မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Web Designer Should use Grid

edited March 2010 in My Article
ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop နဲ့ ဆွဲနေလို့ နောက်ကနေ သူဘာတွေသုံးလဲဆိုတာကို ရုံးရောက်ကာစ သွားစပ်စုကြည့်သေးတယ်။ သူလည်း phtoshop နဲ့ဆွဲတာပဲ။ ဒါပေမယ့် HTML ထုတ်တာ အရမ်းမြန်တယ်။ scale တွေလည်း မလွဲပါလားလို့။


ဘယ်ဟုတ်မလဲ။ သူက 960.gs ကို သုံးတာကို။ နောက်မှ သဘောပေါက်သွားတော့တယ်။ http://www.960.gs ကနေ 960 grid system ကို ယူပြီး CSS မှာ အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ web design layout ချရာမှာ grid system က အရေးပါပါတယ်။ နောက်ပြီး သူ့ကို နားလည်ထားရင် web design layout ဆွဲရတာ အရင်ကထက် ပိုမြန်ပြီးလှတာကို တွေ့မှာပါ။ အသုံးပြုပုံကိုတော့ ကျွန်တော် video.saturngod.net မှာ ပြထားပါတယ်။ ကျွန်တော်တို့ grid system တွေ အကြောင်းကို အောက်က လိပ်စာတွေမှာ သွားဖတ်ပြီး လေ့လာနိုင်ပါတယ်။

http://net.tutsplus.com/tutorials/html-css-techniques/design-a-beautiful-website-from-scratch/
http://www.instantshift.com/2009/05/21/grid-style-in-modern-web-design-showcase-and-resources/

မှတ်ချက်များ

  • emoemo
    edited March 2010 Registered Users
    ဗိုလ်စေပြောမှ ကျွန်တော်လဲ ကျွန်တော့် ဒီဇိုင်နာကို အဲဒါ ပြောရမယ် .
    ကိုယ်တိုင် က အဲဒီ ဒီဇိုင်း ဆိုတာကြီးကို လုံး၀ကို စိတ်မ၀င်စားတာ photoshop ကို မဖွင့်ချင်တာ .. အဲဒီတော့ သူ့ကို စကေး အတိအကျ အရင်ပုုံ ကြမ်းဆွဲပြပြီး လုပ်နေရတယ် အခု ဗိုလ်စေ ပြောတာကို စမ်းကြည့်မယ် သုံးလဲ သုံးမယ် .. အရင် က လက်တွဲ ခဲ့ ဖူးတဲ့ ဒီဇိုင်နာ တစ်ယောက်ကို အခုချိန်မှာ အရမ်းသတိရတယ် ဗျာ ..
Sign In or Register to comment.