မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Programmer or Developer

edited March 2010 in My Article
Developer နဲ့ Programmer တွေ မကွဲကြသေးတဲ့သူတွေအရင်ဆုံး dictionary မှာ အဲဒီ စာလုုံး နှစ်လုံးကို ရှာကြည့်သင့်တယ်။

ornagai.com မှာ ရှာထားတဲ့ result ကတော့
Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။
Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။

WordNet မှာ ပြထားတဲ့ result တွေကတော့
developer (someone who develops real estate (especially someone who prepares a site for residential or commercial use))

programmer, computer programmer, coder, software engineer (a person who designs and writes and tests computer programs)

လို့ ရေးထားပါတယ်။ wiki မှာဆိုရင်တော့
Programmer

A programmer, computer programmer or coder, is someone who writes computer software. The term computer programmer can refer to a specialist in one area of computer programming or to a generalist who writes code for many kinds of software.

Developer

A software developer is a person or organization concerned with facets of the software development process. They can be involved in aspects wider than design and coding, a somewhat broader scope of computer programming or a specialty of project managing including some aspects of software product management.


ထပ်ရှင်းရရင်တော့ programmer က code ရေးမယ်။ မှားနေတဲ့ဟာတွေ bugs တွေရှိရင် ပြန်ပြင်မယ်ဒီလောက်ပဲ။ Developer အလုပ်ကတော့ development တစ်ခု ပြီးဆုံးအောင်လုပ်ရတယ်။ code ရေးရုံနဲ့ မရဘူး။ Web Developer တစ်ယောက်အနေနဲ့ HTML လည်း ပြင်ရမှာပဲ။ CSS လည်း ပြင်ရမှာပဲ။ code ရေးရုံပဲမဟုတ်ဘူး။ တကယ်လို့ လိုအပ်ရင် server ပေါ်မှာ web application တစ်ခုလုံး run အောင် တင်ပေးရတဲ့ ကိစ္စတွေ လုပ်ရမှာပဲ။ SSH သုံးပြီးတော့ဖြစ်ဖြစ် backup ကိစ္စတွေ လုပ်ရမှာပဲ။ web developer တစ်ယောက်ရဲ့ knowledge တွေကို
http://www.saturngod.net/wp-content/uploads/Web.png
ပြထားပါတယ်။

Programmer နဲ့Developer အများကြီး ကွာခြားပါတယ်။ Software Developer တစ်ယောက်အနေနဲ့လည်း ဒီ software ကို တစိတ်တပိုင်း ရေးသားရုံသာမက ဒီ software release ဖြစ်ပြီး installer ထုတ်တဲ့ အထိ ပါရင် ပါရမယ်။ ဒါမှမဟုတ် Client တွေနဲ့ပြောဆိုပြီး ညှိရမယ့် ကိစ္စတွေ ရှိကောင်းရှိတယ်။ Software Development လုပ်နေတာ။ Programming လုပ်နေတာမဟုတ်ဘူး။ Programming လုပ်တယ်ဆိုတာက computer ရှေ့မှာ ထိုင် code တွေ ရေးလိုက်။ အမှားတွေကို ပြင်လိုက်။ ဒါလေးပဲ လုပ်ရတာပါ။

Programming တတ်တဲ့သူတိုင်း Programmer တစ်ယောက် ဖြစ်နိုင်ပါတယ်။ Developer တစ်ယောက်ဖြစ်ဖို့ကတော့ programming knowledge နဲ့တင် မလုံလောက်ပါဘူး။ တကယ့် realworld မှာ Web Programmer ဆိုတာ မရှိပါဘူး။ Web Developer ပဲရှိတယ်။ Web Development မှာ code ထိုင်ရေး ရတဲ့ အလုပ်တစ်ခုသာမက အခြား ကိစ္စတွေ ပါဆောင်ရွက်ရလို့ပါ။ Software Development မှာကတော့ programmer ကော developer ပါရှိပါတယ်။

Software Engineer ကိုတော့ အခုထက်ထိမတွေ့ရသေးဘူး။ ရုံးမှာလည်း Software Engineer ဆိုပြီး သီးသန့်ခန့်ထားတာ မရှိဘူး။ wiki မှာကတော့
A software engineer is a person who applies the principles of software engineering to the design, development, testing, and evaluation of the software and systems that make computers or anything containing software, such as computer chips, work.

Software Engineer ဆိုတာ Software Engineering နဲ့ ဘွဲ့ရထားတဲ့ သူကိုခေါ်တာပဲလားတော့ မသိ ။ အားမှပဲ ရှာဖတ်ကြည့်အုံးမယ်။ project manager တွေကတော့ Software Engineering ကို တတ်မြောက် ကျွမ်းကျင်မှသာ project management လုပ်ရတာ အဆင်ပြေမှာပါ။ Software Engineering ကို ကျောင်းမှာ သင်တုန်းကတော့ ပျင်းဖို့ ကောင်းလိုက်တဲ့ subject တရပ်လို့ ဆိုရမလားပဲ။ ကျောင်းက လူတွေခေါ်တာကတော့ ကျက်စာ တဲ့။ SE က တကယ် အခြေခံမပိုင်ပဲ Project Manger ဖြစ်လာခဲ့ရင် တော်တော် ကမောက်ကမ နိုင်တယ်လို့ ဆိုရမယ်။ Risk Managemement တို့ Testing တို့ဆိုတာက ကျောင်းမှာ အလကားသင်တာ မဟုတ်မှန်း အခုမှ သဘောပေါက်တော့တယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိပါတယ်။ ကျောင်းမှာ စာတွေကို သေသေချာချာ ဖတ်ခဲ့ပြီး ဆရာမ သင်တာ ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ နားထောင်ဖြစ်ခဲ့ရင် ကောင်းသားလို့။

ကိုယ့်ဘာသာကိုယ် Developer လား Programmer လား ဆိုတာ စဉ်းစားကြည့်ပါ။ တချို့ ကျောင်းတုန်းက အချို့လူတွေ ပြောပြောနေတာ တွေ့ဘူးတယ်။ Programmer လုပ်မယ်ဆိုတာကြီးပဲ။ ဘာလို့ Developer မလုပ်ချင်တာလည်းတော့ မသိပါ။
Thanked by 1 K

မှတ်ချက်များ

  • edited March 2010 Registered Users
    ကျွန်တော်သိချင်တာရှိတယ်ကိုစေတန်

    လူတွေကပြောကျတယ် Programming ကိုအရင်လိုက်တဲ ့နောက်မှ Webကိုလိုက်တဲ ့

    ဘာလို ့လဲဆိုတော့တဲ ့Programming သမားက တဲ ့Web လိုက်ရင်လွယ်တယ်တဲ ့ Web သမားက Programming ဆိုမလွယ်တော့ဘူးတဲ ့

    အခုကိုစေတန်ပြောသွားတာကိုတော်တော်လေးရှင်းပါတယ်

    ကျွန်တော်သိချင်တာက ့
    Programming သမားက တဲ ့Web လိုက်ရင်လွယ်တယ်တဲ ့ Web သမားက Programming ဆိုမလွယ်တော့ဘူးတဲ ့
    အဲ့ Sense ကိုပါပဲ

    သံယောဇဉ်မင်း
    သံယောဇဉ်နန်းတော်
  • edited March 2010 Administrators
    Programming သမားက တဲ ့Web လိုက်ရင်လွယ်တယ်တဲ ့ Web သမားက Programming ဆိုမလွယ်တော့ဘူးတဲ ့

    အဲဒီ စကားက အပြည့်အဝ မမှန်ပါ။ web designer တွေက programming မတတ်ပါ။ jquery နဲ့ javascript လောက် အများဆုံးတတ်တာပါ။ သူတို့က C++ လည်း မသိ။ OOP ဆို ပိုဆိုးပါ။ Web Developer ကတော့ programming အခြေခံရှိရပါမယ်။ Programming အခြေခံမရှိပဲ PHP,ASP.NET,JSP, etc... စတာတွေ သင်လို့မရပါဘူး။

    သေချာရှင်းအောင် အောက်က ပုံကို ကြည့်ပါ။
    http://www.saturngod.net/wp-content/uploads/Web.png
    
  • edited March 2010 Moderators
    ကျွန်တော်လည်း အခုထိ developer နဲ ့ programmer နဲ ့ကွဲတာကိုအသေအချာမသိထားဘူးဗျ developer ကပိုပြီးမြင့်တယ်လို ့ပဲသိထားတာ
    ကျောင်းမှာကလည်းမသိတာကိုမပြောပါနဲ ့ဗျာ ဆရာဆရာမတွေကိုယ်တိုင်ကိုက programmer ဆိုတာ developer ပဲဆိုပြီးတော့သင်ထားတာကိုဗျာ
    SE ကတော့ပျင်းဖို ့ကောင်းတာတော့အမှန်ပါ ဒါပေမယ့် project activity diagram လေးတွေဆွဲတာကတော့ ပျော်ဖို ့ကောင်းသလိုပဲ :P
  • edited March 2010 Moderators
    Programming သမားက တဲ ့Web လိုက်ရင်လွယ်တယ်တဲ ့ Web သမားက Programming ဆိုမလွယ်တော့ဘူးတဲ ့

    it's very subjective and generalized ... Web ? What web ? Designer ? Developer ? Web Master ? or else .
    Thus,
    Programming သမားက တဲ ့Web လိုက်ရင်လွယ်တယ်တဲ ့ yes.. Agree ( it's more significant with some modern language Python, Ruby , Scala )

    Web သမားက Programming ဆိုမလွယ်တော့ဘူးတဲ ့ .. No agree ..
    Why ?
  • edited March 2010 Administrators
    ခက်တော့နေပြီ နှစ်လုံးထဲနဲ့ရှုပ်နေတယ်။ Software Industry မှာက တစ်ခြားသော Engineering တွေနဲ့ကွာတာက အားလုံးအခြေခံကနေ တက်လာတာပါ။ Civil Engineer or Architect ကအုတ်မစီတတ်ဘူး မဆလာမနယ်တတ်ဘူး။ သို့ပေမယ့် Software Architect က Programming မတတ်ဘူးဆိုတာ ရယ်စရာစကားပဲဗျ။ Programmer, Developer, Software Engineer, Software Architech, System Analyst ဘာတွေပဲဖြစ်ဖြစ် သူတို့အားလုံး Program ရေးတတ်ပါတယ်။ Programmer ဆိုတာ Developer မဟုတ်ပေမယ့် Developer ကတော့ Programmer ပါပဲ။ အဲဒီတော့ ဖြစ်ချင်ရင် Programmer ဖြစ်ချင်တာက သဘာဝကျပါတယ် Programmer ဖြစ်ပြီးရင် သူ့ဟာသူ Developer ဖြစ်ချင်လာလိမ့်မပေါ့ Programmer မဖြစ်သေးပဲနဲ့ Developer ဘာလဲကွဲပြားစွာနားလည်ဖို့ အခက်အခဲရှိလိမ့်မယ်။
    Thanked by 1 NaingArkar
  • edited December 2014 Registered Users

    ကျွန်တော်လည်း ဝင်ငြင်းဦးမယ်ဗျာ ။ ဒီအခေါ်အဝေါ်လေး နှစ်ခုနဲ. ပါတ်သတ်လို. ။ ကို @saturngod ပြောသွားတဲ့ Programmer ဆိုတာ ကုတ်လေးရေးလိုက် မှားတာလေး ပြင်လိုက်ဆိုတာကို သဘောမတူဘူးဗျ ဟဲ ... ဟဲ ။ စိတ်မရှိနဲ.နော် ခင်ဗျားတို.က ကျွန်တော့်ထက်စာရင် အများကြီးအတွေ.အကြုံ ရှိကြမှာပါ ။ကျွန်တော်က ငမျောက် ငချောက်ရယ်။ ကျွန်တော်တို. ဆီမှာ ဆိုရင်တော့ Web project တစ်ခုကို develop လုပ်တဲ့ နေရာမှာ DAO အပိုင်းကို တာဝန်ယူတဲ့ သူကို DB Administrator လို.ခေါ်တယ်ဗျ ။ HTML , CSS အပိုင်းကို တာဝန်ယူတဲ့သူကိုတော့ Web Designer လို.ခေါ်တယ်ဗျ ။ ကျွန်တော်တို. Programmer ကတော့ ကုတ်ရေးတဲ့ အပိုင်း ၊ Testing လုပ်တဲ့အပိုင်း ၊ Web Flow အပိုင်း ၊ Performance အပိုင်း ၊ Security အပိုင်း ၊ Scripting အပိုင်း တွေ တာဝန်ယူရတယ်ဗျ။

    Tester (Testing လုပ်တဲ့သူ) တော့ သပ်သပ်မထားပါဘူး။ ပထမဆုံး အဆင့်အနေနဲ.ကတော့ Programmer ဟာ ကိုယ်ရေးတဲ့ ကုတ် ကိုယ်အရင် Testing လုပ်ရတာပဲ ။ ဒါကိုမှ သက်ဆိုင်ရာ Testing Framework တွေကို programmer က သုံးရင်လည်း သုံးမယ်ပေါ့ဗျာ ။ Testing မှာလည်း အများကြီး ကွဲသေးတာပဲ ။ Web Flow အပိုင်းကလည်း ကျွန်တော်တို. အားလုံး တိုင်ပင်ဆွေးနွေးရပြီး ဒါက ဒီကိုလွှဲ ၊ ဒီကောင်ကို ဒီကောင်က Handle လုပ် စသည်ဖြင့် Programmer တွေချင်းပဲ တိုင်ပင်လုပ်ဆောင်ရတာပဲ ။ Performance နဲ. Security အပိုင်းကတော့ ပြောဖို.မလိုတော့ပါဘူး ။ Scripting ဆိုတာက ကျွန်တော်တို. UI အပိုင်းကိုလည်း Programmer ကပဲ အများအားဖြင့်တာဝန်ယူ ရေးသားရပါတယ်။ ဥပမာ JSP ဖိုင်တွေ ၊ Template ဖိုင်တွေပေါ့ဗျာ ။JQuery , JavaScript ကိုလည်း ကျွန်တော်တို.ပဲ 90% လောက်ရေးရတာပါ။ ဥပမာ .. GWT လို framework မျိုးဆို Java code တွေကို JavaScript ပြောင်းတဲ့ framework ဆိုတော့ Scripting တော်တော်များများက ကိုယ်တိုင်ပဲ hardcode ရေးရတာကလား ။ ဆိုတော့ ကျွန်တော်ပြောချင်တာက ကိုစေတန် သိတဲ့ Programmer နဲ. ကျွန်တော်သိတဲ့ Programmer နဲ. နည်းနည်းကွဲနေတယ် ထင်ပ။

    Organization တစ်ခုနဲ. တစ်ခု တည်ဆောက်ပုံ မတူတဲ့ အတွက် ခေါ်ဆိုကြပုံလည်း မတူကြဘူးလို.ထင်ပါတယ်။ အခု မြန်မာပြည်မှာ အောင်မြင်နေတဲ့ ACE တို. MIT တို.မှာ ဆိုရင်တော့ Project leader , Software Engineer (SE), Software Engineer Leader (SE leader), Project Manger(PM) , Programmer Leader , Programmer , Tester , Designer စသည်ဖြင့် ရှိကြပေမယ့် တစ်ခြား ကုမ္ပဏီမှာတော့ ရှိချင်မှ ရှိကြပေလိမ့်မယ်ဗျ။ နောက်ပြီး ကျွန်တော်က ဒါတွေကို အခေါ်အဝေါ် တွေ ပိုင်းခြားမှုသက်သက်သာလို.ပဲ မြင်ပါတယ်။ ဒါတွေကို ဘယ်လောက် level ရှိသူဆို ဘာလို. ခေါ်လို.တော့ ဘယ်လိုတွေ ပိုင်းခြားထားသလဲ ကျွန်တော်သေချာမသိပါဘူး ။ နောက်တစ်ခုက ကျွန်တော်ပြောချင်တာက .....

    အဲ့ဒီ့ အခေါ်အဝေါ်ပေါ်မူတည်ပြီး အထင်ကြီးခြင်း ၊ သေးခြင်းလည်း မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို.တွေ ပိုင်းခြားသတ်မှတ်ပုံခြင်းမတူကြလို.ပါ။

Sign In or Register to comment.