မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

blogspot မဟုတ်ဘဲ blogger.org ဖြစ်ချင်လို့ပါ

edited September 2010 in Blogspot
MZ က အစ်ကို အစ်မများ ခင်ဗျား
တစ်ချို့ blog တွေက blogspot.com မဟုတ်ဘဲ myanamrblogger.com ဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ထားတာလဲ ကျွန်တော်သိချင်တာက bogspot.com ဆို ရင် access denied ပဲ ။ myanmarblogger.com ဆိုရင်တော့ access denied မဖြစ်ဘူး။ အဲသည်လိုဖြစ်အောင်လုပ်ချင်လို့ပါ။

မှတ်ချက်များ

  • edited September 2010 Moderators
    www.myanmarblogger.com ကနေ sub domain နဲ ့ hosting ပြန်ခွဲယူထားတာပါ။ အကယ်လိ ့ခင်ဗျားမှာ something.com ဆိုတာရှိရင် somewhere.something.com ဆိုပြီးထပ်ခွဲနိုင်ပါတယ်။ mz တောင် edu.mysteryzillion.org , user.mysteryzillion.org , ဆိုပြီးအစရှိသဖြင့် ခွဲထားပါတယ်။ www.myanmarblogger.com က သီးသန် ့ hosting နဲ ့ဖြစ်လိမ့်မယ်။ blogspot ကတော့ google က supporting လုပ်တာပါ ဒါကြောင့်အဲဒီ နှစ်ခုဟာ သက်ဆိုင်တာမဟုတ်ပဲ သီးသန် ့ hosting ယူပြီးတည်ထောင်ထားတာကြောင့် access is denied မဖြစ်ပါ။
  • edited September 2010 Registered Users
    bala wrote: »
    MZ က အစ်ကို အစ်မများ ခင်ဗျား
    တစ်ချို့ blog တွေက blogspot.com မဟုတ်ဘဲ myanamrblogger.com ဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ထားတာလဲ ကျွန်တော်သိချင်တာက bogspot.com ဆို ရင် access denied ပဲ ။ myanmarblogger.com ဆိုရင်တော့ access denied မဖြစ်ဘူး။ အဲသည်လိုဖြစ်အောင်လုပ်ချင်လို့ပါ။

    http://user.myanmarbloggers.org ကို သုံးချင်တယ်ဆိုရင်တော့ ပရောက်ဆီ ကျော်စရာ မလိုပဲ ဖွင့်ကြည့်လို့ရတာ မှန်ပါတယ်။ ဒါပေမယ့် myanmarbloggers.org ကို တောင်းဖို့ အတွက်တော့ ကိုယ်ပိုင် ဘလော့ တစ်ခု ရှိရပါမယ်။ အဲဒီလို ကိုယ်ပိုင် ဘလော့ တစ်ခုကို blogspot.com ကနေ ဒါမှ မဟုတ် wordpress.com ကနေ ဘလော့တစ်ခု အ၇င်သွားလုပ်ပါ။ အဲဒီလို ကိုယ်ပိုင် ဘလော့ ရပြိ ဆိုမှ.. myanmarbloggers.org ကို အီးမေးကနေ request လှမ်းလုပ်ရပါတယ်.. ဥပမာ...

    to: [email protected]
    subject: Subdomain တစ်ခု တောင်းခံခြင်း

    ပြီးတော့မှ အောက်က Message နေရာမှာ.

    ယခုလက်ရှိ သုံးစွဲနေသော ဘလော့ဂ်လိပ်စာ – http://zawthainkah.blogspot.com
    ပြောင်းလဲလိုသော လိပ်စာအသစ် – http://zawtk.myanmarbloggers.org
    တောင်းခံသူ နာမည် – ဇော်သိင်္ခ


    ဆိုပြီး မေးပို့ပြီး လှမ်းတောင်းလိုက်ပါ.. သူတို့ကနေမှ အဲဒီဘလော့ကို Create လုပ်ပြီးပြီ ဆိုတဲ့ အကြောင်း မေးပြန်လာပါလိမ့်မယ်.. ( အရင်ကတော့ Reply အရမ်းမြန်ပါတယ်။ အခု အရမ်းကြာပါတယ်...သူငယ်ချင်းတစ်ယောက် အဲလို လှမ်းတောင်းထားတာ တစ်ပတ်လောက်ရှိနေပြီ အခုချိန်ထိ reply ပြန်မလာသေးပါ) အဲဒီလို ပြန်လာမှ.. ကိုယ်တောင်းလိုက်တဲ့ myanmarbloggers.org လိပ်စာ ကို စောစောက ကိုယ်ပိုင်လုပ်ထားတဲ့ blogspot.comဆီမှာ သွားပြီး Redirected ပြန်လုပ်လိုက်ရင် အိုကေ သွားပါလိမ့်မယ်.. Redirected လုပ်နည်း မသိရင်တော့ နောက်မှ ပြောပြမယ်နော်.... ။ တကယ်တန်း ဘလော့ ရေးရင်တော့ ကျော်ခွပြီး blogspot.comမှာပဲ ပြန်ပြီး ဝင်ရေးရမှာပါ။ ... ဖွင့်ကြည့်တဲ့ သူအတွက်တော့ ကျော်ခွစရာ မလိုပဲ ဖွင့်ကြည့်လို့ ရသွားတော့ အဆင်ပြေတာပေါ့ဗျာ....

    အားလုံး အဆင်ပြေကြပါစေဗျာ..
    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ
  • edited September 2010 Registered Users
    ကိုကြီး ဇော်သိင်္ခ အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ
Sign In or Register to comment.