မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

ဓါတ်ပုံပြင်ဆင်မှုပြိုင်ပွဲ အွန်လိုင်း&#41

edited February 2010 in Photoshop
Photomanipulation Challenge ခေါင်းစဉ်ဖြင့် ပြိုင်ပွဲတစ်ခု www.myanmardigitalartists.ning.com မှာ ကျင်းပပြုလုပ် မည် ဖြစ်ကြောင်းသိရပါတယ် ။
ဒီ တကြိမ် က ဒုတိယ အကြိမ်မြောက်ပါ ပြိုင်ပွဲ၀င်ချင်တဲ့သူများက မန်ဘာ ၀င်ရမှာဖြစ်ပါတယ် ပြိုင်ပွဲမှာ အနိုင်ရရှိသူကို ဆုချီးမြှင့်မှာဖြစ်ပါတယ်
မန်ဘာ ၀င်ထားတဲ့ သူတွေက Vote ပေးလို့ရပါတယ်
ဒါပေမယ့် Vote လုပ်တာ ကို အရှုံး အနိုင် အတည် မယူပါဘူး
ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက် ကိုပဲ အတည်ယူမှာပါ
ဒိုင်တွေက ဘယ်သူတွေဆိုတာကို ပြိုင်ပွဲ၀င်တွေ အနေနဲ့ မသိသလို
ပြိုင်ပွဲ၀င်တွေကို လည်း ဒိုင်တွေက သိမှာမဟုတ်ပါဘူး
Admin ပိုင်းကသာ သိမှာပါ
ပြိုင်ပွဲ၀င်တွေ အနေနဲ့ ပေးထားတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖတ်မှုရှိမရှိ ရယ် အဆင့်ဆင့် လုပ်ပုံတွေကိုပါ ဒိုင်တွေက ကြည့်မှာပါ
ဒါကြောင့် ပြိုင်ပွဲ၀င်တွေ အနေနဲ့ လုပ်တဲ့ပုံအဆင့်ဆင့်ကို အပြည့်အစုံကို တင်ပြရမှာဖြစ်ပါတယ်
ပြိုင်ပွဲ၀င်တွေ အတွက် ၀က်ဆိုဒ် မှာ Challenge Detail ကဏ္ဍ ကိုပြုလုပ်ပေးထားမှာဖြစ်ပါတယ်
ထို ဏဏ္ဍမှာ ပြိုင်ပွဲ၀င်တွေ နှင့်ပတ်သတ် တဲ့ အချက်အလတ်တွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်
ပြိုင်ပွဲနှင့်ပတ်သတ်သော အချတ်လတ်များကို လည်း ထိုဏဏ္ဍမှာ မေးမြန်းနိုင်ပါတယ်
ဒီဆိုဒ် ကို အသက် ၂၀ နှင့် ၃၀ ကြား Professional Graphic Designer များစုပေါင်းတည်ထောင်ထားတာဖြစ်ပြီး
ပြိုင်ပွဲများကို ပြုလုပ်ပေးလျှက်ရှိပါတယ်
ဒီဆိုဒ် တွင် ဒီဇိုင်း ၀ါသနာ ရှင်များအနေဖြင့် ပုံများတင်နိုင်ခြင်း၊အမေး အဖြေ ဏဏ္ဍ ပါ၀င်ခြင်း၊ဖိုရမ် ဏဏ္ဍ နှင့် အလုပ် ဏဏ္ဍ တို့ ပြုလုပ်ထားပါတယ်
အလုပ် ဏဏ္ဍ မှာ လုပ်ငန်းအသီးသီးရှိ လိုအပ်နေသော Design လုပ်ငန်းနေရာများကို သွားရောက်လျှောက်ထားနိုင်ရန် အသိပေး သတင်းပေးခြင်းသာဖြစ်ပါတယ်
သွားရောက်လျှောက်ထားသူ အလုပ်ရခြင်း အမရခြင်း များကို ဆိုဒ်မှာ တာ၀န်ရှိသူများက တာ၀န်ယူမည် မဟုတ်ပါ
ဒီ ၀က်ဘ်ဆိုဒ် သို့ လှူဒါန်းလိုသူများ အနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
အလှူရှင် များ၏ လုပ်ငန်းအဖွဲ့အစည်းများ ကို ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရပါသည် ။
Sign In or Register to comment.