မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

စုဆောင်း ထားသမျှ

[FONT="]ကျနော်တို့ ကျောင်းရာထူးတိုး စာမေးပွဲမှာ ဆရာက Networking နဲ့ပတ်သက်လို့ ကြိုက်တဲ့ Reference Book များမှ ယူပြီးကြိုက်သလိုဖြေ Concept တူရင် အမှတ်ပေးမယ် ဆိုတာနဲ့ Networking အကြောင်း စုဆောင်းရှာဖွေ ထားတာလေးတွေပါ Internet download တွေလည်းပါတယ် MZ မှ ရွှေညိအစ်ကိုများ ကို Share ချင် လို့ပါ သိလို့တတ်ကျွမ်းလို့ရယ် မဟုတ်ပါဘူး Practical ပိုင်း မပါ ပါဘူး Theory Concept မျှသာဖြစ်ပါတယ် တတ်နိုင်သလောက် ဘာသာပြန်ပေးလိုက်ပါတယ် :P :P :P

ပထမဦးစွာ Networking Type တစ်မျိုးဖြစ်တဲ့ LAN အမျိုးအစားထဲမှ Ethernet LAN အကြောင်းလေး......:D
LAN မှာ Ethernet နဲ့ Toking Ring ရယ်လို့ ယေဘုယျအားဖြင့် (၂) မျိုးခွဲခြားထားပါတယ်
Ethernet ဟာ လက်ရှိအသုံးတွင်ကျယ်နေတဲ့ LAN အမျိုးအစား တစ်ခုဖြစ်ပါတယ်
အဆောက်အဦး တစ်ခုရဲ့ အခန်းထဲမှာ Computer တွေနဲ့ Printer စတဲ့အခြား Computer Accessories တွေ အချင်းချင်း Data တွေ Share လုပ်လို့ရအောင် Hub or Router ကြားခံပြီး ဆင်ထားတဲ့ LAN Network
ဖြစ်ပါတယ်
Computer အချင်းချင်း Data တွေ Transmit or Receive လုပ်ဖို့ Hub or Router တွေက
ကြားခံအနေနဲ့ လုပ်ဆောင်ပေးပါတယ် Data တွေ Transmit or Receive လုပ်နိုင်တဲ့ Capacity ကတော့ 10 Mbps
ဖြစ်ပါတယ် ဒါကြောင့် သာမန်အသုံးပြုနိုင်တဲ့ Bandwidth ကတော့ 10 Mbps ဖြစ်ပါတယ်
နောက်ပိုင်းမှာ Bandwidth ကို 100 Mbps မှ 1000 Mbps အထိ ထပ်တိုးဖွယ်ရှိတယ်လို့ သိရပါတယ် :P :P
Ethernet ကို ထပ်မံပြီး အမျိုးအစား ခွဲထားပါသေးတယ်

Types Standard Bandwidth
Ethernet IEEE 802.3/Ver II(DIX) 10 Mbps
Fast Ethernet IEEE 802.3 u 100 Mbps
Gigabit Ethernet IEEE 802.3 z(over fiber) 1000 Mbps
Gigabit Ethernet IEEE 802.3 ab(over twist pair) 1000 Mbps

အထက်ပါဇယားအရ Ethernet မှာ Version II (DIX) နဲ့ IEEE 802.3 ဆိုပြီး ထပ်ခွဲထားပါတယ် Version II က
အသုံးတွင်ကျယ်ပြီး DIX ဆိုတာ Digital, Intel နဲ့ Xeron Company (၃) ခုက assign လုပ်ထားတာပါ IEEE 802.3
ကအသုံး မတွင်ကျယ်ပါဘူး Version II (DIX) နဲ့ IEEE 802.3 တို့ဟာ တစ်ခုနဲ့တစ်ခု Compatible မဖြစ်ပါဘူး အဓိက
ကတော့ Data Frame Format ကွဲပြားလို့ပါပဲ
Fast Ethernet ကို IEEE 802.3 u လို့ သတ်မှတ်ပြီး အခုနောက်ပိုင်း ပေါ်တဲ့ Modern Version ဖြစ်ပါတယ်
LAN Backbone Network အဖြစ် အသုံးပြုပြီး Client အတွက်တော့ အသုံးမပြုနိုင်သေးပါဘူး
Gigabit Ethernet ကို IEEE 802.3 z လို့ သတ်မှတ်ပြီး Bandwidth ကတော့ 1000 Mbps ပါ LAN Backbone Network အဖြစ် အသုံးပြုပြီး တပ်ဆင်စရိတ် စျေးကြီးပါတယ်
နောက် Gigabit Ethernet ကို IEEE 802.3 ab လို့ သတ်မှတ်ပြီး Bandwidth ကတော့ 1000 Mbps ပါ
Latest Version ဖြစ်ပြီး ယနေ့ခေတ်မှာ အပြည့်အ၀ အသုံး မချနိုင်သေးပါဘူး
နောက်ပိုင်းမှာ တပ်ဆင်စရိတ်စျေးသက်သာပြီး အသုံးပြုရလွယ်ကူတဲ့ Gigabit Ethernet ကို အနာဂတ်မှာ မြင်တွေ့ရဖွယ် ရှိကြောင်းပါ ခင်ညာ
လိုအပ်သည်များကို Networking ပညာရှင်များမှ ေ၀ဖန် သုံးသပ် အကြံပေးတော်မူကြပါ ဟီး
MZ မှာ Networking professional တွေရှိတာ အနော် တိတယ် Professional တွေ အညားကြီးပဲ :P :P

[/FONT]

မှတ်ချက်များ

  • edited September 2010 Registered Users
    [FONT="]LAN [/FONT][FONT="]အကြောင်းလေးပါ
    [/FONT] [FONT="]Local Area Network [/FONT][FONT="]ဆိုတဲ့ နာမည်အတိုင်း သူရဲ့ Networking Area က အဆောက်အဦရဲ့ အခန်း (၁) ခန်းစာ ဒါမှမဟုတ် အကွာအေ၀းအားဖြင့် 1 km ကနေ 10 km ကျော်ကျော် အထိရှိပါတယ် စက်ရုံတစ်ခု အတွင်း ရုံးတစ်ရုံး အတွင်း စာသင်ကျောင်း၊ကောလိပ် ပရ၀ုဏ်တစ်ခု အတွင်းမှာ ဆင်ထားတဲ့ Networking အမျိုးအစားဖြစ်ပါတယ် :D
    LAN မှာ Data Transmission ရဲ့ Capacity ကတော့ 100 Mbps ဖြစ်ပါတယ် LAN မှာလည်း Network အတွင်းမှာရှိတဲ့ Computer (Workstation) အချင်းချင်းကိုData Transmit or Receive လုပ်ရန် ကြားခံအဖြစ် Repeater , Bridge , Switch တို့ခံပေးရပါတယ် နောက်ပြီး LAN တစ်ခုနှင့်တစ်ခုကို Repeater , Bridge, Switch တို့အကူအညီနဲ့ ချိတ်ဆက်နိုင်ပြီး LAN Area ပိုမိုကြီးမားကျယ်ပြန့်စေပါတယ် :P :P
    LAN မှ နောက် LAN ချိတ်ဆက်ဖို့ LAN မှ WAN ဒါမှမဟုတ် MAN တို့နှင့် ချိတ်ဆက်ဖို့ Intelligent Intermediate node လို့ခေါ်တဲ့ Router ကို ကြားခံအဖြစ် ခံပေးရပါတယ် LAN အမျိုးအစား များပြားပေမယ့် Ethernet LAN သာလျှင် အသုံးအများဆုံး ဖြစ်ပါတယ် LAN ဟာ high speed networking ဖြစ်ပါတယ်
    LAN ကိုအနှစ်ချုပ်အားဖြင့်
    ူအကျယ်အ၀န်းအားဖြင့် အဆောက်အဦး တစ်ခုစာ 1 km or 10 km အတွင်းရှိ အဆောက်အဦးများမှာ ဆင်ထား :P :P
    LAN ကို authorized administrator မှ ထိန်းချုပ်ထား
    LAN မှ အခြား MAN or WAN ကို data access လုပ်ဖို့ Router မှ လုပ်ဆောင်ပေး
    Data transmit rate က 100 Mbps ဖြစ်ပါကြောင်း
    MZ မှ ရွှေညိအစ်ကိုများကို မျှေ၀ လိုက်ပါတယ်
    အမျှ အမျှ အမျှ ယူတော်မူကြပါကုန် ဟီး :P :P

    [/FONT]
  • edited September 2010 Registered Users
    [FONT="]MAN အကြောင်းလေးပါ
    Metropolitan Area Network ဖြစ်ပြီး Metropolitan ဆိုတာ မြို့ပြဧရိယာ ဖြစ်တာကြောင့် MAN ရဲ့ Networking Area က မြို့တစ်မြို့စာ ဖြစ်ပါတယ် MAN ဟာအကျယ်ေ၀န်းအားဖြင့် 5km မှ 50 km အထိရှိပြီး LAN ထက်ကြီးပြီး WAN ထက်သေးငယ်ပါတယ် MAN ကို အဖွဲ့အစည်း တစ်ခုတည်းမှသာ ပိုင်ဆိုင်တာ မဟုတ်ပါဘူး MAN မှာရှိတဲ့ Communication Link နဲ့ Equipment တွေကို စီးပွာရေးကုမဏီအသင်းတွေရဲ့ Network User ဒါမှမဟုတ် Network User တွေကို Service ပေးတဲ့ Network Provider နဲ့ အခြားအဖွဲ့အစည်းတွေမှလည်း ပိုင်ဆိုင်ပါတယ်
    [/FONT]
    [FONT="] MAN အမျိုးအစားပေါ်မူတည်ပြီး Transmit Data Rate က 1000 Mbps မှ 10 Gbps အထိရှိတယ်လို့ သိရပါတယ် MAN ဟာ High Speed Backbone Network အမျိုးအစားဖြစ်ပြီး MAN တစ်ခုမှ နောက် MAN or WAN တို့နဲ့လည်း Backbone Link နဲ့ ကြားခံပြီး ချိတ်ဆက်ပေးပါတယ်[/FONT]
    MAN မှာ ATM (Asynchronous Transfer Mode) သုံးပြီး Backbone အနေနဲ့ FDDI (Fiber Distributed Data Interface) ဖြစ်ပါကြောင်း
    [FONT="][/FONT]
  • edited September 2010 Registered Users
    ရေးတဲ့ သူ အားရှိအောင် အားပေးနေပါတယ်...ဆက်ရေးပါ..... :cool:
    WAN လေးရောပေါ့။
  • edited September 2010 Registered Users
    ရေးတဲ့ သူ အားရှိအောင် အားပေးနေပါတယ်...ဆက်ရေးပါ..... :cool:
    WAN လေးရောပေါ့။
    ဟီး :P :P
    အားပေးတဲ့လူ တစ်ယောက်တော့ရှိတယ် :D အားမပေးလည်းရေးမှာပဲ
  • edited September 2010 Registered Users
    [FONT="]WAN[/FONT]
    [FONT="]WAN အကြောင်းလေးပါ Wide Area Network ဖြစ်ပြီး LAN နဲ့ MAN တို့ထက် Networking Area ပို ကျယ်ပြန့်ပါတယ် အလွန်ကွာေ၀းတဲ့ LAN Networking နေရာတစ်ခုကို နောက်အလှမ်းကွာတဲ့ LAN Networking တစ်ခုနဲ့ ချိတ်ဆက်တဲ့ Networking ဟာ WAN အမျိုးအစားထဲမှာ ပါပါတယ် WAN ရဲ့ Transmission လမ်းကြောင်းက Fiber or ISDN (Integrated Service Digital Network) or POTS (Plain Old Telephone Service) စတဲ့ Physical Media ဖြစ်နိုင်သလို Microwave or Satellite စတဲ့ Wireless လည်းဖြစ်နိုင်ပါတယ် WAN က OSI Layer (၇) ခုရှိတဲ့အနက် Lower three Layer တွေမှာ အလုပ်လုပ်ပါတယ်[/FONT]
    [FONT="]WAN ရဲ့ Data Transmit Rate ကတော့ အရမ်းနှေးပါတယ် အများဆုံး Speed က 155 Mbps ဖြစ်ပါတယ် WAN ရဲ့ချိတ်ဆက်ပုံ Connection ကအမျိုးမျိုး ရှိပါတယ် Point to Point link, Circuit Switching, Packet Switching စသဖြင့်ပေါ့ WAN မှာ Data Transmission အတွက်အသင့်တော်ဆုံးက Packet Switching Public Data Network ဖြစ်ပါကြောင်း [/FONT]
  • edited September 2010 Registered Users
    အားပေးသူတစ်ယောက်မကပါဘူးအဟဲ....စောင့်စားဖတ်ရူလျှက်...............။
  • edited September 2010 Registered Users
    0kophyo0 wrote: »
    အားပေးသူတစ်ယောက်မကပါဘူးအဟဲ....စောင့်စားဖတ်ရူလျှက်...............။

    တတ်နိုင်သလောက် ဆက်ရေးပါဦးမည် ဟီးဟီး :P
  • KK
    edited September 2010 Moderators
    ဒါဆိုရင်လည်း Wide-Area Wireless Lan အကြောင်းလေးပါ ဆက်ရေးပေးပါအုံးဗျို့ .. စောင်မျှော်လျှက်.. :D
  • edited September 2010 Registered Users
    T.K wrote: »
    ဒါဆိုရင်လည်း Wide-Area Wireless Lan အကြောင်းလေးပါ ဆက်ရေးပေးပါအုံးဗျို့ .. စောင်မျှော်လျှက်.. :D

    ဟုတ်ကဲ့ ဆက်ရန် ရှိပါတယ် (ဆုန်သင်းပါရ်) ဟုတ်ဘူးနော်
    Plan ချထားပါတယ်
    နောက် လာပါမည် ကျေးဇူးတင်ပါသည်။ :D
  • edited September 2010 Registered Users
    [FONT="]:biggrin:LAN နဲ့ WAN အကြောင်းလေး ဖော်ပြပြီးပြီဆိုတော့ အနှစ်ချုပ်အားဖြင့် သူတို့တွေရဲ့ ကွဲပြားခြားနားမှုတွေကို ဆက်လက်ဖော်ပြရရင်:biggrin::biggrin:[/FONT]
    [FONT="] [/FONT]
    [FONT="]Definition, Feature and Coverage Area[/FONT]
    [FONT="]LAN-Local Area Network ဟာ အဆောက်အဦးတစ်ခုအတွင်းမှာရှိတဲ့ အခန်းတွေမှာ ဒါမှမဟုတ် အလှမ်းသိပ်မကွာတဲ့ နောက်ထပ်အဆောက်အဦးတွေနဲ့ ချိက်ဆက်ထားသော ပုံသ[FONT="]ဏ္ဍ[/FONT][FONT="]န်ရှိပါတယ်[/FONT][/FONT]
    [FONT="]WAN-Wide Area Network ဟာ LAN ပေါင်းများစွာကို ချိတ်ဆက်ထားတဲ့ ပုံသ[FONT="]ဏ္ဍ[/FONT][FONT="]န်ရှိပါတယ်:biggrin:[/FONT][/FONT]
    [FONT="]LAN user များဟာ တစ်ယောက်နှင့်တစ်ယောက် Data Share တဲ့အခါမှာ Client or Server ပုံစံမျိုးရှိပါတယ် တစ်ယောက်က Data ယူတဲ့အခါမှာ Data ယူခံရတဲ့ Computer ဟာ Server ဖြစ်ပြီး Data ယူတဲ့ Computer က Client ဖြစ်ပါတယ် LAN ရဲ့ Connection Type က Peer to Peer ဖြစ်တာကြောင့် LAN ထဲမှာ ရှိတဲ့ Computer အချင်းချင်း အပြန်အလှန် Data တွေ လွတ်လွတ်လပ်လပ် Share လို့ရပါတယ် LAN Network မှာ ဗဟိုထိန်းချုပ်မှု မရှိပါဘူး [/FONT]
    [FONT="]WAN ရဲ့ Networking Area ဟာ နယ်နိမိတ်အားဖြင့် မြို့ပြဧရိယာမှ နိုင်ငံဧရိယာကိုဖြတ်ပြီး ကမ[FONT="]္တ[/FONT][FONT="]ာနှင့်အ၀ှမ်း ထိကျယ်ပြန့်ပါတယ် Internet ဟာ Wide Area Internetworking ဖြစ်ပြီး WAN ထဲမှာပါ ပါတယ် WAN တွင် LAN မှာမရှိတဲ့ Backbone line ရှိပြီး Central Server လို့ခေါ်တဲ့ ဗဟိုထိန်းချုပ်မှု ရှိပါတယ် အဲဒါကြောင့် WAN ထဲမှာ ရှိတဲ့ Computer အချင်းချင်း အပြန်အလှန် Data တွေ လွတ်လွတ်လပ်လပ် Share လို့မရတော့ပါဘူး Central Server မှတစ်ဆင့် Data တွေ Share ရပါတယ်[/FONT][/FONT]
    [FONT="] [/FONT]
    [FONT="]Speed (Data Transfer Rate)[/FONT]
    [FONT="]LAN ရဲ့ ှSpeed ဟာ WAN ထက်ပိုမြန်ပါတယ် LAN အမျိုးအစားဖြစ်တဲ့ Ethernet LAN မှာ အမြန်ဆုံး Speed က 1000 Mbps ဖြစ်ပါတယ် WAN ရဲ့ Speed ဟာ အမြန်ဆုံးက 155 Mbps ဖြစ်ပါတယ် [/FONT]
    [FONT="] [/FONT]
    [FONT="]Cost[/FONT]
    [FONT="]LAN ရဲ့တပ်ဆင်စရိတ်က WAN ထက်စျေးသက်သာပါတယ် အကြိးမားဆုံးဆင်ထားတဲ့ LAN ရဲ့စရိတ်တောင်မှ အသေးစားဖြစ်တဲ့ WAN ထက် စျေးသက်သာပါတယ် WAN မှာ သူရဲ့ Hardware လိုအပ်ချက် (ဥပမာ Computer အရေအတွက် Backbone Line စသည့် ) က LAN ထက်များလို့ပါ အခြား Software Installing Cost တွေလည်းရှိပါသေးတယ်။[/FONT]
    [FONT="] [/FONT]
    [FONT="]Others [/FONT]
    [FONT="] အခြားကွဲပြား ခြားနားချက်တွေလည်း ရှိပါသေးတယ်။ Network Topology, Technical Specification အစရှိသဖြင့် :P[/FONT]
  • edited September 2010 Registered Users
    Networking မှာ Coverage Area ကို ထပ်မံချဲ့ဖို့ ဒါမှမဟုတ် နောက် Networking တစ်ခုနှင့် ချိတ်ဆက်ဖို့ ကြားခံအနေနဲ့ Repeater တွေ Bridge တွေ Switch တွေ Router တွေ ခံထားပေး၇ပါတယ် အခု ပထမဦးစွာ Repeater လေး.. :P

    [FONT="]Repeater[/FONT]
    [FONT="]Computer တစ်လုံးမှ ပို့လိုက်တဲ့ Data တွေဟာ တကယ်တော့ Electrical Signal Pulse တွေဖြစ်ပါတယ် Computer တွေ အချင်းချင်း Data (တစ်နည်းအားဖြင့် Electrical Signal) တွေ Share တဲ့အခါမှာ အကွာအေ၀းလှမ်းလာတာနဲ့အမျှ Signal ရဲ့ Amplitude က လျော့ကျတတ်တဲ့သဘော ရှိပါတယ် Repeater ရဲ့ သဘောကတော့ Data ပို့လိုက်တဲ့အခါ လျော့ကျတဲ့ Electrical Signal တွေကို ပြန်ပြီး Amplify လုပ်ပေးပါတယ် ဒါပေမယ့် Electronic Circuit တွေမှာ သုံးတဲ့ Amplifier နဲ့တော့ မတူပါဘူး Amplifier က ဥပမာ 2 V ဆိုရင် 3 V or 5 V အစရှိသဖြင့် Amplifier ရဲ့ Gain အတိုင်း အဆချဲ့ပေးပါတယ် Repeater က လျော့ကျသွားတဲ့ Signal ကို နဂိုမူလပုံစံအတိုင်း ပြန်တင်ပေးတဲ့ ပုံစံပါ[/FONT]
    [FONT="]Repeater တွေကို Ethernet LAN တွေမှာ နောက် LAN တစ်ခုနဲ့ ချိတ်ဆက်ဖို့ ကြားခံအနေနဲ့ အသုံးပြုကြပါတယ် 802.3 Ethernet LAN မှာ Transmission Media အဖြစ် 10BaseT နဲ့ 10Base2 ဆိုပြီး (၂) မျိုးရှိပါတယ် 10BaseT ဆိုရာမှာ Transmission Rate က 10 Mbps ဖြစ်ပြီး ကြိုးအမျိုးအစားက UTP(Unshield Twist Pair) ဖြစ်ပါတယ် 10Base2 မှာ Transmission Rate က 10 Mbps ဖြစ်ပြီး ကြိုးအမျိုးအစားက Coaxial Cable ဖြစ်ပါတယ် UTP က Networking Length အားဖြင့် 100 m ရှိပြီး Coaxial Cable က 185 m ထက်မပိုပါဘူး အဲဒီထက် Length ပိုချဲ့ရင် စောစောကပြောသလို Signal Rate ကျသွားပါတယ် Networking Area ပိုချဲ့ချင်ရင် ကြားခံအနေနဲ့ Repeater ကူရပါတယ် Repeater ဟာ Layer 1 Device ဖြစ်တဲ့အတွက် Networking Topology or Architecture တူမှ အလုပ် လုပ်ပါတယ်[/FONT]

    [FONT="][/FONT]

    [FONT="]
    [/FONT]

  • edited September 2010 Registered Users
    [FONT="]နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုသော LAN တွေကိုု ချိတ်ဆက်ဖို့ကြားခံအနေနဲ့ Bridge တွေ သုံးကြရပါတယ် Repeater နဲ့မတူတာက Bridge က Layer 2 Device ဖြစ်တာကြောင့် Data Link Layer မှာ အလုပ် လုပ်ပါတယ် Repeater ထက် Intelligent ပိုဖြစ်ပါတယ် Repeater က Physical Device မျှသာဖြစ်ပြီး ပေးပို့မယ့် Signal ကို ဦးတည်ရာမရှိဘဲ ဘယ်ရောက်ရောက် Forward လိုက်ပါတယ်[/FONT]
    [FONT="] Bridge ကတော့ Programmable Device လို့ပြောလို့ရပြီး ပေးပို့မယ့် Signal တွေကို MAC Address အတိုင်း ခွဲခြားပေးပို့ ပါတယ် Bridge က Networking Topology တူရင်လည်း အလုပ်လုပ်ပါတယ် မတူလည်း အလုပ်လုပ်ပါတယ် ဥပမာ Ethernet Networking မှ နောက် Ethernet Networking , Token Ring မှ နောက် Token Ring, Ethernet မှနောက် Token Ring အစရှိသဖြင့် တူညီသော မတူညီသော Network Topology တွေမှာ Bridge တွေကိုသုံးပါတယ်[/FONT]
    [FONT="] Repeater နဲ့မတူတဲ့နောက်တစ်ခုက Bridge ဟာ MAC Address မှားပဲရင်ဖြစ်ဖြစ် ပေးပို့တဲ့ Signal မှာ Noise တွေ ပါရင်ပဲဖြစ်ဖြစ် Forward လုပ်မပေးပါဘူး Address မှန်မှသာလျှင် Forward လုပ်ပေးပါတယ် Noise တွေပါရင်လည်း ပယ်ဖျက်ပေးပါတယ် Bridge ဟာ Data တွေကိုလည်း Store လုပ်နိုင်ပါသေးတယ် နောက်ပြီး Error Detection လည်းလုပ်နိုင်တယ် [/FONT]
  • edited September 2010 Registered Users
    [FONT="]Networking Area တွေကို အပြန်အလှန်ချိတ်ဆက်ပေးတဲ့ နောက်ကြားခံ Intermediated Device ကတော့ Router ဖြစ်ပါတယ် Router က Network Layer လို့ခေါ်တဲ့ OSI Layer 3 မှာ အလုပ်လုပ်ပါတယ် Networking Protocol တွေမတူတဲ့ Networking တွေမှာ Router တွေကို အသုံးချနိုင်ပါတယ် Repeater နဲ့ Bridge တွေထက်သာလွန်တဲ့ အချက်က တူညီသော မတူညီသော Network Architecture(Topology) နှင့် Network Protocol တွေမှာ Router က အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်[/FONT]
    [FONT="] Router တွေဟာ Intelligent Device ဖြစ်ပြီး ပေးပို့တဲ့ Data တွေကို Frame Format အတိုင်း ပြောရမယ်ဆိုရင် Address အတိုင်း ရောက်အောင် မှန်မှန်ကန်ကန် ပေးပို့နိုင်စွမ်း ရှိပါတယ် Networking Area အတွင်းမှာရှိတဲ့ Workstation အချင်းချင်း Data တွေ ပေးပို့နေစဉ် Communication လမ်းကြောင်း မအားသေးရင် Data Traffic ဖြစ်နေရင် စောင့်ဆိုင်းပေးတယ် လမ်းကြောင်းရှင်းမှ Data တွေကို အပို့အယူ လုပ်တယ် Communication Channel ကို Data တွေဖြတ်သန်းနေစဉ် Collision (Data ထိတိုက်မှု) မဖြစ်အောင် လုပ်ဆောင်ပေးပါတယ် Networking Length ကွာေ၀းလာတာနဲ့အမျှ လျော့ကျသွားတဲ့ Signal Amplitude တွေကိုလည်း Router က နဂိုမူလပုံစံအတိုင်း ပြန်လည်လုပ်ဆောင် ပေးပါတယ်[/FONT]
    [FONT="] Router တွေကို LAN Networking မှ WAN Connection နဲ့ ချိတ်ဆက်ရာမှာလည်း အသုံးပြုနိုင်ပါတယ် Layer 2 Networking တွေကိုလည်း Link လုပ်နိုင်ပါတယ်[/FONT]
  • edited September 2010 Registered Users
    [FONT="]Networking မှာ Data တွေတစ်နေရာမှ တစ်နေရာကို ပေးပို့ရာမှာ ရှိရမယ့် ပုံစံကTransmitter, Receiver, Transmission Media (Communication Channel), Signal (Data) တွေဖြစ်ပါတယ် Transmission Media ဆိုရာမှာ Twist Pair Wire, Fiber Cable, Coaxial Cable အစရှိသဖြင့် Physical Media (Wired Networking) တွေဖြစ်နိုင်သလို Microwave , Satellite တွေဖြစ်တဲ့ Wireless တွေလည်းဖြစ်နိုင်ပါတယ် အခုတင်ပြမှာက Wireless Networking အကြောင်းလေးပါ[/FONT]
    [FONT="] Wired Networking နဲ့ မတူတာက Wireless Networking ဆိုတာ Cable တွေ Wire တွေ မပါဘဲဆင်ထားတဲ့ Networking ဖြစ်ပါတယ် Cable တွေ Wire တွေ နေရာမှာ Radio Wave တွေကို Wireless Standard တွေအပေါ် မူတည်ပြီး အသုံးပြုပါတယ် Wireless Networking မှာ အဓိကလိုအပ်သော Device က Wireless Network Card ဖြစ်ပါတယ် နောက်ပြီး Networking Area တွေကိုချဲ့ချင်ရင် Wired Networking တွေမှာလို Router တွေခံပေးရပါတယ် Wireless Networking မှာဆိုတော့ Wireless Router လိုပါတယ် Wireless Networking ကို Wired Networking နဲ့ လှမ်းချိတ်ဆက်မယ်ဆိုရင် ကြားခံအနေနဲ့ Wireless Access Point (WAP) ခံပေးရပါမယ် [/FONT]
    [FONT="] Wired Networking နဲ့နှိုင်းယှဉ်မယ်ဆိုရင် အားသာချက် အားနည်းချက်တွေလည်းရှိပါတယ်[/FONT]
    [FONT="]အားသာချက်အနေနဲ့ Cable တွေမလိုတဲ့အတွက် Cable ကုန်ကျစရိတ်သက်သာပါတယ် Wired Networking ဆင်လို့မရတဲ့ နေရာတွေမှာ ဥပမာ ဥမင်လိုဏ်ဂူတွေ လျှိုမြောင်တွေ Wired Networking ဆင်လို့မသင့်တော်သောနေရာတွေမှာ ဥပမာ ပြတိုက်တွေ စာကြည့်တိုက်တွေ အစရှိသဖြင့် Wireless Networking တွေကိုအသုံးပြုနိုင်ပါတယ် Wireless ဟာအမြင်ရှုတ်ထွေးမှု လည်းမရှိပါဘူး Wireless User တစ်ယေက်က အထိုင်ချပြီးအသုံးပြုရတဲ့ ပုံစံမျိုးမဟုတ်ဘဲ Wireless Access ရတဲ့ Coverage Area ၀န်းကျင်တစ်ခုလုံးမှာ လွတ်လပ်စွာပဲ လှည့်လည်သွားလာပြီး အသုံးပြုနိုင်ပါတယ် အဲဒါကြောင့် User ဟာ Reliability လည်းဖြစ်ပါတယ် Installing လုပ်ရတာ အဆင်ပြေခြင်း Cable တွေ ဆင်လို့မရတဲ့ Blocking Area တွေမှာ Signal ကို Transmit လုပ်နိုင်ခြင်း အစရှိသဖြင့် အခြားအားသာချက်တွေ အများကြီးပါ[/FONT]
    [FONT="] အားနည်းချက်အနေနဲ့ Transmit Rate က Wired Networking ထက် နည်းပါတယ် Rate အနေနဲ့ Wireless Standard အပေါ်မူတည်ပြီး ကွဲပြားပါတယ် 11Mbps မှ 50 Mbps အထိပဲရပါတယ် Coverage Area ကလည်း ကျဉ်းပါတယ် Security အားနည်းချက်တွေလည်း ရှိပါသေးတယ်[/FONT]
    [FONT="] သို့သော်လည်း Wireless Networking ဟာယခုလက်ရှိ အသုံးတွင်ကျယ်နေသော Networking ပဲဖြစ်ပါတယ် [/FONT]
  • edited September 2010 Registered Users
    [FONT="]Wireless Networking နဲ့ပက်သက်လို့ IEEE အဖွဲ့မှ Wireless Standard တွေကို သတ်မှတ်ပေးပါတယ် Wireless Standard ရဲ့ ပထမဦးဆုံး Version က IEEE 802.11 ပဲ ဖြစ်ပြီး 1997 June မှာ ပေါ်ထွက်လာတာဖြစ်ပါတယ် 802.11 Standard က အသုံးပြုတဲ့ Operating Frequency မှာ 2.4 GHz Unlicensed ဖြစ်ပြီး ISM Radio Band ဖြစ်ပါတယ် 802.11 ရဲ့ Operating Data Transfer Rate ကတော့ 1Mbps နဲ့ 2 Mbps ဖြစ်ပါတယ် အသုံးပြုတဲ့ Data Transmission Method ကတော့ Frequency Hopping Spread Spectrum (FHSS) ဒါမှမဟုတ် Direct Sequence Spread Spectrum (DSSS) ဖြစ်ပါတယ် [/FONT]
    [FONT="] 802.11 မှာ Version အလိုက် အသုံးပြုတဲ့ Operating Frequency, Data Transfer Rate, Transmission Method, Bandwidth စသည့် Network Specifications တွေအများကြီး ကွဲပြားပါတယ်[/FONT]
  • edited September 2010 Registered Users
    [FONT="]802.11b ဟာ 802.11 Standard ရဲ့နောက်ပိုင်းမှာ ပထမဦးဆုံးပေါ်ထွက်လာတဲ့ Version ပဲဖြစ်ပါတယ် 1999 Sep မှာ အသုံးပြုပြီး Frequency ကတော့ 802.11 အတိုင်း Unlicensed 2.4 GHz ဖြစ်ပါတယ် Wireless မှာ Electromagnetic Signal ကို အသုံးပြုပြီး Transmission Media အဖြစ် Air ကို အသုံးပြုပါတယ် Air မှာ အသုံးပြုနိုင်တဲ့ Frequency တွေ Band အလိုက်ခွဲခြားထားပါတယ် 802.11b က ISM Band ကို အသုံးပြုပါတယ် Data Transmission Rate ကတော့ 5.5 Mbps မှ 11 Mbps ဖြစ်ပြီး 802.11 ထက် တိုးလာပါတယ် ဒါပေမယ့် တကယ့် Typical Rate ကတော့ 4 or 5 Mbps ပဲရပါတယ် 802.11b မှာ FCC ရဲ့ Licensing ကန့်သတ်ချက်နဲ့ အသုံးပြုရတာဖြစ်တဲ့အတွက် 2.4 GHz မှာ Overcrowded ဖြစ်ပါတယ် Wireless Device တွေ ဥပမာ Microwave Oven, Cordless Telephone, Bluetooth Device အစရှိသဖြင့် 2.4 GHz တွေကို အသုံးပြုတဲ့အတွက် Interference ကြုံတွေ့ရတဲ့ ပြသနာများ ရှိပါတယ်[/FONT]
    [FONT="] အနှစ်ချုပ်ရရင်[/FONT]
    [FONT="]Operating Frequency -2.4 GHz[/FONT]
    [FONT="]Data Transfer Rate(Theoretical) -5.5 or 11Mbps[/FONT]
    [FONT="]Data Transfer Rate(Typical) -4 Mbps[/FONT]
    [FONT="]Data Transmission Method-DSSS(Direct Sequence Spread Spectrum) or CCK(Complementary Code Keying)[/FONT]
    [FONT="]Maximum Data Range -175 ft[/FONT]
    [FONT="]Bandwidth -83.5 MHz
    [/FONT]
    [FONT="]
    [/FONT]
    [FONT="]တို့ဖြစ်ပါကြောင်း[/FONT]
  • edited September 2010 Registered Users
    [FONT="]802.11a[/FONT]
    [FONT="] IEEE 802.11 Wireless Standard ရဲ့ ဒုတိယ Version ကတော့ 802.11a ဖြစ်ပါတယ် Designation အရ "a" ဖြစ်ပေမယ့် Version အရတော့ "b" ရဲ့နောက်မှ 1999 နောက်ပိုင်းမှာ ပေါ်ထွက်လာတာဖြစ်ပါတယ် ဒါပေမယ့် 802.11a ကို 2001 နောက်ပိုင်းမှာစတင်အသုံးပြုတွင်ကျယ်လာတာဖြစ်ပါတယ် 802.11a အသုံးပြုတဲ့ Frequency ကတော့ 5.8 GHz ပဲဖြစ်ပါတယ် Unlicensed National Information Infrastructure (UNII) အဖွဲ့က သတ်မှတ်ထားတာဖြစ်ပါတယ် Data Transfer Rate ကတော့ 54 Mbps ဖြစ်ပါတယ် Frequency ရော Rate ပါ 802.11b သာပါတယ် 802.11a ရဲ့ Data Transmission Method က Orthogonal Frequency Division Multiplexing(OFDM) ဖြစ်ပြီး Bandwidth ကတော့ 300 MHz ဖြစ်ပါတယ် 802.11b နဲ့ 802.11a တို့ဟာ Frequency Band မတူတာကြောင့် Product တွေဟာ တစ်ခုနဲ့ တစ်ခုနဲ့တစ်ခု Compatible မဖြစ်ပါဘူး[/FONT]
    [FONT="]အဲဒါကြောင့် 2.4 GHz 802.11b မှာ 5.8 GHz 802.11a ရဲ့ Network Card နဲ့ အလုပ်မလုပ်ပါဘူး 802.11a ရဲ့ရောက်နိုင်တဲ့ Signal Distance Range ကလည်း Theory အရတော့ 80 ft ဖြစ်ပေမယ့် တကယ်လက်တွေ့တော့ 60 ft ပဲ Access လုပ်လို့ရနိုင်ပါတယ် 802.11a ရဲ့ Frequency က 802.11b ထက် မြင့်မားပြီး Electromagnet Radiation ကလည်း မြင့်တာကြောင် Signal Range ဟာ 802.11b ထက် နဲသွားတဲ့ သဘောရှိပါတယ်[/FONT]
    [FONT="] အနှစ်ချုပ်ရရင်[/FONT]
    [FONT="]Operating Frequency -5.8 GHz[/FONT]
    [FONT="]Data Transfer Rate -54 Mbps[/FONT]
    [FONT="]Data Transfer Rate(Typical) -20-36 Mbps[/FONT]
    [FONT="]Data Transmission Method -Orthogonal Frequency Division Multiplexing[/FONT]
    [FONT="]Maximum Data Range -80 ft[/FONT]
    [FONT="]Bandwidth -300 MHz[/FONT]
    [FONT="]တို့ဖြစ်ပါကြောင်း[/FONT]
  • edited September 2010 Registered Users
    [FONT="]Comparison Between LAN and WLAN[/FONT]
    [FONT="] [FONT="]LAN ဆိုတာ Computer ပေါင်းများစွာကို 1km မှ 10 km အတွင်း Router ကြားခံပြီးချိတ်ဆက် ထားတာလေးပါ Router မှ Computer တွေကို Unshield Twist Pair လို့ခေါ်တဲ့ UTP Cable နဲ့ချိတ်ဆက် ထားပါတယ် Data တွေကို UTP Cable မှတစ်ဆင့် ပေးပို့ပါတယ်[/FONT][/FONT]
    [FONT="] WLAN ဆိုတာ Wireless ဖြစ်ပြီး Data တွေကို Cable မှတစ်ဆင့် ပေးပို့ခြင်းမပြုပါ Wireless မှာ Air က Transmission Medium ဖြစ်ပါတယ် ဒါကြောင့် Data တွေက Wireless Network Card တပ်ဆင်ထားတဲ့ Computer အချင်းချင်းကို Air မှတဆင့် ပေးပို့ရပါတယ် နောက်ပိုင်း Laptop တွေမှာတော့ WiFi (Wireless Fidelity) ပါတာကို တွေ့ရပါတယ် Coffee Shop လို နေရာတွေမှာ Network သုံးဖို့ အချိန်သတ်သတ် ပေးစရာမလိုပဲ အပန်းလည်းဖြေရင်းနဲ့ Wireless ကို အသုံးပြုနိုင်ပါတယ်[/FONT]
    [FONT="] LAN ရဲ့ Data Transfer Rate က Wireless LAN ထက် ပိုများပါတယ် Theory အရ Wireles LAN မှာ 54 Mbps ဖြစ်ပေမယ့် Wireless Router ရဲ့ကန့်သတ်ချက်ရှိပြီး LAN မှာတော့ 100 Mbps မှ 1 Gbps အထိရှိပါတယ် Security ပိုင်းအနေနဲ့ LAN က Wireless LAN ထက်ကောင်းပါတယ် အသုံးပြုသူတွေအတွက် Wireless LAN က LAN ထက်ပိုပြီး အဆင်ပြေပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="] Installation[/FONT]
    [FONT="] LAN တပ်ဆင်ရာမှာ ကြားခံ Central Device ခံပြီး Etherhet Cable နဲ့ဆက်သွယ်ထားပါတယ် ကြိုးပြေးဖို့ ခက်ခဲတဲ့နေရာတွေမှာတော့ ဥပမာ-အခန်းတစ်ခန်းမှ အခြားအခန်းတစ်ခန်းဆီသို့ နံရံထူထူကို Cable ဆင်ရာမှာတော့ Wire LAN က အဆင်မပြေပါဘူး[/FONT]
    [FONT="] Wireless မှာ အသုံးအများဆုံးက Wi Fi ဖြစ်ပါတယ် Wireless ပုံသ[FONT="]ဏ္ဍာ[/FONT][FONT="]န် အနေနဲ့ Ad hoc ရယ် Infrastructure ရယ်ဆိုပြီး (၂) မျိုးရှိပါတယ် Ad hoc ရဲ့ ပုံသ[/FONT][FONT="]ဏ္ဍာ[/FONT][FONT="]န်က Peer to Peer ဖြစ်တဲ့အတွက် Computer တစ်လုံးချင်းကို တိုက်ရိုက် ချိတ်ဆက်တဲ့ ပုံစံပါ ကြားခံ မပါ ပါဘူး Infrastructure ရဲ့ ပုံသ[/FONT][FONT="]ဏ္ဍာ[/FONT][FONT="]န်က ကြားခံ Central Node ထားပေးရပါတယ်[/FONT][/FONT]
    [FONT="] [/FONT]
    [FONT="] Cost[/FONT]
    [FONT="] Ethernet cables တွေ Hub တွေ Switch တွေဟာ LAN အတွက် တပ်ဆင်မယ်ဆိုရင် သင့်တော်မယ့် စျေးနှုန်းသာ ကုန်ကျပြီး Cost Effective ဖြစ်ပါတယ် LAN မှာ Broadband Router တွေထားမယ်ဆိုရင် စျေးသိပ်ကြီးပေမယ့် တပ်ဆင်ရာတာလွယ်ကူပါတယ်[/FONT]
    [FONT="] Wireless အတွက် Cost ကတော့ ပိုကုန်ကျပါတယ် Wireless Network Card, Wireless Access Point, Wireless Router အစရှိသဖြင့် ကုန်ကျတာဟာ Wired LAN ရဲ့ Router တွေ Hub တွေရဲ့ ကုန်ကျတာထက် ပိုပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="] Reliability [/FONT]
    [FONT="] LAN မှာ Ethernet Cables, Hubs နှင့် Switches တွေဟာ Wired Network အတွက် အတော်လေး Reliability ဖြစ်တာတွေ့ရပါမယ် ဒါပေမယ့် Network Component တွေကို ပြန်လည်တပ်ဆင်တာဖြစ်ဖြစ် ရွှေ့ပြောင်းတာပဲဖြစ်ဖြစ် Cable Connection ကို ပြန်လည်ပြီး ဂရုတစိုက် စစ်ဆေးရပါမယ် [/FONT]
    [FONT="] Wireless LAN ဟာ Wired LAN ထက်ပိုပြီး Reliability ပြ[FONT="]ဿ[/FONT][FONT="]နာ ရှိပါတယ် 802.11b နဲ့ 802.11g မှာ Signal တွေဟာ Microwave Oven, Cordless Telephone နှင့် Remote Control Garage Door Openers စတဲ့ အိမ်သုံး Electronic Devices တွေနဲ့ Interference ဖြစ်နေတာ တွေ့ရပါမယ် အဲဒီတော့ ဒီ Devices တွေနဲ့ အလှမ်းကွာတဲ့ နေရာကို Wireless Network ကို တပ်ဆင်နိုင်ရင် ပိုကောင်းပါတယ်[/FONT][/FONT]
    [FONT="] [/FONT]
    [FONT="] Performance[/FONT]
    [FONT="] Wired LAN မှာ Ethernet Connection ရဲ့ Data Transfer Rate က 10 Mbps နှင့် Fast Ethernet မှာ 100 Mbps အထိရနိုင်ပါတယ် Theory အရ 100 Mbps ရပေမယ့်လည်း Practical မှာတော့ လျော့နည်းမှု ရှိပါတယ် ဒါပေမယ့် Fast Ethernet ဟာ File Sharing, Game နှင့် အနာဂတ်မှာဆိုရင် Internet Access ပါရနိုင်ပါတယ် Network မှာ Computer တွေ အရမ်းများလို့ Connection ပြ[FONT="]ဿ[/FONT][FONT="]နာ ဖြစ်နေရင် Hubs တွေအစား Switch တွေ ကြားခံပေးရင် ဒီပြ[/FONT][FONT="]ဿ[/FONT][FONT="]နာကို ဖြေရှင်းနိုင်မှာပါ Cost အားဖြင့် ပိုကုန်ကျသော်လည်း Performance ပိုကောင်းလာပါတယ်[/FONT][/FONT]
    [FONT="] Wireless LAN မှာ 802.11b တွေမှာဆိုရင် Data Transfer Rate က 11 Mbps ပဲ အများဆုံး ရပါတယ် 802.11a မှာတော့ 54 Mbps အထိရပေမယ့် Fast Ethernet LAN ရဲ့ Bandwidth ထက် တစ်၀က်လောက်ပဲရပါတယ် Wi Fi ရဲ့ Performance က အကွာအေ၀းပေါ် မူတည်ပါတယ် အလှမ်းကွာေ၀းလွန်းရင် Performance Range ကျသွားပါတယ် Access Point အပေါ်လည်းမူတည်ပါတယ် Access Point နဲ့ အလှမ်းကွာေ၀းလွန်းရင်လည်း Range ကျတတ်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="] Security[/FONT]
    [FONT="] Wired LAN ဟာ Internet နဲ့ချိတ်ဆက်ထားမယ်ဆိုရင် Firewalls တွေကို အဓိက Security အနေနဲ့ ထည့်သွင်း စဉ်းစားရပါမယ် Hub တွေ Switch တွေ Firewall တွေကို Supporting မပေးနိုင်ပါဘူး Broadband Routers တွေမှာတော့ Firewall Capability ရှိပါတယ် Computer တွေမှာလည်း Firewall Software တွေကို Installing လုပ်ထားရင် စိတ်ချရပါတယ်[/FONT]
    [FONT="] Wireless LAN ဟာ Wired LAN ထက် Security အပိုင်းမှာ အားနည်းမှု ရှိပါတယ် ဘာလို့လဲဆိုရင် Wireless မှာ Signal ဟာ လေထဲမှာ ဖြတ်သန်းရပြီး အခြား Signal တွေနဲ့ အလွယ်တကူ ထိတွေ့မှု ရှိနိုင်ပါတယ်[/FONT]
    [FONT="] [/FONT]
  • edited September 2010 Registered Users
    ဆက်ရေးပါ အားပေးပါတယ်
    မသိသေးသောသူများ အသိဉာဏ်တိုးစေပါတယ်...
  • edited September 2010 Registered Users
    အရမ်းကျေးဇူးတင်တယ်ဗျာ ဖတ်ရင်းဖတ်ရင်းနဲ့အားမရဖြစ်လာပြီ နောက်ထပ်ဆက်ရေးပေးပါအုံး လို့တောင်းဆိုပါရစေ
  • edited October 2010 Registered Users
    အားပေးတာ ကျေးဇူးတင်ပါတယ်
    အလုပ်များနေလို့ MZ ကို အချိန်ပေးပြီး မ၀င်ဖြစ်ဘူး
    ဆက်ရေးပါဦးမယ် လက်လှမ်းမီသလောက် :P :P
  • edited October 2010 Registered Users
    [FONT="]Difference between WLAN and WWAN[/FONT]
    [FONT="] Wireless Network မှာ User တွေအနေနဲ့ အဓိကရွေးချယ်မယ်ဆိုရင် Wireless LAN နှင့် Wireless WAN တို့ (၂) မျိုးကို ရွေးချယ် အသုံးပြုကြပါတယ် အဲဒီတော့ သူတို့တွေရဲ့ ခြားနားချက်ကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="]Definition[/FONT]
    [FONT="]WLAN: Network Cable မပါဘဲ ဆင်ထားတဲ့ LAN ဖြစ်ပါတယ် Laptop or PDA (Personal Digital Assistance) ကို Wireless LAN Card သုံးပြီးလျှင် Network ဆင်ထားတဲ့ အဆောက်အဦးအတွင်းမှာ လှည့်လည်သွားလာ အသုံးပြုနိုင်ပါတယ် ယနေ့ခေတ်မှာ အသုံးအများဆုံး Wireless LAN ကတော့ 802.11 b ဖြစ်ပါတယ် Wi-Fi ကလည်း WLAN ဖြစ်ပါတယ်[/FONT]
    [FONT="]WWAN: Network Cable မပါဘဲ ဆင်ထားတဲ့ WAN ဖြစ်ပြီး Coverage Area ပိုကျယ်ပြန့်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="]Coverage Area[/FONT]
    [FONT="]WLAN: Data Access လုပ်နိုင်တဲ့ Area ကတော့ 100 m ပတ်၀န်းကျင်ဖြစ်ပါတယ်[/FONT]
    [FONT="]WWAN: Data Access လုပ်နိုင်တဲ့ Area ကတော့ ပိုကျယ်ပြန့်ပါတယ် Nationwide Level ဖြစ်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="]Speed [/FONT]
    [FONT="]WLAN: WLAN မှာ 802.11b ရဲ့ Speed ကတော့ 11 Mbps ဖြစ်ပေမယ့် တကယ်လက်တွေ့ရရှိတာက 1-4 Mbps ဖြစ်ပါတယ်[/FONT]
    [FONT="]WWAN: WWAN မှာ Speed က အသုံးပြုတဲ့ Technology အပေါ်မူတည်ပါတယ် GPRS Network ဆိုရင် အများဆုံး Data Rate ကတော့ 115 kbps ဖြစ်ပေမယ့် CDMA ဆိုရင် 1.25 MHz နှင့် WCDMA ဆိုရင် 5 MHz ဖြစ်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="]Data Security[/FONT]
    [FONT="] Wireless Network မှာ Security က အရေးပါဆုံးဖြစ်ပါတယ် WWAN ရဲ့ Security အကောင်းဆုံးကတော့ Cellular ဖြစ်ပြီး WLAN မှာ Security အားအနည်းဆုံးက 802.11 ဖြစ်ပါတယ်[/FONT]
    [FONT="] [/FONT]
    [FONT="]Cost[/FONT]
    [FONT="] WLAN က Unlicensed Band မှာ အလုပ်လုပ်တာကြောင့် Service Cost သိပ်မကုန်ပါဘူး [/FONT]
    [FONT="] WWAN မှာ ISP ကိုအသုံးပြုပြီး Internet နဲ့ချိတ်ဆက်မယ်ဆိုရင် Monthly Fee ပေးရပါမယ် [/FONT]
  • edited October 2010 Registered Users
    နားပါအုံးမည်
    ကျေးဇူးတင်ပါသည်
  • edited October 2010 Registered Users
    တစ်ယောက်ထဲ မဟုတ်ပါဘူး။
    ကျွန်တော်လဲ ပါပါတယ်။
    နှစ်ယောက် နှစ်ယောက်
    :biggrin::biggrin::biggrin:
    lumanoo wrote: »
    ဟီး :P :P
    အားပေးတဲ့လူ တစ်ယောက်တော့ရှိတယ် :D အားမပေးလည်းရေးမှာပဲ
  • edited April 2011 Registered Users
    MZ မှ ညီအစ်ကိုများအားလုံးကို ကျေးဇူးတင်ပါဒယ်.....
Sign In or Register to comment.