MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ
Mon3,
Yunghkio,
Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို
ဒီမှာ Download ချပါ။
Zawgyi to Unicode ConverterDon't share ebook or software if nobody request. You can find free book websites on
here. We are welcome for discussion or asking question instead.
Adding Ornagai to Mac's built-in Dictionaries
မနေ့ကအားအားရှိတာနဲ့ စာဖတ်ရင်း အဘိဓာန်ကြည့်လိုက်.. မြန်မာလိုသိချင်ရင် ornagai မှာကြည့်လိုက်နဲ့ ပန်းသီးမှာ တခြားအဘိဓာန်တွေများ ထပ်ထည့်လို့ရမလားဆိုပြီး သိချင်လာတယ်..။ ဒါနဲ့ Googling လုပ်ကြည့်လိုက်တော့ David's Logbook ရဲ့
http://davidtse916.wordpress.com/2008/01/24/adding-dictionaries-to-the-built-in-dictionary-application-in-leopard/ ပို့စ်မှာ ရှင်းပြထားတာကို သွားတွေ့တယ်..။ သူကတော့ Oxford dictionary ကိုဖြည့်တာပေါ့..။ ကျနော်တို့ကတော့ ကိုစေတန်ရဲ့ Ornagai (Eng-MM) ကိုထည့်ကြည့်ပါမယ်..။
လိုအပ်တဲ့ Tools တွေကို အရင်ယူထားပါ..။
• DictUnifier (
http://code.google.com/p/mac-dictionary-kit/) - ဘယ်ဗားရှင်းမဆိုရပါတယ်..။ ကျနော်ကတော့ 1.1 stable version ကိုသုံးထားပါတယ်..။
• ကိုစေတန်ရဲ့ Ornagai stardict en version -
http://github.com/saturngod/ornagai-V2/downloads (ornagai_en.zip)
အားလုံးစုံပြီဆိုရင်.. DictUnifier ကိုအရင် install လုပ်လိုက်ပါ။ သူက stardict dictionaries တွေကို ပန်းသီးမှာသုံးလို့ရအောင် ပြောင်းပေးနိုင်ပါတယ်..။ ဒါပေမယ့် ပြောင်းမယ့် package ဟာ tar archive ဖြစ်ဖို့လိုပါတယ်..။ ဒီတော့.. ornagai_en.zip ကို တစ်နေရာရာမှာ အရင်ဖြည်ချလိုက်ပါ..။ ပြီးရင် Terminal.app ကိုဖွင့်.. ခုနကဖြည်ထားတဲ့နေရာကို change directory လုပ်ပါ..။ tar command ကိုသုံးပါမယ်..။
tar czf desired_name.tar.bz2 folder_name
အိုကေ.. ဒါဆိုရင် DictUnifier မှာသုံးဖို့ ornagai archive ရပါပြီ..။ DictUnifier ကိုဖွင့်ပါ..။ သူ့ UI ကရှင်းပါတယ်..။ Choose ကိုနှိပ်ပြီး ကိုယ်ပြောင်းမယ့်အဘိဓာန်ကိုရွေးပါ..။ ပြီးရင် dictionary name and id မှာ ကြိုက်ရာဖြည့်ပြီး Convert ပြောရုံပါပဲ..။
ပြောင်းတာအဆင်ပြေတယ်ဆိုရင် Dictionary App တက်လာပါမယ်..။ တကယ်လို့ မမြင်ရသေးဘူးဆိုရင်.. Dictionary -> Preferences မှာ ကျနော်တို့ပြောင်းလိုက်တဲ့ dict name ကိုရှာပြီး ရွေးပေးလိုက်ပါ။ ဒီလောက်ဆို ရလောက်ပါပြီ..။ Dictionary Sources မှာ All ကိုရွေးပြီး ကြိုက်တဲ့စာလုံးရိုက်ကြည့်တော့ဗျာ..။
ကျနော်တို့ပြောင်းလိုက်တဲ့ Dictionary က Places -> username -> Library -> Dictionaries အောက်မှာရှိပါတယ်..။ တစ်နေရာရာမှာ copy ကူးထားလိုက်ပါ..။ iPhone app iBooks ရဲ့ dictionary မှာသုံးလို့ရပါတယ်..။
မှတ်ချက်များ
For OS X Serria,
1) Download the dictionary from this web link: http://www.ornagai.com/#/.
2) Paste it into to ~/Library/Dictionaries
3) Go to Dictionary/Preferences
4) Select Ornagai Unicode (As I use unicode version)
Done!