မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

qhub

edited April 2010 in My Article
ကျွန်တော် ဒီနေ့ MYSTERY ZILLION ကို version 2 အတွက် စရေးနေတာ home page design နဲ့ question list ကတော့ ပြီးသွားပြီ။ desgin ကိုတော့ stackoverflow ကမယူပဲ http://doctype.com/ ကနေ ယူထားတာ။ ကျွန်တော် အဲဒီ ပုံ link တွေကို တင်နေသာ ရုံးက တစ်ယောက်က တွေ့သွားပြီး qhub link လေးပေးလိုက်တယ်။ www.qhub.com ပေါ့။ stackoverflow လိုမျိုး site တစ်ခု လွယ်လွယ်နဲ့ လုပ်လို့ရတယ်။ နောက်ပြီး ကိုယ်ပိုင် domain ကို CNAME နဲ့လုပ်လို့ရတယ်။ domain ပြောင်းပြီးရင်လည်း facebook connect api, twitter api တွေ ထည့်ပေးလိုက်ရုံနဲ့ facebook connect , twitter connect တွေ ရရော။ ရေးနေတာတောင် နင်တင်တင်ဖြစ်သွားတယ်။ တော်တော်ကောင်းတဲ့ SASS ပဲ။


trans.gifHeader Image တွေ လည်း တင်လို့ရတယ်။ background image လည်းတင်လို့ရတယ်ဗျ။ စျေးက ဘယ်လောက်သက်သာလဲဆိုရင် custom ကြော်ငြာထည့်ချင်ရင် $20/month ပဲ။ qhub brand ဖြုတ်ချင်ရင် $20/month ပဲဗျ။ လန်ထွက်တယ်။ တော်တော်သက်သာတဲ့ စျေးပဲ။ ရေးလက်စ feel တောင် ပျောက်ထွက်သွားတာပဲ ။ဘာပဲဖြစ်ဖြစ် အတော်ပဲ admin panel ဘယ်လို ရေးရမှန်းမသိတာ Q&A system အတွက် design ပိုင်းကို ကြည့်လိုက်လို့ရပြီ။ မြန်မာစာကနေ english ပြောင်းရိုက်လိုက်တာပဲဖြစ်ဖြစ်။ english ကနေ မြန်မာ ပြောင်းလိုက်ရိုက်တာပဲဖြစ်ဖြစ် ရှေ့ကို ရောက်ရောက်သွားတော့ ရိုးရိုး texteditor မှာ ရိုက်ပြီး copy paste လုပ်တင်နေရတဲ့ ပြဿနာတော့ ရှိတယ်။ တခြားအပိုင်းတွေက မဆိုးဘူးလို့ဆိုလို့ရမယ်။ နောက်ပြီး facebook ,twitter တို့နဲ့ connect လုပ်ပြီး ကိုယ် ရေးတဲ့ comment ကို share လုပ်လိုက်လို့လည်း ရတယ်။ တကယ်ကောင်းတဲ့ question and answer system ပါ။
ရုံးရဲ့ customer service ကိုလည်း အဲဒါလေးနဲ့ ပြောင်းလုပ်လို့ရနိုင်တယ်။ ကိုယ့် product အကြောင်း question & answer သီးသန့် လုပ်နေစရာမလိုတော့ဘူး။ ကျွန်တော်က forum ထက်စာရင် အဲလိုမျိုး question & answer faq system ကို ပိုသဘောကျတယ်ဗျ။ ning လိုမျိုး social network ကြီးက ကျွန်တော့်အတွက်မလိုအပ်ပဲ အပိုတွေ အများကြီးထည့်ထားသလို ခံစားရတယ်။ ဘာလို့လည်းဆိုတော့ တော်တော်များများက forum ကို အဓိက သုံးကြတာလည်း ပါတာကို။ forum မှာက vote ပေးလို့မရဘူး။ ဒီ question အတွက် ဒီ အဖြေက အကောင်းဆုံးဆိုတာမျိုး ကြည့်လို့မရတာကိုက တော်တော်ဆိုးတယ်။ အစအဆုံး လိုက်ဖတ်ပြီး ဘယ်ဟာက အသင့်တော်ဆုံးလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ရွေးထုတ်နေရတယ်။ question & answer တွေကတော့ rating နဲ့ စီပြီး ကြည်လိုက်ရင် ရတော့ တော်တော်အဆင်ပြေတယ်။
Sign In or Register to comment.