြန်ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး
၂။ Large icons ကို ကလစ်လိုက်ပါ ပြီးရင် BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ လော့ပြန်ဖြုတ်ချင်တဲ့ Disk Drives ကိုရွေးပြီး Unlock Drive ကို ကလစ်လိုက်ပါ
၄။ ပေါ်လာမည့်ဝင်းဒိုးမှာ ကိုပေးထားတဲ့ password ပြန်ဖြည့်ပြီး Unlock ကိုကလစ်လိုက်ပါ
၅။ ပြီးရင် ခုဏကနေရာမှာ Turn Off BitLocker ကိုကလစ်လိုက်ပါ Turn Off BitLocker ဆိုတဲ့ ဝင်းဒိုးပေါ်လာပါမယ် အဲ့မှာ Decrypt Drive ကိုကလစ်လိုက်ပါ Dectypting လုပ်နေတာကို ပြီးအောင် စောင့်လိုက်ပါ။

အကယ်၍ Usb ထိုးလိုက်ပြီး (Auto Run သို့မဟုတ် My Computer) ကနေဝင်ပြီး သော့ဖွင့်ခဲ့မယ်ဆိုရင် အပေါ်က (၃။) နဲ့ (၄။) အတိုင်း လိုက်လုပ်စရာ မလိုတော့ပါဘူး တခါတည်း (၅။) ကအတိုင်းလုပ်လိုက်ပါ ကဲဗျာ ဒီလောက်ဆို လုံလောက်ပြီလို့ ကျွန်တော်ထင်ပါတယ် သေချာဖတ်ပြီး လုပ်ကြည့်ပါ အဆင်ပြေမယ်လို့ထင်ပါတယ်။
copy from www.nyinayminn.com
Sign In or Register to comment.