မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

နိုင်ငံရပ်ခြားက ကွန်ပြူတာတွေကိုပါ လှမ&#4

edited June 2010 in Sharing
ကျွန်တော် ဒါလေးကိုသိထားတာတော့ တော်တော်ကြာပါပြီ
ဒါပေမယ့် တကယ်ထိထိရောက်ရောက် အသုံးမပြုခဲ့ဖြစ်ဘူး (အသုံးလည်းမလိုခဲ့တာကို)
ခုတော့ ကျွန်တော် ကောင်မလေးက တခြားနိုင်ငံကိုထွက်သွားပြီ:redface::redface:
ကျွန်တော် ကောင်မလေးက ကွန်ပျူတာဆို ဘာမှကောင်းကောင်း မသိနဲ့
ကျွန်တော် မှာ အင်တာနက်မှာ သူနဲ့တွေ့ဖို့ကို တော်တော် ကျိုးစားယူရတယ်
ဒီကနေ skype အကောင့်ကို စင်ကာပူ အန်လစ်မစ်တတ် ၀ယ်ထားပြီး ဖုန်းနဲ့ လှမ်းလှမ်းပြောပေးနေရတာ
vzo နဲ့ မျက်နှာလေးမြင်ဖို့အတွက်ကို
ဟိုတလောက မှ ဒီဆော့၀ဲလေးကိုပြန်သတိရမိတယ် အဲ့ဒါနဲ့ သုံးကြည့်တာ တော်တော်သတ်သာတယ်
လွယ်လည်း လွယ်ကူတယ်
ကျွန်တော် ဒီဆော့၀ဲလေး အကြောင်းကိုလည်း တခြား ဆိုဒ်တခုကနေ ဖတ်လိုက်ရတာပါ
၁ နှစ်ကျော်လောက်တောင်ကြာပါပြီ ကောင်းကောင်းတောင်မမှတ်မိတော့ဘူး ဘယ်ဆိုဒ်ကလည်းဆိုတာ
တော်တော်လေရှည်သွားပြီ လိုရင်းကိုပြောမယ်နော်

ဒီဆော့၀ဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ ကွာေ၀းနေပါစေ လှမ်းပြီးတော့
ကိုယ့်ရှေ.မှာသုံးနေတဲ့ ကွန်ပြူူတာလိုမျိုး အေ၀းကနေ ကိုင်တွယ်ပြီး
ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
www.logmein.com
ထဲကို၀င်ပြီး အကောင့်တခု လုပ်လိုက်ပါ
သေးစိတ်တော့ မပြောပြတော့ဘူးနော်
လွယ်လို့ လူတိုင်းလိုလို လုပ်တတ်မယ်လို့ထင်ပါတယ်
အဓိက က Mail နဲ့ password ပါပဲ
အကောင့်လုပ်တာပြီးသွားပြီဆိုရင်
သူ့ဆော့၀ဲကို ဒေါင်းလုပ် လုပ်ရပါမယ်
ကိုယ့်အကောင့်ထဲရောက်သွားတာနဲ့
add computer ဆိုတာ ကိုကလစ်ပေးလိုက်ပါ
အဲ့မှာ ဒေါင်းလုပ်ဆွဲဖို့ ဖိုင်ပေါ်လာပါလိမ့်မယ်
ဆွဲထားလိုက်ပါ
ပြီးရင် ကိုထိမ်းချုပ်မဲ့ စက် မှာ ဒီဆော့၀ဲလေး ရမ်းခိုင်းလိုက်ပါ ။
Next => I agree => typical => Next
=>Next=> computer access code ဆိုပြီးတောင်းရင် ပေးချင်တဲ့ password 8 လုံး လောက်အနည်းဆုံး
ပေးလိုက်ပါ။ အောက်မှာလည်း အဲ ဒီ 8 လုံးပဲ ပြန်ရိုက်။ခုရိုက်တဲ့ password ကအရေးကြီးပါတယ် သေသေချာလေးမှတ်ထားဦးနော် ။
Email တောင်းရင် ခုနက သူ့ဆိုဒ်မှာ အကောင့် ဖွင့်တုန်းက ပေးခဲ့တဲ့ အီးမေးကို
ပြန်ထည့်။ password ကလဲ အကောင့်ဖွင့်တုန်းကပေးတဲ့ password ပဲ။
logmein freee ဆိုတာရွေးပေးလိုက်ဦး။ ပြီးမှ Nextလုပ်။ဒါဆိုရင် ပြီးသွားပါပြီ။
Task Bar ရဲ့ ညာဘက်အောက်မှာ Logmein-Enable&Online ဆိုပြီး tray အ၀ိုင်း ပုံလေး ပေါ်လာပါလိမ့်မယ်
အဲဒီ ကွန်ပြူတာကို ဖွင့်ထားပြီး တခြားကွန်ပြူတာကနေပြီး အင်တာနက်က
www.logmein.com (http://www.logmein.com/) ဆိုတဲ့ ၀က်ဆိုဒ်ကို ပြန်၀င် ၀တ်ဆိုဒ်ရဲ့ ညာဘက် ထိတ်နာမှာ Email မှာ ကိုယ်အကောင့်ဖွင့်ထားတဲ့ mail နဲ့ password ပေးပြီး၀င်
ဒါဆို အဲ့ဆော့၀ဲ တင်ထားတဲ့ စက်ကို ကိုယ်ဘယ်ပဲရောက်နေနေ လှမ်းပြီးတော့ ကိုယ့်စက် လိုမျိုး ၀င်သုံးလို့ရပါပြီ
ဟိုဘက်က လူက မောက့် တောင်ကိုင်စရာမလိုပါဘူး အကုန်လှမ်းလုပ်ပေးလို့ရပါတယ်
ကိုယ့်ဘာသာကို ဆက်ပြီးစမ်းကြည့်ပါ လွယ်ပါတယ် ကျွန်တော် ဒီလောက်ပြောနေတာတောင် တော်တော်များနေပါပြီ
လွယ်ကူနဲ့နည်းတွေကြီးပါပဲ ။
အားလုံးအဆင်ပြေကြပါစေ
ကျေးဇူးပါ .

မှတ်ချက်များ

  • KK
    edited June 2010 Moderators
    ဟီး ... အနော် ရစ်တာတော့ မဟုတ်ဘူးနော်. အဲ .. အတွန့်တက်တာလဲမဟုတ်ဘူးနော်
    နိုင်ငံခြားက ကွန်ပျူတာက Window မဟုတ်ပဲ Linux ဖြစ်နေရင်ကော??? ဘီလိုလုပ်မလဲ?? စဉ်းစားမိတာလေးပါ ... အဟတ် ;)
  • edited June 2010 Registered Users
    ူlog me in ကနှေးတယ်။ TeamViewer ဆိုတာရှိတယ် သုံးကြည့်ပိုကောင်းတယ်။ function တွေကတော့တူတူလောက်ပါပဲ။
  • edited June 2010 Registered Users
    [HTML]ဟီး ... အနော် ရစ်တာတော့ မဟုတ်ဘူးနော်. အဲ .. အတွန့်တက်တာလဲမဟုတ်ဘူးနော်
    နိုင်ငံခြားက ကွန်ပျူတာက Window မဟုတ်ပဲ Linux ဖြစ်နေရင်ကော??? ဘီလိုလုပ်မလဲ?? စဉ်းစားမိတာလေးပါ ... အဟတ် 3.gif[/HTML]
    Linux ပေါ်မှာတော့ ကျွန်တော် မစမ်းဖူးသေးဘူး
    ဒါမို့ မပြောတတ်ပါဘူး
    [HTML]log me in ကနှေးတယ်။ TeamViewer ဆိုတာရှိတယ် သုံးကြည့်ပိုကောင်းတယ်။ function တွေကတော့တူတူလောက်ပါပဲ။ [/HTML]
    TeamViewer ကျွန်တော် စမ်းသုံးကြည့်လိုက်ဦးမယ်နော်
    ကျေးဇူးပါ
    ကျွန်တော်တွက် အကယ်အသုံး၀င်ပါတယ် ..
  • edited June 2010 Moderators
    T.K wrote: »
    ဟီး ... အနော် ရစ်တာတော့ မဟုတ်ဘူးနော်. အဲ .. အတွန့်တက်တာလဲမဟုတ်ဘူးနော်
    နိုင်ငံခြားက ကွန်ပျူတာက Window မဟုတ်ပဲ Linux ဖြစ်နေရင်ကော??? ဘီလိုလုပ်မလဲ?? စဉ်းစားမိတာလေးပါ ... အဟတ် ;)

    RAT tool for Linux ဆိုပြီးရှာကြည့်ပေါ့ဗျာ
  • Registered Users

    andirod နဲကောလုပ်လို့ရလား

Sign In or Register to comment.