MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ
Mon3,
Yunghkio,
Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို
ဒီမှာ Download ချပါ။
Zawgyi to Unicode ConverterDon't share ebook or software if nobody request. You can find free book websites on
here. We are welcome for discussion or asking question instead.
မြန်မာနိုင်ငံမှာ joomla နဲ့ ရေးထားတဲ့ site တွေ တော်တော်များပါတယ်။ ကျွန်တော့်အမြင်တော့ အချို့ site တွေက joomla ထက်စာရင် wordpress က အဆင်ပြေမယ်ထင်တယ်။ Joomla က အဓိက block structure အများကြီးသုံးရတဲ့ သတင်း site တွေ e-commerce site တွေလောက်ပဲ အဆင်ပြေတယ်ထင်တယ်။ personal site တွေ magazine site တွေအနေနဲ့ wordpress က ပိုအဆင်ပြေပါတယ်။ ဘာဖြစ်လို့ wordpress ထက်စာရင် joomla ကို အဓိက သုံးနေရတာလဲ

နိုင်ငံတကာ site တွေက joomla ထက်စာရင် wordpress ကို သုံးတာပိုများပါတယ်။
မှတ်ချက်များ
joomla က light weight မဟုတ်ဘူး။ light weight သုံးချင်ရင်တော့ wordpress သုံးတာ ပိုကောင်းတယ်။
ecomerce နဲ့ သတင်း ဌာန site တွေဆိုရင် joomla က ပိုအဆင်ပြေပါတယ်။
magazine site တွေ personal site တွေ portfolio site တွေ ဆိုရင် wordpress က ပိုအဆင်ပြေတယ်။
(PHPdeveloper ပဲ ဖြစ်ဖြစ် Dot NEt ပဲဖြစ်ဖြစ java ပဲဖြစ်ဖြစ်... ဘယ် developer ဖြစ်ဖြစ် နိုင်ငံခြားထွက်ဖို့ အစီအစဉ်ရှိရင်တော့ portfolio site တစ်ခုတော့ ဆောက်ထားသင့်တယ်။ wordpress မှာ portfolio template တွေ အများကြီးရှိပါတယ်။ )
membership level တွေ၊ group access level တွေ ထားပြီး user privilege system တစ်ခုကို လုပ်နိုင်တယ်။ ပြီးတော့ ကိုယ် site ထဲမှာပဲ forum လို၊ wiki လိုဟာတွေကိုလည်းထည့်နိုင်ပါတယ်။ဒါကြောင့် community site တွေအတွက် ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ ပြီးတော့ နောက်တခု စဉ်းစားရမှာက ကိုယ်ရွေးချယ်လိုက်တဲ့ ဟာရဲ့ long term support နဲ့ extension တွေဘယ်လောက်များများ ရနိုင်မလဲ ဆိုတာရယ်။
Joomla ကတော့ ခုထိတော့ ကျန်တာတွေ ထက်စာရင် extension ပိုများတယ် လို့ထင်တယ်။ Joomla က community site အပြင် e-commerce လို site မျိုးကို လုပ်မယ်ဆိုလည်း extension တွေရှိနေပါတယ်။
ဒါအပြင်ဗျာ School Web Site လိုမျိုး၊ Restaurant Web Site လိုမျိုးတွေက စလို့ wrodpress style blog ပုံစံမျိုးလည်း လုပ်လို့ရတယ်။ အရေးကြီတာက extension တွေဘယ်လောက်များများ ရှိစေကာမူ ကိုယ်လိုချင်တာနဲ့ တန်းပြီး ကိုက်ချင်မှ ကိုက်တယ်။ ဒါကြောင့် လိုအပ်ရင် လိုအပ်သလို customize လုပ်တက်ဖို့ အရေးကြီးဆုံးပါ။ CMS တိုင်းလိုလိုကတော့ feature-rich ဖြစ်တာတွေ၊ frustration ဖြစ်တာတွေရှိနေမှာပါပဲ။
ဒါတွေကို ကိုယ်လိုချင်သလို လိုက်ပြောင်းနိုင်ရင်တော့ အဲဒီ CMS ကိုယ်အကြိုက်ဆုံး CMS ဖြစ်မှာပါပဲ။
ကျွန်တော် ပြောချင်တာက Joomla ကကောင်းပြီး ကျန်တာတွေကမကောင်းဘူးလို့ ဆိုလို့တာ လုံးဝ မဟုတ်ပါဘူး။ အားလုံးဟာကောင်းပါတယ်။ ကိုယ် project scope နဲ့ match ဖြစ်မှာကို ရွေးချယ် သုံးတတ်ဖို့ပဲ လိုပါတယ်။
ကျွန်တော် အကြိုက်ဆုံး CMS ကိုပြောဆိုရင်တော့ ရုံး အတွက် ကျွန်တော် developed လုပ်ထားတဲ့ CMS Platform ကိုအကြိုက်ဆုံးပဲ။ client ဘာလိုချင်ချင် အချိန်တိုတို် အတွင်းမှာ ထည့်ပေးနိုင်တယ်။
ကျွန်တော် suggest လုပ်ချင်တာကတော့ ဘယ် CMS, Blogging Platform ကိုပဲ သုံးသုံး normal end user အဆင့်ထက်ကျော်ပြီး သုံးနိုင်တာပိုကောင်းပါတယ်။
Personal Site တစ်ခုအတွက် Joomla သုံးမယ့်အစား Wordpress သုံးတယ်ဆိုတာ လက်ခံပါတယ် Wordpress ဟာ Joomla ထက်စာရင် light weight ဖြစ်နေတယ် သို့သော်လည်း အပေါ်မှာ Zack ပြောထားသလို Community Site တွေမှာ Joomla မသုံးပဲ Wordpress ပဲသုံးမယ်ဆိုလည်း မဆီလျော်လှဘူး။ ဘယ်အရာပဲဖြစ်ဖြစ် Requirement အပေါ်ပဲမူတည်ပါလိမ့်မယ်။ ယှဉ်ကြည့်တယ်ဆိုတာ အမျိုးအစား တူတာပဲယှဉ်ကြည့်လို့ရပါတယ် မတူရင်သိပ်ပြီး ယှဉ်ကြည့်လို့အဆင်မပြေလှဘူး။ ကျွန်တော်ကတော့ အခုအချိန်အထိ Wordpress နဲ့ Joomla ဆိုတာ functionalities ယှဉ်ကြည့်ရင် တူတယ်လို့ဘယ်လိုမှ မမြင်မိသေးဘူး။
Its admin panel is much easier to use than Joomla and more user friendly. So that's better solution to use wordpress where the client needs simple CMS and they want to manage the site on their own. But it still can be used for more complex and bigger websites since you can do many customization to WP.
Like someone said above, every CMS has their pros and cons. But so far, I prefer using WP.
Modex, Joomla ကလည်း CMS ဖြစ်ပေမယ့် သူတို့ function တွေနဲ့ လုပ်ဆောင်နိုင်စွမ်းမတူဘူး။ Joomla က one click upgrade လုပ်လို့မရတဲ့အတွက် security issue ကို ချက်ခြင်း fix မလုပ်နိုင်ဘူးဗျ။ Wordpress က one click upgrade ပါတဲ့အတွက် security issuce ကို fix လုပ်ပေးနိုင်တယ်။
အဓိကက မြန်မာနိုင်ငံက project scope တွေအရ joomla ထက် wordpress က ပိုသင့်တော်တယ်လို့ထင်တယ်။ စလေ့လာသူအနေနဲ့လည်း admin panel ပိုင်းမှာ Joomla က wordpress လောက် မရှင်းဘူး။ အဓိက wordpress , joomla သုံးကို သုံးရမယ် မဟုတ်ပါဘူး။ project scope ကို နားလည်ဖို့ပါ။ Joomla မှာက community ကောင်းပေမယ့် ဝယ်သုံးရတာတွေလည်း များပါတယ်။ wordpress ကတော့ plugins တော်တော်များများ free ပါ။ wordpress အဓိက သုံးတာက theme ကစားတာပဲ။ theme တစ်ခု ဖန်တီးတတ်ပြီဆိုရင် wordpress နဲ့ ကြိုက်သလို ဖန်တီးနိုင်ပါတယ်။
အဆိုးအချက်ကတော့ migration လုပ်လို့ မလွယ်တဲ့ အချက်ပဲ။ ဥပမာ joomla 1.0 ကနေ 1.5 ကို migration လုပ်ချင်ပြီ ဆိုပါစို့။ လက်ရှိ 1.0 site က content,comment,guestbook ရှိရင် guestbook ရဲ့ content, forum သုံးထားရင် forum ရဲ့ thread တွေ Post တွေကို 1.5 site မှာပြန်ရဖို့ မလွယ်ရေးချာ မလွယ်။
ဘာလို့လဲ ဆိုတော့ ကိုယ်သုံးထားတဲ့ extension တိုင်းက migration script ထုတ်ပေးမှရမယ်။ ပြီးတော့ 1.5 extension ဆိုကို အကုန် install ပြန်လုပ်ရမယ်။ 1.0 နဲ့ 1.5 ကအရမ်းကွာသွားပါတယ်။ 1.5 extension အတော်များများဟာ MVC ကိုပြောင်းသွားပြီ။ ဒါက 1.0 to 1.5 migration issue ပါ။ Joomla 1.6 ကတော့ coming soon ပါ။
http://www.joomla.org/component/content/article/5252.html
ဒါကြောင့် ကျွန်တော့် site လည်း content တွေကို သမျောပြီး 1.5 ကို ခုထိ migrate မလုပ်နိုင်သေးဘူး။ အဲဒီ အချက်ကတော့ Joomla မှာကျွန်တော် မကြိုက်ဆုံးသော အချက်ပဲ ဖြစ်ပါတယ်။
http://www.catswhocode.com/blog/best-practices-for-wordpress-coding
အဲဒါလေး ဖတ်ကြည့်ဗျ။ သူက wordpress theme ကို ဆောက်ဖို့ အခြေခံပြောပြထားတယ်။
သိချင်တဲ့ function တွေကို အဲမှာ ရှာလို့လည်းရတယ်။
theme ရေးတတ်သွားရင် wordpress က ပြီးပြီပဲ။ plugins တွေက အများကြီး၇ိှပါတယ်။ ဒါပေမယ့် လိုအပ်ရင်တော့ ကိုယ်တိုင်ရေးရတာတွေ ရှိပါတယ်။
ကျွန်တော် ဒီနေရာလေးကို ပြောချင်ပါတယ်။ ဟုတ်ပါတယ် e-commerce, shopping cart site လုပ်မယ်ဆိုရင်တော့ e-commerce design အတိုင်းလုပ်ထားတဲ့ application တွေဖြစ်တဲ့ osCommerce, x-Cart, Magento စတာတွေဟာ Joomla ထက်သုံးရတာပိုလွယ်ကူမယ် ဆိုတာကို လက်ခံပါတယ်။ Joomla က CMS ကို design ချပြီးလုပ်ထားတာဖြစ်လို့ e-commerce ကိုပဲ သီးသန့် design လုပ်ထားတာလောက်တော့ ရှင်းချင်မှ ရှင်းမယ်။ ပြီးတော့ Blog ကိုပဲ design ချပြီး လုပ်ထားတဲ့ wordpress တို့လောက် blogging ပိုင်းမှာ ရှင်းချင်မှ ရှင်းမယ်။ လွယ်ချင်မှလည်း လွယ်ပါလိမ့်မယ်။
ဒီနေရာမှာ developer ဘက်ကကြည့်ရင် Shopping Cart အတွက် software တစ်ခုကို လေ့လာရမယ်။ Blog အတွက် တခြားတခုကို လေ့လာရမယ် လိုလိုဖြစ်နေတယ်။
Joomla ကိုသာလိုအပ်သလို့ သုံးတတ်မယ်ဆိုရင် ကိုယ်သုံးမယ့် extension ကိုပဲထပ်ကြည့်စရာလိုပါတော့တယ်။ Client requirement ပေါ်ကြည့်ပြီး ဒီ project မှာဘယ် extension ကိုသုံးမယ် ဆိုတာလောက်ကိုပဲ စဉ်းစားဖို့ လိုတော့မယ်။ ရှိပြီးသား Cole Function, modules တွေကို ထိစရာ မလိုတော့ဘူး။ ဒီတော့ 60% လောက်က ရှိနေပြီးသား ကျန်တဲ့ 40% လောက်ကိုပဲ ပြင်ရတော့မယ်။ သေချာတာက ဘယ်လောက်ပဲ ကောင်းကောင်း အနည်းနဲ့အများတော့ customize လုပ်ပေးရမှာပဲ။ တစ်ခြား system တစ်ခု စမယ်ဆိုရင် 100% ကြည့်နေရမယ်။ ဒီနေတွေ အတွက် Joomla ကိုကြိုက်တယ်။
ပြောမယ်သာ ပြောနေတာ Joomla ကို Developer level မှာ မလုပ်ဖြစ်တာ ၁ နှစ်ခွဲလောက်ရှိသွားပြီ။ သိပြီးသားလေးတွေ ပျောက်ကုန်မှာ စိုးလို့ စမ်းကြည့်ရုံလောက်ပဲ ရှိတော့တယ်။
အဲဒါတော့ ဟုတ်တယ်ဗျ။ Wordpress က blogging အတွက် design တည်ဆောက်ထားတာပါ။ ဒါကြောင့် blog ပုံစံတွေက wordpress နဲ့ အဆင်ပြေတယ်။ magento ကို လုပ်တုန်းက ၃ ရက်လောက် အချိန်ပေးလိုက်ရတယ်။ ဟိုစမ်း ဒီစမ်းနဲ့ လုပ်လိုက်ရတာပဲ။ Wordpress ကနေ CMS ကိုပြောင်းမယ်ဆိုရင် Theme ပဲ ပြင်လိုက်ရုံပဲဖြစ်ပေမယ့် ecommerce လုပ်မယ်ဆိုရင်တော့ Mangento လောက်ကောင်းမှာမဟုတ်ဘူး။ လုပ်လို့မရဘူးမဟုတ်ဘူး။ လုပ်လို့ရပါတယ်။
ဆိုရင်လည်း တော်တော်ကောင်းပါတယ်။
update လုပ်ရင်ရပြီ
3.0 နောက်ပိုင်း wordpress ဟာ blogging script ထက်ကျော်လွန်လာတာကတော့ မျက်မြင်ပါပဲ။ နောက်ပြီး wordpress ကလည်း SEO friendly လည်းပိုဖြစ်မယ်ထင်တယ်ဗျ။ နောက် ကိုစေတန်ပြောခဲ့သလို portfilio တွေ မင်းသား မင်းသမီးဆိုဒ်တွေအတွက်ကတော့ wordpress သုံးရင် ပိုအဆင်ပြေပါလိမ့်မယ်။
အရင် ဆုံး ဒီဇိုင်နာက ဒီဇိုင်းဆွဲပြီး customer ဆီ ပြတယ် . ဟုတ်ပြီ သူက ကြိုက်တယ် ဆိုပါတော့ .
ကျွန်တော် တို့ က နောင် အရှည် modify လုပ်လို့ လွယ်အောင် CMS တစ်ခု သုံးမယ် ( ကြားထဲ မှာ html ,css ရေးတဲ့ သူ ကရေးပြီးပြီ . အဲဒါကို static က နေ dyamic ဖြစ်အောင် CMS သုံးမယ် စာမျက်နှာက ခုနှစ်မျက်နှာ ရှစ်မျက်နှာလောက်ပေါ့ဗျာ . . )
အဲဒီ ဒီဇိုင်းအတိုင်း layout အတိုင်း themes ရေးတဲ့ အပိုင်းမှာ စဂွကျတာပဲ .
joomla themes ရေးရတာ တော်တော် အချိန်ပေးရပါတယ် . ( ကျွန်တော် css layout မှန်မှန်ကန်ကန်ထွက်ဖို့ ကို တစ်ရက် လုံး အချိန်ယူရပါတယ် ) - အဲဒီထဲ က ကိုယ့် အကြောင်း ကိုသိလို့ စိတ်လေသွားတယ်
မှတ်မှတ်ရရ united living mall ကို joomla နဲ့ ရေးဖူးတယ် . အခု သူတို့ MOdx နဲ့ ပြန်ပြောင်းထားတယ် ထင်တယ် )
wordpress ကတော့ မရေးဖူးပါ . ( ရေးဖို့ကိုလဲ အားမထုတ်ဘူး ပါ . ဟီးဟီး )
အဲဒါ ကျွန်တော် ဘာလို့ အခု ထိ ModX သုံးနေရသလဲ ဆိုတဲ့ အချက်ပါပဲ .
ဆိုက်တွေ က ဟောတစ်ခု ဟောတစ်ခု designer က ရေး ၊ မြန်သလားမမေးနဲ့ ကိုယ် က css ရေးတဲ့ နေရာမှာ တင် တစ်တစ် နေလို့ ပါ . )
ကျွန်တော် အခု wordpress ဖြစ်ဖြစ် ပြောင်းသုံးဖို့ အရမ်းကို စိတ်၀င်စားပါတယ်
မြန်မာ တွေ ကိုယ်တိုင် ရေးထားတဲ့ themes တွေ ရှိရင် အခြေခံ ကအစ ပြောပေးစေချင်ပါတယ်
အသေးစိတ်ကို ပြောဖို့ မလိုပါ ဘာတွေ လိုအပ်တယ် ဆိုတဲ့ ခြုံ ငုံချက်က လေး လောက်ဆိုရင် အဆင်ပြေပါတယ ်
နောက် premium themes ဆိုတဲ့ဟာတွေ တွေ့ပါတယ် ရောင်းစား ကြတာပါ . အဲဒီတွေ နဲ့ ရိုးရိုး themes က ဘာကွာလဲ ဒီဇိုင်းပဲကွာတာလား . ဆိုတာကိုပါ သိချင်ပါတယ်
တကယ်တမ်းကျတော့ အရမ်း မခက်သလို လွယ်လဲ မလွယ်ပါဘူး
သူ့ default ထုတ်ပေးမယ့် css class တွေကို ကိုယ့် layout က attributes တွေ နဲ့ ညှိပေးလိုက်ရုံနဲ့ two columns template ရိုးရိုးစင်းစင်းလေးတစ်ခု တော့ ရသွားပြီ