မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Docs.com

edited May 2010 in My Article
Microsoft က facebook connect ကို သုံးပြီးတော့ docs.com ဆိုပြီး ဖန်တီးထားပါတယ်။ Google Docs ကို ပြိုင်ဖို့ထင်ပါရဲ့။ Facebook Social Graph API ကို အပြည့်အဝ သုံးထားတဲ့ site လို့တောင် ဆိုရမလားပဲ မသိဘူး။ ကျွန်တော်ကတော့ Google Docs ထက် ပိုသဘောကျတယ်။ အထူးသဖြင့် excel ပေါ့။ Google Docs မှာ SpreadSheet သုံးရတာ သိပ်ပြီး သဘောမတွေ့လောက်ဘူး။ Google Docs ထက်စာရင် Docs excel လေးက ပိုကောင်းသလိုပဲ။ နောက်ပြီး real time collaboration လည်း လုပ်လို့ရတယ်။ facebook account ရှိရုံပဲ။ facebook ထဲက သူငယ်ချင်းတွေကိုလည်း ကိုယ်ရေးထားတာတွေကို edit လုပ်ခွင့် view လုပ်ခွင့် permission တွေပေးလို့ရတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ Word, Excel, Powerpoint file တွေကိုလည်း upload တင်ထားလို့ရတယ်။


trans.gif
GUI က ရိုးရှင်းပြီး သုံးရတာ လွယ်ကူတယ်။ Function တွေကတော့ application လောက် မစုံပေမယ့် သုံးပျော်ပါတယ်။ Word နဲ့ Excel ကို Google Docs ထက်ပိုသဘောကျပေမယ့် Powerpoint ကိုတော့ သဘောမကျဘူး။ အရမ်း Plain ကြီးဖြစ်နေတယ်။ Animation တွေလည်း ထည့်လို့မရဘူး။


http://docs.com


မှာ သွားရောက်စမ်းသပ်လို့ရတယ်။ beta version တုန်းကတော့ သူတို့ approve ကို စောင့်ရတယ်။ အခုတော့ ဘယ်လိုလဲတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီနေ့မှ Approve ရတယ်။ Facebook F8 မှာ ကြေငြာကတည်းက ဝင်ထားတာ ဒီနေ့မှ approve ရလို့စမ်းဖြစ်တာ။ Social Layer + Microsoft Office ဆိုတော့ Google Docs ကို ကောင်းကောင်ယှဉ်နိုင်တယ်လို့ ဆိုလို့ရမယ်။ ဒါပေမယ့် Microsoft က Facebook နဲ့ ပေါင်းပြီး ဒီလို လုပ်တာ နည်းနည်းနောက်ကျနေသလိုပဲ။ အခုအချိန်မှာ Google Docs ကို Enterprise သုံးနေတဲ့ Company တွေက တော်တော်များပါတယ်။ Docs လည်း ဘယ်အချိန် Enterprise version ဆိုပြီး လုပ်အုံးမလဲတော့ မသိဘူး။ အခုအချိန်ထိတော့ free ပဲ။

မှတ်ချက်များ

  • edited May 2010 Administrators
    စက်ထဲမှာ Install လုပ်သုံးတဲ့ဟာလို သုံးလို့ကောင်းဘူးရယ် အဲဒါကြောင့် အရင်ကတည်းက Google Doc လည်းသုံးဘူး အခု Docs လည်းထူးမယ်သိပ်မထင်ဘူး Browser ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်နဲ့ရယ် အဲဒါကြောင့် Install လုပ်ထားတဲ့ Application လိုလိုအပ်သလို ပြလို့မရဘူး ရိုက်ထားတဲ့ Word နဲ့စာတွေဖွင့်ကြည့်တယ် ဘယ်လိုမှကို စိတ်တိုင်းမကျဘူး။
  • edited May 2010 Administrators
    google docs ကတော့ MS Office နဲ့ရိုက်ထားတာတွေကို အကုန်သေချာမပြနိုင်ဘူး။ Browser တွေမှာက font ကန့်သတ်ချက်ရှိတယ်။ Power ကန့်သတ်ချက်တွေရှိတယ်။ Offline Application လောက်တော့ powerful မဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန် cloud အတွက်ဆိုရင်တော့ အဆင်ပြေမယ်ထင်တာပဲ။
Sign In or Register to comment.