မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Facebook F8 Keynote

edited April 2010 in My Article
Facebook f8 အကြောင်းရေးမယ် ရေးမယ်နဲ့ MZ newsletter က အချောသတ်တာ မပြီးသေးတာနဲ့ အချိန်ပေးလိုက်ရလို့ မရေးဖြစ်ဘူးဖြစ်သွားတယ်။ ပထမပိုင်းမှာ Mark Zuckerberg က အဖွင့် keynote နဲ့ စလိုက်တာပဲ။ ပွဲမစခင်မှာ ပြထားတဲ့ video လေးက စမ်းနေတယ်။ Graph တွေ ဆွဲနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတဲ့ ပုံတွေ video ပြကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း facebook connect ကို ကြေငြာခဲ့သလို ဒီတစ်ယောက်တော့ နောက်ထပ် API အသစ်တစ်ခုခုတော့ ထုတ်တော့မလား လို့ စဉ်းစားမိတယ်။

Keynote အဖွင့်မှာကတည်းက Open Graph API နဲ့ စလိုက်တာပဲ။ Open Graph ဆိုတာကတော့ ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ရတဲ့ sementatic ပါပဲ။ အဲ... UCSY မှာကတော့ မသင်ရဘူးလားမသိဘူး။ ကျွန်တော် Hons လုပ်တုန်းက Master Thesis လုပ်နေတဲ့သူဆီကနေ ခဏ ငှားဖတ်မိပြီး သဘောကျတာနဲ့ တခြား စာအုပ်တွေကိုဖတ်ကြည့် လေ့လာကြည့်မိဘူးတယ်။ Theory အရသဘောတွေ့ပေမယ့် လက်တွေ့မှာ တော်တော်ဖြစ်ဖို့ခဲယဉ်းတယ်လို့ ဆိုရမယ်။ လူပျိုကြီးနဲ့လည်း Sementatic အကြောင်း ဆွေးနွေးဘူးသေးတယ်။ theory ကောင်းပေမယ့် သူ့ကိုသုံးမယ်ဆိုရင် developer တွေက အကုန်လိုက်ပြင်ရမလို ဖြစ်နေတော့ ဖြစ်ဖို့ သိပ်မလွယ်လှဘူးပေါ့။ Mark ကလည်း စကတည်းက Open Graph ကို တန်းမပြောဘူး။ Steve စတိုင်အတိုင်း statics တွေနဲ့ facebook connect လူသုံးများလာတာတွေ နောက်ပြီး fan page တွေ လူသုံးများလာတွေကို ရှင်းပြတယ်။ အဲဒါက အစပဲ။

facebook connect လူသုံးများလာခြင်းက Open Graph ကို ဖြစ်လာစေဖို့အများကြီး အထောက်အကူပြုတာပဲ။ မလွယ်လှဘူးထင်တဲ့ Sementatic Network ကြီးပေါ်လာစေခြင်း အစပဲ။ facebook connect တွေ လူသုံးများလာတာ ကိုယ်လည်း သိတယ်။ အဲလို လူသုံးမျာလာတာ Sementatic Network ဖြစ်စေတယ်ဆိုတာကို ကိုယ့်ကို မသိလိုက်လေခြင်းလို့ တွေးမိပြီး အားမလို အားမရတောင် ဖြစ်သွားတယ်။ Open Graph ကရှင်းပါတယ်။ Facebook Connect ကို သုံးမယ်။ ပြီးရင် Graph အတိုင်းဆွဲထုတ်လိုက်ရုံပဲ။ ဥပမာ။ ကျွန်တော်က cocacola ကြိုက်တယ်။ သူ့ Fan Pages ကို Like လုပ်လိုက်တယ်။ ဒါဆို ကျွန်တော် cocoacola ကြိုက်တာကို ကျွန်တော့် သူငယ်ချင်းတွေ သိနိုင်တယ်။ နောက်ပြီး facebok connect သုံးထားတယ်။ အရင်ကလို code တွေ အများကြီးနဲ့ ခေါ်နေစရာမလိုတော့ဘူး။ Login ဝင်ထားသူရဲ့ information သိချင်တယ်။ ဒါဆိုရင် https://graph.facebook.com/me/ လို့ ခေါ်လိုက်ရုံပဲ။ ဒါဆိုရင် home wall ကို သိချင်တာလား https://graph.facebook.com/me/home ဆိုရင် ရပါပြီ။ ရိုးရှင်းတယ်။ လွယ်ကူပါတယ်။ နောက်ပြီး oAuth 2.0 ကို အသုံးပြုထားပါတယ်။ အရင်ကထက် သုံးရတာ အများကြီးလွယ်သွားပြီ။ နောက်ပြီး Picture , Analystic , Publish Post စတာတွေကို လုပ်လို့ရလာပြီ။
နောက်ထပ် တစ်ခုကတော့ Social Plugins (http://developers.facebook.com/plugins) အသစ် ၇ ခုကို ကြေငြာခဲ့ပါတယ်။ သဘောအကျဆုံးကတော့ like button ပဲ။ သမာရိုးကျ wordpress မှာ like button သုံးရတာထက် facebook like button ကို သုံးရတာ ပိုသဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် ဘယ်သူငယ်ချင်းတွေ like သလဲဆိုတာကို သိနိုင်လို့ပါ။ အဲဒီ like button ကိုလည်း meta tag တွေသုံးထားခဲ့ရင် ကိုယ် ဘာကို like ထားလဲဆိုတာကို ပြန်ဖော်ပြပေးနိုင်တယ်။
meta.jpg

နောက်ပြီးတော့ အရင်ကလို Authentication လုပ်ပုံမဟုတ်တော့ပဲနဲ့ တစ်ခါတည်းနဲ့ Authentication အများကြီးကို Allow လုပ်လို့ရပါပြီ။ အရင်ကဆို Allow ကြီးပဲ ၂ ခါ ၃ ခါ လောက်နှိပ်ရတဲ့ ပြဿနာတွေ ကင်းဝေးသွားတာပေါ့။
Facebook F8 ပွဲ keynote မှာ
Graph API
Authentication
Social plugins
Open Graph protocol
အဲဒီ လေးမျိုးကို ကြေငြာသွားခဲ့ပါတယ်။ ကျန်တဲ့ session တွေကိုတော့ ဆက်မကြည့်တော့ဘူး။ အိပ်ငိုက်တာနဲ့ အိပ်ပလိုက်ကော။ တကယ်လို့ ပြန်ကြည့်ချင်တယ်ဆိုရင်လည်း http://apps.facebook.com/feightlive/ မှာ ကြည့်လို့ရပါတယ်။

မှတ်ချက်များ

  • edited April 2010 Administrators
    လက်ရှိအနေအထားအရ Facebook မှာ Navigation Path တွေကို Collect လုပ်နိုင်စွမ်းရှိမယ်ထင်တယ် ဘာလို့လဲဆိုတော့ လက်ရှိ URL မှာ ဘယ်ကလာတယ်ဆိုတဲ့ Reference ပါနေတာပဲ။ အဲဒီ့ လိုသာလုပ်ထားမယ်ဆိုရင် Navigation Pattern ကို Analyze လုပ်လို့ရတယ် အသုံးချမှု့နမူနာပြောရရင် အဲဒါအပေါ်မူတည်ပြီး လက်ရှိ UI ကို Efficient ဖြစ်မဖြစ် Evaluate ပြန်လုပ်လို့ရတယ် တစ်ခြားလုပ်လို့ရတာတွေလည်း အများကြီးရှိပါတယ်။ နောက်ပြီးတော့ Social Network Analysis ဆိုတာက အကြီးကြီးပါ အပြင်ကိုထုတ်ပေးတဲ့ API ဆိုတာက အနည်းအကျဉ်းလောက်ပါ Analyze လုပ်လို့ရတဲ့အခြေအနေအထိ Data ကိုသူတို့အပြင်ကို ထုတ်မပေးပါဘူး အဲဒါကိုသူတို့ပဲသုံးပါတယ် နောက်ပြီး အဲဒါတွေက ကျွန်တော်တို့ရဲ့ Data တွေဖြစ်လို့ Privacy အရလည်း ပေးလို့မဖြစ်တာတွေရှိတယ်။ Data ဆိုတာ နည်းရင်တန်ဖိုးမရှိပေမယ့် များလာရင်တော့ တန်ကြေးများလွန်းတယ် တကယ်တော့ သူတို့ကစုတဲ့လူ ပိုင်တဲ့လူက သုံးတဲ့လူတွေဖြစ်နေတော့ သူတို့အနေနဲ့ Internal ပဲ Analysis လုပ်လို့ရမယ် အပြင်က Social Network Analyst တွေအတွက် Data ကို မပေးနိုင်တာဟာ Social Network Research ရဲ့အဓိကအားနည်းချက်ပဲ နောက်လည်းပြေလည်ဖို့ သိပ်မလွယ်သေးပါဘူး Privacy ကလည်း အရေးကြီးတယ်မဟုတ်လား။
  • edited April 2010 Administrators
    အင်း.. သူတို့ ထုတ်ပေးတဲ့ Analysis ကတော့ သေချာမကြည့်ရသေးဘူး။ အဲဒီ အကြောင်းကို အဓိက မပြောသွားတာလဲပါမယ်။ သေချာတာကတော့ facebook မှာ data တွေ အကုန်ရှိနေတာ သေချာတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း data တွေ အဆင့်ဆင့် sementatic လုပ်ပြီး network ကြီးကို တည်ဆောက်ထားတာ။ အပြင်ကိုတော့ ထုတ်လို့ဘယ်ဖြစ်မလဲ။ privacy က အရေးကြီးတာလည်း ပါတာပေါ့။ ထူးဆန်းတာက facebook က google နဲ့ မပေါင်းပဲ Microsoft နဲ့ partner ဖြစ်နေတာကိုပဲ။ Google က ဘာလို့ facebook ရဲ့ Partner မဖြစ်လာပဲ ပြိုင်ဘက်လိုဖြစ်လာတယ်။ Facebook မှာလည်း လူ ဘီလျံနဲ့ချီတဲ့ data ရှိသလို Google မှာလည်း လူတွေ အားလုံးရဲ့ data တွေရှိနေတာပဲ။ ဒါကြောင့်ပဲ partner မဖြစ်လာတာလားတော့မသိပါဘူး... :tongue:
Sign In or Register to comment.