MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
ဘာကြောင့် Board ကြွရတာလဲ..?
  • Vote Up0Vote Down rshpongramrshpongram
    Posts: 47Registered Users
    ဖြစ်စဉ်က ဒီလို...ကျွန်နော့ကို သူငယ်ချင်းတစ်ယောက်က ခေါ်တယ်.. သူ့ကွန်ပျူတာ က ဂိမ်းဆော့နေရင်း ထစ်ထစ်နေလာတယ်..ပြီးတော့ ရီစက် ဖြစ်ပြီး Monitor မှာ Nosignal တက်လာတယ်.. ကျွန်နော်လည်း Graphic Card ဖြုတ်ဆေးလုပ်လိုက်တယ်..ပြီးတော့ ပြန်တပ်ပေးလိုက်တယ်..မရဘူး..နောက် Memory ဖြုတ်တပ်လုပ်ပေးတယ်..မရဘူး..နောက်ဆုံး Mother ဘုတ် လှဲလိုက်မှ အဆင်ပြေသွားတယ်.. ..ဘာကြောင့် MB ပျက်ရတဲ့ အထိဖြစ်ရတာလဲ.. ပြီးတော့ အခုလိုမျိုးပျက်တာမဖြစ်နိူင်အောင် ဘယ်လို ကာကွယ်သင့်သလဲ ..ဆိုတာ အစ်ကိုုကြီးများ..ဆွေးနွေးပေးကြပါ.. ကျေးဇူးတင်ပါတယ်..
  • 4 မှတ်ချက်များ sorted by
  • Vote Up0Vote Down nannan
    Posts: 14Registered Users
    နန်း ... အိမ်ကစက်ကလဲ .. ကိုလေး ဂိမ်းကစားနေတုန်း ... မော်နီတာက တုန်လာပြီး.. ကျသွားတာ.. ပြန်ဖွင့်တော့ မော်နီတာက ဘာမှမလာတော့ဖူး .. CPU fan တော့လည်တယ်.. နန်းလဲ အဲလိုပဲ graphic card ပြန်ဖြုတ် ပြန်တပ်.. memory ကိုလဲ အဲလိုပဲလုပ်ကြည့်တယ်.. ပြန်မတက်လာတော့ဖူး... ကောင်းတဲ့စက်မှာ hard disk သွားထဲ့ကြည့်တော့ တက်တယ်ဆိုတော့ hard disk မပျက်ဖူးပေါ့နော်.. memory ထဲ့ကြည့်တယ် တက်တယ်ဆိုတော့.. memory လဲကောင်းတယ်ပေါ့.. graphic card ထဲ့စမ်းတော့ မော်နီတာ ဘာမှမလာတော့ဖူး .. အဲဒါနဲ့ graphic card ပျက်တာဖြစ်မယ်ဆိုပြီး ကောင်းတဲ့စက်က graphic card ကို ပျက်တဲ့စက်ထဲထဲ့ကြည့်တော့လဲ မော်နီတာက ဘာမှမလာဖူး.. :(( ... အဲဒါ motherboard ပျက်ပီလားဟင်.. :( ... mother board ကော graphic card ကောပျက်တာလား ... နောက်တစ်ခုက power supply ပျက်ရင် cpu fun လည်သေးလို့လား .. power supply fun လဲလည်ပါတယ် ... အဲဒါလေးတွေ ကျေးဇူးပြုပြီး ပြန်ဖြေပေးကြပါနော် ... :smile:
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,615Administrators
    motherboard ပျက်ရတာက အဓိက power ကြောင့် ပျက်တာများပါတယ်။ motherboard နဲ့ power ကြိုးကို မထိတထိ တပ်ထားရင် ပျက်တတ်ပါတယ်။ နောက်ပြီး power မငြိမ်ပဲ power ဆောင့်ပြီး တက်လာရင်လည်း ပျက်တတ်ပါတယ်။
  • Vote Up0Vote Down zawtkzawtk
    Posts: 545Registered Users
    nan said:
    နန်း ... :( ... mother board ကော graphic card ကောပျက်တာလား ... နောက်တစ်ခုက power supply ပျက်ရင် cpu fun လည်သေးလို့လား .. power supply fun လဲလည်ပါတယ် ... အဲဒါလေးတွေ ကျေးဇူးပြုပြီး ပြန်ဖြေပေးကြပါနော် ... :smile:


    Power Supply fun လည် လည်း Power supply က ဗို့အား မလိုက်နိုင်တော့တဲ့ အတွက်လည်း ပါဝါ ဖွင့်လိုက်တာနဲ့ ဘုတ်မှာ ရှိတဲ့ မီးတွေလည်း လင်းပါမယ်။ CPU Fun လည်း လည်ပါမယ်။ ဒါပေမဲ့ ဘာမှ တက်လာနိုင်ဘူး ဆိုတာ လည်း ဖြစ်နိုင်ပါတယ်။ ဘုတ်ကြွသွားတယ်လို့ မယူဆ ပါသေးနဲ့ အုံး။ Power supply ကို အရင် တခြား တစ်ခုနဲ့ လဲ ပြီးစမ်းသပ်ကြည့်ပါ။ တစ်ခါတလေ power supply ကြောင့်လည်း အဲဒီလိုဖြစ်တက်ပါတယ်။ ဘုတ်ထက်စာ ရင် Power supply ပဲ လဲ ရတယ်ဆိုရင်တော့ နည်းနည်း သက်သာသေးတာပေါ့ဗျာ... ( ကျွန်တော်တွေ့ကြုံဖူးတဲ့ အခြေအနေကို ပြောပြတာပါ။ ဖြစ်နိုင်ခြေရှိနိုင်လို့ ပါ။) :rolleyes:
  • Vote Up0Vote Down nannan
    Posts: 14Registered Users
    zawtk said:
    Power Supply fun လည် လည်း Power supply က ဗို့အား မလိုက်နိုင်တော့တဲ့ အတွက်လည်း ပါဝါ ဖွင့်လိုက်တာနဲ့ ဘုတ်မှာ ရှိတဲ့ မီးတွေလည်း လင်းပါမယ်။ CPU Fun လည်း လည်ပါမယ်။ ဒါပေမဲ့ ဘာမှ တက်လာနိုင်ဘူး ဆိုတာ လည်း ဖြစ်နိုင်ပါတယ်။ ဘုတ်ကြွသွားတယ်လို့ မယူဆ ပါသေးနဲ့ အုံး။ Power supply ကို အရင် တခြား တစ်ခုနဲ့ လဲ ပြီးစမ်းသပ်ကြည့်ပါ။ တစ်ခါတလေ power supply ကြောင့်လည်း အဲဒီလိုဖြစ်တက်ပါတယ်။ ဘုတ်ထက်စာ ရင် Power supply ပဲ လဲ ရတယ်ဆိုရင်တော့ နည်းနည်း သက်သာသေးတာပေါ့ဗျာ... ( ကျွန်တော်တွေ့ကြုံဖူးတဲ့ အခြေအနေကို ပြောပြတာပါ။ ဖြစ်နိုင်ခြေရှိနိုင်လို့ ပါ။) :rolleyes:


    အဲလိုစမ်းကြည့်အုံးမယ် ... ပါ၀ါစပလိုင်းဆိုရင်တော့ နဲနဲသက်သာတာပေါ့ .. ဒါပေမယ့် .. memory ဖြုတ်ပြီး ပါ၀ါအွန်ကြည့်တော့ motherboard က error bees အသံမပေးဖူးဖြစ်နေလို့ ... စိတ်ဓါတ်ကျနေတာ ... ဘာပဲပြောပြော power supply ပဲဖြစ်ပါစေ ... :pray ... အခုလို ပြန်ဖြေပေးတဲ့အတွက်လဲ ကျေးဇူး အများကြီးတင်ပါတယ်နော် ...
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion