မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

စာသင်ခန်းမှ ဟာသများ

edited April 2011 in Computer Humor
နွေရာသီ ကလေးများအတွက် ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ ဆရာမက ပစ္စည်း အခေါ်အေ၀ါ် အကြောင်းနဲ့ ကွန်ပျူတာကို Hardware နဲ့ software နှစ်ပိုင်းခွဲထားတဲ့အကြောင်းကို တင်နေချိန်မှာပါ...
ဆရာမ ။ ။ ကဲ ကလေးတို့ရေ mouse နှစ်မျိုးရှိတယ်. နာမည်လေးတွေ ပြောပြပါလို့ ပြောချိန်မှာ အသံတစ်သံက အားလုံးကို ကျော်ပြီးထွက်လာခဲ့ပါတယ်။
ကလေးသံ။ ။ အော်တီကယ် မောက်စ် နဲ့ မော်တော်ပီကယ် မောက်စ်ပါတဲ့
(ကလေး အဖေ က ယဉ်ထိန်းဌာနက ၀န်ထမ်းတစ်ဦးဆိုတာ နောက်မှ သိရတာပါ။ သြော် မက်ကယ်နီကယ် မောက်စ်မှ မော်တော်ပီကယ် မောက်စ်သို့ အခြေအနေအရ ပြောင်းရွေ့သွားခြင်းပါလား)
မူလတန်းအရွယ် ကလေးများကို ကွန်ပျူတာသင်သော အခန်းလေးထဲ၀ယ်........
ဆရာမ။ ။ ကဲ ကလေးတို့ရေ ကွန်ပျူတာကို အပိုင်းဘယ်နှစ်ပိုင်းခွဲပြီးထားသလဲကွယ်.
ကျောင်းသား။ ။ နှစ်ပိုင်းပါဆရာမ
ဆရာမ ။ ။ တော်လိုက်တာကွယ်. ကဲသား ဘယ်လိုလဲကွယ်ပြောပါအုန်း..
ကျောင်းသား ။ ။ အတန်းရှေ့သို့ရဲ၀ံ့စွာ ထွက်လာပြီး လက်ကလေးဖြင့် မော်နီတာ ဖန်သားပြင်အား အလယ်မှ လက်ဖြင့် ပိုင်းဒီ ဟန် ပြုလုပ်ပြီး " ဒီလို ပိုင်းတာပါတဲ့"
ကဲ ဆရာမခမျာ ငိုရမှာလားရယ် ရမှာလား မသိတော့ပါ လိုချင်သည်က hardware & software အဖြေပါ.ရလာသည်က........:biggrin:

မှတ်ချက်များ

  • edited March 2011 Registered Users
    ကျောင်းတုန်းကပါ....

    Windows 3.1 , 95 တွေ ပေါ်စကပေါ့...
    "ဆရာမ၊ ကျွန်တော့စက် ဘာမှ မပေါ်တော့ဘူး" ဘေးနားက ကျောင်းသားတစ်ယောက်ပြောသံပါ။
    တကယ်လည်း သူ့စက်က ဘာမှ မပေါ်တော့ဘူး။ ပါဝါမီးကတော့ လင်းနေတယ်။ ဆရာမလည်းရောက်လာပြီး ဟိုကြည့်သည်ကြည့်နဲ့။
    ဆရာမ။ ။နင်ဘာတွေသွားနှိပ်လိုက်သေးလဲ။
    ကျောင်းသား။ ။ကျွန်တော်ဘာမှမနှိပ်ဘူး။
    ဆရာမ။ ။ ပျက်သွားပြီလား မသိဘူး။
    အဲဒီအချိန်မှာ တခြားဆရာမတစ်ယောက်လဲရောက်လာပြီး ကီးဘုတ်ကို ဟိုနှိပ်၊ သည်နှိပ်လုပ်။ မရတဲ့အဆုံး ပါဝါပိတ်ပြီး ပြန်ဖွင့်လဲမရ။ တီ... ဆိုတဲ့ အသံတော့မြည်သား...
    ဆရာမတွေလဲ ချွေးပြန်လာ။ ဘေးက ကျောင်းသားတွေကလဲ ဝိုင်းကြည့်။ အဲဒီကွန်ပျူတာကိုင်တဲ့ ကျောင်းသားက မျက်နှာ ဇီးရွက်လောက်ပဲရှိတော့တယ်...

    နောက်ဆုံး ကျောင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာကို သွားခေါ်မှ အဖြေပေါ်တော့တယ်။
    ဘယ်သကောင့်သားက လက်ကမြင်းပြီး မော်နီတာ ခလုတ်ကိုသွားပိတ်ထားလဲမှ မသိတာ.... :D
    ဆရာမတွေခမျာ ကွန်ပျူတာ ပျက်ပြီထင်ပြီး ချွေးတွေပြန်နေကြတာ။ သူတို့လဲ ရန်ကုန်မှာ အနီးကပ် သင်တန်းတွေတက်ပြီးမှ ကျောင်းမှာ ကျောင်းသားတွေကို ပြန်သင်ကြတာကိုး... :)

    အဲဒီမှာတင် သင်ခန်းစာရလိုက်တာက ကွန်ပျူတာ ဘာမှ မပေါ်လျှင် မော်နီတာ ပါဝါ လာမလာ အရင်ကြည့်ပါလို့... :D
  • edited April 2011 Registered Users
    အဲ့လို ဆိုရင် Vius ကိုက်သွားလို့ ပိတ်သွားရင်ကော မော်နီတာ ကို ဖွင့်လိုက်ရင်ရပြီပေါ့နော်
Sign In or Register to comment.