MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
SQL SERVER ကို Remote Connections လုပ်ချင်လို့ပါ။
  • Vote Up0Vote Down wha_ngelaywha_ngelay
    Posts: 18Registered Users
    ကို လူပျိုကြီး, ကိုစေတန် နဲ့ MZ မှ အကို၊ အမ များကူညီကြပါဦး။ Help me!!!!!!!!!!
    SQL SERVER မှာ remote site ကို ဘယ်လို install လုပ်ရတာလဲမသိဘူးခင်ဗျ။ ကျွန်တော်စမ်းလုပ်ကြည့်တော့လဲ connection failed ပြနေတယ်။ SERVER Site မှာ SQL 2000 personal Edition ကိုသုံးပါတယ်။ client မှာ install လုပ်တော့ Remote Computer ဆိုပြီးလုပ်ပါတယ်။ Windows Authentication ရော SQL SERVER Authentication ရောမှာ ERROR ပြပါတယ်။ SERVER Does Not Exist or Access Denied ဆိုပြီးတော့ပါ။ SQL SERVER Authentication ကို မလုပ်တက်ပါ။ Local မှာ Windows Authentication နဲ့ပဲသုံးနေတာပါ။ ခုမှ စပြီး Network ချိတ်သုံးမှာပါ။ Program ထဲမှာတော့ SQL Native Client ကို ခေါ်ပြီးရေးပါတယ်။ progrma က local မှာဆိုရင် run ပါပြီ။ Remote Server ကိုချတ်သုံးချင်တာပါ။
    ODBC DataSource နဲ့သုံးတော့လည်း user name နဲ့ password တောင်းပါတယ်(SQL Authentication)။ Windows Authentication နဲ့ဆိုရင်လည်းconnection မရပါ။
  • 2 မှတ်ချက်များ sorted by
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,179Super Moderators
    Remote Install ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ တကယ်က Server လုပ်မယ့်စက်မှာ သွားကို Install လုပ်ရမယ် ဒါပေမယ့် Window Network မှာ တစ်ခြားကစက်ကို လှမ်းပြီး Install လုပ်လို့ရတယ်ထင်တယ် အဲဒါတော့ ကျွန်တော်က Window System Administrator မဟုတ်တော့ အဲဒါတွေသိပ်မသေချာဘူး။ ဒါပေမယ့် ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ် SQL Server တင်မယ့်စက်ဟာ ခင်ဗျားရုံးမှာရှိချင်ရှိ ဒါမှမဟုတ် Dedicated or VPS ပဲရှိမယ် ဒီတော့ ရုံးကစက်ဆိုရင်တော့ အဲဒီ့စက်မှာပဲသွားပြီး Install လုပ်ပါ Dedicated or VPS ဆိုရင်တော့ Remote Desktop နဲ့ Install လုပ်လို့ရတာပါပဲ။

    Install လုပ်ရင် Mixed Mode နဲ့ Install လုပ်ပါ Window NT Authentication တစ်ခုတည်းနဲ့ မလုပ်ပါနဲ့။ Window NT Authentication ကကိုယ့်စက်ထဲမှာ အဆင်ပြေပေမယ့် တစ်ခြားစက်ကလှမ်းသုံးရင် အဆင်မပြေပါဘူး Window NT Authentication တစ်ခုပဲသုံးချင်ရင်တော့ Domain Account နဲ့မှအဆင်ပြေပါတယ် ဒါ့ကြောင့် SQL Server Authentication နဲ့ပဲ Workgroup Network မှာဆင်ပြေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ SQL Server မှာ Window NT Authentication ဆိုရင်သူက Domain မရှိရင် တင်ထားတဲ့စက်ထဲက Account တွေကိုပဲသိလို့ပါ တစ်ခြားစက်ကလှမး်သုံးရင် သူ့စက်က Account မဟုတ်တော့ Authenticate မလုပ်ပါဘူး။ Window NT Authentication ပဲသုံးချင်ရင်တော့ Domain Controller ရှိဖို့လိုပါတယ်။ အလုပ်မရှုပ်ချင်ရင်တော့ Mixed Mode ကိုပဲသုံးပါ။

    SQL Native Client ဆိုတာဘာကိုပြောတာလဲ OLE DB or ODBC API တွေကိုယ်တိုင်ကိုင်ပြီးရေးသလား အဲဒါတော့ မဟုတ်လောက်ဘူးထင်တယ်။ RDO or ADO သုံးရင် MDAC ကို Client စက်မှာ Install လုပ်ဖို့လိုပါတယ် ဒါမှမဟုတ် ADO .Net သုံးတယ်ဆိုရင်တော့ သက်ဆိုင်ရာ .Net Framework တင်ပေးဖို့လိုမယ်။ အဲဒါဆိုရင် တင်ထားတဲ့စက်ရဲ့ နာမည်ကိုသိတာနဲ့ လှမ်းသုံးလို့ရနေပါပြီ။ ရမရဒီအတိုင်းစမ်းကြည့်ချင်ရင် စက်တစ်လုံးမှာ SQL Server ကို Client Component ပဲ Install လုပ်ပြီး Query Analyzer နဲ့ စမ်းကြည့်ပါ။ SQL Server မှာ MySQL တို့ PostgreSQL တို့လို ဘယ် IP တွေကို ခွင့်ပြုပါတို့ ဘာတို့ပေးစရာမလိုဘူး Install လုပ်ပြီးရင် တစ်ခြားစက်ကလှမ်းသုံးလို့ရပြီ Internal Network ဆိုရင် ဘာမှကိုပြဿနာမရှိတာ
  • Vote Up0Vote Down wha_ngelaywha_ngelay
    Posts: 18Registered Users
    ကျေးဇူးပဲကိုလူပျိုကြီးရေ။
    ခုသုံးတာက ADO.NET ပါ။ SQL SERVER က Windows Authentication ကိုသုံးထားတာပါ။ သုံးတဲ့ Connection String က cnn.ConnectionString = "Data Source=SERVERNAME;Initial Catalog=S81Database;Integrated Security=True" ပါ။Local Computer မှာပါ။ CLIENT ကနေလှမ်းချိတ်ရင်သုံးတာက cnn.ConnectionString = "Data Source=ipAddress/SERVERName;Initial Catalog=S81Database;Integrated Security=True" ။ Mixed Mode ပြောင်းပြီးစမ်းသုံးကြည့်လိုက်ဦးမယ်။ Connection String ကို တော့ပြင်ရမယ်ထင်တယ်။ ခုမှ Client SERVER စစမ်းရေးတာပါ။ :cool:မရေးတက်ရေးတက်နဲ့။:cool:
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion