မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

အရင်တပတ်ကထက် ဒီနေ့ ပိုတော်လား

ကိုယ့်ကို မနေ့ကထက်ပိုပြီး တော်လာတယ် ထင်ပါသလား။အရင်တပတ် ကထက် ပိုပြီး Knowledge တက်လာတယ်ထင်ပါသလား။ အရင်တပတ် ကထက်ပိုပြီး Skill တက်လာတယ်ထင်ပါသလား။
http://www.mysteryzillion.org/forums/showthread.php?t=8225

Begineer To Professional ဆိုတဲ့ post လေး ဖတ်ပြီး မေးကြည့်ချင်စိတ်ပေါက်လာလို့ပါ။

Professional ဖြစ်ချင်တဲ့သူတွေက စဉ်ဆက်မပြတ်တိုးတက်နေဖို့ knowledge ကော Skill ပါလိုပါတယ်။ မတိုးတက်လာဘူးဆိုရင် ဘာလို့ မတိုးတက်လာတာလည်းဆိုတဲ့ အဖြေကို ရှာဖွေဖို့လိုပါတယ်။ တိုးတက်ဖို့ professional ဖြစ်လာဖို့ ဘာတွေလုပ်သင့်လဲဆိုတာကို ဆက်ဆွေးနွေးရအောင်။

မှတ်ချက်များ

  • edited May 2010 Registered Users
    saturngod wrote: »
    ကိုယ့်ကို မနေ့ကထက်ပိုပြီး တော်လာတယ် ထင်ပါသလား။အရင်တပတ် ကထက် ပိုပြီး Knowledge တက်လာတယ်ထင်ပါသလား။ အရင်တပတ် ကထက်ပိုပြီး Skill တက်လာတယ်ထင်ပါသလား။
    http://www.mysteryzillion.org/forums/showthread.php?t=8225
    

    Begineer To Professional ဆိုတဲ့ post လေး ဖတ်ပြီး မေးကြည့်ချင်စိတ်ပေါက်လာလို့ပါ။

    Professional ဖြစ်ချင်တဲ့သူတွေက စဉ်ဆက်မပြတ်တိုးတက်နေဖို့ knowledge ကော Skill ပါလိုပါတယ်။ မတိုးတက်လာဘူးဆိုရင် ဘာလို့ မတိုးတက်လာတာလည်းဆိုတဲ့ အဖြေကို ရှာဖွေဖို့လိုပါတယ်။ တိုးတက်ဖို့ professional ဖြစ်လာဖို့ ဘာတွေလုပ်သင့်လဲဆိုတာကို ဆက်ဆွေးနွေးရအောင်။

    ပိုတော််လာ လားတော့မသိဘူး။အသိတွေကတိုးတက်လာ တာတော့အမှန်ဘဲ။တိုးတက်အောင်လေ့လာနေမှပေါ့နော်။ကလေးတွေတောင် တဖြည်းဖြည်းဉာဏ်ရည်တက်လာတာဘဲ။ကိုယ်လဲ ကြိုးစားရင်ဘာလို့မဖြစ်ရမှာလဲ တနေ့တော့ဖြစ်မှာဘဲ။
  • edited May 2010 Moderators
    ဘာလို ့တန် ့နေတာလဲ သူများအတွက်တော့မသိဘူး ကျွန်တော်အခက်အခဲကြုံနေတာကတော့ ကျွန်တော် personal အမြင်ပေါ့နော် အင်တာနက်ကော်နက်ရှင်ပါပဲ သူများတွေက tools တွေကိုလွယ်လွယ်နဲ ့ဒေါင်းလော့ချပြီးစမ်းနေချိန်မှာ ကျွန်တော်တို ့ဒီမှာကတော့ မျက်လုံးလေးအကြောင်သားနဲ ့ငေးကြည့်နေရတယ် အဲဒါကြောင့် ကို Gispy က အင်တာနက်ဆိုင်မှာ အလုပ်လုပ်သင့်တယ်လို ့အကြံပေးတယ်လို ့ကျွန်တော်မြင်ပါတယ် နောက်တစ်ချက်ကတော့ ကျွန်တော်တို ့အတော်များများက အင်္ဂလိပ်လို ့ဖတ်ရမှာ အင်မတန်၀န်လေးပါတယ် (ကျွန်တော်အပါအ၀င်ပါ) အဲဒီ မြန်မာလိုကိုလိုက်ရှာရင်းအချိန်ကုန်သွားတာကများပါတယ် :P တစ်ချို ့ case တွေဆိုရင် သုံးမိနစ်နဲ ့ပြီးမှာကို မြန်မာလို လိုက်ရှာနေတာနဲ ့သုံးရက်ကြာချင်ကြာသွားပါတယ် နောက်တစ်ချက်က ကျွန်တော်အဖြစ်ကိုပြောရမယ်ဆိုရင် MZ ကအကိုတွေပြောသလို် self study လေ့လာကြည့်ပါတယ်ဗျာ အခက်အခဲတွေကအများကြီးပဲ ခက်တာက အဲဒီအခက်အခဲတွေကို ဘယ်သူ သွားမေးရမှန်းမသိဘူး တကိုယ်တော်လိုဖြစ်နေတယ် forum ပေါ်မှာကြတော့လည်း ကအကုန်လုံးကို မေးလို ့အဆင်ပြေမယ်မထင်ပါဘူး ကွန်ပျုတာရှေ ့မှာ တထိုင်တည်းပြောပြရင်ပြီးသွားမယ့်ကိစ္စကလည်း forum ပေါ်ရောက်သွားတော့ တစ်ပါတ်လောက်ကြာချင်ကြာသွားတာ အခက်အခဲဆိုပေမယ့်လည်း ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး ကိုရာဗီပြောသလို သုံးမိနစ် အတွင်းပြောလိုက်တာနဲ ့ပြေလည်သွားမယ့်ပြဿနာမျိုးဖြစ်ချင်ဖြစ်နေတာပါ :P နောက်ပြီး ၀ါသနာတူ သူငယ်ချင်းလို ့ဆိုတော့လည်း တော်တော်ရှားပါတယ် တော်တော်လည်းရှာရပါတယ် နောက်ပြီး အဲဒီ teammate ကလည်း ကိုယ်မသိတာသူသိ သူမသိတာ ကိုယ်သိဆိုရင်တော့ အဆင်ပြေပေမယ့် နှစ်ခုစလုံးမသိတာဆိုရင်တော့တော်တော်တိုင်ပတ်ပါတယ် :(
  • edited May 2010 Registered Users
    "ကိုယ်ဘာသာကို တတ်နေတယ် ထင်သရွေ့ ထပ်လေ့လာလို့ ရမှာမဟုတ်တော့ဘူး”

    မတိုးတက်တဲ့အထဲမှာ အဲဒါလဲပါတယ်နော်။ :redface:
  • တိုးတက်တာကတော့ တိုးတက်နေတယ်။ လောဘကြီးနေတာ တစ်ခုပဲ။ တစ်လမ်းတည်းသွားဖို့ကျတော့လည်း ဟိုဟာနဲ့ လုပ်ဖို့ ရှိလာတော့ ဟိုဟာလုပ်ရ ပြန်ရော။ ဒီဟာနဲ့ လုပ်ဖို့ ရှိတော့ ဒီဟာနဲ့ လုပ်ရပြန်ရော ... အွန်လိုင်း ရှိနေရင် တိုးနေတာ သေချာတယ်။ အွန်လိုင်း မရှိတော့တာနဲ့ စိတ်လေတယ် ....:cool:
  • edited May 2010 Registered Users
    ကျွန်တော်ကတော့ မတိုးတက်ပါဘူး။ အမှန်အတိုင်းပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းမရှိတာလည်းပါတယ်။ ဘာမှဆက်မလုပ်ချင်တော့တဲ့ စိတ်လည်း ပါတယ်။ ကိုယ်တစ်ခုခု လုပ်ပြီဆိုရင် မကောင်းပြောတာကများတယ်။ အဲဒါတွေကိုစိတ်ကုန်လို့။
  • edited May 2010 Registered Users
    မကောင်းပြောတိုင်း ဂရုစိုက်နေရင် ကိုယ်ပဲ နစ်နာတာပေါ့
    အများအကျိုးနဲ့ အများကို မထိခိုက်နိုင်တဲ့ ကိုယ့်အကျိုးနဲ့ ပတ်သက်လာရင်တော့ လုပ်စရာရှိတာတော့ လုပ်နေရမှာပဲ
    အွန်လိုင်းမရှိတော့ရင် တစ်ချိန်တော့ ရှိလာမှာပါ အဲဒီအချိန်အတွက် ကြိုပြင်ထားပေါ့ဗျာ

    အောင်မြင်ပါစေ ... :smile:
  • edited May 2010 Registered Users
    မကောင်းပြောတိုင်း ဂရုစိုက်နေရင် ကိုယ်ပဲ နစ်နာတာပေါ့
    အများအကျိုးနဲ့ အများကို မထိခိုက်နိုင်တဲ့ ကိုယ့်အကျိုးနဲ့ ပတ်သက်လာရင်တော့ လုပ်စရာရှိတာတော့ လုပ်နေရမှာပဲ
    အွန်လိုင်းမရှိတော့ရင် တစ်ချိန်တော့ ရှိလာမှာပါ အဲဒီအချိန်အတွက် ကြိုပြင်ထားပေါ့ဗျာ

    အောင်မြင်ပါစေ ... :smile:
  • edited May 2010 Registered Users
    အရင် တစ်ပတ်ကထက် ဒီနေ့ပိုတော်လာတာတော့ဟုတ်ပါတယ်... ဒါပေမယ့် မနေ့ကတိုင်း ထက်တော့ ဒီနေ့ပိုတော်လာတာ မဟုတ်ပါဘူး
    အားလုံးကို ခြံကြည့်ရင် အရင်ထက် ကတော့ ပိုတော် လာတာသေချာပါတယ်....
  • edited May 2010 Registered Users
    ပိုတော်လာတယ် ထင်လားဆိုရင်တော့ ထင်တယ်လိုပဲ ပြောရမှာပါပဲ
    ဒါပေမယ့် အရင်ကထက်တော့ နှေးသွားတယ်
    အရင် ( အင်တာနက်ဆိုင်မှာ အလုပ်စလုပ်စတုံးက ) အိုင်တီ သမား လုပ်မယ်လို့ ဆုံးဖြတ်လိုက် တုံးက
    တရက် တရက် ကို တော်တော် တိုးတတ်တာ ဒါကလည်း ကိုယ် မသိတာတွေ အရမ်းများနေလို့လည်း ဖြစ်မှာပါ
    ခုလည်း မသိတာတွေ များနေတုံးပါပဲ
    ခု သိတဲ့ အသိတွေကတော့ ကိုယ့်ဟာကိုယ် ရှာတဲ့အသိ ဖိုရမ်တွေက ရတဲ့အသိ အင်တာနက်ကရတဲ့အသိ တွေ များပါတယ်
  • edited May 2010 Registered Users
    ကျွန်တော်ကတော့ အရင်ကထက် ပိုသိလာတာပဲရှိတယ်။
    ပိုတော့မတော်လာဘူး။ ကျွန်တော့်ရဲ့ပင်ကိုမှတ်ညဏ်အားနည်းလို့ဖြစ်မယ်ထင်တယ်။
    အမ်ဇက်ကို စ၀င်တုန်းကဆို ပို့စ်တင်ဖို့မပြောနဲ့ ဖတ်နေရတဲ့နည်းပညာတွေကို တအံ့တသြ(အွန်လိုင်းစတက်ခါစကိုး)
    ခုလဲပဲ ကျိုးတိုးကျဲတဲ ပါပဲ။
  • edited May 2010 Registered Users
    အင်း.. ပိုတော်လာသလား ဆိုတော့ တခါတခါ ပိုတော်လာတယ်လို့ ခံစားမိပြီး.. တခါတခါလည်း ဆုတ်ယုတ်နေပါလား လို့ ခံစားမိတယ်။
    တနေ့ တနေ့ သိလာတာတော့ များလာသလိုလို..
    အပေါ်မှာ ပြောထားကြသလိုပါပဲ.. တခုခုကို စမ်းချင်ပြန်တော့ လိုအပ်တဲ့ tool တွေ..(notebook, internet, etc..)... အဲဒါတွေမရှိတာလည်း စိတ်ဓါတ်ကျစေပြီး ဆုတ်ယုတ်စေတဲ့ အကြောင်းရင်းတရပ်ပဲ ဖြစ်မလား.. တခါတလေကျတော့ အဲဒါက ကိုယ်ည့ံတာ ပျင်းတာကို ကာကွယ်တဲ့ ဆင်ခြေတခု ဖြစ်သွားတတ်ပြန်ရော.....
  • edited June 2010 Registered Users
    ကျွန်တော့် အတွက်တော့ အရင်ကထက် ပိုတော်လာ လား ဆိုတာ ထက် ... ကိုယ့်ကို ကိုယ် ပိုပြီးသိလာတယ်လို့ ပြောရင်ပိုမှန်မယ်... အရင်တုန်းကလို ယောင်တောင်တောင်မဖြစ်တော့ဘူး ... ကိုယ်ဘာလုပ်ချင်လဲ ... ကိုယ့်အတွက် အကျိုးရှိတာတွေကိုဘဲ လုပ်ဖြစ်လာတယ် .. ကိုယ်နဲ့ ဆိုင်တဲ့ အပိုင်းတွေကိုဘဲ ပိုလေ့လာဖြစ်လာတယ်။

    ပိုတော်လာလားဆိုတော့ ... ပိုသိလာတယ်လို့ဘဲ ပြောနိုင်အုံးမယ်။
  • edited June 2010 Registered Users
    ကျွန်တော်ကတော့ဘာမှမသိသေးတာအမှန်ပါဘဲ။:tongue::tongue::tongue:
  • emoemo
    edited June 2010 Registered Users
    မီးမလာ ဘူး ဗိုလ်စေ .. အခု ပဲ Modx ဆိုက်တစ်ခု တင်နေတာ . အိမ်မှာ offline ရေးမရလို့ ဆိုင်မှာ လာရေးတာ . ဟားဟား . ဘာ panel မှ ကျမလာ သေးဘူး .
    တိုးတက်လာတယ်လို့ လဲ မထင်ပါဘူး ဗျာ . .စိတ်ဓါတ်ကျ . depression ဖြစ်ဖို့ ကများနေတယ် .. ဒါပေမယ့် လဲ မဆိုးပါဘူး ဖုန်း နဲ့ နေ့စဉ်နဲ့ အမျှ ကျပ်နေတဲ့ customer တွေ ရှိနေသေးလို့ တိုးတက်တယ် လို့တော့ မြင်ပါတယ် ..
    ဟီး . .အမျိုးမျိုးပဲ နော် တော်ကြာ တိုးတက်တယ် ပြောလိုက် မတိုးတက်ဘူး ပြောလိုက်နဲ့ ..
  • edited June 2010 Administrators
    web development က မီးနဲ့ ကွန်ကောင်းဖို့ လိုတယ်ဗျ။ နောက်မို့ဆို dead line မှီမှာ မဟုတ်ဘူး။ ဖြစ်ဖူးတယ်.. ကျွန်တော် ဘန်ကောက် သွားတုန်းက.... ရန်ကုန်မှာ Joomla နဲ့ ၁ လ လောက် အချိန်ပေးပြီး လုပ်ရတာ ၁ ရက်ထဲနဲ့ အဲ.. တစ်ည တည်းနဲ့ ပြီးတယ်ဗျ... တည်းတဲ့နေရာက Connection ကောင်းတော့ Joomla ကို သုံးရတာ အဆင်ပြေသွားတယ်။ ရန်ကုန်မှာတုန်းက အဲဒီ site လုပ်ဖို့ ၁ လ လောက် အချိန်ပေးရတယ်။ အင်တာနက်ဆိုင်ကို ခဏခဏ သွားသွားပြီး လုပ်နေရတယ်။
  • emoemo
    edited June 2010 Registered Users
    ကြာရင် အင်တာနက်ဆို်င် က ကောင်မလေး နဲ့ တောင်ဘာလိုလို . ဟဲဟဲ .. ကံဆိုးချင်တော့ ကျွန်တော် သုံးတဲ့ ဆိုင် က အထီးတွေချည်းပဲ ဗျ.. ဒီကြားထဲ dota ခုတ်တဲ့ ကလေး တွေ ကြားထဲ မှာ ..
  • edited June 2010 Registered Users
    ပို တော်လာတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိတယ် ဒါပေမဲ့ အဲလို တော်ပေမဲ့လည်း ၀မ်းရေးက ရှိသေးတော့ ဘယ်လိုလုပ်မလည်းဗျာ..
    လေ့လာသင့်သလောက် မလေ့လာမိသေးတာကတော့ စိတ်မချမ်းသာဘူးဗျာ.. ၀မ်းရေးကိုလည်း ရှာဖွေရ နည်းပညာကိုလည်း လေ့လာရနဲ့ ပေါ့
    ဒါပေမဲ့ ဗျာ..
    တစ်ရက်တစ်ရက်မှာ....ကျနော် ထင်တာတော့ ...
    ၁.ကုသိုလ်ရေး
    ၂.ပညာရေး
    ၃.စီးပွားရေး
    တစ်ခုခုတော့ တိုးတက်မှဖြစ်မယ်ဆိုတာပါပဲ ... သုညက သုညပဲ ဆိုရင်တော့ ..... ကြော်စား ပြုတ်စားမဲ့လူတွေနဲ့ပဲ တိုးနေမှာပေါ့ နော်... :tongue:
  • edited June 2010 Registered Users
    ( လေ့လာနေဆဲ အဆင့်ပေါ့နော် )

    ကျတော်အဖို့တော့ အင်တာနက်ဆိုင်မှာအလုပ်လုပ်နေတာဆိုတော့ .... တိုးတတ်လာတယ်လို့ခံစားရတယ်.... မသိသေးတာလေးတွေတော်တော်များများသိလာရလို့ပါ။ ... ဒါကလဲ နည်းပညာ
    ဖိုရမ်တွေရဲ့ကျေးဇူးမကင်းပါဘူး ။

    ဘာတွေတိုးတတ်လာလဲဆိုတော့ ... (ပညာအကြီးစာကြီးတွေမတိုးတတ်ဘူးဗျ )

    software လေးတွေ ဆွဲစမ်းတာမျီုး ... (အများဆုံးလုပ်ဖြစ်တယ်)

    error တစ်ခုခုဖြစ်လာရင် အွန်လိုင်းမှာရှာမယ် ... အွန်လိုင်း က အကို / အမ တွေမေးမယ် ... ဖို၇မ်တွေမှာလိုက်ရှာမယ် ...

    အခုနောက်ပိုင်တော့ သင်တန်းလေးတတ်လာရတော့ .. သိချင်တာလေးတွေပိုများလာတယ် ... မသုံးဖူးတာလေးတွေသုံးချင်လာမိတယ် ... စမ်းချင်လာတယ် .. ( Network ပိုင်းပါ )

    အဲလောက်ပါပဲ .. အသိပညာတိုးလာတာပါပဲ ...

    ကျတော်ထင်တယ် .. အသိပညာ သာနေ့တိုင်းတိုတတ်နေပစေ ... (တစ်ချိန်ချိန်မှာတော့ တော်လာမယ်လို့ ယုံကြည်မိတယ်) :smile:
  • edited June 2010 Registered Users
  • KK
    edited June 2010 Moderators
    moeyake wrote: »
    ကျွန်တော်ကတော့ အရင်ကထက် ပိုသိလာတာပဲရှိတယ်။
    ပိုတော့မတော်လာဘူး။ ကျွန်တော့်ရဲ့ပင်ကိုမှတ်ညဏ်အားနည်းလို့ဖြစ်မယ်ထင်တယ်။
    အမ်ဇက်ကို စ၀င်တုန်းကဆို ပို့စ်တင်ဖို့မပြောနဲ့ ဖတ်နေရတဲ့နည်းပညာတွေကို တအံ့တသြ(အွန်လိုင်းစတက်ခါစကိုး)
    ခုလဲပဲ ကျိုးတိုးကျဲတဲ ပါပဲ။

    သိတယ်ဆိုကတည်းက သူများထက်တစ်ပန်းသာနေပါပြီ.. ကိုယ်သိတာကိုယ် သူများကသိချင်မှသိတယ်.. တကယ်တော့ ပညာရပ်ဆိုတာအကျယ်ကြီးပါ... ကိုယ်သိတာကို သူများကိုပြော သူများသိတာကို ကိုယ်သင်ယူ ... အဆင်ပြေတာပေါ့ .. မဟုတ်ဘူးလား.. ??? အဟတ် :)
  • KK
    edited June 2010 Moderators
    အရင်တပတ်ကထက် ဒီနေ့ပိုတော်လား??? အဟတ်... ကျွန်တော်ကတော့ အဲ့ဒီစကားကိုထောက်ခံပါတယ်ဗျ။ ဘာလို့လဲဆိုတော့ ... အရင်တစ်ပတ်တုန်းက ကျွန်တော်က ... အဲ ဥပမာပြောတာနော်... computer အကြောင်း သိပ်နားမလည်ဘူးဗျာ .... အဲ .. နောက်တစ်ပတ်လဲေ၇ာက်ကော ... window ဆိုတာဘာလဲ? system ဆိုတာဘာလဲ ...? အားလုံးနီးပါးလာပြီ... ပိုသိလာပြီဆို ပိုတော်လာတယ်ပေါ့ .. ဟုတ်၀ူးလား? တကယ်တော့ နည်းပညာမှာ ပိုတော်လာတယ်လို့ပဲရှိပါတယ်... အတော်ဆုံးဆိုတာမရှိပါဘူး ... အတော်ဆုံးဆိုတာသာရှိရင် ... ဟိုးအရင် Intel Pentium 3 လောက်ကနေ .. ခု Core i3, Core i5, Core i7 တွေဘယ်ပေါ်လာမလဲနော်.. အဟတ် ;)
  • edited June 2010 Registered Users
    ပိုတော်လာတယ် လို့တော့ မဖြေချင်ဘူး... ပိုသိတာလာတယ်လို့ပဲဖြေချင်တယ်
    အရင်က တိုင်ပတ်လာတဲ့ ဟာတွေက ... အခုကြတော့ အရမ်းလွယ်လွန်းနေသလို့ပဲ
    သိလို့တော်လာတာလို့ထင်တယ်... တော်လို့ သိလာတာတော့ မဟုတ်လောက်ဘူး :cool:
  • edited June 2010 Registered Users
    myintkt wrote: »
    "ကိုယ်ဘာသာကို တတ်နေတယ် ထင်သရွေ့ ထပ်လေ့လာလို့ ရမှာမဟုတ်တော့ဘူး”

    မတိုးတက်တဲ့အထဲမှာ အဲဒါလဲပါတယ်နော်။ :redface:
    bro ပြောတာ ၅၀ရာခိုင်နှုန်းပဲမှန်တယ်။ ကိုယ့်ကိုကိုယ် မတတ်သေးဘူးလို ့ထင်ရင်လဲ ယုံကြည်ချက်ပျောက်သွားနိုင်တယ်ဗျ။
  • edited June 2010 Registered Users
    အ၇င်အပတ်ကထက်စာ၇င်တချို့ဟာတွေတော်လာတယ်ထင်တာပဲ။ ဘယ်လိုဟာတွေတော်လာလဲဆိုတော့ အိပ်မယ်ဆို၇င် တုန်းကနဲပဲအိပ်ပျော်သွားတယ်။ တေ၇းမှမနိုးဘူး။ နာ၇ီ ၁၂ နာ၇ီလုံးလုံးနော်။ အ၇င်ကအဲ့လိုအိပ်ပျော်ချင်တာ ကြိုးစားကြည့်တယ် ဒီနေ့တော့တကယ်လုပ်နိုင်သွားတယ်။ တချို့ဟာတွေပို့ညံလာတယ် ဘာလဲဆိုတော့ အ၇င်အပတ်က ထက်ပို ပီးအသိတွေပိုများလာတော့ ဟဲဟဲ ဘ၀င်နည်းနည်းကိုင်ချင်စိတ်တွေပေါ်လာတယ်။

    အမှားကျူးလွန်မိမှာကိုဘယ်တော့မှမကြောက်ဘူး။ နောက်တကြိမ်ဆိုတာကိုပဲကြောက်တာဗျ...:cool:
  • edited September 2010 Registered Users
    :smile::smile::smile: MZ ကျေးဖူးကြောင့် အ၇င်ကထက် ပိုသိလာပါတယ် ဗဟုသုတလည်းကြွယ်၀ လာပါတယ် တွေ့နေမြင်နေကျ အချို့သော Problem လေးတွေလည်း MZ Thread တွေ ဖတ်ထားရတဲ့ အကျိုကျေးဇူးကြောင့် ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေရှိလာပါတယ်:rolleyes::rolleyes::rolleyes: MZ ကို ကျေးဇူးတင်၇မှာပါ :tongue::tongue::tongue:
Sign In or Register to comment.