မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Ubuntu အမေးအဖြေများ

13

မှတ်ချက်များ

  • edited September 2010 Registered Users
    ကိုလူပျိုကြီး...
    ကျွန်တော့်ကို ကူပါအုံး...ကျွန်တော် Ubuntu server ကို dyndns နဲ့ချိတ်တာ အဆင်မပြေလို့ ....
    နည်းနည်း အသေးစိတ်လေးရှင်းပြပေးပါ.... သိသောသူများလည်းပြောပေးရင်စိတ်မဆိုးပါဘူးဗျာ....:tongue:
  • edited September 2010 Administrators
    ဘယ်လိုမပြေတာလဲ အရင်ပြောဦးလေ အဲဒါမှပြောလို့ရမှာပေါ့
  • edited October 2010 Registered Users
    ကိုလူပျို ကြီး ....
    Mirror hard drive ကိုဘယ်လိုလုပ်မလဲ ညွှန်ပေးပါအုံး...Ubuntu မှာ ပေါ့ ...
    ကျွန်တော် လုပ်ချင်တာ က ... HDD 40GB ကို Ubuntu Server တင်ပြီး ကျန်တဲ့ HDD နှစ်လုံး ကို .... data တွေထည့်ပြီး mirror စနစ်နဲ့သွားချင်တယ်...
    ကိုလူပျိုး နဲ့ အခြားသိတော့ နောင်တော့် ..နောင်တော်ကြီးများ...ကူညီပါ...
    ကို Alexander သိရင်လည်း ငြိမ်မနေနဲ့နော်...
    :confused::confused::confused::confused:
  • edited October 2010 Administrators
    Hardisk ကလည်း ၂ လုံးပဲဖြစ်တာရယ် Mirror ပဲလိုချင်တာဆိုရင်တော့ RAID Level 1 သုံးလို့ရမယ် အဲဒီတော့ ခင်ဗျားမှာ Hardware RAID Controller ရှိရင်လည်းသုံးလို့ရတယ် မရှိရင်တော့ Software RAID ကိုသုံးလို့ရမယ် ပြောမယ်ဆိုရင် Software RAID ကတော့ ကျွန်တော်လည်း အသုံးမလိုဖူးလို့ စမ်းတော့မကြည့်ဖူးဘူး ကိုယ်တိုင်သာစမ်းသပ်ကြည့်ပါတော့ဗျာ အောက်ကလင့်မှာတော့ ပြည့်ပြည့်စုံစုံပါပါတယ် ကြည့်မိသလောက်တော့ သိပ်တော့ရှုပ်ရှုပ်ထွေးထွေး မပါဘူးထင်ပါတယ်။
    https://help.ubuntu.com/10.04/serverguide/C/advanced-installation.html
    
    ဒါဆို ကိုလူပျိုကြီး...
    ံHradware RAID controller နဲ့ software RAID နဲ့ ဘယ်ဟာက ပိုအဆင်ပြေမယ်ထင်သလဲဗျ။ ကိုလူပျိုကြီး hardware တော့သုံးဖူးမယ်ထင်ပါတယ်။ ကျွန်တော် က အခုမှ စမ်းလုပ်ကြည့်တာဆိုတော့ ဘယ်ဟာကိုသုံးရမှန်းမသိသေးဘူး hardware က ပိုအဆင်ပြေရင်တော့ ဝယ်ရမှာပေါ့ ဗျာ။ ဒါနဲ့ ကိုလူပျိုကြီး .. ပိုက်ဆံတော့ချေးရမယ်နော်။... :P
  • edited October 2010 Registered Users
    ကျနော်လဲ သိချင်လို့ဗျာ..။အရင်က Ubuntu ုကို win 7 နဲ့ တခြမ်းဆီတင်ထားတာနောက်တော့ heat တွေအရမ်းတက်ပြီး shutdown ကျသွားတယ် ခဏခဏဖြစ်လို့မသုံးဘဲ ၀င်းဒိုး 7 နဲ့ စခန်းသွားနေရတယ်
    laptop က HP ပါ။ပြီးတော့ နောက်တခုသိချင်တာက Desktop က 4 GB ,64 Bit ကို Ubuntu 32 Bit ဖြစ်ဖြစ် တခုခုပေ့ါ(Ubuntu ဘဲသွင်းချင်ပါတယ်) အဲဒါကို သွင်းပြီး သုံးလို့ရမလား ပြောပြပေးပါဦး။
    4GB နဲ့စက်ကို ကျနော့်ဆီမှာရှိတဲ့ Ubuntu 9.04 နဲ့ သွင်းပြီးသုံးလို့ရမလား???? အဲဒီ ဆော့ဖ်၀ဲ ခွေက 32bit ဖြစ်မယ်ထင်တယ်။ အဲဒါကို သွငး်ရင် ဘာဖြစ်မလဲ????
    အကယ်ရျ် 64 bit ဆိုရင်ရော ဘာတွေလုပ်ရမလဲ ဘာတွေကွာသွားမလဲ ဆိုတာလေးပါ သိချင်ပါတယ်။ပြောပြကြပါဦး။
    စက်အသစ်မှာ driver တွေကိုရော သိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလေးပါ ပြောပြဦး။ကျေးဇူးတင်လျှက်.....။
  • edited October 2010 Administrators
    sanlinhtet wrote: »

    Hardware Controller ကတော့ ပိုကောင်းတာပေါ့ ဒါပေမယ့် ခင်ဗျားက ဆင်ပြီးသားဆာဗာ ဝယ်မှာမဟုတ်ပဲ သီးသန့်ဝယ်တပ်မှာဆိုတော့ စဉ်းစားရမှာက ကိုယ်သုံးမယ့် Controller ကို Linux မှာ Support လုပ်မလုပ်အရေးကြီးတယ် Driver ရနိုင်မရနိုင် တစ်ချက်အသေအချာကြည့်ပါ။ Controller တိုင်းကို Linux က Support မလုပ်နိုင်ပါဘူး နာမည်မရှိတဲ့တံဆိပ်ဆို မရတာများပါတယ်။ ဘယ်ဟာတွေကရတယ် မရဘူးကတော့ ကျွန်တော်လည်းမသိဘူး အလုပ်ကလည်း အဲဒါတွေလုပ်တဲ့လူမဟုတ်ဘူးရယ် ဆာဗာမပြောနဲ့ ကိုယ်သုံးတဲ့စက်တောင် အဖုံးဖွင့်မကြည့်ဖူးတာ နှစ်အတော်ကြာပြီ။ :D
  • edited October 2010 Administrators
    Colinn wrote: »

    ပထမတစ်ခုကတော့ မြင်လည်းမမြင်ရတော့ အကြံမပေးတတ်ဘူး။ 32 or 64 ဆိုရင်တော့ အိမ်မှာသုံးရင်တော့ 32 ကအဆင်ပြေမယ် အခုအချိန်အထိ 32 ဆော့ဝဲတွေဟာ Stable အဖြစ်ဆုံးပါ။ အိမ်မှာသုံးဖို့အတွက်က တစ်ချို့ဆော့ဝဲတွေက Binary အနေနဲ့ 64 မရှိတာတွေရှိသေးတယ် ကိုယ်တိုင် Compile လုပ်တတ်ရင်တော့ 64 သုံးလည်းပြဿနာမရှိပါဘူး မဟုတ်ရင်တော့ 32 ပဲအဆင်ပြေပါလိမ့်မယ်။ Server အတွက်ဆိုရင်တော့ Processor ဟာ 64 bit ဖြစ်ရင်တော့ Utilized ဖြစ်အောင် 64 bit သုံးတာတော့ ပိုပြီးအဆင်ပြေမယ်။
  • edited October 2010 Registered Users
    ဟုတ်ကဲ့ ကိုလူပျိုကြီး အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
    ကျနော့် desktop က 4GB ,64 Bit, window 7 home premium ပါ.။
    အဲဒါကိုကျနော် Ubuntu(9.04) 32 bit သွင်းချင်ပါတယ်။အဆင်ပြေနိုင်မလား ပြောပြပါဦး။(အိမ်မှာ သုံးမှာပါ)
    သုံးပြီးမှ error တွေ အရမ်းများလာရင် မဖြေရှင်းနိုင်ရင် ပြသနာတက်မှာစိုးလို့ပါ။
    ကျေးဇူးတင်ပါတယ်။
  • edited October 2010 Administrators
    Colinn wrote: »
    ဟုတ်ကဲ့ ကိုလူပျိုကြီး အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
    ကျနော့် desktop က 4GB ,64 Bit, window 7 home premium ပါ.။
    အဲဒါကိုကျနော် Ubuntu(9.04) 32 bit သွင်းချင်ပါတယ်။အဆင်ပြေနိုင်မလား ပြောပြပါဦး။(အိမ်မှာ သုံးမှာပါ)
    သုံးပြီးမှ error တွေ အရမ်းများလာရင် မဖြေရှင်းနိုင်ရင် ပြသနာတက်မှာစိုးလို့ပါ။
    ကျေးဇူးတင်ပါတယ်။

    10.04 ဘာလို့မသုံးတာပါလဲ 10.04 ဟာ LTS ဖြစ်လို့ပိုအဆင်ပြေပါလိမ့်မယ်။
  • edited October 2010 Registered Users
    ဟုတ်လား ကိုလူပျိုကြီး အဲဒါဆို ကျနော့်ရဲ့ 4Gb,64 bit(win) destkop မှာ 10.04 32bit ကိုသွင်းလိုက်ရင် ဘယ်လိုနေမလဲ???:confused::confused::confused:
    ့အဆင်ပြေနိုင်လား မသိဘူး။ ၃၂Bit နဲ့ အလုပ်လုပ်ရင် ြ့ပသနာတွေ ရှိလာနိုင်လား??
    ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • edited October 2010 Moderators
    Colinn wrote: »
    ဟုတ်လား ကိုလူပျိုကြီး အဲဒါဆို ကျနော့်ရဲ့ 4Gb,64 bit(win) destkop မှာ 10.04 23bit ကိုသွင်းလိုက်ရင် ဘယ်လိုနေမလဲ???:confused::confused::confused:
    ့အဆင်ပြေနိုင်လား မသိဘူး။ ၃၂Bit နဲ့ အလုပ်လုပ်ရင် ြ့ပသနာတွေ ရှိလာနိုင်လား??
    ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    32 bit ကပိုအဆင်ပြေမှာပါ။ ပုံမှန် window တွေရော အခြား OS တွေက 32 bit မှာ compatible ဖြစ်ကြပါတယ်။ နွားလိုပဲ ဖင်ပေါ့ပါတယ်။ ခိုင်းလိုက်ရင်လုပ်လိုက်တာပါပဲ error တွေသိပ်မတက်ပါဘူး :P 64 bit ကတော့ performance ပိုကောင်းပါတယ်။ အရမ်းကို ခိုင်းကောင်းပါတယ်။ processor တွေကို အင်တိုက်အားတိုက်လုပ်ရမှာ သင့်တော်ပါတယ်။ ဥပမာ ကျွဲတစ်ကောင်လိုပေါ့ ဘာကောင်းရင်တော့ ကျွဲနဲ ့နွားလိုပါပဲ။ သူဟာနဲ ့သူတော့အသုံးတည့်ကြမှာပါ။
  • edited October 2010 Registered Users
    Hardware Controller ကတော့ ပိုကောင်းတာပေါ့ ဒါပေမယ့် ခင်ဗျားက ဆင်ပြီးသားဆာဗာ ဝယ်မှာမဟုတ်ပဲ သီးသန့်ဝယ်တပ်မှာဆိုတော့ စဉ်းစားရမှာက ကိုယ်သုံးမယ့် Controller ကို Linux မှာ Support လုပ်မလုပ်အရေးကြီးတယ် Driver ရနိုင်မရနိုင် တစ်ချက်အသေအချာကြည့်ပါ။ Controller တိုင်းကို Linux က Support မလုပ်နိုင်ပါဘူး နာမည်မရှိတဲ့တံဆိပ်ဆို မရတာများပါတယ်။ ဘယ်ဟာတွေကရတယ် မရဘူးကတော့ ကျွန်တော်လည်းမသိဘူး အလုပ်ကလည်း အဲဒါတွေလုပ်တဲ့လူမဟုတ်ဘူးရယ် ဆာဗာမပြောနဲ့ ကိုယ်သုံးတဲ့စက်တောင် အဖုံးဖွင့်မကြည့်ဖူးတာ နှစ်အတော်ကြာပြီ။ :D

    ကိုလူပျိုကြီး ကတော့ အဖုံးမဖွင့်တာကြာပြီလို့ပြောတယ်...:D
    10.gif
    အေးလေ သူက လူပျိုကြီးပဲ ..... 10.gif:P

    သိတဲ့သူများရှိရင် အကြံပေးကြပါအုံးခင်မျာ...

    ကျွန်တော်မှာ ပြဿနာတတ်နေလို့ … ဒီလိုဗျာ…ကျွန်တော်က Ubuntu server 10.04 ကို သုံးချင်တာ….…အခုပြဿနာပေါ့ .. အရင်က ကျွန်တော် ရိုးရိုး MotherBoard ကိုပဲ သုံးပါတယ် …အခု ကျွန်တော် HARDWARE RAID CONTROLLER အတွက်ဆိုပြီး Intel® Desktop Board DP55WG ကို i3 နဲ့ သုံးကြည့့်ပါတယ် အဆင်မပြေပုံကတော့ အဲဒီ board ရဲ့ Menual ထဲမှာ Loading the Intel Matrix Storage Technology
    RAID Drivers and Software (Required for
    Microsoft Windows XP Installation)ဆိုတာ ပဲ ပါတယ် RAID အတွက်ပေါ့ ။ ubuntu အတွက် နဲ့ တစ်ခြား OS တွေအတွက်မပါလာဘူးဗျာ …ကျွန်တော်သုံးတာက 160 GB HDD တစ်လုံးရယ် 1TB HDD နှစ်လုံးကိုသုံးပါတယ် .. user လိုချင်တာ က သူက OS တစ်လုံးပေါ့ … os အတွက်ကို ကျွန်တော်က 160 GB ကိုသုံးပြီ DATA တွေအတွက်ကို 1TB နှစ်လုံးကို MIRROR အနေနဲ့လိုချင်နေတယ်…ကျွန်တော် အခု အဆင်မပြေလို့ … အခု hradware raid controller ကလည်းအဆင်မပြေဘူဖြစ်နေတယ် .. နောင်တော့ နောင်တော်ကြီးများ မှာများ အကြံကောင်းလေးများ သို့ မဟုတ် လမ်းညွှန်ချက်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးပါအုံး…
    ကျွန်တော်တော့ googling လုပ်ကြည့်တာ ခေါင်းကို မူးနောက်နေပြီဗျာ...
    ကျေးဇူးအထူးတင်ရှိပါကြောင်း..
    ကို Alaxander ရော အဖုံးဖွင့်ဖူးပြီလား ဗျ....
    လုပ်ပါအုံးဗျာ...ကယ်ကြပါအုံး..... :((
  • edited October 2010 Registered Users
    နောင်တော်ကြီးမျာ ခင်မျာ...
    အိပ်များပျော်နေကြသလားဗျာ.....confused.gifconfused.gifconfused.gifconfused.gifconfused.gifconfused.gifconfused.gifconfused.gif
    ကူညီလို့ မှိုုင်းမကြပါလားဗျာ... :((
  • edited October 2010 Registered Users
    ကျွန်တော့် ရဲ့ ubuntu လေးလေ မနက်က packages install လုပ်နေရင်းနဲ့ မီးပျက်သွားတယ်...ပြန်တက်လာတော့ packages install ပြန်လုပ်တော့

    dpkg was interrupted, you must manually run 'sudo dpkg --configure -a' to correct the problem.

    အဲ့ဒီ error တက်လာတယ်...sudo dpkg --configure -a ကို run ကြည့်တော့

    dpkg: parse error, in file '/var/lib/dpkg/updates/0015' near line 5 package 'fakeroot':
    EOF during value of field `Maintainer' (missing final newline)

    အဲ့ဒါပေါ်လာတယ်...ကျွန်တော် သိချင်တာ ကလေ အဲဒီ error ကို ဘယ်လို fix လုပ်ရမလဲမသိဘူး...သိတဲ့ သူငယ်ချင်းတွေ ပြေပြပေးပါနော်.....

    ကျေးဇူးတင်ပါတယ်......
  • edited October 2010 Administrators
    ထည့်တုံးက ဘယ်ဟာပျက်နေမှန်း မှန်းရခက်တယ် အဲဒီတော့ Broken Dependencies ကိုပြန်စစ်ရင်တော့ ရမယ်ထင်တယ် မဖြစ်ဖူးတော့သိပ်မသေချာဘူး စမ်းတော့ကြည့်ပါ မရရင်တော့ နောက်တစ်နည်း ပြန်စဉ်းစားတာပေါ့။
    sudo apt-get install -f
    sudo dpkg --configure -a
    
    အဲဒါမှမရရင်တော့ /var/lib/dpkg/updates/ ကိုရှင်းလိုက်ရင်ရမယ်ထင်တယ် အဲဒါကိုတော့ အောက်မှာပြထားသလို စမ်းကြည့်ပါ။
    cd /var/lib/dpkg/updates/
    sudo mkdir bckup
    sudo mv * ./bckup
    
    အဲဒါပြီးရင်တော့ Install လုပ်တာကို အစကပြန်လုပ်ကြည့်ပါ။
    Mr.Hurry wrote: »
    ကျွန်တော့် ရဲ့ ubuntu လေးလေ မနက်က packages install လုပ်နေရင်းနဲ့ မီးပျက်သွားတယ်...ပြန်တက်လာတော့ packages install ပြန်လုပ်တော့

    dpkg was interrupted, you must manually run 'sudo dpkg --configure -a' to correct the problem.

    အဲ့ဒီ error တက်လာတယ်...sudo dpkg --configure -a ကို run ကြည့်တော့

    dpkg: parse error, in file '/var/lib/dpkg/updates/0015' near line 5 package 'fakeroot':
    EOF during value of field `Maintainer' (missing final newline)

    အဲ့ဒါပေါ်လာတယ်...ကျွန်တော် သိချင်တာ ကလေ အဲဒီ error ကို ဘယ်လို fix လုပ်ရမလဲမသိဘူး...သိတဲ့ သူငယ်ချင်းတွေ ပြေပြပေးပါနော်.....

    ကျေးဇူးတင်ပါတယ်......
  • edited October 2010 Registered Users
    ကိုကြီး ကို ကျေးဇူးတင်ပါတယ်....ပေးထားတဲ့ ဒုတိယနည်းနဲ့ အဆင်ပြေသွားပါတယ်...
  • edited October 2010 Administrators
    Mr.Hurry wrote: »
    ကိုကြီး ကို ကျေးဇူးတင်ပါတယ်....ပေးထားတဲ့ ဒုတိယနည်းနဲ့ အဆင်ပြေသွားပါတယ်...

    ရသွားရင်တော့ စောစောက backup လုပ်ထားကို ပြန်ဖျက်လိုက်လို့ရပြီနော် တစ်ခုခုဖြစ်ရင် ပြန်ထည့်ရအောင် လိုရမယ်ရကူးထားလိုက်တာပါ။ /var/lib/dpkg/updates/ အောက်က bckup ကိုဖျက်လို့ရပြီ။
  • edited October 2010 Registered Users
    sanlinhtet wrote: »
    ကိုလူပျိုကြီး ကတော့ အဖုံးမဖွင့်တာကြာပြီလို့ပြောတယ်...:D
    10.gif
    အေးလေ သူက လူပျိုကြီးပဲ ..... 10.gif:P

    သိတဲ့သူများရှိရင် အကြံပေးကြပါအုံးခင်မျာ...

    ကျွန်တော်မှာ ပြဿနာတတ်နေလို့ … ဒီလိုဗျာ…ကျွန်တော်က Ubuntu server 10.04 ကို သုံးချင်တာ….…အခုပြဿနာပေါ့ .. အရင်က ကျွန်တော် ရိုးရိုး MotherBoard ကိုပဲ သုံးပါတယ် …အခု ကျွန်တော် HARDWARE RAID CONTROLLER အတွက်ဆိုပြီး Intel® Desktop Board DP55WG ကို i3 နဲ့ သုံးကြည့့်ပါတယ် အဆင်မပြေပုံကတော့ အဲဒီ board ရဲ့ Menual ထဲမှာ Loading the Intel Matrix Storage Technology
    RAID Drivers and Software (Required for
    Microsoft Windows XP Installation)ဆိုတာ ပဲ ပါတယ် RAID အတွက်ပေါ့ ။ ubuntu အတွက် နဲ့ တစ်ခြား OS တွေအတွက်မပါလာဘူးဗျာ …ကျွန်တော်သုံးတာက 160 GB HDD တစ်လုံးရယ် 1TB HDD နှစ်လုံးကိုသုံးပါတယ် .. user လိုချင်တာ က သူက OS တစ်လုံးပေါ့ … os အတွက်ကို ကျွန်တော်က 160 GB ကိုသုံးပြီ DATA တွေအတွက်ကို 1TB နှစ်လုံးကို MIRROR အနေနဲ့လိုချင်နေတယ်…ကျွန်တော် အခု အဆင်မပြေလို့ … အခု hradware raid controller ကလည်းအဆင်မပြေဘူဖြစ်နေတယ် .. နောင်တော့ နောင်တော်ကြီးများ မှာများ အကြံကောင်းလေးများ သို့ မဟုတ် လမ်းညွှန်ချက်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးပါအုံး…
    ကျွန်တော်တော့ googling လုပ်ကြည့်တာ ခေါင်းကို မူးနောက်နေပြီဗျာ...
    ကျေးဇူးအထူးတင်ရှိပါကြောင်း..
    ကို Alaxander ရော အဖုံးဖွင့်ဖူးပြီလား ဗျ....
    လုပ်ပါအုံးဗျာ...ကယ်ကြပါအုံး..... :((

    ကိုလူပျို ကြီး...
    အိုကေသွားပြီဗျ.... ကျွန်တော် SOFTWARE RAID ကိုပဲ သုံးလိုက်တယ်....
    ကျေးဇူးတင်ပါတယ်.....
    နေကောင်းတယ်မဟုတ်လား......? :P
  • edited October 2010 Administrators
    sanlinhtet wrote: »
    ကိုလူပျို ကြီး...
    အိုကေသွားပြီဗျ.... ကျွန်တော် SOFTWARE RAID ကိုပဲ သုံးလိုက်တယ်....
    ကျေးဇူးတင်ပါတယ်.....
    နေကောင်းတယ်မဟုတ်လား......? :P

    Software RAID ပဲ ဇာတ်လမ်းအရှုပ်သက်သာပါတယ် တကယ်ကတော့ Hardware RAID ကပိုကောင်းပေမယ့် ဝယ်ထားတဲ့ Controller ကဘုရားစူးမိုးကြိုးပစ် ဖြစ်နေရင်လည်းမထူးဘူး နောက်ပြီးတော့ Linux အတွက်က တစ်ချို့ဟာတွေက Driver မရှိသလောက်ပဲ ဘယ်လောက်အဆင်ပြေနေပြီပြောပြော Driver မရနိုင်တဲ့ကိစ္စကတော့ ရှိနေတုံးပါပဲလေ။
  • edited October 2010 Registered Users
    ကျွန်တော် ubutun 10.04 ကိုသုံးနေပါတယ် အဲးဒီမှာ wine install လုပ်တာ
    Attachment not found.
    အဲဒိလိုပေါ်နေလို့ ဘယ်လိုလုပ်ရမလဲ ဟင် မေးပြီးသားဖြေပြီးသားရှိတယ်ဆိုရင်လဲ တချက်လောက်ပြပေးပါ
  • edited October 2010 Administrators
    ကျွန်တော် ubutun 10.04 ကိုသုံးနေပါတယ် အဲးဒီမှာ wine install လုပ်တာ
    Attachment not found.
    အဲဒိလိုပေါ်နေလို့ ဘယ်လိုလုပ်ရမလဲ ဟင် မေးပြီးသားဖြေပြီးသားရှိတယ်ဆိုရင်လဲ တချက်လောက်ပြပေးပါ

    ဘာမှမဖြစ်ပါဘူး ပုံထဲမှာအောက်ဘက်မှာ Update Manager Run နေတယ် တစ်ပြိုင်ထဲလုပ်လို့မရဘူး အဲဒါကြောင့် Lock ဖြစ်နေတာ။ Update လုပ်ပြီးမှသာ ပြန်ပြီးတော့လုပ်ပါ။
  • KK
    edited October 2010 Moderators
    ကျွန်တော့် Laptop မှာ Ubuntu 10.04 တင်ထားတာ .. အရင်က Wireless ရတယ်။ အခု ဘာဖြစ်လို့လဲမသိဘူး။ Wireless မရတော့ဘူး။ တခြား Ubuntu တင်ထားတဲ့စက်နဲ့ကြည့်ရင် Wireless Point ကိုမြင်ပြီး သုံးလို့ရတယ်။ ကျွန်တော့်ဆီမှာတော့ မမြင်ရဘူးဖြစ်နေတယ်။ အရင် Update လုပ်ပြီးမှ ဖြစ်သွားတာလားမသိဘူး။ အဲ့ဒါ Driver ကို Update လုပ်ပေးရမှာလား? ပြောပါအုံး ... :106:
  • edited January 2011 Registered Users
    ကိုလူပျို ကြီး
    ကျွန်တော်ပြန်လာရပြန်ပြီ
    တစ်ခု ကူပါအုံး....
    ကျွန်တော် Server ရဲ့ Address ကို Client ကနေခေါ်တဲ့ address လေးတစ်ခုလုပ်ချင်တယ်
    ဘယ်လိုလုပ်ရမလဲ
    အခု ကျွန်တော်ခေါ်နေရတာ က LAMP ကို Install လုပ်ပြီးတော့
    Client ကနေ ဒီလိုခေါ်နေရတယ်
    http://IP/administrator
    ဆိုပြီးခေါ်နေရတယ်....
    အခုဟာက local တွင် အတွက်တင်ပါ
    ဘယ်လိုလုပ်ရမလဲ ကိုလူပျိုကြီး
    လမ်းညွှန်ချက်ဆိုက်လေးရှိရင်လည်းပေးပါ...
    ကျွန်တော်တော့ရှာတာပဲ
    မတွေ့ဘူးဖြစ်နေတယ်...
    အားကိုးပါတယ်
  • edited January 2011 Administrators
    IP နဲ့သုံးတာ ဘာဖြစ်လို့ပါလဲ ပုံမှန်အားဖြင့် Host Name နဲ့သုံးတယ်ဆိုတာ ကြားထဲမှာ Host Name ကို IP အဖြစ်ပြောင်းပေးမယ့် Name Server တစ်ခုလိုပါတယ် အဲဒါကြောင့် Small Network ဖြစ်တဲ့အတွက် IP နဲ့သုံးတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။
  • edited January 2011 Registered Users
    ကိုလူပျိုကြီး
    အခုလိုဖြေကြားပေးတာ ကျေးဇူးပါ
    အဲဒီပြဿနာကတော့ပြေလည်သွားပါပြီ
    Client Windows ထဲ က hosts ထဲမှာ ဝင်ပြင်ပေးလိုက်တာ...ဟုတ်တော့ဟုတ်သွားတယ်
    စောစောက အဲဒါကိုမေ့နေတယ်...
    ဘာပဲဖြစ်ဖြစ်ကိုလူပျိုကြီးကိုကျေးဇူးတင်ပါတယ်
    နောက်တစ်ခု ....webmin မှာ Redirect Link ပြောင်းလို့ရတယ်လို့သိတယ်..ဘယ်လိုပြောင်းရမယ်ဆိုတာ မသိဘူး...
    ကိုလူပျိုကြီးများသိမလားပဲ
    ဥပမာ ပေါ့
    ကျွန်တော်က အစက ဒီလိုခေါ်နေရတယ် http://my-ip/administrator ပေါ့
    host ထဲမှာ ဝင်ပြင်လိုက်တော့
    ကျွန်တော်က ဒီလိုနာမည်ပေးကြည့်တယ်
    http://server.wwm.com ပေးလိုက်တယ် ခေါ်လို့ရတယ်
    ခက်တာ က နောက်က administrator မပါလို့မရဘူး
    ဒီတော့ ...http://server.wwm.com/administrator ဆိုပြီးခေါ်မှ ရတယ် ဘာလို့လဲဆိုတော့ ကျွန်တော်က LAMP install လုပ်တော့ public_html ကို administrator ထဲမှာ default အနေနဲ့ ရောက်သွားတယ်လေ..
    administrator ထည့်ခေါ်မှသာလျှင် အဲဒီထဲ က index ပေ့ က အလုပ်လုပ်တယ်..ကျွန်တော့် သိတာတစ်ခုက webmin ရဲ့ apache မှာ Redirect link လုပ်လို့ရတယ်လို့ သိရတယ်...
    ဒီတော့ administrator ဆိုတဲ့ နောက်က ဟာကြီးကိုဖြုတ်ပြစ်ချင်တယ်...:P ဘယ်လို Redirect လုပ်ရမလဲ မသိဘူး
    ... ဘယ်လိုလုပ်ရမလဲ ကိုလူပျို ကြီး... ...
    အော်..ဒါနဲ့
    ကိုလူပျိုကြီး ..နေလို့တော့ကောင်းတယ်မဟုတ်လား
    ကျန်းမာပါစေဗျာ
    ကို Alexander ရော ဘယ်ရောက်နေတာလဲ ...မိန်းမ နောက်များလိုက်ပြေးလေးသလား...:P
    သိတဲ့သူများကိုမေးပါတယ်..သိများသိရင် တစ်ဆိတ်လောက်ဖြေကြားပေးကြပါ..။
  • edited January 2011 Administrators
    Webmin မသုံးတော့ အဲဒီအထဲတော့ ဘယ်လိုလုပ်သလဲ မသိဘူးဗျာ အဲဒါလုပ်တာက လုပ်လို့ရတာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။

    public_html ထဲမှာ index.php ဆိုပြီး file တစ်ခု create လုပ်လိုက်ပါ အထဲမှာအောက်ကကုဒ်တွေကူးထည့်လိုက်ပါ။ အထဲမှာပါတဲ့ http://my-ip/administrator မှာတော့ my-ip ကိုခင်ဗျားပြောင်းချင်တာ ပြောင်းလိုက်ပေါ့ဗျာ လွယ်ပါတယ်။ ရေးထားတာမဟုတ်ဘူး XAMPP ထဲမှာပါတဲ့ဟာ ကူးပေးလိုက်တာ :D
    <?php
    	if (!empty($_SERVER['HTTPS']) && ('on' == $_SERVER['HTTPS'])) {
    		$uri = 'https://';
    	} else {
    		$uri = 'http://';
    	}
    	$uri .= $_SERVER['HTTP_HOST'];
    	header('Location: '.$uri.'/administrator/');
    	exit;
    ?>
    
    ကျေးဇူး ပဲ ကိုလူပျို ကြီး....
    ဒါပေမဲ့ ရ ဝူး

    ...
    မြန်မြန် ကျွတ်ပါစေ ပါဗျာ...
  • edited January 2011 Administrators
    အင်း အဲဒါဆိုရင်တော့ ခင်ဗျားဆာဗာက ဘယ်လို Configure လုပ်ထားသလဲ ကျွန်တော်မမြင်ရတော့ခက်တယ် ဒီတော့ htaccess သုံးလိုက်ပါ။ အောက်မှာပြထားတဲ့လင့်တွေမှာ ဘယ်လို redirect လုပ်တယ်ဆိုတာ example တွေရှိပါတယ် ဖတ်ကြည့်လိုက်ပါ။ နောက်ထပ် လင့်တစ်ခုမှာတော့ ကိုယ်လုပ်ချင်တဲ့ပုံစံကို ဒေတာတွေဖြည့်ပေး သူကတော့ htaccess သင့်လျော်သလို ထုတ်ပေးပါလိမ့်မယ်။
    http://kb.mediatemple.net/questions/242/How+do+I+redirect+my+site+using+a+.htaccess+file?
    http://www.htaccessredirect.net/index.php
    
    sanlinhtet wrote: »
    ကျေးဇူး ပဲ ကိုလူပျို ကြီး....
    ဒါပေမဲ့ ရ ဝူး

    ...
    မြန်မြန် ကျွတ်ပါစေ ပါဗျာ...
  • edited January 2011 Registered Users
    MPT အတွက် squid မှာ ဘယ်လို့ပြင်ရမလဲ သိဘူး .......
    ကူညီပေးပါအုန်း
  • edited January 2011 Administrators
    minthawtha wrote: »
    MPT အတွက် squid မှာ ဘယ်လို့ပြင်ရမလဲ သိဘူး .......
    ကူညီပေးပါအုန်း

    မလုပ်တတ်ရင် Webmin နဲ့လုပ်ပါ ဘာတွေ Configure လုပ်ရမယ်တော့ အင်တာနက်ဆိုင် လိုက်ဆင်တဲ့လူမဟုတ်တော့ မသိဘူးဗျ။ :D
  • edited January 2011 Registered Users
    ကျွန်တော် Ubuntu 10.10 မှာ Squid(2.7) ဆာဗာထိုင်ထားပါတယ်
    Configuration လုပ်တာအဆင်ပြေသွားပေမယ့် .. စက်စဖွင့်ဖွင့်ချင်းမှာ Squid Service က Auto မ Run ဘူးဖြစ်နေပါတယ်...
    စက်ဖွင့်ပြီးရင် Terminal မှာ sudo service squid start ဆိုပြီး Run ပေးရပါတယ်...
    စက်ဖွင့်တာနဲ့ Squid ကို Auto Run အောင်ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ခင်ဗျာ...
    အွန်လိုင်းမှာလို်က်ရှာတာလဲ သိပ်အဆင်မပြေဘူးဖြစ်နေလို့ပါ..
    MZ က ညီကိုများ ကူညီပေးပါဦး...
  • edited January 2011 Registered Users
    update-rc.d squid3 default
    usage: update-rc.d [-n] [-f] <basename> remove
    update-rc.d [-n] <basename> defaults [NN | SS KK]
    update-rc.d [-n] <basename> start|stop NN runlvl [runlvl] [...] .
    -n: not really
    -f: force

    http://ubuntuforums.org/showthread.php?t=1385092
  • edited January 2011 Registered Users
    ကျနော် ubuntu ကို စမ်းသုံးချင်လို့ ubuntu 10.10 တင်ထားပါတယ်.....
    ဒါပေမဲ့ အသံ မထွက်ဘူး ဗျ... ဘယ်လို ဖြစ်လို့လဲ မသိဘူး...
    sound ကို mute မလုပ်ထားဘူး ခင်ဗျ...
    လုပ်ကြပါဦး....
    ဒီထဲ က အချို့ post တွေ အတိုင်းလိုက်လုပ်ကြည့်တာ လည်း အဆင်အပြေဘူး
    ဘယ် လို ဖြေရှင်းရမလဲ ဆို တာ အကြံ ပေးကြပါ
  • edited January 2011 Registered Users
    Skype မှာ webcam အလုပ်မလုပ်ပါ။ Cheese နဲ့ တော့ရတယ်။ skype မှာပြထားတဲ့ webcam က
    Bisoncam, NB Pro(/dev/video0/). Ubuntu 10.10 တင် ထားပါတယ်။ ကူညီကြပါဦးဗျာ။
  • edited January 2011 Registered Users
    windows 7 နဲ့ ubuntu နဲ့တွဲတင်လို့ရလား။ ဘယ်လိုတွဲတင်လို့ရမလဲ။ တင်နည်းလေးတွေကို အသေးစိတ်ညွန်ပြပေးပါဦး။ ကျွန်တာ် တင်တာမရဘူး install လုပ်နေစဉ်မှာ ရပ်နေတယ်။ နောက်ပြီး ကျွန်တော်က အင်တာနက် မချိတ်ထားတော့ unbuntu အတွက် software တွေလိုချင်ရင် အဆင်ပြေမလား။
  • edited January 2011 Registered Users
    jatsi.jame wrote: »
    ကျနော် ubuntu ကို စမ်းသုံးချင်လို့ ubuntu 10.10 တင်ထားပါတယ်.....
    ဒါပေမဲ့ အသံ မထွက်ဘူး ဗျ... ဘယ်လို ဖြစ်လို့လဲ မသိဘူး...
    sound ကို mute မလုပ်ထားဘူး ခင်ဗျ...
    လုပ်ကြပါဦး....
    ဒီထဲ က အချို့ post တွေ အတိုင်းလိုက်လုပ်ကြည့်တာ လည်း အဆင်အပြေဘူး
    ဘယ် လို ဖြေရှင်းရမလဲ ဆို တာ အကြံ ပေးကြပါ
    sound driver လိုမယ်ထင်တယ်။
  • edited January 2011 Registered Users
    unbuntu မှာ application တွေကို အင်တာနက်မရှိဘဲ ဒေါင်းလို့ရမလား။ windows မှာလုပ်သလိုပေါ့
  • edited January 2011 Moderators
    bala wrote: »
    unbuntu မှာ application တွေကို အင်တာနက်မရှိဘဲ ဒေါင်းလို့ရမလား။ windows မှာလုပ်သလိုပေါ့

    u should go to u4mm.com and read detail
  • edited January 2011 Registered Users
    Tsuna lade wrote: »
    u should go to u4mm.com and read detail
    Database error တဲ့ ကိုစူဋ္ဌလိပ်။ ဘယ်နားသွားရှာရမလဲ။ ရပြီ ကျော်ခွလိုက်တာ အိုကေတယ်။
  • edited January 2011 Registered Users
    CD နဲ့ သွင်းရင်တောင် အဲဒါတွေပါပြီးသား ဖြစ်နေ မှာပါ။ လိုချင်တာရှိသေးရင် Internet က Download ဆွဲပြီး တော့ဖြစ်စေ LRC(Linux Resource Center) မှာ အခွေသွား ကူးပြီးတော့ဖြစ်စေ ရယူနိုင်ပါတယ်။
    ဘယ်နားမှာ သွားဒေါင်းကမှာလဲ။ အိမ်မှာ အင်တာနက်မှ မတက်ထားတာ။ ဘယ်ဆိုဒ်ကို သွားရမှာလဲ
  • KK
    edited January 2011 Moderators
    BAK က Internet ဆိုင်မှာသွားယူလို့ရပါတယ်။ :smile::smile:
    ှုOffline Update ကော ... Online update ပါရှိပါတယ်။
  • edited January 2011 Registered Users
    မျိုးမြန်မာ အင်တာနက်ဆိုင်
    အမှတ် ၅၀ ရှမ်းကုန်းလမ်း မြေနီကုန်း စမ်းချောင်း

    အဲဒီကိုလာခဲ့ပါ။ ISO ပေါင်း 80 GB ကျော်ရှိပါမည်။
    Update ပြုလုပ်ပုံကို Script ပြောင်းလဲ ထားသောကြောင့် ပြုလုပ်နည်း Video နှင့် PDF ဖိုင်ပါပေးလိုက်ပါမည်။
  • edited January 2011 Moderators
    kokoye wrote: »

    @T.k , Thant
    offtopic : တစ်ရက်လောက်သွားကြရအောင်တို ့တွေ :D
  • edited January 2011 Registered Users
    kokoye wrote: »
    မျိုးမြန်မာ အင်တာနက်ဆိုင်
    အမှတ် ၅၀ ရှမ်းကုန်းလမ်း မြေနီကုန်း စမ်းချောင်း

    အဲဒီကိုလာခဲ့ပါ။ ISO ပေါင်း 80 GB ကျော်ရှိပါမည်။
    Update ပြုလုပ်ပုံကို Script ပြောင်းလဲ ထားသောကြောင့် ပြုလုပ်နည်း Video နှင့် PDF ဖိုင်ပါပေးလိုက်ပါမည်။
    အိုကေ လာခဲ့မယ်။
  • edited January 2011 Registered Users
    ဒါဆို ubuntu က အင်တာနက်မရှိဘဲနဲ့သုံးလို့ရတယ်ပေါ့။ ကျွန်တော်သုံးတာ ver 10.10။ wubi ကိုသုံးပြီးလုပ်လိုက်တယ်။ windows 7 နဲ့တွဲတင်လိုက်တာ။ active ကသွားဝယ်တာ။ ပြန်ဖြုတ်ချင်လို့လုပ်တာ လုပ်လို့မရဘူး။ format ပြန်ချလိုက်ရတယ်။ ဘယ် ဗားရှင်းသုံးရင် သင့်တော်မလဲ။
  • edited January 2011 Moderators
    mitp က ကိုအိမောင်ရေးတာပါ။ ဖတ်ကြည့်စေချင်ပါတယ်။
    http://www.myanmaritpro.com/profiles/blogs/hello-ubuntu-users-switch-to
    
  • edited January 2011 Registered Users
    linux mint က သည်မှာရောင်းလား
  • edited January 2011 Moderators
    bala wrote: »
    linux mint က သည်မှာရောင်းလား

    ကျွန်တော်သိသလောက်တော့မရောင်းပါ။ လိုချင်ရင် သူဆီမှာသွားယူလို ့ရပါတယ်။ အောက်က ကော့မန်တွေမှာရေးထားပါတယ်။
Sign In or Register to comment.