မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ornagai ဘယ်က စ

edited August 2010 in My Article
Ornagai မပေါ်လာခင် လွန်ခဲ့တဲ့ ၃ နှစ်လောက် .... ၁၂ လ ပိုင်း ၂၀၀၇ တုန်းက စည်သူ က ကျွန်တော့်ကိုပြောတယ်။ သူ babylon အတွက် dictionary တစ်ခု လုပ်ချင်တယ်။ ဒါပေမယ့် ရိုက်ထားတဲ့စာတွေ မရှိဘူး။ စာတွေ ရှိရင် Babylon builder နဲ့ ပြောင်းပြီး babylon အတွက် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲတုန်းက ဘာသွားတွေ့လဲဆိုတော့ မြန်မာစာ အဖွဲ့က ထုတ်ထားတဲ့ English Myanmar Dictionary ကို သွားတွေ့တယ်။ စည်သူက အထဲက ရေးထားတဲ့ font က Kannaka font ဖြစ်နေတယ်။ နောက်ပြီး ကျွန်တော်တို့ ၂ ယောက် လိုချင်တဲ့ ပုံစံ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ English Myanmar Dictionary မှာ စာလုံးတွေက adj , adv တွေ ခွဲထုတ်ထားတာ မဟုတ်ဘူး။ စာလုံး တစ်ခုထဲမှာ adj က ဘာ adv က ဘာဆိုပြီး ထပ်ရှင်းထားတာ။ အဲဒါကို ပြောင်းလိုက်ရင် search လုပ်တဲ့အခါမှာ စာလုံးတွေ ရှာတွေ့တော့ မှာ မဟုတ်ဘူးလို့ စည်သူ နဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ ဒါနဲ့ စည်သူက MZ မှာ တင်မယ်ကွာဆိုပြီး တင်လိုက်တယ်။

အဲဒီ
http://www.mysteryzillion.org/forums/showthread.php/356-အင်္ဂလိပ်-မြန်မာ-အဘိဓါန်စတင်ခြင်း
post က အခုထက်ထိ ရှိနေတုန်းပဲ။
အဲတုန်းက ပထမ အကြော့ ရိုက်ခဲ့တုန်းက လူတွေပေါ့
A sithu015 (Complete)
B thuthu (Complete)
C aTxIvG4001 (Progress...)
D Zulu , computer crazy (Complete)
E khunmk (Cmplete...)
F thuyaaung , Saturngod (Complte)
G aTxIvG4001(Complete)
H aTxIvG4001(Complete)
I Saturngod (Complete) , thuthu(ip to end Complete) , maxonline (infuriate to in end Complete)
J sthanm (Progress...)
K layong (Complete)
L layong (Pogress...)
M aTxIvG4001 (Complete)
N sawyannaing25 (Progress...)
O aTxIvG4001(complete)
P aTxIvG4001(Complete)
Q Saturngod (Complete)
R aTxIvG4001(Complete)
S aTxIvG4001(Complete)
T aTxIvG4001(complete)
U sithu015 + silvermoon (Complete)
V computer__crazy(complete)
W aTxIvG4001(Complete)
X computer__crazy(Complete)
Y Saturngod (Complete)
Z computer__crazy (Complete..)
အဲဒီ ပထမ အကြောင့် ပြီးုဖို့ ကျွန်တော်တို့၂ လ လောက် ရိုက်ခဲ့ရတယ်။

ပထမအကြောင့်မှာ ကို Mark က EM1 MM Dictionary [http://em1.mmdictionary.com] ဆိုပြီး ကူပြီး ရေးခဲ့ပေးတယ်။ MZ က data တွေကို online မှာ ရှာလို့ရအောင်ပေါ့။ အဲတုန်းက ကျွန်တော်လည်း PHP ကို စလေ့လာခါစဖြစ်သလို ajax ဆိုတာ ကို သိရုံလေးပဲသိပြီး ကောင်းကောင်းမရေးတတ်တဲ့ အချိန်ပေါ့။ mmdictionary.com ကိုတော့ ကို ဒီဘီ ဝယ်ပေးခဲ့တာ။ နောက်ပိုင်း Ornagai ပြောင်းသွားလို့ mmdictionary.com ကို အသုံးမပြုလို့ သူ့ စေတနာကို စော်ကားပါတယ်ဆိုပြီး ကိုဒီဘီ နောက်သေးတယ်ဗျ။ အဲဒီတုန်းက ကိုဒီဘီက သူ့မဒီ လေး နာမည်စတဲ့ စာလုံးရိုက်မယ်ပြောခဲ့ပေမယ့် မအားတာနဲ့ မရိုက်ပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သူ domain လှုမယ်ဆိုပြီး လှုခဲ့ပါတယ်။ အဲဒီ ၂ လ အတွင်းမှာ ပို့သမျှ စာလုံးတွေကို ကျွန်တော်တို့ တွေ စစ်ခဲ့ရတယ်။ စာလုံးပေါင်းတွေ စစ်ခဲ့သလို စာလုံးတွေကို babylon နဲ့ ညီအောင် ညှိခဲ့ရတယ်။ စည်သူကော ကျွန်တော် ကော တော်တော်လေး အချိန်ပြည့် အဲဒီ စာလုံးစစ်တာနဲ့ စာရိုက်တာကို လုပ်ခဲ့ရတယ်။ အဲဒီ အတောအတွင်းမှာ ကို computer crazier ကနေ တဆင့် ပုဒ္ဒမ္မာက admin က ဆက်သွယ်လာတယ်။ သူလည်း dictionary လုပ်နေတယ်။ သူမှာ English Myanmar Dictionary ( မြန်မစာ အဖွဲ့) က ထုတ်ထားတာတွေ အားလုံး ဇော်ဂျီပြောင်းပြီး သားတွေ ရှိတယ်။ သူ အခု script ရေးပြီး babylon အထဲကို ထည့်ဖို့ လုပ်နေတယ်လို့ ပြောတယ်။ ကျွန်တော်ကော စည်သူကော က ကျွန်တော်တို့လိုချင်တာက English Myanmar Dictionary က ပုံစံမျိုး မဟုတ်ဘူး။ လူတိုင်း လွယ်လွယ် အသုံးပြုလို့ရမယ့် Dictionary ။ ဒီ စာလုံးအတွက် n , v ,adj , adv နဲ့ အဓိပ္ပာယ် ပါရမယ်။ နောက်ပြီး English Myanmar မှာက adj, adv တွေ ရှာလို့ မရဘူး လို့ ပြောခဲ့တယ်။ အဲဒါနဲ့ ပုဒ္ဒမ္မာက dictionary ဆိုပြီး သီးသန့်ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့လည်း MZ Dictioanry Alpha ဆိုပြီး ထုတ်ခဲ့တယ်။ Online မှာလည်း ရအောင် ကို Mark အကူအညီ နဲ့ ဖန်တီးခဲ့တယ်။ MZ ပထမနှစ်ပတ်လည်တုန်းက ကို ငွေထွန်းပြောလို့ ဂျာမနီ မြန်မာ Dictionary လုပ်တဲ့ သူကို ဆက်သွယ်ခဲ့တယ်။ သို့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူး။

ကျွန်တော်တို့တွေ MZ Dictionary ဆိုပြီး ထုတ်ခဲ့တယ်။ လူတိုင်းကို data တွေ ပေးခဲ့တယ်။ Babylon အတွက် ပေးခဲ့တယ်။ နောက်ပြီး Stardict ကိုလည်း အဲဒီတုန်းက ရှာတွေ့ခဲ့ပြီး Linux အတွက်ပါ ရခဲ့တယ်။ Online အတွက် ကို Mark ရေးထားတဲ့ Dictionary sites လေးကို အသုံးပြုခဲ့တယ်။ စာလုံးရေပေါင်း ၁ သောင်း ၄ ထောင် သာ ရှိခဲ့တယ်။ အဲဒီနောက်မှာ ညမီးအိမ်က တချို့စာလုံးတွေ လွယ်တဲ့ စာလုံးတွေ ရှာမတွေ့ဘူး။ နောက်ပြီးတော့ စာလုံးပေါင်းတွေ မှားနေတယ်လို့ ပြောတယ်။ သူ အဲဒီ စာလုံးတွေ အကုန်ပြန်စစ်နေတယ်လို့ပြောပါတယ်။ အဲတုန်းက ကျွန်တော် ညမီးအိမ်ကို ပြောလိုက်သေးတယ်။ dictionary ထဲက အတိုင်း ပုံတူ မကူးချနဲ့ တချို့စာလုံးလေးတွေကို ကိုယ့် ပုံစံနဲ့ ကိုယ် ဖြည့်လိုက်လို့ ပြောခဲ့တယ်။ အဲဒီ နောက် အဲဒီ project ကို ညီမီးအိမ်တာဝန် ယူပြီး ၇ လပိုင်း ၂၀၀၈ ခု နှစ်မှာ ပြန်လည် အစဖော်ခဲ့တယ်။

ညမီးအိမ် စာလုံးတွေ စစ်နေတဲ့ အချိန်မှာ ဂျစ်စီ သူကူညီမယ်ဆိုပြီး thread
http://www.mysteryzillion.org/forums/showthread.php/1124-ဘယ်သူမှမစကြသေးလို့ပါ။
အသစ်နဲ့ ဖွင့်ပြီး MZ မှာ ပြောလာခဲ့ပါတယ်။ အဲဒါနဲ့ ညမီးအိမ် ဦးဆောင်ပြီး လက်ရှိ data တွေကို စစ်တယ်။ ပြင်တယ်။ လိုတာ ထပ်ဖြည့် လုပ်လိုက်တာ အရင်ကထက် ပိုပြည့်စုံသွားတယ်။ သို့ပေမယ့် အဲတုန်းက စာလုံးရေ ၂ သောင်း ကျော်ကျော် ပဲ ရှိတယ်ထင်တယ်။

အဲဒီတုန်းက ရေးခဲ့တဲ့ သူတွေက
a - complete Gipsy(ပြည့်စုံ)
b - Update မစမ်းရေ
c - complete ညမီးအိမ်
d - ကို binary
e - complete ကိုရဲထက်
f - complete ကိုမိုးမြင့်ရှိန်း
g - complete Gipsy (ပြည့်စုံ)
h - ကိုတာယာ
i - complete မလေးလေး
j - complete မအွန်စော
k - ကို kzthet
l - available
m - ကိုရဲထက်
n - complete မနှင်းဆက်ပိုင်
o - မနှင်းဆက်ပိုင်
p - မနှင်းဆက်ပိုင်
q - ကိုတာယာ
r - complete ကို Orb.7
s - မအွန်စော
t - ကို MK杰
u - ကို MK杰
v - ကို MK杰
w - ကို MK杰
x - complete ညမီးအိမ်
y - complete ကို Orb.7
z - complete ကို Orb.7

ညမီးအိမ်ပေးတဲ့ data တွေ စုပြီး ကျွန်တော် babylon နဲ့ stardict တို့အတွက် ထုတ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ကော စည်သူကော စဉ်းစားမိတာက data တွေ ဒီလိုမျိုး ရိုက်ထည့်တာက data duplication ဖြစ်နိုင်တယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့် ကမ်းဖို့လည်း ခက်တယ်။ Online Dictionary data add လို့ရမယ့် online dictionary လိုတယ်ဆိုပြီး လိုက်ရှာကြတယ်။ Joomla , Wordpress အပြင် အခြား dictionary တွေပါ ကျွန်တော်တို့တွေ စမ်းသပ်ခဲ့ကြတယ်။ တစ်ခုမှ အကြိုက်မတွေ့ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော် ကိုယ်တိုင် ရေးမယ်ဆိုပြီး စရေးခဲ့ပြီး ၂၁ ရက် ၂ လ ၂၀၀၉
မှာ Ornagai ဆိုပြီး Online ပေါ်စတင်ခဲ့တယ်။ အဲဒီမှာ စပြီး register လုပ်ကာ data တွေကို ဖြည့်ခဲ့ကြတာပဲ။ ကျွန်တော်လည်း ပုံမှန် data တွေကို ထုတ်ပေးနေခဲ့တယ်။ သို့ပေမယ့်လည်း ထည့်တဲ့သူတွေထက် ပေါက်ကရ စာလုံးတွေ ဖြည့်တဲ့သူတွေက ပိုများလို့ ကျွန်တော် ဖျက်ရတာက ပိုများတယ်လို့ ဆိုရလိမ့်မယ်။
Ornagai data တွေက ညမီးအိမ်ပေးထားတဲ့ စာလုံးနှင့် ကျွန်တော် ရိုက်ထားသော စာလုံးတွေ ပေါင်းထားပြီး တင်ခဲ့ပါတယ်။

MZ Dictioanry ကို Mobile ဖုန်းပေါ်မှာ စမ်းကြည့်မယ်ဆိုပြီး ကိုသာသာ က java နဲ့ စခဲ့တယ်။ Mobile
ဖုန်းအတွက် ကိုသာသာ စတင်ရေးပြီး စမ်းသပ်နေတာက ၁ လပိုင်း ၂၀၀၉ ကတည်းကပါ။ သို့ပေမယ့် မြန်မာစာ မပေါ်လို့ release မလုပ်ပဲ ကိုသာသာ တစ်ယောက်တည်း စမ်းသပ် ရေးသားနေခဲ့တယ်။ ကိုသာသာ Beta version ကိုရေးတာကတော့ ၂ ရက်လောက် ပဲကြာပါတယ်။

ကိုသာသာ ရေးပြီးတဲ့ နောက်မှာ အဲဒီ version က ဘယ်ဖုန်းတွေမှာ ရတယ် မရဘူးဆိုတာကို သိဖို့အတွက် ထုံးစံအတိုင်း MZ မှာ ကြေငြာခဲ့ပါတယ်
။ ဖုန်းရှိတဲ့သူတွေက စမ်းသွင်းပေးကြပြီး ဘယ်ဟာရတယ် မရဘူးဆိုပြီး ပြောကြပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကိုသာသာ Ornagai Mobile ဆိုပြီး ထပ်ထုတ်ခဲ့ပါသေးတယ်။ Ornagai က Data တွေကို ထပ်ဖြည့်ပြီး MZ Mobile Dictionary ကို Ornagai Mobile ဆိုပြီး နာမည်ပြောင်းထုတ်ခဲ့ပါတယ်။ နောက်ပြီးတော့ color တွေကိုလည်း Ornagai website ( ornagai website အဟောင်း ) အရောင်နဲ့ တူအောင် ပြင်ခဲ့တယ်။
2009 ခုနှစ် ဇူလိုင် လမှာ English Myanmar Translator ထွက်လာခဲ့ပါတယ်။ လူတော်တော်များများကလည်း စမ်းသပ်ခဲ့ကြပါတယ်။ ကို လူပျိုကြီးက အထဲမှာ dictionary ပါတယ်။ Open ပဲတဲ့။ အဲဒီ အထဲမှာ စာအသစ်တွေ ရိုက်ထည့်ပြီး train ရင်မဆိုးဘူးဆိုလို့ စမ်းကြည့်ခဲ့ပါတယ်။ စမ်းကြည့်ရင်း တစ်ခု စဉ်းစားမိတာက အဲဒီ dictionary ကို Ornagai မှာ ပေါင်းလိုက်ရင် ပိုကောင်းသွားမယ်လို့ တွေးမိခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ License ကို Website မှာက GPL လို့ ရေးထားတယ်။ အဲဒီတော့ Ornagai အတွက်လည်း အဆင်ပြေတယ်။ Ornagai ကလည်း data တွေကို ပြန်ထုတ်ပေးနေပါတယ်။ နောက်ဆိုရင် Ornagai website ကို Opensource ပေးမှာပဲ လို့ စဉ်းစားမိပြီး ပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။

ပေါင်းဖို့ ဆုံးဖြတ်ရတာ လွယ်ပေမယ့် Access က data ကို MySQL နဲ့ ဘယ်လိုပေါင်းမလဲ။ Access က Unicode ။ MySQL က ဇော်ဂျီ သုံးထားတာ။ ဘယ်လို ပေါင်းမလဲ။ အဲဒီအတွက် ကျွန်တော် ကိုယ့်ဘာသာ ကိုယ် script ရေးပြီး အချိန်တော်တော်ကြာ အကုန်ခံခဲ့လိုက်ပြီး ပေါင်းဖြစ်သွားပါတယ်။ ကျွန်တော် data အကုန် မယူပါဘူး။ စာလုံး မထည့်ခင် Ornagai မှာ ရှိမရှိ အရင်ရှာတယ်။ မရှိမှ အဲဒီ စာလုံးကို ဖြည့်လိုက်တာပါ။ ဖြည့်ပြီးနောက်ပိုင်းမှာတော့ ၂ သောင်း ၄ ထောင် ကျော် စာလုံးက ၃ သောင်း နီးပါး ရောက်သွားပါတယ်။

ကို mark က ဇော်ဂျီ ၂၀၀၉ ကို ဖန်တီးရင်းနဲ့ wxpydict ကိုပါရေးခဲ့တယ်။ အဲဒီ wxpydict မှာ ornagai က data တွေကို သုံးမယ်ဆိုလို့ ခွင့်ပြုခဲ့တယ်။ Ornagai က data တွေနဲ့ en2mm gtalk bot ကိုလည်း ကိုအောင်ကျော်ထက် စတင်ခဲ့တယ်။ အခုအချိန်အထိ data အသစ်ထုတ်တိုင်း ကျွန်တော် ကိုအောင်ကျော်ထက် ကို data အသစ်ထွက်ပြီဆိုတဲ့ အကြောင်း mail ပို့ခဲ့တယ်။ en2mm နဲ့ Orngai ပေါင်းပြီး ကျွန်တော်တို့ sync လုပ်ဖို့အတွက် ကိုအောင်ကျော်ထက်နဲ့ ဆွေးနွေးခဲ့ဘူးတယ်။ ဆွေးနွေးပြီးပေမယ့် လက်ရှိ အထိ အကောင်အထည် မဖော်ဖြစ်သေးဘူး။ နောက်ပိုင်း ကျွန်တော် Ornagai နဲ့ en2mm sync လုပ်လို့ရအောင် ဖန်တီးဖို့ အစီအစဉ်ရှိတယ်။ gtalk ကနေ လည်း ornagai အတွက် စာလုံးအသစ်တွေ add လို့ရအောင်ပေါ့။ အဲလိုလေး စဉ်းစားထားပေမယ့် မအားတာနဲ့ မလုပ်ဖြစ်ဘူး။ Ornagai V2 ကို ၂၀၀၉ နိုဝင်ဘာလမှာ စပြီး release လုပ်ခဲ့တယ်။ CodeIgniter နဲ့ ရေးပြီး Opensource ပေးခဲ့တယ်။ source ကို github (http://github.com/saturngod/ornagai-V2/) မှာ ပေးခဲ့တယ်။

Ornagai Mobile ထွက်တာ တော်တော်ကြာပြီးနောက်ပိုင်း ကိုကိုရဲ က ဝိဇ္ဇာ ရေးတဲ့ Seth နဲ့ gtalk မှာ စကားပြောရင်း Seth က ကောင်းကောင်း တတ်တာ java ပဲလို့ပြောတယ်။ ဒါနဲ့ java ကိုကိုရဲကလည်း Ornagai Mobile ကို ပြန်ရေးပါလား။ source တွေလည်း ရှိတယ်။ Opensource ပဲ။ ပြန်ပြင် ပြီး အသစ်ရေးပါလား လို့ ပြောလိုက်တော့ Seth က စိတ်ဝင်စားပြီး ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဒါနဲ့ ကျွန်တော် ကိုသာသာ နဲ့ ချိတ်ပေးလိုက်တယ်။ ကိုသာသာ နဲ့ Seth ဆွေးနွေးပြီးနဲ့ Seth က Ornagai Mobile ကို ပြန်ပြင်ခဲ့တယ်။ ၁၀ လပိုင်း ၂၀၁၀ မှာ Ornagai V2 Rc
ကို စထုတ်ခဲ့တယ်။ ကို ရဲမြတ်သူ ကလည်း သူ့ ပါဋ္ဌိ အဘိဓ္ဓာန်မှာ Ornagai ထည့်ခွင့် ခွင့်တောင်းလာလို့ ကျွန်တော် ခွင့်ပြုခဲ့တယ်။ Ornagai ကို ကျွန်တော် အပေါ်မှာ ပြောခဲ့သလို Data က GPL ပါပဲ။ ကျွန်တော်တို့ data အချို့ကို GPL License ကနေ ရယူခဲ့တာဖြစ်သလို Ornagai Data တွေကို ကျွန်တော် မပိုင်ဘူး။ Ornagai data ကို အသုံးပြုပြီး ကိုယ်ပိုင် Dictionary ဖန်တီးခွင့်ရှိတယ်။ ဒါပေမယ့် Data တွေ အသစ်ထည့်ခဲ့ရင်တော့ ပြန်ဝေမျှ ပေးဖို့တော့ လိုတယ်။

April လ ၂၀၁၀ မှာ Ornagai (http://ornagai.pbworks.com/) ကို API ထုတ်ပေးခဲ့တယ်။ သို့ပေမယ့် Alpha version ပါပဲ။ ပုံမှန် Ornagai ရဲ့ Data တွေကို Github (http://github.com/saturngod/ornagai-V2/downloads) မှာ ၁ လ ၁ ခါ တင်ပေးနေတယ်။ ဒါပေမယ့် အခုတလော MZ 2.0 ကို အားစိုက်နေလို့ ဒီလ မတင်ပေးနိုင်သေးဘူး။ Ornagai data ကို အသုံးပြုပြီး အချို့တွေက dictionary
ရေးကြတယ်။ အချို့တွေက စမ်းသပ်ကြတယ်။ အချို့တွေက သူတို့ရဲ့ website မှာ ထည့်သွင်းကြတယ်။ Ornagai ကို အသုံးပြုနေတဲ့သူတွေ အများကြီးပါ။ ကျွန်တော်လည်း PhoneGap နဲ့ စမ်းရေးပြီး Android
အတွက် ထုတ်ပေးဖူးတယ်။ အခုတော့ Native Application ဖြစ်တဲ့ Myandrioid
ထွက်လာပါပြီ။

Ornagai ကို Stardict data အသုံးပြုပြီး wedict နဲ့ ပေါင်းကာ iPhone မှာ အသုံးပြုလို့ရအောင် ဖန်တီးပေးခဲ့တယ်။ သို့ပေမယ့် wedict က မြန်မာစာ မပေါ်ဘူး။ Jailbreak လုပ်ထားတဲ့ သူတွေသာ အသုံးပြုနိုင်မယ်။ Jailbreak မလုပ်ချင်တဲ့သူတွေက Ornagai ကို iPhone မှာ မရဘူးလားဆိုလို့ web app ရေးပေးခဲ့တယ်။ Web App ကလည်း Offline ဖြစ်နေရင် မရဘူး။ နောက်ပြီး 3G နဲ့ ဆို အရမ်းနှေးတယ်ဆိုလို့ iPhone application ရေးဖို့ ဖြစ်လာခဲ့တာပဲ။ iPhone Application ဖြစ်တဲ့အတွက် ကျွန်တော် free မပေးနိုင်တော့ဘူး။ $99/year ဆိုပြီး Apple ကို Developer ဖိုး ပေးဆောင်ရတော့မယ်။ တနည်းပြောရင် ကျွန်တော် Ornagai iPhone ကို ရောင်းရင် $99 တောင် အရင်းကျေပါ့မလားဆိုပြီး စဉ်းစားမိတယ်။ ဘာပဲ ဖြစ်ဖြစ် မမြတ်ရင်တောင် အရင်းကျေအောင် လုပ်မယ်ဆိုပြီး Ornagai iPhone ကို ရအောင် ရေးပြီး iTune App store
မှာ တင်ခဲ့တယ်။

$99 ရဖို့ အတွက် ဒီအတိုင်း ငုတ်တုတ်ထိုင်ရင် ရမှာ မဟုတ်ဘူးဆိုပြီး ကျွန်တော် Marketing တွေ လုပ်ခဲ့တယ်။ အပေါင်းအသင်းတွေကို အတင်းဝယ်ခိုင်းခဲ့တယ်။ $99 ရဖို့ မသေချာပေမယ့် iTunes Store မှာ ရောင်းလို့ရတဲ့ အနည်းဆုံး စျေးဖြစ်တဲ့ $0.99 နဲ့ ရောင်းခဲ့တယ်။ ကျွန်တော် $99 ရအောင် ကြိုးစားရမယ်ဆိုပြီး နည်းလမ်းတွေ စဉ်းစားခဲ့ရတယ်။ အထူးသဖြင့် Facebook က Ornagai iPhone အတွက် အဓိက marketing နေရာကြီး ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ $99 ကို ကျွန်တော် ၁ လ ကျော် အတွင်း ရခဲ့တယ်။ အဲ.. သို့ပေမယ့် ပိုက်ဆံက ထုတ်လို့က မရခဲ့ဘူး။ $150 ရမှ ထုတ်လို့ ရမှာဆိုပြီး Apple က ရေးသားဖော်ပြထားတယ်။ သို့ပေမယ့် အရင်းတော့ ကျေပြီ နောက်နှစ် ဆက်ရပ်တည်ဖို့ လိုအပ်တယ်။ နောက်ပြီး ornagai.com အတွက် server ဖိုးတွေလည်း လိုအပ်တယ်ဆိုပြီး ကျွန်တော် ရှေ့ဆက်ဖို့ပဲဆုံးဖြတ်ထားတယ်။
အဲဒီအချိန်မှာ ထူးတေဇာ က သူ Ornagai App ကို 5 ခုလောက် မဲဖောက်ပေးချင်တယ်လို့ ဆိုလာတယ်။ ကူညီပေးနိုင်မလားလို့ မေးလာတယ်။ အဲဒီ မတိုင်ခင်က ကျွန်တော် Promo code ၅ ခု ထုတ်ပြီး Ornagai Facebook Fan Site မှာ တင်ထားပေးခဲ့ပါတယ်။ အဲဒါကြောင့် ထူးတေဇာက နောက်ထပ် သီးသန့် ၅ ခုထုတ်ပေးလို့မရလားဆိုပြီး request လုပ်လာတာနဲ့ ရတာပေါ့ ဆိုပြီး ထုတ်ပေးခဲ့တယ်။ သို့ပေမယ့် ထူးတေဇာ blog ကို မြန်မာနိုင်ငံက ပိတ်ထားတာရယ် connection မကောင်းတာရယ် သူ video အတွက် ပြင်ဆင်နေတာနဲ့ တော်တော် နဲ့ မတက်လာဘူး။ ဒါနဲ့ ကိုပီဇီ နဲ့ တွေ့တော့ သူ့ကို မေးတယ်။ Ornagai ၅ ခုပေးမယ်။ အစ်ကို မဲဖောက်ပေးချင်လားဆိုပြီးမေးလိုက်တယ်။ အဲဒီ idea က ထူးတေဇာ idea ပါ။ ကျွန်တော့်အနေနဲ့ Myanmar Tutorial promotion ကော ကျွန်တော့် Ornagai promotion အပြင် ရသွားတဲ့သူတွေလည်း ပျော်သွားအောင်ပေါ့။ အဲဒီ promo code က အခု 50 ပဲ ထုတ်လို့ရတယ်။ ထုတ်ပြီး ရက် ၉၀ အတွင်း သုံး၇တယ်။ ဒါကြောင့် အများကြီး ထုတ်လို့ မရသလို ကြိုထုတ် လို့လည်း မရဘူး။

Myanmar Tutorial မှာ အဲဒီ post က တော်တော်ပေါက်သွားတယ်။ အများကြီး ကံစမ်းဖို့လာတဲ့ သူတွေ ရှိသလို Ornagai အတွက် အကြံဉာဏ်တွေ လိုအပ်ချက်တွေကိုလည်း ကျွန်တော် ရလိုက်တယ်။ ထူးတေဇာကလည်း Myanmar Tutorial ပြီးအောင် ဆိုပြီး စောင့်နေခဲ့တယ်။ Myanmar Tutorial ပြီးမှ သူလည်း မဲဖောက်ဖို့ စတင်ခဲ့ပါတယ်။ သူရိုက်ထားတဲ့ Video လေး တော်တော်ကောင်းတယ်။ အခု လက်ရှိ အချိန်ထိ $150 ပြန် မရသေးတဲ့အတွက် Ornagai ရောင်းလို့ရတဲ့ ပိုက်ဆံ လည်း အခုအချိန်ထိမရသေးဘူး။

မှတ်ချက်များ

  • edited August 2010 Administrators
    Ornagai မှာ ပါဝင်ခဲ့တဲ့ လူတွေက post တစ်ခုလုံး မှာ ပါပါတယ်။ ဘာလို့ ကျွန်တော် Ornagai မှာ ရေးသားတဲ့သူတွေ နာမည်မထည့်တာလဲ ဆိုပြီး ပြောလာကြပါတယ်။ credit မထည့်ဘူးလို့ ဆိုလာကြတယ်။ လူတိုင်း သိတယ်။ Ornagai ဆိုတာ Community data , GPL data ။ လူတွေ အများကြီး ဝိုင်းဖြည့်ထားတာ။ Ornagai V2 စခဲ့တုန်းက စာလုံးရေး ၃ သောင်း ကျော်ကျော် သာ ရှိခဲ့ပေမယ့် အခု 30988 ဖြစ်သွားပြီ။ စာလုံးရေ ၉၀၀ တက်လာတယ်။ ကျွန်တော် Data အသစ်ထုတ်တုန်း Migration ပြန်ပြန်လုပ်တယ်။ တနည်းပြောရင် စာလုံး ထပ်နေတာကို ပြန်ပြန်စုလိုက်တယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့
    moon

    n

    လ။

    moon

    n

    သော်တာ။
    moon
    n
    စန္ဒာ။

    တနည်းပြောရင် စာလုံး တစ်လုံးတည်း။ row က ၃ ကြောင်းဖြစ်နေတယ်။ အဲဒီတော့ စုစုပေါင်း စာလုံး အရေအတွက်က ဖြစ်သင့်တာထက်ပိုနေတယ်။ ဒါနဲ့ migrate လုပ်လိုက်တော့

    moon
    n
    လ ။ သော်တာ။ စန္ဒာ။

    အဲလိုမျိုး တစ်ကြောင်း တည်းဖြစ်သွားတယ်။ အဲလိုလုပ်လိုက်တော့ ဘာဖြစ်သွားလဲဆိုတော့ သော်တာ ရိုက်တာက တစ်ယောက်။ စန္ဒာ ရိုက်တာက တစ်ယောက်။ ၂ ခုပေါင်းလိုက်တော့ ဘယ်သူရိုက်တယ်ဆိုတာ ယူလို့မရတော့ဘူး။ ဒါကြောင့် Ornagai.com မှာ ဒီ စာလုံး ဘယ်သူရိုက်လည်းဆိုတာ show မပြထားဘူး။ ကျွန်တော် ရေးတုန်းက အဲဒီလို migration လုပ်ဖို့ အတွက် မစဉ်းစားမိခဲ့ဘူး။ ကျွန်တော့် လိုအပ်ချက်တွေပေါ့။


    နောက်ပြီး Ornagai က MZ Dictionary က လာခဲ့တာပါ။ MZ Dictionary က လူတွေ စုပေါင်းထားတဲ့ အသီးအပွင့်တွေ အခြားလူတွေ ခံစားနေရတာပါ။ ဘယ်သူတွေ ခံစားရလဲဆိုတော့ မြန်မာတွေပဲ ပြန်ခံစားနေရတာပါ။ ကိုယ်ပိုင် Free Dictionary တွေ အများကြီးထွက်လာတယ်။ wxpydict ထွက်လာတယ်။ en2mm ထွက်လာတယ်။ ornagai ထွက်လာတယ်။ ornagai mobile , iphone app , android app တွေ ထွက်လာခဲ့တယ်။ ကျွန်တော်တို့ စ လုပ်ခဲ့တုန်းက ဘယ်သူမှ နာမည်လိုချင်လို့လုပ်ခဲ့တာ မဟုတ်ပေမယ့် လူတိုင်းကတော့ အခုရောက်နေတဲ့ Ornagai ထက် ပိုအောင်မြင်ချင်ကြတယ်။ နာမည်လိုချင်လို့ အောင်မြင်စေချင်တာ မဟုတ်ဘူး။ မြန်မာတွေအတွက် အဖိုးတန်လို့ မြန်မာတွေအတွက် အသုံးတည့်လို့ မြန်မာတွေ အတွက် လိုအပ်လို့ဆိုပြီး အကုန်လုံး ဝိုင်းဝန်းဖန်တီး ခဲ့ကြတာ။ ကျွန်တော့်အနေနဲ့ စည်သူ ဖြစ်စေချင်တဲ့ Dictionary ကို ဖြစ်အောင် အကောင်ထည် ဖော်ပေးခဲ့တယ်။ MZ Dictionary ကနေ Ornagai အဓိ ဖြစ်လာအောင် မောင်းနှင်ပေးခဲ့တယ်။ အခြားသူတွေ ကြိုးပမ်းထားခဲ့တဲ့အရာတွေကို ကျွန်တော့် ဉာဏ်အား ခွန်အားတွေ စိုက်ထုတ်ပြီး လှည်ပတ်လာအောင် မောင်းနှင်ပေးနေတယ်။ MZ Dictionary ဟာ ၁၂ လပိုင်း ၂၀၀၇ ကတည်းက စခဲ့တာ အခုဆို ၃ နှစ် ပြည့်တော့မယ်။ သို့ပေမယ့် စာလုံး မစုံသေးဘူးဆိုတဲ့ စကားကတော့ အခုထက်ထိ ကြားနေရမြဲပဲ။ ကျွန်တော် ကိုယ်တိုင် Ornagai ကို သုံးတယ်။ စာလုံးတွေ ရှာတယ်။ မတွေ့ရင် မှတ်ထားတယ်။ dictionary.com ကို သုံးပြီး ချက်ခြင်း စာလုံးရှာတယ်။ မြန်မာလို ပြန်တယ်။ ဟုတ်လားမဟုတ်လား ဘေးနားမှာ ရှိတဲ့ သူတွေကို မေးတယ်။ confirm ဖြစ်ရင် ထည့်တယ်။ အဲလိုမျုုိး အခုအချိန်ထိ တောက်လျှောက် ထည့်နေဆဲပါ။ ကျွန်တော် ရောင်းစားဖို့အတွက် ထည့်သွင်းနေတာ မဟုတ်ဘူးဆိုတာလည်း ထပ်ရှင်းစရာ မလိုပါဘူး။



    သို့ပေမယ့်....


    ကျွန်တော် ဘယ်သူတွေ ပါဝင်ခဲ့တယ်။ ဘယ်သူတွေ အပင်ပန်းခံ ရိုက်ခဲ့တယ်ဆိုတာကို ရောင်းချတဲ့အချိန်ကစပြီး မဖော်ပြခဲ့လို့ ဒီ post လေး သီးသန့် ရေးပြီး တောင်းပန်လိုက်ပါတယ်။
  • edited August 2010 Registered Users, Moderators
    စေတန်ရေ စာလုံးတွေမစုံသေးဘူးဆိုတော့ ကူညီချင်ပါတယ်။ ဘယ်လိုကူညီလို့ရမလဲပြောပါ။
    ornagai.com
    
    မှာ ထည့်ပေးရမလား? ornagai.com မှာပဲထည့်ပေးရမယ်ဆို mail ပို့လိုက်ပါ။
  • edited August 2010 Administrators
    www.ornagai.com
    

    မှာ ကိုယ့်ဘာသာကိုယ် ထည့်လို့ရပါတယ်။ =)

    ကျွန်တော်လည်း အခုထက်ထိ ရှာမတွေ့တာကို အခြားကနေရှာပြီး ရိုက်ထည့်နေတုန်းပဲ။

    အခုနောက်ပိုင်း google analytic ကြောင့် ရှာမတွေ့တဲ့ စာလုံးတွေ အလိုအလျောက် report ရအောင် လုပ်ထားတယ်။ အဲဒီ စာလုံးတွေကို အားရင် ပြန်ရှာပြီး ထည့်ပေးနေပါတယ်။
Sign In or Register to comment.